Mr. Pea Cake

Mr. Pea Cake

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mr. Pea Cake, Cargo and freight company, Yangon.

28/07/2024

ဘောလိဝုဇာတ်ကားဖြစ်တဲ့ Three idiots ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို မေးတယ်။
"လပေါ်ကို ဘယ်သူစပြီး ခြေချသလဲ”တဲ့။
အားလုံးက Neil Armstrongလို့ ဝိုင်းဖြေကြတယ်။
"ဒုတိယ ခြေချတာ ဘယ်သူလဲ”လို့ထပ်မေးတော့
ကျောင်းသားတွေ ရုတ်တရက်မဖြေနိုင်ကြဘူး။
ကျောင်းအုပ်ကြီးက လက်ကာပြပြီး

"အေး ဒုတိယကို ဘယ်သူမှ စိတ်မဝင်စားဘူး။ပထမကိုပဲ အမှတ်ရနေကြမှာ”တဲ့လေ။

တစ်ခါတစ်လေကျတော့လည်း မှတ်တမ်းမှတ်ရာတွေဟာ လူတွေကို စိတ်ဝမ်းကွဲစေတယ်။
အတ္တကြီးစေတယ်။Armstrongနဲ့အတူ လပေါ်မှာ သုံးနာရီလောက် လမ်းအတူလျှောက်ခဲ့တဲ့ Journey to the moon ခရီးဖော် Aldrinကို မေ့ထားလိုက်ကြပြီ။

FAဖလားပွဲမှာ လစ်ဗာပူးအသင်းက မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကို အရံအသင်းသုံးပြီးအနိုင်ယူခဲ့တယ်။တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ပါ။
ဂိုးသွင်းပေးတဲ့ ၁၈အရွယ်လူငယ်လေး ကာတစ်ဂျုံးကို ဝိုင်းချီးကျူးကြချိန်မှာ လစ်ဗာပူးမန်နေဂျာ
ယာဂင်ကလော့ကမေးခွန်းထုတ်တယ်။
"ကောင်လေးတွေကို ခင်ဗျားတို့ပေးချင်တဲ့ messageကဘာလဲ။မင်းဂိုးသွင်းရင်သွင်း၊မသွင်းရင် မင်းကို လျစ်လျူရှုကြလိမ့်မယ်လို့ ပြောချင်တာလား။
ဒီနေ့ပွဲမှာ ချီးကျူးစရာလူတွေအများကြီးပဲ။”
ဆိုပြီး အခြားကစားသမားနာမည်တွေကို
ဖော်ထုတ် ချီးကျူးခဲ့တယ်။စာဖတ်သူတွေထဲမှာ ဘောလုံးနဲ့မရင်းနှီးသူတွေပါနိုင်လို့ နာမည်တွေချန်ခဲ့ပါတယ်။တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့အောင်မြင်မှုကို တည်ဆောက်လို့မရဘူး။
အောင်မြင်တဲ့ ကိစ္စတိုင်းဟာ Team workကောင်းလို့ပါ။Team workကို ထိခိုက်စေမယ့် သွေးခွဲမှုတွေထဲမှာ ကွက်ပြီး ချီးကျူးအသိအမှတ်ပြုတတ်တဲ့
အကျင့်လည်းပါတယ်။ယာဂင်ကလော့ရဲ့မူကရှင်းတယ်။အသင်းကိုပဲ ချီးကျူးပါ။တစ်ယောက်ချင်း ချီးကျူးတာမျိုးကို သူကြိုက်ပုံမရဘူး။
သူ့ Team workကို သူအထိခိုက်မခံဘူး။
သူဦးဆောင်နေတဲ့အသင်းဖြစ်ပေမယ့်
သူ့ကိုသူလည်း Normal oneလို့သာ နှိမ့်ချခံယူတယ်။
သူတော်လို့မဟုတ်ဘူး။သူ့အသင်းတော်လို့ ထိပ်ကို ရောက်နေတာလို့ ပြောချင်ပုံပဲ။

မြန်မာ U20အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရစေမယ့်ဂိုးကို UAEနဲ့ပွဲမှာ သန်းပိုင်က သွင်းပေးခဲ့တယ်။သန်းပိုင်ကို ဝိုင်းဂုဏ်ပြုကြတယ်။
အဆိုးမြင်နဲ့ပြောရရင် သန်းပိုင်ရဲ့သွင်းဂိုးဟာ ခပ်လွယ်လွယ်သွင်းခွင့်ရတဲ့ဂိုးပါ။
ခက်ခက်ခဲခဲဖန်တီးပေးသူ ငြိမ်းချမ်းအောင်ကို အများစု မေ့ထားကြလေရဲ့။

လပေါ်ကို Neil Armstrong ပထမဆုံးခြေချနိုင်ဖို့
အမေရိကန်တစ်နိုင်ငံလုံးက ဝိုင်းပံ့ပိုးခဲ့တာပါ။
လစ်ဗာပူး အောင်မြင်မှုတွေရနေဖို့
အုပ်ချုပ်ရေးအဖွဲ့တွေပါ ပါဝင်တဲ့ တစ်သင်းလုံးက
ကြိုးစားနေရတာပါ။Team workကို ပစ်ပယ်ပြီး
တစ်ဦးတစ်ယောက်တည်းကို မှီခိုချင်တဲ့
သူရဲကောင်းအားကိုးဝါဒဟာ အလုပ်မဖြစ်ဘူး။

ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးသူရဲကောင်းက ဘယ်သူလဲလို့မေးရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့
အဖြေဟာ ၁၀၀%ကြားရမယ့်အဖြေပါ။
ဗိုလ်ချုပ်ကလည်း လွတ်လပ်ရေးကို
တစ်ယောက်တည်းအားနဲ့ ယူခဲ့တာမဟုတ်ဘူး။
Team workနဲ့ယူခဲ့တာ။ဗိုလ်ချုပ်ကို ချစ်လို့ရပါတယ်။ကျန်သူတွေကို မေ့ပစ်လို့မရဘူး။
လွတ်လပ်ရေးယူဖို့ အားစိုက်ပေးခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင် အသီးသီးကိုလည်း မေ့ပစ်လို့မရဘူး။
ဗမာလူမျိုးကြီးဝါဒရယ်လို့ အထင်လွဲနေကြတဲ့ တိုင်းရင်းသားတွေကို ပြန်နားလည်ပေးဖို့ ကျနော်တို့ ကြိုးစားရဦးမယ်။လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တာဟာ ဗိုလ်ချုပ်တစ်ဦးတည်းမှ မဟုတ်တာ။
အရင်ခေတ်ကတောင် ၄၅ကျပ်တန်တို့ ၉၀တန်တို့မှာ သခင်ဖိုးလှကြီးနဲ့ ဆရာစံပုံတို့ကို ဂုဏ်ပြုရိုက်နှိပ်ပေးခဲ့သေးတာပဲ။ပိုက်ဆံပေါ်မှာ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ပုံတွေရိုက်နှိပ်ဂုဏ်ပြုတာကို ကျနော်ကြိုဆိုပါတယ်။
ပိုက်ဆံအမျိုးအစားက များများစားစားမရှိလို့ လူစုံအောင်တော့ ရိုက်နှိပ်လို့ရမှာမဟုတ်ဘူး။
ရနိုင်သလောက်တော့ အခြားခေါင်းဆောင်တွေကို
လည်း အသိအမှတ်ပြု၊ဂုဏ်ပြုပေးဖို့လိုပါတယ်။
သူတို့မှာလည်း သားစဉ်မြေးဆက်ရှိတယ်။

ပိုက်ဆံအကြောင်းကို ပေါ်ပင်ဖြစ်ချင်ရုံသက်သက် ရေးလိုခြင်းမဟုတ်ဘူး။ကျော်ကြားမှုနဲ့ အောင်မြင်မှုကို ကျနော်တို့ ရောထွေးနေကြတယ်။
ကျော်ကြားမှ အောင်မြင်တယ်ထင်ကြတာဟာလည်း အဆိုးအညံ့တစ်ခုပဲ။လပေါ်ကို ဒုတိယမြောက်ခြေချတဲ့ Adrinလည်း အောင်မြင်ခဲ့ပါတယ်။
သူဖြစ်ချင်တာဖြစ်ခွင့်ရခဲ့တယ်။နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တယ်။ပထမမြောက်ခြေချခြင်း၊ဒုတိယမြောက်ခြေချခြင်းဟာ မှတ်တမ်းတွေ၊စံချိန်တွေအတွက် အရေးပါပေမယ့် ကိုယ့်အလုပ်အပေါ်သာ အာရုံစိုက်သူတွေအတွက် အရေးမပါဘူး။

Credit

Photos from SEA MAN BOX's post 19/05/2024
Photos from SZNT-Articles and News's post 19/04/2024
Photos from သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ - ASHC's post 22/03/2024
15/09/2023
15/09/2023

အခက်အခဲဆိုတာ လူတိုင်းမှာရှိကြတယ် လူတိုင်းမှာ မရှိတာက ကိုယ်ချင်းစာတရားပါ။

ကိုယ်တိုင် မခံစားဖူးသရွေ့တော့
လူတစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်မှာမဟုတ်ဘူး။

ကိုယ်ပြောခဲ့၊ကိုယ်ပြုခဲ့တဲ့အပြုအမူအတိုင်း ကိုယ်တိုင်မကြုံဖူးတဲ့အခါ အဲ့ဒီစကားလုံးတိုင်း အပြုအမူတိုင်းက တစ်ဖက်လူဘယ်လောက်ထိခံစားရမလဲဆိုတာ သ်ိမှာမဟုတ်ဘူး။

နာကျင်ရတဲ့ ဒဏ်ကိုခံစားဖူးတော့ နည်းနည်းလေးထိခိုက်မိတာနဲ့ ကိုယ်ချင်းစာပေးတတ်တယ်။

ဆုံးရှုံးရတဲ့ ခံစားချက်ကို နားလည်တော့ ဘယ်အရာမဆိုတန်ဖိုးထားတတ်လာတယ်။

စကားလုံးတိုင်းကို နှလုံးသားနဲ့ခံစားတတ်လာတော့ တစ်ဖက်သားကိုပြောတဲ့အခါတိုင်း အမှားမပါအောင် ဂရုစိုက်တတ်လာတယ်။

ဒီလိုပဲ...ဘဝမှာ ဒါလေးပြောလိုက်တာကို"ဒီလောက်ခံစားရလား?
ဒီလောက်လေးကို ဒီလိုနာကျင်ရလားဆိုတဲ့သူတွေကို အံ့သြမိတယ် ကိုယ်တိုင်အပြောမခံရ၊ကိုယ်တိုင်မကြုံရတော့ တစ်ဖက်လူရဲ့ခံစားချက်ကို ကိုယ်ချင်းမစာနာတတ်ကြတာပါ။

ဒါကြောင့် တစ်ခုခုပြောမယ်ဆိုရင်သတိလေးထားပါ သူများကိုမှိုချိုး၊မျှစ်ချိုးပြောခဲ့သလို ကိုယ်ကိုယ်တိုင်မှန်ထဲကြည့်ပြီး ခံစားနိူင်သလားလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

ဘယ်အရာပဲ ဖြစ်ဖြစ်
အစွန်းရောက်တိုင်း မကောင်းသလို တယူသန်တိုင်းလည်းမကောင်းဘူး သူ့ဘက် ကိုယ့်ဘက်မျှကြည့်တတ်မှ လူပီသတဲ့စိတ်ရှိတာပါ။

လေးစားစွာဖြင့်
(ရာမညမြေ)30.10.2022
#မေဆုရာမညမြေအတွေးစာစုလေးများ

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11021