Monday Morning Brief

Monday Morning Brief

Share

Update news and currents affair about international and local

Photos from Monday Morning Brief's post 02/07/2023

သိထားသင့်တဲ့ ကြက်တူရွေးငါးလေးတွေအကြောင်း ⛔⛔

Parrotfish (ကြက်တူရွေးငါး)

ရေအောက်ဆီကို ရောက်လေ့ ရောက်ထရှိတဲ့ ရေငုပ်သမား တော်တော်များမျာဒီငါးမျိုးကိုကောင်းကောင်းသိကြတယ်။

မကြာမကြာဆိုသလိုပဲ အရောင်အသွေးစုံတဲ့သန္တာကျောက်တန်းတွေအကြားမှာ ကျင်လည်ကျက်စားတာကိုတွေ့ရတတ်တယ်။ သူ့နေတဲ့အိမ်ကိုပြပါလို့ဆိုရင်လဲ သန္တာကျောက်တန်းပဲ ဖြစ်မယ်ဆိုရမယ်။ သူ့ခေါင်းမှုရှိတဲ့ နှုတ်သီးမှာထူးဆန်းတဲ့ သွားပြားကြီးကြီးလေးတွေရှိတာ သတိထားမိလား။ အဲ့ဒီသွားပြားကြီးကြီးလေးတွေနဲ့ပဲသန္တာခင်းတွေဆီလှည့်ပတ်ပြီး သန္တာကောင် အသေတွေကို သူသွားတွေနဲ့ ကိုက်ခြစ်ကုန် အချောသတ်ပြီး နူးညံ့သဲမှုန်လေးတွေကိုလုပ်ပေးပြန်တယ်။

သူတို့လုပ်ပေးတဲ့အဲ့ဒီသဲမှုန်လေးတွေဟာ တစ်နှစ်ကို သဲ ၉၀ ကီလိုဂရမ်လောက်အထိကို ထုတ်လုပ်ပေးနိုင်တယ်လို့သိရတယ်။

ဒါ့အပြင်နောက်ထပ်အရေးကြီးတဲ့တာဝန်တစ်ခုလဲလုပ်ပေးသေးတယ်။ Coral Bleaching ဖြစ်လို့ဖြစ်စေ ၊အခြားသောအကြောင်းအမျိုးမျိုးဉပါဒ်တွေကြောင့် သန္တာကျောက်တန်းတွေ သေဆုံးသွားကြတဲ့အခါမှာ သန္တာကျောက်တန်းတွေအပေါ် ကိုစုပုံဖုံးလွှမ်းလာတတ်ကြတဲ့ရေညှိတွေကိုစားပေးတာပါပဲ။

အဲ့ဒီလို စားပေးနိုင်တဲ့ ဒီုလို ငါးမျိုးတွေ မရှိရင် ရေညှိတွေဟာ နောက်ထပ်မွေးဖွားလာတဲ့သန္တာကောင်သေးသေးလေးတွေထပ်ပေါက်နိုင်ခြေရှိနေတဲ့ ဧရိယာတစ်ခုလုံးကိုပါ ဖုံးလွှမ်းပြီး ပိုပျက်သွားစေလိမ့်မယ်ပေါ့။

သေသွားတဲ့ သန္တာကောင်အဟောင်းတွေနေရာဆီမှာ သားလောင်းအသစ်လေးတွေအနေနဲ့အစားထိုးနိုင်ဖို့လဲမဖြစ်လာတော့ဘူးပေါ့။

နောက်ထပ်ထူးခြားချက်လေးတစ်ခုရှိသေးတယ် ကျွန်တော်တို့လူသားတွေပဲ ညအိပ်ရင် အင်းဆက်တွေ/သွေးစုပ်တတ်တဲ့ပိုးမွေးတွေရန်ကအကိုက်မခံရအောင် ခြင်ထောင် ထောင်ပြီး ညအိပ်ကြမယ်ထင်ရင်မှားသွားလိမ့်မယ်တဲ့။

ဒီ Parrotfish လေးတွေမှာလဲ ကိုယ်ပိုင်ခြင်ထောင်ရှိပါသေးတယ်တဲ့ဗျာ။Parrotfish လေးတွေဟာ ညဘက်အိပ်ရင် သူတို့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်း ခြုံဖုံးလွှမ်းနိုင်ဖို့အတွက် သူ့ပါးဟက်မှာရှိတဲ့ ဂလင်း ထဲကနေ mucus လို့ခေါ်တဲ့အကျိအချွဲတစ်မျိုးကို စစ် ထုတ်ပြီး ပူစီပေါင်း အကြီးကြီးတစ်ခုကို မှုတ်ထုတ်ဖန်တီးလေ့ရှိကြတယ်။ အကျိအချွဲနဲ့ပြုလုပ် ထားတဲ့ အဲ့ဒီပူစီပေါင်းကြီးကိုလဲ မအိပ်ခင်မှာ အချိန် တစ်နာရီလောက် ပြင်ဆင်ယူပြီးမှ အိပ်စက်လေ့ရှိကြတယ်။

ခုနောက်ပိုင်းမှာတော့ လူတွေဖမ်းယူမှုကြောင့် ထိုင်းနိုင်ငံမှာ ရော ဗမာပြည်က ငါးဈေးကွက်တွေထဲမှာ တွေ့လာရတယ်။ ဒီငါးကိုစားသုံးမှုများလာ ရင် ဖမ်းယူမှုလဲ များလာလိမ့် မယ် ဒါကြောင့် ဒါဖြစ်စဉ်ကိုနားလည်ရင် ဒီငါးတွေကို ဖမ်း ယူ စားသောက်တာတွေ မလုပ်ဖို့ သတိပေးသင့်တယ်။

ကိုယ်တိုင်ကလဲ ဝယ်မစားသင့်သလို ဖမ်းတဲ့ လူတွေ့ရင်လဲ တားသင့်တယ် ပြောပြသင့်တယ်။ ဒီငါးတွေမရှိတော့ရင် သန္တာခင်းတွေကို စောင့် ရှောက်ပြီး သန့်ရှင်းရေးလုပ်ပေးမယ့် ငါးတွေမရှိတော့ဘူး။ သန္တာခင်းတွေလဲ ပျက်စီးနေတဲ့နေရာမှာအသစ်ထပ်မပေါက်နိုင်ဘူး။ ကမ်းခြေမှာရှိနေတဲ့ပေါင်ဒါမှုန့်လိုသဲနုနုလေးတွေလဲ ထပ်မဖြစ်လာတော့ဘူး။

ဒါက Parrotfish တွေရဲ့ Marine Ecology အပို
င်းမှာ တမူအရေးပါတဲ့ ကူညီလုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

(Credit )

09/06/2022

သူငယ်ချင်း : နင့်ဘဲနဲ့အခြေအနေ
Me: 👇👇

🤣🤣🤣

05/12/2021

အားရ ကျေနပ် 😘😘

Photos from Monday Morning Brief's post 24/10/2021

Ahn Bo Hyun (Updated Profile)

Name - Ahn Bo Hyun (안보현)

Profession - Model, Actor

BOD - May 16 1988

Chinese Zodiac - Dragon
Constellation - Ta**us

Blood type - A

Height - 187 cm (6'2")

Hobby - Camping

Special ability - Boxing

Hometown - Busan

မိသားစု၀င်က ၄ယောက်ပါ အဖေအမေရယ်
ညီမလေးတစ်ယောက်ရှိပါတယ် 👬👭

အကြိုက်ဆုံး အရောင်က Black & White ပါတဲ့
အကုန်သဘောကျပေမယ့် ပန်းရောင်တော့ မကြိုက်ပါဘူးတဲ့ 😆

အကြိုက်ဆုံး အစားအစာက Ramen ဖြစ်ပြီး
မကြိုက်တာက သခွားသီးပါတဲ့

အေးတာကို အရမ်း sensitive ဖြစ်တာမို့
ဆောင်းရာသီကို မကြိုက်ပါဘူးတဲ့ 🙅

မြင်းကတော့ Favourite animal ဖြစ်ပေမယ့်
သူ့ကိုမြင်းနဲ့တူတယ်ပြောလို့ မကြိုက်လည်း
မကြိုက်ပါဘူး

အိပ်တဲ့အခါကျ မအိပ်ခင် တစ်ခုခုကိုကိုင်ပြီးမှ
အိပ်တတ်လို့ ခေါင်းအုံးက ၆လုံး၇လုံးလောက် အိပ်ယာထဲအမြဲရှိပါတယ်တဲ့ 🙆

Soju ကတော့ ၅ပုလင်းလောက်ထိသောက်နိုင်ပါတယ်တဲ့ 😂💛

Ideal type ကတော့ I live alone မှာလည်းပြောထားပြီး admin တို့ sub ထိုးတာပေးတာလည်းရှိတာမို့ ကိုယ့်ဘာသာကိုယ်
ကြည့်လိုက်ကြပါလို့ 😛

Childhood အမှတ်တရကတော့ မီးခြစ်ခြစ်ဖို့လုပ်ရင်း တစ်အိမ်လုံး မီးလောင်မလိုဖြစ်ဖူးပါတယ်တဲ့
တစ်ခုခုလုပ်ပြီးရင်လည်း ညီမလေးက
လုပ်တာဆိုပြီး လိမ်ဖူးပါတယ်တဲ့ 😂

အကြိုက်ဆုံး hung out လုပ်ဖို့နေရာကတော့ fitness center ပါတဲ့ 😑💛

အများဆုံး ဆိုဖြစ်တဲ့ သီချင်းက
Chang Mo - Wish ပါတဲ့ 💞

သူ့ရဲ့ youtube channel က
브라보현 (Bravo Hyun ) ပါ
subscribe မလုပ်ရသေးရင် သွားလုပ်ပါ
video တွေကို like လည်း လုပ်ပြီး cmt လည်းပေးပါ (cmt အမြဲလိုက်ဖတ်ပါတယ်တဲ့) 🙆💖

Instagram - bohyunahn 💕

#안보현

Photos from Monday Morning Brief's post 17/10/2021

ကမ္ဘာ့အမြင့်ဆုံး Ukadelic ထက် ပိုပြီး လေလံအောင်ခဲ့တဲ့ ကျားပေါက်ရဲ့ အနုပညာလက်ရာ 😘😘
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

Proud of you ပါ ကိုကျားပေါက်ရေ

လေလံကြမ်းခင်းစျေး= USD1000
လေလံအပိတ်စျေး = USD27500

#ငါတို့ဘက်မှာငါတို့ရှိတယ် 💙💙





Source from social media

Photos from Monday Morning Brief's post 11/10/2021

Credit : မူရင်းရေးသားသူ 👇👇

#ထောပတ်သီးထားနည်း

၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့ ❗
ဒါထောပတ်သီးစားသူတိုင်း သိထားရမဲ့အချက်ပါ
အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီး
ပုတ်တတ်ပါတယ်။
တချို့ရောင်းတန်းတွေမှာ
အသီးကိုပြောင်လက်နေအောင် သုတ်ထားတာက
အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။

၂။ အမြန်မှည့်ရန် ❗
ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့
သတင်းစာနဲ့တလုံးချင်းပတ်။
နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါ
ဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။
အသီးအရမ်းစိမ်းရင် ၃ ရက်။
မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။
ဆန်အိုးထဲမထားရပုတ်လွယ်သည်။

၃။ အမှည့်မလွန်ပါနဲ့❗
အညှာလေး ဖယ်ကျိလို့ အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပီ။
ဂရုစိုက်စားပါက အကောင်းဆုံး အရသာ ရပါမယ်

၄။ မှည့်နေသော အသီးအား ကြာကြာထားနည်း❗
မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ
ဇွန်းလေးနဲ့သေချာခြစ်ချ သိပ်သိပ်လေးလုပ်
အဖုံးလေးဖုံးပြီး ရေခဲထဲထည့်ထားရင်
ကြာကြာထားစားလို့ရပါတယ်။
အဓိက လေလုံနေဖို့ပါ။
မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ
ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ်
ဆီလေးသုတ်ထားပါ

အဓိက က
အသီး ကို ရေထိရင် ပုတ်ဖို့ 99%သေချာပါပီ

ချက်ချင်းစားချင်ရင် အသီးတလုံးလုံးကို အသာဖျစ်ကြည့်ပါ

အနည်းငယ်အိရင် အကောင်းဆုံးပါ။
မာတောင်နေရင် တရက်နှစ်ရက်သုံးရ
ဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်။

ထောပတ်သီးကြိုက်သူတိုင်း ဝယ်ပြီးမစားရဘဲ ပစ်ရခြင်းမှကင်းဝေးပြီး စိတ်ချမ်းသာကြပါစေ 😍🥰

ချစ်ခြင်းအားဖြင့်
🍂ရွှေမွန်စံ🍂

#ရွှေမွန်စံ
#ဒေသထွက်ကုန်

Photos from Monday Morning Brief's post 04/10/2021

Today ကန်တော်ကြီး မျှော်စင်ကျွန်း အခြေအနေ...

Oct_4_2021

by KTZO

#မျှော်စင်ကျွန်း

01/10/2021

အောင်လံလွှင့်ချီနွေဦးထီထွက်ရှိ၊ ဆုမဲပေါက်သူ ၇၅ ဦးထဲမှ ၆၂ ဦးက NUG သို့ ပြန်လည်လှူဒါန်း

DVB
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စမ်းသပ်ရောင်းချခဲ့တဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”Pilot project ရဲ့ ထီပေါက်စဉ်ကို အောက်တိုဘာ ၁ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး ဆုမဲပေါက်သူ ကံထူးရှင် ၇၅ ယောက် ထွက်ပေါ်လာခဲ့ပါတယ်။

Photos from Monday Morning Brief's post 28/09/2021

ကိုယ့်စိတ်ကူးထဲမှာတော့ အခန်းလေးဟာ ဗေဒါတွေနဲ့လင်းလို့ပေါ့ 💜💜

Photo credit ပါရှင်

24/09/2021

ခွေးမဖြစ်ချင်ရင်ဖတ်
===========

အရင်တုန်းက ဒေါ်လာစျေးဟာ ၁၃၀၀ ဝန်းကျင် ရှိခဲ့တာမို့ ဒေါ်လာစျေး ၂၆၀၀ အထိ ဖြစ်သွားတဲ့နေ့ကျရင် ကျွန်တော်တို့ဟာ အလိုလျောက် ၅၀% ဆင်းရဲသွားကြတော့မယ်။ အရင်တုန်းက iPhone တစ်လုံးကို ၁၆ သိန်းနဲ့ ဝယ်လို့ရတယ်ဆိုရင် သူ့ရဲ့ နှစ်ဆ ၃၂ သိန်း ပေးဝယ်မှ ရတော့မယ်။ iPhone က မြင်သာအောင် ဥပမာ ပေးတာ။ နိုင်ငံခြားက ဝင်တဲ့ ပစ္စည်းအားလုံးဟာ စျေးနှစ်ဆ တက်တော့မယ်။ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ လူသုံးကုန် စသဖြင့် တော်တော်များများဟာ နိုင်ငံခြားက တင်သွင်းတာမို့ အကုန်စျေး နှစ်ဆနီးပါး တက်ကုန်တော့မယ်။

ပုံမှန်အားဖြင့် လူတွေရဲ့ ဝင်ငွေဟာလည်း (နေ့စဉ်လုပ်ခ၊ လစာ၊ စသဖြင့်) တိုးတက်လာမယ်ဆိုရင်တော့ ဒါဟာ မပြောသာပေမဲ့ အခုအနေအထားအရ လစာတက်ဖို့ မပြောနဲ့ အလုပ်လက်မဲ့တွေတောင် အများကြီးပဲ။ အသေးစားလုပ်ငန်းတွေ အကုန်နီးပါး တိုင်ပတ်နေပြီ။ လုပ်ငန်းရှင်ဆိုတာကလည်း သူ့မှာ ဝင်ငွေရှိနေမှ ဝန်ထမ်းတွေကို အလုပ်ခန့်ထားနိုင်မှာကိုး။

အကယ်၍ အရင်စျေး ၁၃၀၀ ရဲ့ နှစ်ဆ ၂၆၀၀ မှာ ဒေါ်လာစျေးက ရပ်ရင်တော့ တော်သေးတာပေါ့။ အဲ့လိုမှ မဟုတ်ဘဲ မြန်မာကျပ်ငွေ တန်ဖိုးဟာ တားဆီးမရအောင် ထိုးကျရင်တော့ ကျွန်တော်တို့နိုင်ငံဟာ တော်တော်ကြီးကို ဒုက္ခပင်လယ်ဝေတော့မယ်လို့ ထင်မိတယ်။

ဗင်နီဇွဲလားလို ချက်ချင်းမဖြစ်နိုင်ပေမဲ့ ဖြစ်မလာဘူးလို့လည်း မပြောနိုင်ဘူး။ ဗင်နီဇွဲလားရဲ့ ငွေကြေးဟာ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်သွားလဲဆိုရင် အိမ်သာသုံး စက္ကူအဆင့်လောက်အထိကို ဖြစ်သွားတာ။ ကျွန်တော်ပြောတာကို မယုံရင် ဒီဗီဒီယိုကို သွားကြည့်။ https://www.facebook.com/drewbinsky/videos/315203693281957

သူတို့နိုင်ငံသားတွေအားလုံးက US ဒေါ်လာ နဲ့ပဲ အရောင်းအဝယ်လုပ်ကြတော့တယ်။
အဲဒီလို အခြေအနေမျိုး ကိုယ့်နိုင်ငံကို မရောက်စေချင်ရင် ဒီချီးတွင်းထဲက လွတ်အောင် အားကုန် ရုန်းကြဖို့လိုတယ်။

ပိုက်ဆံရှိရင် လှူ၊ မရှိရင် Click2donate က လုပ်ပေးနေသမျှအားလုံးကို Support လုပ်။ ဒါက ပုံမှန်လှူတာတွေနဲ့ မတူဘူးနော်။ လှူတယ်လို့တောင် မခေါ်ထိုက်ဘူး။ ပျောက်တော့မဲ့ အနာဂတ်ကို ပြန်ယူနေကြတာ။ တချို့က အသက်တွေရင်းပြီး ပြန်ယူပေးတယ်။ အချို့က အဲ့လောက် မစွန့်စားနိုင်လို့ ရှိတဲ့ ငွေကြေး၊ လုပ်အားရင်းပြီး ပြန်ယူဖို့ ကြိုးစားတယ်။ တကယ်ဆို အခုလို ခခယယ လုပ်ခိုင်းနေစရာ မလိုဘဲကို လုပ်ပေးနေကြရမှာ။ ဘာလို့လဲဆိုတော့ ဒီဒုက္ခက အခု လူတိုင်းအိမ်ကို တံခါးလာမခေါက်သေးပေမဲ့ သိပ်မကြာခင်မှာ အိမ်စေ့တံခါးလာခေါက်တော့မှာ။ အဲဒီတော့မှ ငိုလည်း ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး။ အခုနေက တကယ်ဆို ကိုယ်တိုင် ပိုက်ဆံမရှာနိုင်ရင်တောင် Click2donate က လုပ်သမျှကို သဲကြီးမဲကြီး အားပေးပြီး ပိုက်ဆံကူရှာပေးလို့ ရနေသေးတယ်။ ဒီ Monetization နည်းလမ်းကြီးက တစ်သက်လုံး ရှိနေမယ်လို့ မမှတ်ထားကြနဲ့နော်။ အခု ရတုန်းလေး ဝိုင်းကြုံးရမှာ။ သူတို့ App ကို ဒေါင်း၊ နေ့တိုင်းဖွင့်၊ ကြော်ငြာကြည့်ပေး။ သူတို့ Telegram ကို Join ပြီး နေ့တိုင်း ကလစ်နှိပ်။ Youtube တွေကို နည်းမှန်လမ်းမှန်နဲ့ ကြည့်ပေး။ အဲဒါတွေ အားလုံးက ခင်ဗျားတို့ ကျုပ်တို့ အနာဂတ်အတွက် လုပ်နေကြတာ၊ အခြား ဘယ်သူအတွက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ ချီးတွင်းထဲမှာ တစ်သက်လုံး မနေကြရဖို့၊ ကျွန်တော်တို့ Generation တွေ ချီးတွင်းထဲမှာ ဆက်မနေရဖို့ လုပ်ကြရမှာ။ မဆိုင်သလို နေလိုက်လို့ ကိုယ့်အိမ်ဝကို ဒုက္ခတွေ ရောက်မလာဘူးလို့တော့ မထင်လိုက်ပါနဲ့ဗျာ။

Hyperinflation ဖြစ်လို့ကတော့ "ကျွန်တော်က အစိမ်းနော်"လို့ သွားပြောလို့လည်း ရမှာမဟုတ်ဘူး။ အခု ခင်ဗျားတို့ အဘတွေကိုတောင် အဲ့လို ပြောလို့ မရတော့ဘူး။ ဒီပွဲက အစိမ်း၊ အနီတိုက်ပွဲမဟုတ်ဘူးဆိုတာ ဘယ်လိုများ နားလည်အောင် ပြောရမလဲဆိုတာလည်း မသိတော့ဘူး။

ဒီပွဲက ခွေးဖြစ်ဖို့နဲ့ ခွေးမဖြစ်ဖို့ ရွေးရတဲ့ပွဲဗျ။ လုပ်လို့ရတာလေးတွေ ရှိတုန်း လုပ်ကြပါ။ ကိုယ့်လက်ထဲက ပိုက်ဆံလေးတွေ တန်ဖိုးရှိနေတုန်း လှူကြပါ။
#လွတ်လပ်စွာကူးယူနိုင်သည်။

Photos from Monday Morning Brief's post 19/09/2021

So proud of you
Our Actress Eaindra Kyaw Zin

ဂုဏ်ယူပါတယ် အူဝဲရေ 👏👏

မအူဝဲ နှင့် သုသု တို့ရဲ့ What happened to the wolf?
ရုပ်ရှင်ကားကြီးဟာ Hollywood မှာ review လုပ်ခံရတဲ့ ပထမဆုံး မြန်မာရုပ်ရှင်ကားဖြစ်သွားသလို
အဓိက မင်းသမီးတစ်ယောက်ဖြစ်တဲ့ မအူဝဲ ကလည်း
EAINDRA KYAW ZIN စာတန်းပါ အိင်္ကျီနှင့် ဂုဏ်ပြု
ခံရတဲ့ ပထမဆုံးမင်းသမီးဖြစ်လာပါတယ် ။

Oldenburg International Film Festival
ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ
Festival Director ဖြစ်တဲ့ Torsten Neumann အပါအဝင် တာဝန်ရှိလူကြီးများက
Eaindra Kyaw Zin စာတန်းပါ အကျီကို
ဝတ်ဆင်ခဲ့တာဖြစ်ပါတယ် ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


South Okkalapa
Yangon