SMART Training Centre

SMART Training Centre

Share

Training Centre

Photos from SMART Training Centre's post 20/08/2023

***Only 10,000 MMK***

ဆေးဝါးတွေအကြောင်း အခြေခံကစ နားလည်ဖို့၊ ရောဂါအလိုက်သုံးရမယ့်ဆေးတွေအကြောင်း အခြေခံနားလည်ဖို့ ငွေ ၁၀,၀၀၀ ကျပ်ပဲလိုပါတယ်။

Online video class တက်ရင်စာနားလည်ပါ့မလား/ထိရောက်ပါ့မလား စိုးရိမ်နေသူတွေအတွက် သင်ကြားမှုပုံစံ နမူနာလေးတွေမျှဝေပေးလိုက်ပါတယ်။ သင်ခန်းစာတွေကို နားလည်လွယ်အောင် စီစဉ်ထားပါတယ်။

Lecture notes (သင်ခန်းစာမှတ်စု) လေးတွေလည်းတင်ပေးထားတာမို့ သင်ခန်းစာတွေကိုပြန်လေ့လာဖို့အဆင်ပြေစေမှာပါ။

Online video class ရဲ့အားသာချက်ကတော့ မိမိအားတဲ့အချိန်မှာ တက်ရောက်နိုင်တာ၊ သင်ခန်းစာတွေကို အမြဲပြန်ကြည့်လို့ရနေတာ၊ စာမေးပွဲအသေးလေးတွေစီစဉ်ပေးတဲ့အတွက် မိမိတတ်ကျွမ်းနားလည်မှုကိုလည်း ပြန်လည်ဆန်းစစ်နိုင်တာ စတာတွေဖြစ်ပါတယ်။

Online class လေး Join ချင်တယ်ဆိုရင်တော့ Page chat box မှာစာရင်းပေးလို့ရပါတယ်။

Online video class ဘယ်လို တက်ရမလဲ၊ ဘာတွေသင်ပေးမှာလဲ သိလိုသူတွေအနေနဲ့ အောက်ပါလင့်လေးကိုဝင်ရောက်ကြည့်ရှုပေးပါလို့ဖိတ်ခေါ်ပါရစေ။
https://m.facebook.com/story.php?story_fbid=676087081235890&id=100065038119508
#ဆေးဝါးသင်တန်း

17/08/2023

ဒါလဲ ပါရာစီတမောဆေးရည်ပါပဲ၊ ဆေးရည်ချင်းတူပေမယ့် သူကတော့ Syrup လို့ရေးထားတဲ့အတွက် ဆေးရည်ကြည်ဖြစ်ပါတယ်၊ လှုပ်သောက်ရန်မလိုပါ။

Photo from Google

16/08/2023

Answer :
အဖြေမှန်ကတော့ အခုပြထားတဲ့ဆေးပုလင်းလေးက လှုပ်သောက်စရာလိုပါတယ်။ Suspension လို့ရေးထားတဲ့အတွက် ဆေးရည်ပုလင်းထဲမှာ ဆေးမှုန့်အနည်လေးတွေပါပါတယ်။ လှုပ်သောက်မှသာဆေးအာနိသင်ရနိုင်မှာဖြစ်ပါတယ်။

ကလေးရှိတဲ့အိမ်တိုင်းမှာ ပါရာစီတမောဆေးရည် တစ်ပုလင်းတော့ရှိတတ်ကြပါတယ်။

ပါရာစီတမောဟာ အဖျားကျစေတဲ့၊ အကိုက်အခဲသက်သာစေတဲ့အာနိသင်ရှိပါတယ်။

အောက်ပါ ပါရာစီတမောဆေးဗူးလေးကိုကြည့်ပါ၊ ကလေးတွေအတွက်ထုတ်ထားတဲ့ ဆေးအရည်ဗူးဖြစ်ပါတယ်။

တစ်ခုဖြေပေးစေလိုတာက ဒီဆေးရည်ဗူးလေး ကလေးတွေကိုတိုက်တဲ့အခါ လှုပ်သောက်စရာ လို/မလို ဖြစ်ပါတယ်။

အဖြေလေးကို comment မှာရေးပေးခဲ့ကြနော်။

Photo from Google

13/08/2023

Answer : B
Dextromethorphan သည် ချောင်းခြောက်ဆိုးခြင်းကိုသက်သာစေသည့်ဆေးဖြစ်သည့်အတွက် လည်ချောင်းယားပြီးချောင်းဆိုးခြင်းကိုလည်း သက်သာစေပါသည်။

အောက်ပါဆေးသည် ......... တွင်အသုံးပြုသည့်ဆေးဖြစ်သည်။

A. သလိပ်ထွက်၍ချောင်းဆိုးခြင်း
B. လည်ချောင်းယားပြီးချောင်းဆိုးခြင်း
C. ရင်ကြပ်ခြင်း

Photo from Google

12/08/2023

Answer : A. နှာရည်ယိုခြင်း

Chlorpheniramine ဆေးသည် Anti-histamine အုပ်စုဝင် ဆေးတစ်မျိုးဖြစ်ပြီး ဓာတ်မတည့်၍ယားယံခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း များသက်သာစေရန် အသုံးပြုသည်။

အောက်ပါဆေးသည် ......... သက်သာရန်အသုံးပြုသည်။

A. နှာရည်ယိုခြင်း
B. ခေါင်းကိုက်ခြင်း
C. ဗိုက်အောင့်ခြင်း

Photo from Google

11/08/2023

Answer : B

ဆေးတွင် Bromhexine (ချွဲပျော်ဆေး) ပါဝင်သည့်အတွက် ချောင်းစို ဆိုးလျှင် အသုံးပြုသည်။

အောက်ပါဆေးသည် ............ ဆိုးလျှင် အသုံးပြုသည်။

A. ချောင်းခြောက်
B. ချောင်းစို

Photo from Google

Photos from SMART Training Centre's post 09/08/2023

Edited : Answers

အဖြေမှန်ကတော့ -
A. Syrup (ဆေးရည်ကြည်) လှုပ်သောက်ရန်မလို။
B. Vial (ထိုးဆေးပုလင်း)
C. Caplet (ဆေးတောင့်အမာ)
D. Sachet (ဆေးထုပ်)
E. Suspension (အနည်ပါသောဆေးရည်) လှုပ်သောက်ရန်လိုသည်။
F. Capsule (ဆေးတောင့်)

အောက်ပါဆေးပုံလေးတွေရဲ့ အခေါ်အဝေါ်ကို သင်သိပါသလား?

ဆေးပုံစံလေးတွေရဲ့ အခေါ်အဝေါ်ကိုသိတယ်ဆိုရင် comment မှာ အက္ခရာစဉ်လေးတွေနဲ့သက်ဆိုင်ရာအခေါ်အဝေါ်လေးတွေကိုရေးပေးခဲ့ပါ။

ဆေးပုံစံအမျိုးမျိုးရဲ့ မတူညီတဲ့ အခေါ်အဝေါ်အမျိုးမျိုးကိုသိချင်တယ်ဆိုရင် SMART Training Centre ရဲ့ Online video class ကို သင်တန်းကြေးအလွန်သက်သာစွာနဲ့ တစ်သက်တာ join ထားလို့ရပါပြီ။

Online video class အကြောင်း -
https://www.facebook.com/100065038119508/posts/676087081235890/?mibextid=cr9u03

Disclaimer : This page does not own these photos. Photos are taken from Google.

Photos from SMART Training Centre's post 07/08/2023

Gout ဟုခေါ်သော အဆစ်ရောင်ရောဂါ

👉 အဆစ်ရောင်ရောဂါတွေအမျိုးမျိုးရှိတဲ့အနက်မှာ ဂေါက်ရောဂါဟာလည်း အဖြစ်များတဲ့အဆစ်ရောင်ရောဂါတစ်ခုဖြစ်ပါတယ်။

👉 ဂေါက်ရောဂါဆိုတာ သွေးထဲမှာရှိနေတဲ့ ယူရိတ်လို့ခေါ်တဲ့ ခရစ်စတယ်အမှုန်လေးတွေဟာ ခန္ဓာကိုယ်ရဲ့ အဆစ်တွေထဲမှာ အနည်ကျပြီး အဆစ်တွေရောင်ရမ်း၊ နာကျင်၊ ပုံပျက်တာတွေကိုဖြစ်စေတာပါ။

♦️ ဂေါက်ရောဂါရဲ့လက္ခဏာတွေကတော့ -
အဆစ်တစ်ခု (သို့) တစ်ခုထက်ပို၍ နာကျင်ကိုက်ခဲခြင်း၊ ရောင်နေခြင်း၊ ပူနေခြင်း၊ ရောင်နေသောအဆစ်ပေါ်ရှိအရေပြားနီရဲနေခြင်း စသည်တို့ဖြစ်ပါတယ်။

♦️ ဂေါက်ရောဂါဟာအဓိကအားဖြင့် အဆစ်တစ်ခုတည်းကိုသာ ထိခိုက်လေ့ရှိပြီး ဆေးကုသမှုမခံယူပဲအချိန်ကြာလာမယ်ဆိုရင်တော့ အဆစ်တစ်ခုထက်မက ထိခိုက်ပျက်စီးနိုင်တဲ့အပြင် ကျောက်ကပ်ကျောက်တည်တာကနေစလို့ ကျောက်ကပ်ရောဂါတွေပါခံစားရနိုင်ပါတယ်။

♦️ ဂေါက်ရောဂါခံစားရသူတွေရဲ့ ၅၀% မှာ အထိခိုက်များတဲ့အဆစ်ကတော့ ခြေမအဆစ်ဖြစ်ပါတယ်။ အခြားသောထိခိုက်လေ့ရှိတဲ့အဆစ်တွေကတော့ ခြေကျင်းဝတ်၊ ခြေဖမိုးအဆစ်တွေ၊ လက်အဆစ်တွေ၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နဲ့ ဒူးဆစ်တွေဖြစ်ပါတယ်။

👉 ဂေါက်ရောဂါဖြစ်ပွါးနှုန်းဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် (၄) ဆပိုမိုဖြစ်ပွါးတာကိုတွေ့ရပါတယ်။

👉 ဂေါက်ရောဂါဟာဘယ်လိုလူတွေမှာပိုအဖြစ်များလဲဆိုရင် -
- အမျိုးသားတွေ
- သွေးဆုံးပြီးတဲ့အမျိုးသမီးတွေ
- ကျောက်ကပ်လုပ်ဆောင်ချက်မကောင်းသူတွေ (ကျောက်ကပ်နဲ့ပတ်သက်လို့ရောဂါခံစားနေရသူတွေ)
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူတွေ
- အဝလွန်သူတွေ
- ဆီးဆေးနဲ့ သွေးတိုးကျဆေးသောက်နေသူတွေ
- သွေးကျဲဆေးသောက်နေသူတွေမှာ ပိုမိုဖြစ်နိုင်ချေရှိပါတယ်။

👉 ဒါ့အပြင် အောက်ပါအခြေအနေတွေမှာလည်း ဂေါက်ရောဂါဖြစ်နိုင်ချေရှိပါတယ်။
❗️ယူရိတ်များစေတဲ့အစားအသောက်တွေစားသုံးတာ (ဥပမာ - အရက်၊ ဘီယာ၊ သကြား၊ အနီရောင်ရှိတဲ့အသား၊ ပင်လယ်စာ)
❗️မွေးရာပါရောဂါရှိသူတွေ
❗️ကင်ဆာဆေးနဲ့ သွေးမခဲဆေးတွေအသုံးပြုနေရသူတွေ

✅ ဂေါက်ရောဂါရှိနေမှန်းသိဖို့အတွက်ကတော့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီးသုံးသပ်တာအပြင် သွေးဖောက်ပြီး Uric acid ပမာဏကိုစစ်ဆေးလို့ရပါတယ်။ သွေးဖောက်စစ်ဆေးခြင်းနှင့်ရောဂါအတည်ပြုတာကိုတော့ ဆရာဝန်နှင့်သေချာပြသတိုင်ပင်ပြီးမှပြုလုပ်သင့်ပါတယ်။

👉 ကုသတဲ့အခါမှာတော့ အကိုက်အခဲပျောက်ဆေး၊ ယူရစ်အက်ဆစ်လျှော့ချပေးတဲ့ဆေးနဲ့အရောင်ကျဆေးတွေကိုအသုံးပြုပြီးကုသရပါတယ်။

👉 ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ -
- အဝလွန်သူတွေဆိုရင် ဝိတ်လျှော့ခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်ခြင်း
- ယူရစ်အက်ဆစ်များသောအစားအစာများကိုလျှော့စားခြင်း
- သွေးတိုး၊ ဆီးချို၊ နှလုံးနှင့်ကျောက်ကပ်ရောဂါများကို စနစ်တကျကုသမှုခံယူခြင်း
စတာတွေကိုပြုလုပ်ရမှာဖြစ်ပါတယ်။

အားလုံးပဲရောဂါဘယတွေဝေးကွာပြီး ကျန်းမာကြပါစေ။

Credit to မေတ္တာမွန်ဆေးခန်း

#ဂေါက်

#အဆစ်ရောင်

06/08/2023

ဆေးညွှန်းတစ်ခုဖတ်တော့မယ်ဆိုရင်

ဆေးညွှန်းတွေမှာပါလေ့ရှိတဲ့ အတိုကောက်အသုံးအနှုန်းလေးတွေရဲ့ အဓိပ္ပါယ်ကိုသိထားမှ ဆေးညွှန်းမှာပါတဲ့ ညွှန်ကြားချက်တွေကို နားလည်နိုင်မှာဖြစ်ပါတယ်။

ပြည့်စုံတဲ့ဆေးညွှန်းတစ်ခုမှာဆိုရင် -

✅ လူနာအချက်အလက် (နာမည်၊ အသက်၊ ကျား/မ၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်)
✅ ညွှန်ကြားတဲ့ ဆရာဝန် အမည်၊ ဆရာဝန်မှတ်ပုံတင်အမှတ်၊ အထူးပြုတဲ့ဘာသာရပ်၊ ဆရာဝန်လက်မှတ်
✅ ဆေးညွှန်းရေးပေးသည့်ရက်စွဲ
✅ သုံးစွဲရမည့်ဆေးများ၊ သုံးစွဲရမည့်အချိန်နှင့်အကြိမ်အရေအတွက်၊ သုံးစွဲရမည့်ပမာဏ၊ သုံးစွဲရမည့်ကြာချိန်/နေ့ရက်၊ အပိုထပ်ဆောင်းဆေးပေးထားခြင်းရှိ/မရှိ

စတဲ့အချက်တွေပါဝင်ရမှာဖြစ်ပါတယ်။

အခုပို့စ်မှာတော့ ဖော်ပြထားတဲ့ပုံအရ ဆေးညွှန်းတွေမှာပါတတ်တဲ့ အတိုကောက်အသုံးအနှုန်းလေးတွေအကြောင်း အနည်းငယ်ရှင်းပြမှာဖြစ်ပါတယ်။

Rx = Medication/Treatment (ဆေးညွှန်း)
Sig = Instructions (သုံးစွဲရန်ညွှန်ကြားချက်)
Disp = Dispense (ပေးရမည့်ဆေးလုံးအရေအတွက်)
Rf = Refill (ကုန်သွားလျှင်ပြန်ဖြည့်ရန်ပေးလိုက်သည့်ဆေးအရေအတွက်)

tabs = Tablets (ဆေးပြား)
PO = Per Oral (ပါးစပ်မှသောက်ရန်)
q6h = Six hourly (၆ နာရီခြားတစ်ကြိမ်သောက်ရန်)

ဒီထက်ပိုပြီးဆေးဝါးတွေအကြောင်းလေ့လာချင်တယ်၊ အတိုကောက်အသုံးအနှုန်းလေးတွေကို သေချာသိချင်တယ်ဆိုရင်တော့ Link မှာဖော်ပြထားတဲ့ Online video class လေးကို Join လို့ရပါတယ်။

https://www.facebook.com/100065038119508/posts/676087081235890/?mibextid=cr9u03

Photo from Google

05/08/2023

ဆေးစာတွေဖတ်ရင်တွေ့ရတဲ့

bd, tds, hs, cm

စတဲ့အသုံးအနှုန်းတွေက ဘာကိုဆိုလိုပါသလဲ?

04/08/2023

ဆေးတွေအကြောင်းလေ့လာတဲ့အခါ ဆေးတွေမှာ နာမည် ၂ မျိုးစီရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

တစ်ခုကတော့ ဆေးရဲ့မျိုးရင်းနာမည် Generic name ဖြစ်ပြီး တစ်ခုကတော့ ဆေးကိုထုတ်လုပ်တဲ့ကုမ္ပဏီကနေ ဒီဆေးကို လူတွေမှတ်မိသိရှိနေအောင်ပေးထားတဲ့ နာမည် Brand name ဖြစ်ပါတယ်။

Generic name ဆိုတာက တစ်ကမ္ဘာလုံးကသိရှိလက်ခံထားတဲ့ ဆေးရဲ့ မူလမျိုးရင်းနာမည်ဖြစ်ပါတယ်။ ဆေးတစ်ခုရဲ့ Generic name ကိုပြောလိုက်တာနဲ့ ဒီဆေးသည် ဘယ်အုပ်စုထဲကဆေးလဲ၊ ဘာအတွက်သုံးတာလဲဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။

Brand name ကတော့ ဆေးကုမ္ပဏီတွေက ဆေးအသစ်ကို သုတေသနပြုလုပ်ပြီးထုတ်လုပ်တာမဟုတ်ပဲ နဂိုမူလရှိပြီးသား Formula ကိုယူပြီးထုတ်လုပ်တယ်၊ အခြားသော Formula တူတဲ့ဆေးတွေနဲ့ မိမိကုမ္ပဏီကထုတ်တဲ့ဆေးကို ရောထွေးသွားမှာစိုးလို့ရယ်၊ စျေးကွက်ဖောက်တဲ့အခါ လူသိများအောင် မှတ်မိလွယ်မယ့်၊ သီးခြားဖြစ်မယ့် နာမည်တစ်ခုကိုပေးလိုက်ပါတယ်၊ အဲဒါကို Brand name /Trade name လို့ခေါ်ပါတယ်။

Photos from SMART Training Centre's post 04/08/2023

ဒီဆေး ၃ မျိုးရဲ့ကွာခြားချက်ကိုသိပါသလား?

၃ ခုလုံးက Paracetamol တော့ Paracetamol ပါပဲ

ဒါပေမယ့် တစ်ခုနဲ့ တစ်ခု နာမည်မတူကြပါဘူး

ဘာကြောင့်ပါလဲ?

Photos from Google

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


191, Thiri Myaing 10 Street, Ward 13, Hlaing Township
Yangon