One Type

One Type

Share

A small font design studio with awesome a Myanmar & Japanese Graphic Designers.

Photos from One Type's post 02/09/2026

OT49_DarChit Font / ဓားခြစ်ဖောင့် - 12,000 Ks

သစ်သားပြားတွေပေါ်မှာ ဆောက်နဲ့ထွင်းသလိုမျိုး၊ ဓားနဲ့ထွင်းခြစ်ထားသလိုမျိုး ဟန်ပန်နဲ့ ခပ်ဆန်းဆန်းဖောင့်လေး "ဓားခြစ်ဖောင့်" ထွက်လာပါပြီခင်ဗျာ

OT49 ဓားခြစ် Font လေးကို 12,000 ကျပ်ဖြင့် One Type ကနေ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ

ဖောင့်အသစ်လေးတွေ နောက်ကျနေတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ
မကြာခင် နောက်ထပ်ဖောင့်လေးတွေ ထပ်လာဦးမှာမို့လို့ စောင့်မျှော်ပေးကြပါဦးနော်ဗျ



One Type
"Be Your Type!"

P.S. NetPanchi Website ကနေလဲဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျ

#မြန်မာဖောင့်

08/06/2026

🥳 သတင်းကောင်းလေးပါခင်ဗျာ 🥳

CapCut Mobile မှာ One Type ရဲ့ ဖောင့်တွေ အားလုံး စာရိုက်လို့ အဆင်ပြေသွားပါပြီခင်ဗျာ

#မြန်မာဖောင့်

11/05/2026

မကြာခင်ထွက်ရှိလာတော့မယ့် One Type ရဲ့ 49 ခုမြောက် Font လေးဖြစ်ပါတယ်။
ဓားခြစ်ဟန်ကို အခြေခံထားပြီး မြန်မာစာလုံးလှလှလေးတွေကို ခပ်ဆန်းဆန်းမြင်ရမှာပါ။

One Type
"Be Your Type"

Photos from One Type's post 12/04/2026

OT48_NwayPadauk Font / နွေပိတောက်ဖောင့် - 12,000 Ks

ကျနော်တို့ငယ်ငယ်တုန်းက သင်္ကြန်ပွဲတော်မှာ မြင်နေကြ လက်ရေးမူ ခပ်တော့တော့ စာလုံးတွေအပေါ်အခြေခံပြီး ဖန်တီးထားတဲ့ နွေပိတောက်ဖောင့်ဖြစ်ပါတယ်ခင်ဗျာ။
English Glyphs တွေကိုလဲ မြန်မာစာလုံးလေးတွေလိုပဲ ခပ်တော့တော့ လက်ရေးဆက်ဟန်ထည့်သွင်းဖန်တီးထားပါတယ်ခင်ဗျ။
သင်္ကြန်ကာလဆိုတာနဲ့ ပိတောက်ပန်းတွေကို ပြေးမြင်ကြသလို နွေဦးရာသီလဲဖြစ်တာမို့လို့ နွေပိတောက်ဆိုတဲ့နာမည်လေးပေးဖြစ်ခဲ့တာပါ။

OT48 နွေပိတောက် Font လေးကိုတော့ 2026 ထွက်ဖောင့်တွေအတွက် နှုန်းထားအသစ်ဖြစ်တဲ့ 12,000 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ



One Type
"Be Your Type!"

P.S. NetPanchi Website ကနေလဲဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျ

#မြန်မာဖောင့်

Photos from One Type's post 11/04/2026

မင်္ဂလာပါခင်ဗျာ

ကျနော်တို့ One Type ရဲ့ သင်္ကြန်အထူးဖောင့်လေးရဲ့ နာမည်ကတော့ "နွေပိတောက်ဖောင့်" လေးပဲဖြစ်ပါတယ်ခင်ဗျာ

နာမည်ခန့်မှန်းရင်း ဖောင့် (၅) ခု Free ယူ အစီအစဉ်လေးမှာ ဝိုင်းပြီး နာမည်လေးတွေ ရေးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နွေပိတောက်ဖောင့်လို့တော့ တိတိကျကျ ဖြေဆိုထားသူ မရှိခဲ့ပေမယ့် "ပိတောက်ဖောင့်"လို့ ဖြေပေးထားကြတဲ့ သူ (၁၂) ဦး ကို ကျနော်တို့ One Type ကနေ အဖြေနဲ့ အနီးစပ်ဆုံးဖြစ်တာမို့လို့ ရွေးချယ်ဖြစ်သွားပါတယ်ခင်ဗျာ

Font လေးတွေ ရယူဖို့ One Type Messenger ကို ဆက်သွယ်ပေးကြပါဦးနော်ခင်ဗျ

အားလုံးသာယာအေးချမ်းသော ပိတ်ရက်လေးတွေ ဖြစ်ကြပါစေ

One Type

08/04/2026

အဖြေမှန်လေးကို ၁၁:၅၅ မှာ ကြေညာထားပါပြီနော်ခင်ဗျ
နောက်ထပ် Ment တာလေးတွေကို ထည့်သွင်းစဉ်းစားတော့မှာမဟုတ်ပါဘူးနော်ခင်ဗျ
ဖြေပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

https://www.facebook.com/share/p/1E2MEBiPxW/

သင်္ကြန်ကာလအတွက် အထူးဖန်တီးထားတဲ့ လက်ရေးဟန်ဖောင့်လေးရဲ့နာမည်ကို Comment မှာ ခန့်မှန်းပြီး One Type ကထုတ်ထားတဲ့ Font (၅) ခု အခမဲ့ ရယူပါ။

(၁၁) ရက်နေ့မှာ ဦးဆုံးအဖြေမှန်သူ အယောက် (၂၀)ကို ကြေညာပေးပါမယ်နော်။

မှတ်ချက် - Comment နဲ့ တစ်ဦးကို ၁ ခါစီပဲ ခန့်မှန်းပေးပါနော်



One Type
"Be Your Type!"

#မြန်မာဖောင့် #ဖောင့်

Photos from One Type's post 17/03/2026

OT47_YayBuPhong Font / ရေပူဖောင်းဖောင့် - 12,000 Ks

ရေကွက်လေးတွေလို ရေပူဖောင်းလေးတွေလို အတွန့်အကွေးအကွက်လေးတွေနဲ့ဖန်တီးထားတဲ့ “ရေပူဖောင်း”ဖောင့်လေးဖြစ်ပါတယ်။

OT47 ရေပူဖောင်း Font လေးကိုတော့ 2026 ထွက်ဖောင့်တွေအတွက် နှုန်းထားအသစ်ဖြစ်တဲ့ 12,000 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ

fans

One Type
"Be Your Type!"
P.S. NetPanchi Website ကနေလဲဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျ

#မြန်မာဖောင့်

Photos from One Type's post 28/02/2026

OT46_ShaePyay Font / ရှေ့ပြေးဖောင့် - 12,000 Ks

ဖောင့်အသစ်မထွက်တာကြာသွားလို့ ကျနော်တို့ကို မှတ်မိကြသေးရဲ့လားမသိဘူးနော်။

ဒီတစ်ခေါက်မှာတော့ Sci-Fi ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ အနာဂတ်ခေတ်သစ် စာလုံးပုံစံမျိုးနဲ့ ခပ်ဆန်းဆန်းဟန်လေးတစ်ခုကို အခြေခံပြီး ခေတ်ရှေ့ကိုပြေးမယ့် "ရှေ့ပြေးဖောင့်" လေးဖန်တီးထားပါတယ်ခင်ဗျ။

OT46 ရှေ့ပြေးဖောင့် Font လေးကိုတော့ 2026 ထွက်ဖောင့်တွေအတွက် နှုန်းထားအသစ်ဖြစ်တဲ့ 12,000 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ

fans

One Type
"Be Your Type!"

P.S. NetPanchi Website ကနေလဲဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျ

#မြန်မာဖောင့်

19/01/2026

One Type Team Member များအားလုံး ပြည်ပသို့ ပြောင်းရွှေ့ရောက်ရှိနေကြပါသဖြင့် Font ဝယ်ယူခြင်းကိစ္စများ/ Font Design အပ်နှံခြင်းကိစ္စများအား Page Messenger မှသာ ဆက်သွယ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ 🙏🙏🙏

P.S. မြန်မာဖုန်းနံပါတ်က Roaming ဖွင့်ထားတာမို့လို့ ပြည်တွင်းကလှမ်းခေါ်ရင် Bill ပိုကုန်ကြမှာမို့လို့ပါခင်ဗျာ

One Type
"Be Your Type!"

Category

Telephone

Website

Address


Kyauk Myaung, Tamwe Tsp
Yangon
11211