Mon Diary

Mon Diary

Share

Culture , Education, Social

10/09/2026

ကျောက်ကပ်ဆေးခြင်းကို ကြားဖူးကြပေမယ့် သိဖူး မြင်ဖူးသူ နည်းမှာပါ။ တကယ်တော့ ကျောက်ကပ်ဆေးတယ်ဆိုတာ ခန်ဒါကိုယ်ထဲက သွေးတွေကို အပြင်ထုတ်ပြီး ကျောက်ကပ်တုလို့ခေါ်တဲ့ သွေးသန့်စစ်ပြွန်filterထဲကို ဖြတ်သန်းစေပြီး လူ့ခန်ဒါကိုယ်ထဲကို သွေးပြန်ထည့်တဲ့စနစ်ပါပဲ။ အဲဒီသွေးကို အလွန်အဆင့်မြင့်တဲ့ ရေသန့်စက်က ထွက်လာတဲ့ ရေနဲ့ ဓာတ်ပြုထားတဲ့ အရည်နဲ့ ဆေးကြောရတာပါ။ လူတစ်ယောက်အတွက် တစ်ကြိမ် ကျောက်ကပ်ဆေးရင် 1 နာရီ ရေသန့် 30 လီတာ ၊ 4 နာရီစာအတွက် ရေသန့် 120 လီတာသုံးရပါတယ်။ ဒီအကြောင်းအရာကို ကရုဏာပါလ ကျောက်ကပ်ဆေးကြောသန့်စင်ရေး ဖောင်ဒေးရှင်းတာဝန်ခံဆရာမ ကြီး ဒေါ်ကြင်နွဲ့ ရှင်းပြထားတာကို Mon Diary ပရိသပ်များ ဗဟုသုတရစေဖို့အတွက် ရည်ရွယ်တင်ဆက်လလိုက် ပါတယ်။

30/04/2026

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မွန်ပြည်နယ်မှာ စုမဲလေလံလိမ်လည်မှုတွေကြောင့် ရှေ့နေတွေ တော်တော်အလုပ်ရကြတယ်။ ကျွန်တော်တို့မွန်လူမျိုးက ဂုဏ်တုဂုဏ်ပြိုင်ကြွားဝါမှု များတယ်။ ဘုန်းကြီးကျောင်းအလှူသွားရင်တောင် ရွှေတွဲလဲ ငွေတွဲလဲနဲ့မှ ။ သားသမီးတွေနိုင်ငံခြားက ငွေပို့ရင်လည်း အရပ်ထဲကြွားလိုက်ရမှ ၊ Surprise တိုက်တယ် ဆိုပြီး ပိုက်ဆံပန်းစီးတွေနဲ့ မော်ကြွားရတာ တစ်မျိုး ။ ဘာအကြောက်အလန့်မှ မရှိဘဲ ကိုယ့်မိသားစုနေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ ငွေပမာဏ အတိအကျကို လိုင်းပေါ်တင်ပြီး ဂုဏ်ဆာကြတာဟာ ကိုယ့်အန္တရာယ်ကိုယ်ဖိတ်ခေါ်နေကြသလိုပါပဲ။လိမ်ဖို့စောင့်နေတဲ့ ကျားဖြန့်တွေက သားကောင်ကို ဝေးဝေးလံလံလိုက်ရှာစရာမလိုဘူး ၊ ဖုန်းလေးတစ်ချက်ပွတ်လိုက်တာနဲ့ မိမှာပါ။ ကျားဖြန့်က ကိုယ့်အနီးအနားမှာပဲရှိနေတယ်ဆိုတာကို မေ့နေကြတယ်‌။

26/03/2026

မွန်ပြည်နယ်မှာ လောင်စာဆီနဲ့ ပတ်သက်ပြီး .........
ကောလာဟလတွေ ချင့်ယုံကြဖို့ ၊
ပုလင်းတွေ ဘူးတွေရဲ့ အဖုံး သေချာလုံခြုံအောင်ပိတ်ပြီး သိမ်းဆည်းကြဖို့ ၊
ပျော်ပွဲရွှင်ပွဲတွေကို ခေတ္တ နောက်ဆုတ်လို့ရင် နောက်ဆုတ်ထားကြဖို့ ၊
အများသူငှာလို မတန်းဆီဘဲ ကြားဖြတ် အခွင့်အရေးယူတာတွေ မလုပ်ကြဖို့ ၊
မတော်လောဘ မှောင်ခို ဈေးတင်ရောင်းတာတွေ မလုပ်ကြဖို့ နဲ့ ကိုယ်ချင်းစာစိတ်မွေးကြဖို့ပဲ အကြုံပြု တိုက်တွန်းချင်ပါတယ်။

17/02/2026

မွန်ဓလေ့ ယူက္နာ( ဒုတိယပိုင်း)
မွန်တွေဟာ (ပုဂံခေတ် ၊ အင်းဝခေတ် ၊ တောင်ငူခေတ် ၊ ကုန်းဘောင်ခေတ် )
ခေတ်အဆက်ဆက် စစ်ဒဏ်သင့်ခဲ့ရပါတယ်။ မိသားစုတစ်ကွဲတစ်ပြား ဖြစ်ခဲ့ရပါတယ်။
စစ်ပြေးစစ်ရှောင်ရင်း ကိုယ့်အမျိုးအနွယ်ကို မမှတ်မိတဲ့လူတွေကတော့ ဘိုးဘေးဘီဘင်ပူဇော်ခြင်း(ယူက္နာ)ကို ဝမ်းနည်းသမှု တိတ်ဆိတ်ငြိမ်သက်စွာ ( ထိုင်ပြီး) ကျင်းပကြပါတယ်။ ဗ္စဘ‌ေဇ္နာ် လပါ်ဂဇအ် လို့ခေါ်ပါတယ်။
ကိုယ့်မျိုးနွယ်ကို မှတ်မိသိရှိသူတွေကတော့ဘိုးဘေးဘီဘင်ပူဇော်ခြင်း (ယူက္နာ) ကို အတီးအမှုတ်တွေနဲ့ (ထပြီး) ပျော်ရွှင်စွာကျင်းပကြပါတယ်။ ဗ္စဘ‌ေဇ္နာ် လပါ်ဂတူ လို့ခေါ်ပါတယ်။

ယူက္နာရဲ့ ပထမဆုံးကကွက်ဖြစ်တဲ့ အိမ်ထောင်ဦးစီးက ဓားထမ်းပြီး မိသားစုနဲ့အတူ က္နားမဏ္ဍာပ်ကို သုံးပတ်လှည့်လည်ခြင်းဟာ ရှေးမွန်ဘုရင်များ သံလျက်ကိုင်ပြီး မှူးမတ်ဗိုလ်ပါများနဲ့အတူ နန်းမြို့ရိုးကို သုံးပတ် တိုင်းခန်းလှည့်လည်တဲ့ကကွက်ကို ကိုယ်စားပြုပါတယ်။

ဓားရေး ၊ လှံရေး ၊ တုတ်သိုင်း ကကွက်တွေကတော့ မင်းညီမင်းသားတွေဟာ ဓားရေးလှံရေးကျွမ်းကျင်မှုကို ကိုယ်စားပြုပြီး ကဒူးဆောင်းကကွက်ကတော့ မွန်တွေဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးမှုကို ဖော်ကျူးတဲ့ပြကွက်ဖြစ်ပါတယ်။

ဆင်ဖမ်းဆင်‌ကျော့ကကွက် နဲ့ လှေမျှောကကွက်ကတော့ ရှေးမွန်သူရဲကောင်းများ ဆင်စီးမြင်းစီးကျွမ်းကျင်ပုံနဲ့လှေလှော်ငါးဖမ်းတက်ကျွမ်းမှုကို ဖော်ကျူးတဲ့ကကွက်ဖြစ်ပါတယ်။

မွန်တွေရဲ့ ယူက္နာဟာ တချို့တွေ မသိဘဲပြောနေသလို စားရမယ့်သောက်ရမယ့် ဖြစ်နေတဲ့မကောင်းဆိုးဝါးတွေကို ကျွေးမွေးပူဇော်တဲ့အခမ်းအနားတစ်ခု လုံးဝ မဟုတ်ပါဘူး။

မွန်လူမျိုးတို့ရဲ့ ယူက္နာဟာ မွန်တွေရဲ့ ကိုယ့်ထီးကိုယ့်နန်းနဲ့နေထိုင်ခဲ့တဲ့ အတိတ်ပုံရိပ်ကို ဖော်ကျူးကပြတင်ဆက်တဲ့ မိသားစုတွေ့ဆုံပွဲ အမျိုးအနွယ်ထိန်းသိမ်းစောင့်ရှောက်ပွဲ အခမ်းအနားတစ်ခုသာဖြစ်ပါတယ်။

05/02/2026

မွန်ဓလေ့ယူက္နာ (ပထမပိုင်း)

(ယူက္နာ)ဟာ ဘာသာရေးသက်ဝင်ယုံကြည်မှု တစ်ခုမဟုတ်ပါဘူး ။
(ယူက္နာ)ဟာ မွန်တွေရဲ့ ကိုယ်ထီးကိုယ့်နန်းကိုယ့်ကျငှန်းနဲ့ နေထိုင်ခဲ့တဲ့ ပုံရိပ်တွေကို ဖော်ကျူးခြင်း ၊ ဘိုးဘွားဘီဘင်တွေကို ပြန်ပြောင်းအောင့်မေ့ ပူဇော်ခြင်း နှင့် အမျိုးအနွယ်ကို စောင့်ထိန်းခြင်း အခမ်းအနားတစ်ခုဖြစ်ပါတယ်။

(ယူက္နာ) မှာ ကကွက်ပေါင်း (၃၂) ကွက်ရှိပြီး အားလုံးဟာ မွန်တို့ရဲ့ ထီးမူနန်းဟန်ကို ဖော်ကျူးပုံဖော်တဲ့ ကကွက်တွေပါ။

(ယူက္နာ)ဟာ ဟံသာဝတီနန်းတော်ထဲမှာကျင်းပတဲ့ ပွဲလမ်းသဘင်အခမ်းအနားတစ်ခုဖြစ်ပြီး နန်းတော်ထဲမှာ တီးမှုတ်ကခုန်သလို နန်းတော်ပြင်ပမှာရှိတဲ့ သူဌေးသူကြွယ် ပြည်သူပြည်သားအပေါင်းကလည်း (ယူက္နာ)အခမ်းအနားကို ရာမညဒေသအနှံ့အပြားမှာ အစဉ်အဆက်ကျင်းပခဲ့ကြပါတယ်။
မွန်တွေရဲ့ (ယူက္နာ) မှာ ငါးရံ့ ကင် နဲ့ လိပ်သားဟင်း ဘာကြောင့်တည့်ခင်းကျွေးရလဲဆိုတာကို ရှင်းပြထားပါတယ်။

မွန်ဓလေ့ (ယူက္နာ - ဗ္စဘ‌ေဇ္နာ် ) ပထမပိုင်း

29/01/2026

လူကြီးမင်းတို့ ...
မွန်အမျိုးသားနေ့တစ်ရက်လောက်ကို မွန်စကား မပြောနိုင်ကြဘူးလား။
ဆောင်းဘောက်တွေနဲ့သရုပ်ပျက်နေတာတွေကို မတားကြတော့ဘူးလား။
အောက်ကလူတွေပျင်းရိငြီးငွေ့ရတဲ့အထိ စင်ပေါ်မှာ စာဖတ်နေကြအုံးမှာလား။
မွန်လူမျိုးတွေရဲ့ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ကို ရှေ့ရှုတဲ့ အမျိုးသားနေ့အခမ်းအနားဖြစ်ဖို့ Reform လုပ်ကြဖို့ အစီအစဉ်မရှိကြတော့ဘူးလား။
အမုန်းခံပြီး မေးပါရစေ။

30/12/2025

မွန်ပြည်နယ်မှာ ကရင်လူမျိုး ၂သိန်းခွဲကျော် ( ၃ သိန်းနီးပါး) ရှိပါတယ်။
ပိုးကရင်စာပေဖြစ်ပေါ်လာဖို့ မွန်သူရဲကောင်းအမတ်ကြီး အမတ်ဒိန်က ကူညီဆောင်ရွက်ပေးခဲ့ပုံ ၊ ကရင်နှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံ နဲ့ မွန်ပြည်နယ်အတွင်းက ကရင်လူမျိုးများအကြောင်းကို သိမှတ်သမျှ ဝေငှပေးလိုက်ပါတယ်။

Edit - ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပေါ်ပေါက်လာရန် ၁၉၄၆ ခုနှစ်တွင် ဆွေးနွေးအတည်ပြုပြီး ၁၉၄၇ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပစကားရပ်အစား ၁၉၃၇ ခုနှစ်တွင်ဆွေးနွေးအတည်ပြုပြီး ၁၉၃၈ ခုနှစ်တွင် ပထမဆုံးအကြိမ် တရားဝင် စတင်ကျင်းပခဲ့ဟူ၍ ခုနှစ် အမှန်ပြင်ဆင် မှတ်သားပေးပါရန် နှင့် ထွတ်ကလိဘောင်ကရင်မှာ အရှေ့ပိုးကရင်ဖြစ်ပြီး ရှမ်း ပအိုး စကားသံ ဝဲသွားခြင်းဖြစ်နိုင်ဟူ၍ မှတ်သားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

18/12/2025

ဖုန်း ၊ ဆိုင်ကယ် အကြောင်းပြုလို့ မွန်ပြည်နယ်က
ကျောင်းသား ၊ မိဘ ၊ ဆရာ သုံးပွင့်ဆိုင် ဇာတ်လမ်းပါ

07/12/2025
07/12/2025

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်‌ပေါ် က ဇင်းကျိုက်ဆံတော်ရှင် နှင့် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ဓာတ်လှေကား

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Mon Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.