Gather

Gather

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gather, Entrepreneur, No(16/198) Pyi Htaung Su Lane, Shwe Pyi Tar Township, Yangon.

09/04/2024

Thai Visa အတွက် နဲ့ Air Ticket အတွက် အဓိက ဝန်ဆောင်မှု့ပေးပါတယ်ရှင့်
Thai ဖက်ခြမ်းအတွက် ဝန်ဆောင်မှု့တွေကိုတော့ စိတ်ချရတဲ့ agent တွေကိုညွှန်ပေးပါတယ်
🍀အစစအရာရာအဆင်ပြေကြပါစေရှင့်🍀

09/04/2024

ထိုင်းနိုင်ငံကို ဘယ်လို Visa တွေနဲ့ သွားလို့ရလဲ❓

🛫အခုရက်ပိုင်းအတွင်း ပြည်ပထွက်မယ်ဆို ဘယ်နိုင်ငံသွားမှာလဲလို့ မေးလိုက်ရင် ကိုယ့်ရဲ့ အနီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုပဲ အရွေးများကြတာ တွေ့နေရပါတယ်။

ထိုင်းနိုင်ငံကို အဆင်ပြေပြေနဲ့ အရောက်သွားနိုင်ဖို့ဆိုရင်လည်း ကိုယ်နဲ့ ကိုက်ညီမယ့် Visa ကို ရွေးချယ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။

ဒီနေ့မှာတော့ ထိုင်းကို ဘယ်လို Visa တွေနဲ့ သွားသင့်သလဲဆိုတာကို မျှဝေပေးလိုက်ပါရစေ။

🇹🇭Tourist Visa (အလည်ဗီဇာ)
ရက် (၆၀) နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်စဥ်အတွင်း သက်တမ်းမပြည့်မီ နောက်ထပ် ရက် (၃၀) သက်တမ်းတိုးကာ ဆက်လက်နေထိုင်နိုင်တဲ့ Visa အမျိုးအစားဖြစ်ပါတယ်။

🇹🇭14 Day Visa (Free Visa)
ထိုင်းနိုင်ငံအတွင်း Visa ကင်းလွတ်ခွင့် (၁၄) ရက်ရရှိမှာဖြစ်ပြီး စိတ်အပန်းဖြေဖို့နဲ့ Shopping ထွက်ချင်သူတွေအတွက်တော့ အသင့်တော်ဆုံး Visa လို့ပြောရမှာပါ။

အခုနောက်ပိုင်း Tourist Visa ကလျှောက်ဖို့ ခက်ခဲကြန့်ကြာနေတတ်တာကြောင့် 14 Day Visa (Free Visa) လျှောက်ပြီး ထိုင်းနိုင်ငံမှာ ကြာရှည်နေထိုင်နိုင်ဖို့ Visa Extension ပြုလုပ်မယ်ဆို ပိုအဆင်ပြေပါလိမ့်မယ်။

Visa ကို လူကိုယ်တိုင် အချိန်ပေးပြီး မလျှောက်နိုင်သူတွေအနေနဲ့လည်း Online ကနေ Appointment ယူပြီး အောက်ပါ Link ကနေတစ်ဆင့် Visa လျှောက်နိုင်ပါတယ်။

🌐https
https://www.thaiconsularyangon.com/visa/

ကျောင်းသွားတက်မယ်ဆိုရင် ဘယ်လို Visa တွေ လျှောက်သင့်လဲ❓

🇹🇭Student Visa (Non-immigrant ED)
Student Visa မှာ Language School Visa နဲ့ University Visa (၂) မျိုးရှိပါတယ်။

Language School Visa အနေနဲ့ သက်တမ်းအားဖြင့် ရက် (၉၀) ရရှိမှာဖြစ်သလို ထိုင်းရောက်ပြီး (၂) လအကြာ Visa Extension (ဗီဇာသက်တမ်းတိုး) ပြုလုပ်မယ်ဆို အများဆုံးသက်တမ်း (၁) နှစ်နေထိုင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

University Visa အနေနဲ့ သက်တမ်း (၁၅) လရရှိမှာဖြစ်ပြီး Language School Visa ထက် ကုန်ကျစရိတ်လည်း ပိုများပါလိမ့်မယ်။

အလုပ်အကိုင်အတွက် ဘယ်လို Visa တွေရှိလဲ❓

🇹🇭Work Visa
Work Visa အတွက် Blue Collar နဲ့ White Collar ဆိုပြီး အလုပ်အကိုင် (၂) မျိုးခွဲခြားထားပါတယ်။

အိမ်အကူ၊ စားသောက်ဆိုင်ဝန်ထမ်း၊ ဆောက်လုပ်ရေးဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်း၊ စက်ရုံဝန်ထမ်းလုပ်ကိုင်လိုသူတွေအနေနဲ့ Blue Collar ဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

ဘာသာပြန်၊ မန်နေဂျာနဲ့ တခြားအဆင့်မြင့်ရာထူး၊ နည်းပညာရှင်တွေအနေနဲ့ကတော့ White Collar ဖြင့် ထိုင်းနိုင်ငံမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ပါတယ်။

🇹🇭Work Permit
Company တစ်တစ်ခုမှာ အလုပ်ရခဲ့ရင် Company ကနေ လျှောက်ပေးတဲ့ Permit ပဲဖြစ်ပါတယ်။ Work Permit လျှောက်နိုင်ဖို့ IT ဘွဲ့ရတစ်ဦးအနေနဲ့ အနည်းဆုံး လုပ်သက်အတွေ့အကြုံ (၃) ရှိရမှာဖြစ်သလို အခြားဘွဲ့အမျိုးအစားဆိုရင်တော့ လုပ်သက် (၅) နှစ်ရှိဖို့လိုပါတယ်။

🇹🇭Pink Card (ဘတ်ရိုက်ခြင်း)
တရားမဝင်ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတွေအတွက် တရားဝင်နေထိုင်ခွင့်ရ​အောင် ထိုင်းအစိုးရက ထုတ်ပေးတဲ့ သက်သေခံကတ်ဖြစ်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နိုင်ဖို့ မဖြစ်မနေပြုလုပ်ထားရမယ့် ကတ်ပဲဖြစ်ပါတယ်။

🇹🇭Transit Visa
အခြားပြည်ပနိုင်ငံတစ်နိုင်ငံသို့ မိမိနိုင်ငံမှတိုက်ရိုက်မထွက်ဘဲ ထိုင်းနိုင်ငံမှတစ်ဆင့် သွားရောက်နိုင်ဖို့အတွက် ပြုလုပ်သင့်တဲ့ Visa အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။

🌐LEO ရဲ့ ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်သလို
☎09 456493914
☎09 254047928 တို့ကိုလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်...။

12/12/2021

ချုပ်ဖြစ်နေသော mask 3လွှာ အရေအတွက် 5000

Photos from Gather's post 11/11/2021
14/01/2020

Pinterest ကမလာတာ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(16/198) Pyi Htaung Su Lane, Shwe Pyi Tar Township
Yangon
11051