Myanmar Rice Federation - MRF

Myanmar Rice Federation - MRF

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Rice Federation - MRF, Nonprofit Organization, No. 29, UMFCCI Tower, Level 9, Minyekyawswar Road, Lan Ma Daw Township, Yangon.

Photos from Myanmar Rice Federation - MRF's post 28/03/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အထွေထွေညီလာခံနှင့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးအား (၂၅.၃.၂၀၂၆) ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အသင်းချုပ်၏ ၂၀၂၅ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လတ်တလော ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်း စီမံချက် (၁၅)ရပ်အပေါ် ဆွေးနွေးအတည်ပြုခဲ့ပြီး၊ တောင်သူများ စပါးရိတ်သိမ်းနိုင်ရေးအတွက် လိုအပ်သော စက်သုံးဆီများ ရရှိနိုင်ရေးနှင့် ဆန်စက်များ လိုအပ်သည့် စက်သုံးဆီများ ရရှိအောင် စီစဉ် ဆောင်ရွက်ပေးမှုများ၊ ပြည်တွင်း ပြည်ပ ဆန်ဈေးကွက် အခြေအနေများ၊ ဆန်စက်များအတွက် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းခွင့် ရရှိအောင် ဆောင်ရွက်ပေးနေမှုများ၊ Rice Export Zone ဖော်ဆောင်ရေးကိစ္စများ၊ ဆန်စက်များ၏ စာရင်း ကောက်ယူမှုများ၊ လစ်လပ်နေသည့် အထွေအထွေအတွင်းရေးမှူး ရာထူးတာဝန်အတွက် ရွေးချယ်မည့် အစီအစဉ်များ၊ ပို့ကုန်အခြေပြု ကာလတို ချေးငွေ စီစဉ်ပေးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အသင်းချုပ်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Photos from Myanmar Rice Federation - MRF's post 21/03/2026

စက်သုံးဆီ/ ဓါတ်မြေဩဇာ အသုံးပြုမှုနှင့်ပတ်သက်၍ မေတ္တာရပ်ခံ ပန်ကြားချက်

Photos from Myanmar Rice Federation - MRF's post 17/03/2026

ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် ဆန်အကြောင်း သိကောင်းစရာပြပွဲ ကျင်းပပြုလုပ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် ဆန်အကြောင်းသိကောင်းစရာပြပွဲအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ (၁၃.၃.၂၀၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ ပြပွဲအား စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ နေပြည်တော် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် နေပြည်တော် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆန်အကြောင်း သိကောင်းစရာပြပွဲတွင် ပြည်တွင်း စားသုံးမှုများသည့် ဆန်အမျိုးအစားများ၏ ဆန်နမူနာများ၊ ဧရာဝတီပေါ်ဆန်း အမျိုးအစားများ၊ ထမင်းနမူနာများ၊ ဆန်အမျိုးအစားအလိုက် အရည်အသွေးများနှင့် အာဟာရတန်ဖိုးများ၊ ဈေးနှုန်းများကို ပြသခဲ့ပြီး၊ လာရောက်လေ့လာသူများကို စမ်းသပ်စားသုံးနိုင်ရန် ထမင်း၊ လက်ဖက်၊ ငါးခြောက် စသော အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ပြပွဲသို့ လာရောက်လေ့လာသူ ၄၀၀ ဦးရှိပြီး၊ သက်သာသော စျေးဖြင့် ရောင်းချပေးသော ပေါ်ဆန်းဆန်များကို ဝယ်ယူသူ (၁၈၀) ဦးခန့်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထုတ်လုပ်သော ကြားပျံ၊ မြောင်းမြပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ရေကြည်ပေါ်ဆန်း၊ ဘိုကလေးပေါ်ဆန်း၊ ကျိုက်လတ်ပေါ်ဆန်း တို့သည် စျေးနှုန်း သင့်တင့်မျှတပြီး တစ်အိတ်လျှင် ၁၂၀၀၀၀ မှ ၁၄၀၀၀၀ ဝန်းကျင်သာ ဖြစ်၍ စားသုံးသူများမှ ရွေးချယ်ဝယ်ယူ စားသုံးမှု အထူးမြင့်မားကြောင်း၊ စိတ်ဝင်တစား လေ့လာကြည့်ရှု့ပြီး ဆန်နမူနာများ၊ ထမင်းနမူနာများကို ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း သိရှိရပါသည်။

Photos from Myanmar Rice Federation - MRF's post 16/03/2026

MRF RICE - Rice Industry Cashless Ecosystem အကောင်အထည်ဖော်ခြင်းနှင့် ပထမဆုံးခြေလှမ်းအဖြစ် A Bank နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

16/03/2026

အိမ်အရောက်ပို့ (Home Delivery) ဖြင့် ဆန်ဖြန့်ဖြူးရောင်းချသည့် အစီအစဉ်အား
ယာယီရပ်နားထားရှိကြောင်း သတင်းထုတ်ပြန်ခြင်း

Photos from Myanmar Rice Federation - MRF's post 11/03/2026

ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းကော်မတီ နှင့် အသင်းဝင် Rice Exporter ကုမ္ပဏီများ၏ ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၀.၃.၂၀၂၆)ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွင်း ဆန်ပြည်ပတင်ပို့မှု အခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွက် ပို့ကုန်လျာထားချက်များ၊ ပို့ကုန် မြှင့်တင်ရေးလုပ်ငန်းစဉ်များ၊ Exportတင်ပို့ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ Rice Export Zoneဖော်ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အကြုံပြုတင်ပြခြင်း၊ မေးမြန်းဆွေးနွေးခြင်းများအပေါ် အသင်းချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုမှာ (၁၀.၃.၂၀၂၆)ရက်နေ့အထိ (၂,၅၀၆,၀၅၀) မက်ထရစ်တန် ဖြစ်သောကြောင့် ယခင် ဘဏ္ဍာနှစ်၊ ကာလတူထက် ပိုမိုတင်ပို့ထားနိုင်ပြီး၊ ဘဏ္ဍာနှစ်ကုန် (မတ်လကုန်) မတိုင်မီ တတ်နိုင်သမျှ ပို့ကုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

Photos from Myanmar Rice Federation - MRF's post 05/03/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ထားမှု အခြေအနေ

03/03/2026

ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ပို့ဆောင်ရောင်းချမည့် အစီအစဉ်

Photos from Myanmar Rice Federation - MRF's post 10/02/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအတွင်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ထားမှု အခြေအနေ

Photos from Myanmar Rice Federation - MRF's post 03/02/2026

ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone စတင်ဆောင်ရွက်ခြင်းနှင့် တောင်သူများအား စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zoneတွင် ပါဝင်သော တောင်သူများအား စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ချကိရိယာ (Seeder)များ ပေးအပ်ခြင်း အစီအစဉ်နှင့် MAPCO-MFI(တန် ၅၀၀)၊ ခေတ်မီဆန်စက်တွင် Solar Energy (1000 KW)ထုတ်လုပ်သုံးစွဲမှု အထိမ်းအမှတ် အခမ်းအနားကို (၃၀.၁.၂၀၂၆)ရက်နေ့တွင် မှော်ဘီမြို့နယ်ရှိ MAPCOဆန်စက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၊ MAPCO ကုမ္ပဏီမှ တာဝန်ရှိသူများမှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း MAPCO ကုမ္ပဏီမှ စတင်ဆောင်ရွက်သည့် Rice Export Zone ဧက (၄၁၀၆) အတွက် တစ်ဧက လျှင် ကျပ် ၄၅၀၀၀၀နှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ရာ တောင်သူ (၂၁၂)ဦးအား ကုမ္ပဏီမှ ငွေကျပ် (၈၂၁,၂၀၀,၀၀၀) တန်ဖိုးနှင့် ညီမျှသော ကြိုတင် ထောက်ပံငွေ ပေးအပ်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆောင်ရွက်မည့် Rice Export Zoneများ အတွက် မျိုးစေ့ချကိရိယာ (Seeder)များကိုလည်း အခမဲ့ ပေးအပ်ခဲ့ပါသည်။

Photos from Myanmar Rice Federation - MRF's post 30/01/2026

လုပ်ငန်းကျွမ်းကျင်သူ Resource Persons များ၊ Guest Speaker များ ပါဝင်ကူညီ အတွေ့အကြုံမျှဝေပေးခြင်း

၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်မှု နည်းပညာသင်တန်း Level 1 (Certificate Level) နှင့် Level 2 (Higher Certificate Level) တို့တွင် သင်ရိုးညွှန်းတမ်းအရ သင်ကြားပို့ချမှုများ အပြင် Resource Person များ၊ Guest Speaker များကို ဖိတ်ကြား၍ ဆန်စပါးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်တွင်းပြည်ပ စျေးကွက်အခြေအနေများနှင့် ဗဟုသုတများ၊ အတွေ့အကြုံများ၊ လက်တွေ့ လုပ်ငန်းခွင်၏ စိန်ခေါ်မှုများ၊ အကြံပြုချက်များကို မျှဝေပေးနိုင်ရန် ဆွေးနွေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ ထို့အတူ (၂၇.၁.၂၀၂၆)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှလည်း Leadership Excellence ခေါင်းစဉ်ဖြင့် သင်တန်းသား/ သူများအား ဟောပြောပို့ချပေးခဲ့ပါသည်။

၃။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် ပထမအကြိမ် ဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား/ သူ (၅၅) ဦး ပါဝင် တက်ရောက်နေပြီး၊ စာတွေ့ သင်ခန်းစာများ ပြီးဆုံးတော့မည် ဖြစ်၍ လက်တွေ့ ဆောင်ရွက်မည့် On the Job Training (OJT) ကို ဆန်စက်ကြီးများတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address

No. 29, UMFCCI Tower, Level 9, Minyekyawswar Road, Lan Ma Daw Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00