Vision 23

Vision 23

Share

One Stop specialist center for Eyes, Ear , Nose , Throat , Dental and Asthetic

Photos from Vision 23's post 08/08/2026

ဒီတခေါက် နားပေါက်ကျယ်လူနာကတော့ Senior ဆရာဝန် အန်တီကိုယ်တိုင်ပါ …. ကိုယ့် Senior ဆရာဝန်ကြိးကို လက်ရာသေသပ်စွာ ချုပ်ပြီးလို့ ပြန်ဖေါက်ပေးထားတာပါ

07/08/2026

မျက်မှန်တပ်ရတဲ့ ကလေးငယ်တွေ ပါဝါ တိုးနှုန်း ကာကွယ်တဲ့ မှန် Vision 23 ( Say Gabar မျက်စိ နား နှာခေါင်း လည်ချောင်း အထူးကုဆေးခန်း ) မှာ ရပါပြီရှင် #အထူးကုဆေးခန်း
#ကလေးမျက်မှန်

#

04/08/2026

အသည်းရောင် အသားဝါ ဘီပိုးကနေ အသည်းကင်ဆာဖြစ်ပြီး ဆုံးသွားတဲ့ post လေး ရယ် နယ်တွေမှာ အလှူပွဲတွေမှာ ဘုံဇွန်း နဲ့ ဟင်းထမင်း မျှစားကြလို့ ၊ ရေနွေးခွက် အတူသောက်ကြလို့ B ပိုး C ပိုးကူးကြတယ်ဆိုပြီးရေးထားတာလေးတွေ့လို့ လွဲနေတာလေးတွေ ပြောပြချင်လို့
WHO နဲ့ CDC တို့မှာ တိတိကျကျထုတ်ပြန်ထားတာက
“HBV and HCV are NOT spread by sharing eating utensils, breastfeeding, hugging, kissing, holding hands, coughing, sneezing, or through food or water."
အဲ့တော့ B ပိုးရော ၊ C ပိုးပါ အတူတူစားသောက်တာ ၊ နမ်းတာ ဖက်တာ ၊ အစားအစာ နဲ့ရေက တဆင့် မကူးပါဘူး
ဘာလ်ို့လည်းဆိုတော့ တံတွေးမှာ ပိုးမပါသလောက်၊ ပါရင်လည်း ကူးနိုင်တဲ့ အဆင့်မရောက်တဲ့ non infectious level ပဲပါလို့ပါ ( ရှားရှားပါးပါး အနာပေါက်လို့ သွားကျွတ်လို့ သွေးထွက်နေတုန်း အဲ့သွေးကို တခြားသူသွေး နဲ့ တိုက်ရိုက်ထိတော့မှ ကူးနိုင်ခြေရှိတာပါ )
ရေနွေးကြမ်း/ဇွန်း အတူသုံးတာကနေ တကယ်ကူးစက်နိုင်တဲ့ ရောဂါတွေကတော့
အသည်းရောင် အသားဝါ Hepatitis A (A ပိုး) & Hepatitis E (E ပိုး): (Fecal-oral route ဖြင့် ကူးပါတယ်။Helicobacter pylori (H. pylori): အစာအိမ် အနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုး
Respiratory Infections: တုပ်ကွေး (Influenza)၊ COVID-19၊ တီဘီ (TB - Prolonged close contact)ပိုး
Herpes Simplex Virus (HSV-1) ပါးစပ်ရေယုန်ပိုးတွေပါ

B ပိုးရှိမရှိရယ် မရှိခဲ့ဘူးဆိုရင် B ပိုး Antibody ရှိမရှိရယ်က လူတိုင်း စစ်သင့်ပါတယ် ငယ်ငယ်တုန်းက ထိုးထားဖူးရင် ၅ နှစ်တကြိမ်လောက်တော့ စစ်ကြည့်သင့်ပါတယ်
Anti-HBs Ab 10mIU/ml ရှိရင်တော့ Booster ထိုးစရာမလိုပါဘူး … နည်းနေရင် ကူးဖို့ risk များရင် ထိုးပေးပါတယ်

ဆေးကမ္ဘာ ဆေးခန်းများမှာ အသည်းရောင် အသားဝါ ဘီပိုး နဲ့ စီပိုး ရှိမရှိ ၊ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်အား ရှိမရှိ ကို စစ်ဆေးပြီး ဘီပိုး ကာကွယ်ဆေးကိုပါ One Stop service နဲ့ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆ အတွင်း ပိတ်ရက်မရှိ လုပ်ပေးနေပါတယ်။
လိပ်စာများ
ဆေးကမ္ဘာ (၁)
အမှတ် (၇) သီရိလမ်း ၊ စျေးကုန်းအနောက်ရပ်ကွက် ၊ အင်းစိန်မြို့နယ် 09443076632
ဆေးကမ္ဘာ (၂)
အမှတ် (၂၃) လမ်းသစ်လမ်း ၊ နံ့သာကုန်းရပ်ကွက် ၊ အင်းစိန်မြို့နယ် 09767297971
#အသည်း #ဘီပိုး #လမ်းသစ်လမ်း

Photos from Vision 23's post 23/07/2026

Online shop မဟုတ်တဲ့ မျက်စိအထူးကုဆေးခန်းက ရောင်းတဲ့ ရေကူးမျက်မှန်တွေက ဘာပိုသာလဲဆိုတော့ ပါဝါ စစ်ဆေးတဲ့ စက် နဲ့ စစ်ထားပြီး တိကျမှန်ကန်တဲ့ အမျိုးအစားတွေပဲ ရွေးသွင်းပါတယ်ရှင်
ဆေးခန်းမှာ Instock ရှိပါတယ်

ပါဝါရေကူးမျက်မှန်က နှစ်မျိုးရှိပါတယ်

361 brand 59000 kyats ကို promo 10%discount 55000 kyats ပါ

Lining brand ထဲက 73000 ကျပ်ပါ
ပါဝါလေးကတော့ တချို့ဟာလေးတွေ ကုန်သွားလို့ ပါဝါလေး ပြောရင် stock ကျန်မကျန် စစ်ပေးပါမယ်နော်

23/07/2026

🌧️ မိုးရာသီရောက်ပြီ… ဘာလို့ ဝမ်းလျှောဝမ်းပျက်တွေ ပိုများလာတာလဲ?
“ဆရာဝန်ရေ… ကလေးက မနေ့ကအထိ ကောင်းကောင်းစားနေသေးတာ။ ဒီမနက်ကျမှ ဝမ်း ၅ ခါလောက် သွားလို့…”
မိုးရာသီရောက်တိုင်း ကလေးဆေးခန်းတွေမှာ ဒီစကားကို နေ့တိုင်းလိုလို ကြားရလေ့ရှိပါတယ်။

ဒီနေ့တော့ ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းကို “မြို့ကြီးတစ်မြို့” လို့ စိတ်ကူးပုံဖော်ပြီး အထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ လိုက်ကြည့်ရအောင်။
🏙️ အူမြို့ကြီးရဲ့ ဖွဲ့စည်းပုံ
ကျွန်တော်တို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အလုပ်တွေ ရှုပ်နေတဲ့ မြို့ကြီးတစ်မြို့နဲ့ တူပါတယ်။
🏰 အစာအိမ် ကတော့ မြို့တံခါးကြီး။
🔥 အစာအိမ်အက်ဆစ် က မြို့ကိုစောင့်တဲ့ လုံခြုံရေးတပ်သားတွေ။
🛣️ အူသိမ် က အာဟာရတွေကို သွေးထဲပို့ပေးတဲ့ အဝေးပြေးလမ်းမကြီး။
🏭 အူမကြီး ကတော့ ကျန်တဲ့အညစ်အကြေးထဲက ရေဓာတ်ကို ပြန်စုပ်ယူပြီး ဝမ်းကို ပုံစံကျအောင် လုပ်ပေးတဲ့ စက်ရုံကြီးပေါ့။
ဒီမြို့ကြီးထဲမှာ နေ့တိုင်း ပုံမှန်အလုပ်တွေ ကောင်းကောင်းလည်ပတ်နေပါတယ်။
🦠 မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဆိုးများ
တစ်နေ့မှာတော့…
လမ်းဘေးက မသန့်ရှင်းတဲ့ အစားအသောက်၊ ရေတစ်ခွက်၊ ဒါမှမဟုတ် လက်မဆေးဘဲ စားလိုက်တဲ့ မုန့်တစ်ခုခုကနေတစ်ဆင့် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဆိုးတွေ ရောက်လာပါတော့တယ်။
🦠 Rotavirus / Norovirus (ဗိုင်းရပ်စ်တပ်ဖွဲ့)
🦠 Salmonella / Shigella / E. coli (ဘက်တီးရီးယားတပ်ဖွဲ့)
တချို့ပိုးတွေကို အစာအိမ်အက်ဆစ်က သတ်ပစ်နိုင်ပေမယ့်၊ ပိုးအရေအတွက် များလွန်းရင် (သို့မဟုတ်) အက်ဆစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ပိုးတွေဆိုရင်တော့ အူလမ်းကြောင်းအထိ ရောက်သွားပြီး “အူမြို့ကြီးရဲ့ စစ်ပွဲ” စတင်ပါတော့တယ်။
💦 ဘာလို့ ဝမ်းအရည်တွေ အများကြီး လျှောတာလဲ?
ပိုးအချို့က အူဆဲလ်တွေကို “ရေတွေ အပြင်ထုတ်လိုက်!” လို့ အတင်းအမိန့်ပေးပါတယ်။
ဒါကြောင့် အူနံရံကနေ ရေနဲ့ ဆားဓာတ်တွေ အူထဲကို ပုံအောထွက်လာပြီး အူမကြီးစက်ရုံကလည်း ဒီလောက်များပြားတဲ့ရေတွေကို ပြန်မစုပ်ယူနိုင်တော့ပါဘူး။

ဥပမာ - ရေကန်တစ်ခုမှာ ရေထုတ်ပိုက်ကို အပြည့်ဖွင့်ထားသလိုပါပဲ။ ထွက်လာတဲ့ရေက များလွန်းတော့ ပြန်စုဖို့ မမီတော့ဘဲ ဝမ်းတွေ ရေလိုဆင်းသွားတာ ဖြစ်ပါတယ်။

🥣 ဘာလို့ အဖတ်ရော အရည်ရော ရောပြီး သွားတာလဲ?
တချို့ပိုးတွေကျတော့ ရေထုတ်ခိုင်းရုံတင်မကဘဲ အူနံရံတွေကိုပါ ရောင်ရမ်းအောင် လုပ်ပါတယ်။ အူလမ်းကြောင်းကလည်း “ဒီပိုးတွေကို မြန်မြန်မောင်းထုတ်မှပဲ” ဆိုပြီး အစားအစာတွေကို မကြေသေးခင်မှာပဲ အောက်ကို အတင်းတွန်းချပါတယ်။
အစာကလည်း မချေဖျက်ရသေး၊ ရေဓာတ်လည်း ပြန်မစုပ်ယူရသေးတာကြောင့် အစာအဖတ်တွေနဲ့ ရေတွေ ရောပြွမ်းပြီး ဝမ်းသွားရခြင်း ဖြစ်ပါတယ်။
🟢 မိဘတွေ အမေးအများဆုံး “ဝမ်းစိမ်းစိမ်းတွေ သွားတာ ဘာလို့လဲ?”
ဝမ်းစိမ်းတာက အစိမ်းရောင်ရှိတာတွေ စားလို့တင် မဟုတ်ပါဘူး။
ကျွန်တော်တို့အသည်းကနေ သည်းခြေရည် (Bile) ကို ထုတ်ပေးပါတယ်။ သူရဲ့ မူလအရောင်က အစိမ်းရောင် ပါ။ ပုံမှန်ဆိုရင် အူလမ်းကြောင်းထဲမှာ ဖြည်းဖြည်းချင်း ဖြတ်သန်းသွားရင်း ဓာတ်ပြောင်းလဲမှုတွေဖြစ်ပြီး နောက်ဆုံးမှာ အညိုရောင် ဝမ်းအဖြစ် ပြောင်းလဲသွားပါတယ်။
ဒါပေမယ့် ဝမ်းလျှောတဲ့အခါမှာ အူထဲက အရာအားလုံးက အရမ်းမြန်တဲ့အဟုန်နဲ့ ပြေးဆင်းသွားတာကြောင့် အရောင်ပြောင်းဖို့ အချိန်မရတော့ဘဲ မူလအစိမ်းရောင်အတိုင်း အပြင်ကို ထွက်လာတာဖြစ်ပါတယ်။
⚪ သတိထားရမယ့် “ဝမ်းဖြူဖြူ (သို့မဟုတ်) မီးခိုးရောင် သွားခြင်း”
ဒီအခြေအနေကတော့ ရိုးရိုးဝမ်းလျှောတာနဲ့ မတူဘဲ အထူးသတိထားရပါမယ်။ ဝမ်းကို အညိုရောင်ဖြစ်စေတဲ့ သည်းခြေရည်က အူထဲကို မရောက်တော့ဘူးဆိုရင် ဝမ်းက အဖြူရောင်၊ မီးခိုးရောင် ဖျော့ဖျော့ ဖြစ်သွားတတ်ပါတယ်။
အသည်းရောဂါ ရှိနေတာ
သည်းခြေလမ်းကြောင်း ပိတ်နေတာ
မွေးကင်းစကလေးတွေရဲ့ သည်းခြေပြွန်ချို့ယွင်းချက်
စတာတွေ ဖြစ်နိုင်တာကြောင့် ဝမ်းဖြူသွားရင်တော့ အိမ်မှာတင် မကုသဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
🩸 “သွေးဝမ်းသွားတာ” ကော ဘာကြောင့်လဲ?
အချို့သော ဘက်တီးရီးယားပိုးတွေက အူနံရံတွေကို တိုက်ခိုက်ပြီး အနာဖြစ်စေပါတယ်။ အနာဖြစ်လာတဲ့အခါ သွေးကြောလေးတွေ ပေါက်ပြဲပြီး သွေးတွေ၊ အချွဲတွေနဲ့ ဝမ်းတွေ ရောပြွမ်းကာ သွေးဝမ်း (Dysentery) သွားရခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ဆရာဝန်နဲ့ စနစ်တကျ ကုသမှု ခံယူရမယ့် လက္ခဏာဖြစ်ပါတယ်။
🛡️ ဖျားတာ၊ အန်တာ၊ ဝမ်းလျှောတာတွေက ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်လား?
ဟုတ်ပါတယ်။ တကယ်တော့ ခန္ဓာကိုယ်က အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ ပိုးမွှားတွေကို တိုက်ထုတ်နေတဲ့ ကိုယ်ခံအားတပ်ဖွဲ့ရဲ့ ခုခံစစ်တွေ ဖြစ်ပါတယ်။
🔥 အဖျားတက်တာ က ပိုးတွေကို အပူရှိန်နဲ့ သတ်ပစ်ဖို့။
🤮 အန်တာ က အပေါ်လမ်းကနေ ပိုးတွေကို မောင်းထုတ်ဖို့။
💩 ဝမ်းလျှောတာ က အောက်လမ်းကနေ အမြန်ဆုံး အပြင်ထုတ်ပစ်ဖို့။
⚠️ ဒါဆို… အဓိက ကြောက်ရမှာက ဘာလဲ?
ကျွန်တော်တို့ အကြောက်ဆုံးက ဝမ်းလျှောတာထက် “ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံးခြင်း” (Dehydration) ဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ရေဓာတ်ခမ်းခြောက်မှုက အရမ်းမြန်ပါတယ်။ မိဘတွေအနေနဲ့ အောက်ပါလက္ခဏာတွေကို သတိထားကြည့်ရှုရပါမယ် -
💧 ပါးစပ်နဲ့ လျှာ ခြောက်သွေ့လာခြင်း
😢 ငိုလျှင် မျက်ရည်မထွက်ခြင်း
👀 မျက်လုံးများ ချိုင့်ဝင်သွားခြင်း
🚽 ဆီးသွားနည်းခြင်း (သို့မဟုတ်) ဆီးမသွားခြင်း
😴 မှိန်းပြီး ငိုက်မြည်းလာခြင်း
ဒီလက္ခဏာတွေရှိလာရင် ခန္ဓာကိုယ်က “ရေနဲ့ ဓာတ်ဆား အသည်းအသန် လိုနေပြီ” လို့ အချက်ပေးနေတာ ဖြစ်ပါတယ်။

📌 ဒီနေ့အတွက် မှတ်သားစရာ သတင်းစကားတခုကတော့

ဝမ်းလျှောတာဟာ ခန္ဓာကိုယ်က ပိုးမွှားတွေကို အမြန်ဆုံး မောင်းထုတ်ဖို့ ကြိုးစားနေတဲ့ စစ်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲအတွင်းမှာ ကလေးငယ်တွေ ရေဓာတ်မခမ်းခြောက်အောင် ကာကွယ်ပေးဖို့က မိဘတွေရဲ့ အဓိကအကျဆုံး တာဝန် ဖြစ်ပါတယ်။"

အပိုင်း (၂) မှာတော့ ORS (ဓာတ်ဆား)၊ Probiotics၊ Zinc (ဇင့်) နဲ့ ပဋိဇီဝဆေး (Antibiotics) တွေက "အူမြို့ကြီး" ကို ဘယ်လို ကယ်တင်ကြသလဲ၊ ဘာကြောင့် ORS က အသက်ကယ်ဆေး ဖြစ်ရသလဲဆိုတာကို ဆက်လက်ဝေမျှပေးသွားပါမယ်။
Dr.N

Photos from Vision 23's post 13/07/2026

Lining ပါဝါ ရေကူးမျက်မှန်လေးဟာ အပြင်မှာ ပိုလှတယ် ပြောခံရလို့ ဆေးခန်းထဲ ပြန်မဝင်တော့ပါဘူးရှင် 😝🤪
စိတ်ချယုံကြည်စွာ အားပေးတဲ့ customer ကို ကျေးဇူး အများကြီးတင်ပါတယ်ရှင်
တခြား online shop တွေ မှာ ရောင်းတဲ့ ပါဝါ ရေကူးမျက်မှန် နဲ့ ဘာတွေကွာလဲဆိုတော့ မင်မင်တို့က မျက်စိအထူးကုဆေးခန်း နဲ့ မျက်မှန်သွေးခန်းက တိုက်ရိုက်ရောင်းတာမလို့ ပါဝါ တိကျအောင် ဆလင်ဒါ ပါမပါ တခါထည်း တိုင်းပြီး အတိအကျဖြစ်တဲ့ တံဆိပ်ကိုပဲ တင်သွင်းရောင်းချတာပါရှင် ၊ မျက်လုံးကျန်းမာရေးအတွက် အဓိကထားတဲ့ Vision23
#ပါဝါရေကူးမျက်မှန်
#ရေကူးမျက်မှန်

Photos from Vision 23's post 12/07/2026

ကျွန်တော့်သမီးလေး အသက် ၇ နှစ်လောက်မှာ မျက်မှောင်ကျုံ့ကြည့်တာ၊ စာအုပ်နဲ့ iPad ကို မျက်နှာနဲ့ ကပ်ကြည့်နေတာတွေ စသတိထားမိတယ်... မိဘတစ်ယောက်အနေနဲ့ရော၊ မျက်စိဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ရော အမှန်အတိုင်းပြောရရင် တကယ်စိုးရိမ်မိသွားပါတယ် 😰

"ကလေးမျက်စိမှုန်တာ မျက်မှန်တပ်ပေးလိုက်ရင် ပြီးတာပဲမလား" လို့ လူကြီးတွေက တွေးတတ်ကြပေမယ့်... တကယ်တော့ အဲ့လောက်မရိုးရှင်းပါဘူး”

မျက်စိအဝေးမှုန်တာကို ဆေးပညာအရ Myopia (Nearsightedness) လို့ ခေါ်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ Myopia က လူကြီးတွေနဲ့ ဘာလို့မတူလဲဆိုတော့... အချိန်မီ မထိန်းပေးရင် ပါဝါက မထိန်းနိုင်မသိမ်းနိုင် တရိပ်ရိပ် တိုးသွားတတ်လို့ပါပဲ။

ပိုဆိုးတာက ပါဝါတိုးတာကို မထိန်းရင် ကလေးရဲ့ မျက်လုံးအိမ်က ရှည်ထွက်လာပြီး (Axial length elongation) အသက်ကြီးလာတဲ့အခါ မြင်လွှာကွာကျတာ (Retinal Detachment) နဲ့ မြင်လွှာဗဟိုချက် ပျက်စီးတာ (Macular Degeneration) တွေအထိ ဖြစ်လာနိုင်လို့ပါ။ (အထူးသဖြင့် ပါဝါ -6.00 ကျော်တဲ့ High Myopia သမားတွေမှာ သာမန်ထက် အဆ ၂၀ လောက် ပိုဖြစ်နိုင်ခြေ ရှိပါတယ်)

💡 မျက်စိဆေးခန်းဖွင့်ထားတဲ့ ကလေးအဖေဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်တော့်သမီးလေးရဲ့ မျက်စိပါဝါ တိုးနှုန်းကို ဘယ်လိုကာကွယ်လဲ?

အလွယ်မှတ်ဖို့ (၃) မျိုးပဲ ရှိပါတယ် — Dopamine, Atropine နဲ့ Defocusing Lens ပါ။
ရှင်းပြရရင်တော့
👁️ ၁။ ကလေးတွေမှာ အဝေးမှုန်တာ (Myopia) ဘယ်လိုဖြစ်တာလဲ?

အလွယ်ဆုံး ပုံဥပမာနဲ့ ပြောရရင် ကလေးရဲ့မျက်လုံးဟာ "ဘောလုံးအဝိုင်းလေး" ဖြစ်ရမယ့်အစား "ဘဲဥပုံ" လို အရှေ့အနောက် ရှည်ထွက်သွားတာပါ။

အလင်းဆုံမှတ် လွဲချော်ခြင်း: ပုံမှန်ဆို အလင်းတန်းတွေက အာရုံခံလွှာ (Retina) ပေါ် ကွက်တိကျရမှာပါ။မျက်လုံးက ရှည်လာတော့ အလင်းက retina ရှေ့မှာ သွားဆုံတော့ ပုံရိပ်ကမကြည့်ဖြစ်လာပြီး အဝေးကို ဝါးတားတား မြင်ရတော့တာပါ။

ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
(၁) မျိုးရိုးဗီဇ (မိဘအဝေးမှုန်ရင် ဒါမှမဟုတ် အရှေ့တိုင်းသားဆို ပိုဖြစ်တတ်တယ်)
(၂) လူနေမှုပုံစံ (ဖုန်း၊ စာအုပ်ကို အနီးကပ်ကြည့်တာ၊ အပြင်မထွက်တာ) ကြောင့်ပါ။ (ဥပမာပေးရရင် ဖုန်းနဲ့ လူပုံ Portrait အနီးကပ်ရိုက်ရင် နောက်က Background တွေ ဝါးသွားသလိုမျိုးပေါ့..အပြင်မှာလည်း မျက်လုံးက အနီးတွေ အချိန်ကြာကြာကြည့်ပါများရင် အဝေးက အရာဝတ္တုတွေကို ဝါးလာတတ်ပါတယ် အဲ့တာကြောင့် Defocusing lens တွေ လိုလာတာပါ)

⏳ ၂။ မျက်စိပါဝါက ဘယ်လောက်အထိ ဆက်တိုးနေမှာလဲ ??

ပါဝါက အကန့်အသတ်မရှိ တိုးမသွားပါဘူး။ သူက ကလေးရဲ့ ခန္ဓာကိုယ်ကြီးထွားမှု (Growth Spurt) နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။

အသက် ၆ နှစ်ကနေ ၁၆ နှစ်အထိ: အရိုးတွေ ကြီးထွားသလို မျက်လုံးအိမ်ကလည်း လိုက်ရှည်တာမို့ ပါဝါအတိုးဆုံးအချိန်ပါ။

ဘယ်အချိန်မှာ ရပ်မလဲ: ခန္ဓာကိုယ်ကြီးထွားမှု ရပ်တန့်သွားမယ့် အသက် ၁၈ ကနေ ၂၁ နှစ်ဝန်းကျင်မှာ ပါဝါက လုံးဝငြိမ်သွားလေ့ရှိပါတယ်။

🛡️ ၃။ မျက်စိပါဝါတိုးနှုန်းကို (၅၀% မှ ၆၀%) အထိ နှေးသွားအောင် ဘယ်လိုလုပ်မလဲ?

အရေးကြီးဆုံးက "ရိုးရိုးမျက်မှန်ပုံမှန်တပ်ရုံနဲ့ ပါဝါတိုးတာကို မတားနိုင်ပါဘူး"။ သူက ကြည်အောင်ပဲ လုပ်ပေးနိုင်တာပါ။ နောက်ပြီး ပါဝါဖျောက်တဲ့ Lasik လို surgery တွေက ပါဝါကျသွားတာပဲရှိပြီး မျက်လုံးအိမ်ရှည်လာတာကို ပြန်တိုလာအောင် မလုပ်နိုင်လို့ မြင်လွှာကွာတာတို့ အမြင်ဗဟိုချက်ပျက်စီးတာတို့ကို မကာကွယ်နိုင်ပါဘူး
ဒါကြောင့် သိပ္ပံနည်းကျ သက်သေပြထားတဲ့ နည်းလမ်းတွေကို သုံးရပါမယ်။

🌿 လူနေမှုပုံစံ ပြောင်းလဲခြင်း (Lifestyle)

အပြင်ထွက်ကစားခိုင်းပါ (အထိရောက်ဆုံးသဘာဝနည်း): တစ်နေ့ကို ၁ နာရီခွဲကနေ ၂ နာရီလောက် သဘာဝနေရောင်ခြည်အောက်မှာ နေပေးရင် မျက်လုံးထဲက ဒိုပါမင်း (Dopamine) ဓာတ်ထွက်ပြီး မျက်လုံးအိမ် အလွန်အကျွံ ရှည်ထွက်တာကို တားပေးပါတယ်။

20-20-20 စည်းမျဉ်းသုံးပါ: စာဖတ်/Screen ကြည့်ရင် မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ လှမ်းကြည့်ခိုင်းပါ။

အကွာအဝေး ဂရုစိုက်ပါ: မျက်လုံးနဲ့ Screen ကို အနည်းဆုံး ၁ ပေခွဲ (သို့) တံတောင်ဆစ်တစ်ဆစ်စာ အကွာအဝေး ထားပါစေ။

🩺 ဆေးပညာဆိုင်ရာ ကုသမှုများ (Medical Interventions)

Low-Dose Atropine Eye Drops: ညအိပ်ခါနီး ခတ်ရတဲ့ မျက်စဉ်းပါ။ မျက်လုံးကြွက်သားတွေကို Relax ဖြစ်စေပြီး မျက်လုံးအိမ်ရှည်တာကို နှေးစေပါတယ်။ (ဆရာဝန်ညွှန်ကြားချက်အတိုင်း နှစ်ရှည်စွဲခတ်ရပါမယ်)

Special Myopia Control Glasses (Defocusing Lens): ဥပမာ - MiyoSmart / Stellest လို မှန်မျိုးပါ။ မှန်ရဲ့ ဘေးဘက်တွေမှာ Defocus လုပ်ပေးတဲ့ လှိုင်းလေးတွေပါလို့ ပါဝါတိုးနှုန်းကို 60-65% အထိ ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ၁၂ နာရီခန့် တပ်ပေးဖို့ လိုပါတယ်။

Orthokeratology (Ortho-K): ညအိပ်ရင် တပ်ရတဲ့ မှန်အမာစားဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။

(💡 တခုပြောစရာရှိတာက ငါးကြီးဆီ Omega-3၊ ဗီတာမင် Vitamin A နဲ့ မျက်စိအားဆေး Lutein တွေ၊ အာရုံကြောအားဆေးလို့ခေါ်တဲ့ B complex က ပါဝါမတိုးအောင် မကာကွယ်နိုင်ပါဘူး။ Marketing ကြော်ငြာတာတွေသာ ဖြစ်လို့ ကျွန်တော်ကတော့ သမီးလေးကို တစ်ခုမှ မတိုက်ပါဘူး)

သမီးလေးအတွက် အစက Stellest မှန် လိုက်ရှာတာ မျက်မှန်ဆိုင်ကြီးတွေမှာ ၄ သိန်းခွဲ၊ ၅ သိန်းဝန်းကျင် ကျပါတယ်။ ၆ လ တစ်ကြိမ် ပါဝါစစ်ပြီး လဲရမှာဆိုတော့ ကလေးအဖေတစ်ယောက်အနေနဲ့ ကုန်ကျစရိတ် နည်းနည်းများတယ် ခံစားရတယ်

ဒါကြောင့် Quality တူပြီး ဈေးနှုန်း ၃ ပုံ ၁ ပုံလောက်ပဲရှိမယ့် MiyoSmart မှန်ကို ကျွန်တော့်ဆေးခန်းမှာပဲ တိုက်ရိုက်သွင်းပြီး သမီးလေးကို တပ်ပေးလိုက်ပါတယ်။ ကလေးဆိုတော့ ကိုင်းကျိုးရင်တောင် မှန်ကောင်းနေရင် ပုံစံတူကိုင်းထဲ ပြန်သွင်းလို့ ရတာမို့ မှန်ကောင်းတာကိုပဲ ဦးစားပေးသင့်ပါတယ်။

မိဘတွေလည်း ကလေးအတွက် ပါဝါတိုးနှုန်း 60% ကာကွယ်ပေးတဲ့ MiyoSmart မှန် လုပ်ပေးချင်တယ်ဆိုရင် ကျွန်တော့်ဆေးခန်း မှာ ကျလုပ်နိုင်ပါတယ်ခင်ဗျာ။
#ကလေးမျက်မှန် #ကလေးမျက်စိမှုန် #မျက်စိကျန်းမာရေး
👇 အောက်က ဗီဒီယိုလေးကတော့ သမီးလေးအတွက် လုပ်ပေးထားတဲ့ MiyoSmart ကိုင်းလေးပါ... မိဘအချင်းချင်း သိလိုတာရှိရင် Comment မှာ မေးခဲ့နိုင်ပါတယ်ခင်ဗျာ။

Photos from Vision 23's post 05/07/2026

ဒီရက်ပိုင်းတွေ့ရတဲ့ case တွေပါ ကလေးတွေဖျားရင် သွေးလွန်တုပ်ကွေး စစ်ကြပါနော် ... ကျွန်တော့ဆေးခန်း 2 ခုလုံးမှာ နေ့တိုင်းနီးပါး သွေးလွန်တုပ်ကွေး လူနာတွေလာပါတယ် ... တနေ့က တယောက်ဆိုရင် ဆေးရုံကို လွှတ်တာမြန်လို့ အသက်ဘေးမတွေ့တာပါ... လူနာ‌ရှင်တွေ နားလည်အောငိ စိတ်ဝင်စားအောင် ဆောင်းပါးလေးတောင် ရေးထားပါတယ် 👇👇

🦟 သွေးလွန်တုပ်ကွေး (Dengue)

ရောဂါကို အိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုနဲ့ ဥပမာပေးပြီး နားလည်ကြရအောင်

သွေးလွန်တုပ်ကွေးရောဂါဟာ ကလေး၊ လူကြီးမရွေး သတိထားရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ ရောဂါသဘောသဘာဝကို နားလည်လွယ်စေဖို့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင် (Construction Site) တစ်ခုအဖြစ် ဥပမာပေးပြီး ရှင်းပြပါမယ်။

၁။ သွေးဥမွှား (Platelets) ဆိုတာ ဘာလဲ။

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ရေစီးဆင်းနေတဲ့ ပိုက်လိုင်းတွေ လို့ မြင်ကြည့်ပါ။

သွေးဥမွှား (Platelets) ဆိုတာကတော့ ပိုက်လိုင်းတစ်နေရာ ပေါက်ပြဲသွားရင် အမြန်ဆုံးပြေးလာပြီး အပေါက်ကို ယာယီပိတ်ပေးတဲ့ အရေးပေါ်ပြုပြင်ရေးအလုပ်သမားတွေ နဲ့ တူပါတယ်။

ဒီအလုပ်သမားတွေကြောင့် သွေးယိုခြင်းကို အချိန်မီထိန်းနိုင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေနိုင်တာ ဖြစ်ပါတယ်။

---

၂။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ဝင်လာတဲ့အခါ

Dengue virus ဝင်လာတဲ့အခါမှာ ပြဿနာက အလုပ်သမားတွေအရေအတွက် လျော့နည်းလာရုံတင် မဟုတ်ပါဘူး။

ဗိုင်းရပ်စ်ကြောင့်—

- ရိုးတွင်းခြင်ဆီ (Bone marrow) က Platelet အသစ်ထုတ်လုပ်မှု လျော့နည်းလာပါတယ်။
- ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် Platelet တွေ ပိုမိုပျက်စီးလာပါတယ်။
- Platelet တွေလည်း ပုံမှန်ထက် ပိုမိုအသုံးပြုရလာပါတယ်။

တစ်ချိန်တည်းမှာပဲ သွေးကြောနံရံတွေကလည်း အားနည်းလာပြီး အရည် (Plasma) တွေ အပြင်ကို စိမ့်ထွက်လာပါတယ်။

ဥပမာပြောရရင်...

အလုပ်သမားတွေလည်း နည်းသွားတယ်။
ပိုက်လိုင်းတွေကလည်း နေရာအနှံ့ အက်ကွဲလာတယ်။

ဒါကြောင့် ခန္ဓာကိုယ်ဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။

---

၃။ ဘယ်နေရာတွေမှာ သွေးယိုနိုင်သလဲ။

Platelet အရေအတွက် လျော့နည်းလာပြီး သွေးကြောနံရံတွေပါ အားနည်းလာတဲ့အခါ—

- နှာခေါင်းသွေးယိုခြင်း
- သွားဖုံးသွေးယိုခြင်း
- အရေပြားအောက် သွေးစက်များထွက်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း သွေးယိုခြင်း
- အမျိုးသမီးများတွင် ရာသီသွေးအလွန်များခြင်း
- ရှားပါးသော်လည်း ဦးနှောက်အတွင်း သွေးယိုခြင်း

စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

⚠️ Platelet Count 20,000/µL အောက်ရောက်လာရင် သွေးယိုနိုင်ခြေ ပိုမိုမြင့်တက်လာပါတယ်။ သို့သော် Platelet နည်းတဲ့ လူနာတိုင်းမှာ အတွင်းသွေးယိုစီးမှု ဖြစ်မယ်လို့တော့ မဆိုလိုပါဘူး။ ထို့ကြောင့် Platelet အရေအတွက်တစ်ခုတည်းမဟုတ်ဘဲ လူနာရဲ့ လက္ခဏာနဲ့ ဆရာဝန်ရဲ့ စစ်ဆေးချက်တွေကိုပါ ပေါင်းစပ်အကဲဖြတ်ရပါတယ်။

---

၄။ အကြောက်ရဆုံးအချိန် (Critical Phase)

သွေးလွန်တုပ်ကွေးရဲ့ အန္တရာယ်အများဆုံးအချိန်က အဖျားကျစပြုတဲ့ ၂၄–၄၈ နာရီအတွင်း ဖြစ်ပါတယ်။

လူနာက အဖျားကျသွားလို့ သက်သာလာသလို ထင်ရပေမယ့် အဲဒီအချိန်မှာပဲ သွေးကြောတွေက အရည်တွေ စိမ့်ထွက်လာပြီး သွေးလည်ပတ်မှုပမာဏ လျော့နည်းလာနိုင်ပါတယ်။

အချိန်မီ မကုသနိုင်ရင်—

- Dengue Shock Syndrome( ရှော့ရခြင်း)
- ကိုယ်အင်္ဂါများ အလုပ်မလုပ်နိုင်ခြင်း (Multi-organ failure)

တို့ ဖြစ်ပေါ်ပြီး အသက်အန္တရာယ်အထိ ရောက်နိုင်ပါတယ်။

---

💡 အသက်ဘေးက ကာကွယ်ဖို့ ဘာလုပ်သင့်လဲ။

✅ အဖျားတက်ပြီး Dengue သံသယရှိရင် ဆေးရုံ၊ ဆေးခန်းမှာ စောစောသွားပြပါ။

✅ Platelet Count အပြင် Hematocrit (Hct) ကိုလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

✅ ရေဓာတ်လုံလောက်အောင် သောက်ပါ၊ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ Aspirin၊ Ibuprofen၊ Diclofenac စတဲ့ NSAIDs မသောက်ပါနဲ့။

✅ ပြင်းထန်တဲ့ ဗိုက်နာခြင်း၊ အန်တာမရပ်ခြင်း၊ သွေးယိုခြင်း၊ အိပ်ငိုက်လာခြင်း၊ လက်ခြေအေးလာခြင်း စတဲ့ Warning Signs တွေ ပေါ်လာရင် အချိန်မဆွဲဘဲ ဆေးရုံကို ချက်ချင်းသွားရောက်ကုသမှုခံယူပါ။

သွေးလွန်တုပ်ကွေးရောဂါမှာ အဖျားကျသွားတာက ရောဂါပျောက်သွားတယ်လို့ မဆိုလိုပါဘူး။ အဖျားကျပြီးနောက် ၂၄–၄၈ နာရီဟာ အန္တရာယ်အရှိဆုံးအချိန်ဖြစ်တာကြောင့် အထူးဂရုစိုက်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း စောင့်ကြည့်ကုသဖို့ လိုအပ်ပါတယ်။
အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ပေါ်နေပြီ ဖြစ်လို့ ထိုးထားသင့်ပါတယ်။
နေ့ခင်းနေ့လည် ခြင်ထောင်နဲ့ သိပ်တာ ၊ ခြင်မကိုက်အောင် ဂရုစိုက်တာ အပြင် ခြင်ပေါက်ဖွားနိုင်တဲ့ အိုးခွက် ရေအိုင်တွေကို ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ပေးတာတို့ မဖြစ်မနေ လုပ်ပေးကြပါခင်ဗျာ

Photos from Vision 23's post 20/06/2026

နားပေါက်ကျယ်ကြတဲ့ သူတွေရှိလား ???
ဆေးကမ္ဘာ မျက်စိ နား နှာခေါင်း လည်ချောင်းအထူးကုဆေးခန်းမှာ နားပေါက်ကျယ် ပြုပြင်ပြီး ထပ်မကျယ်ရအောင် အထူး နားဖေါက်စက် နဲ့ ဖေါက်ပေးပါတယ်ရှင်
09767297971 ကို နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၅:၃၀ အတွက် ဆက်ပြီး booking ရယူနိုင်ပါတယ်ရှင်
#နားပေါက်ကျယ်

#နားချုပ်ခြင်း

Photos from Vision 23's post 05/06/2026

အအေးမိလို့ ခေါင်းကိုက်ပြီး အစာအိမ်ရောင်တယ်လို့ ထင်ခဲ့တဲ့ ဦးကျော်မင်းက မျက်လုံးကန်းမည့် အန္တရာယ်ဖြစ်လာခဲ့တယ် 🤯😳

အသက် ၅၂ နှစ်အရွယ် ဦးကျော်မင်းဟာ မနက်ခင်း အိပ်ရာနိုးလာတာနဲ့ ခေါင်းတစ်ဖက်ခြမ်း ပြင်းပြင်းထန်ထန် ကိုက်နေတယ်။

“မနေ့က အိပ်ရေးပျက်လို့ ဖြစ်မှာပါ” လို့ တွေးပြီး အကိုက်အခဲပျောက်ဆေး သောက်လိုက်တယ်။

ဒါပေမယ့် နေ့လယ်လောက်ရောက်တော့…

🤢 ပျို့အန်လာတယ်။
👁️ မျက်လုံးတစ်ဖက်က ဝါးလာတယ်။
💡 မီးရောင်တွေကို ကြည့်လိုက်ရင် သက်တံရောင်အဝိုင်းတွေ မြင်နေရတယ်။

“အစာအိမ်ရောဂါများ ဖြစ်နေသလား?” လို့ ထင်ပြီး အနားယူနေခဲ့တယ်။

ညပိုင်းရောက်လာတော့…

😣 ခေါင်းကိုက်တာ ပိုဆိုးလာတယ်။
🤮 အန်တာလည်း မရပ်တော့ဘူး။
👁️ မျက်စိက နီရဲလာပြီး ကြည့်ရတာ ပိုဝါးလာတယ်။

ဆေးရုံရောက်ပြီး စစ်ဆေးလိုက်တဲ့အခါ…

⚠️ “Acute Angle-Closure Glaucoma (ရေတိမ်အရေးပေါ်အမျိုးအစား)” ဖြစ်နေကြောင်း သိလိုက်ရတယ်။

မျက်စိအတွင်း ဖိအား (Intraocular Pressure) ဟာ ပုံမှန်ထက် အလွန်မြင့်တက်နေပြီး၊ မျက်စိအာရုံကြောကို ပျက်စီးစေနိုင်တဲ့ အခြေအနေ ဖြစ်နေခဲ့တာပါ။

⏳ ဒီရောဂါက နာရီပိုင်းအတွင်းတောင် အမြင်အာရုံ အမြဲတမ်းဆုံးရှုံးသွားနိုင်တာကြောင့် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။

📌 အောက်ပါလက္ခဏာတွေ ရုတ်တရက် ဖြစ်လာရင် သတိထားပါ—

• ပြင်းထန်သော ခေါင်းကိုက်ခြင်း
• မျက်စိနာခြင်း
• မျက်စိနီခြင်း
• မျက်လုံးဝါးခြင်း
• မီးရောင်ပတ်လည်မှာ သက်တံရောင်အဝိုင်းများ မြင်ခြင်း
• ပျို့အန်ခြင်း

🚨 “ခေါင်းကိုက်တာပဲ” လို့ မပေါ့ဆပါနဲ့။

တစ်ခါတစ်ရံမှာ အဲဒီခေါင်းကိုက်ခြင်းဟာ မျက်စိအာရုံကြောကို အမြဲတမ်းပျက်စီးစေနိုင်တဲ့ ရေတိမ်ရောဂါရဲ့ အရေးပေါ်သတိပေးချက် ဖြစ်နေနိုင်ပါတယ်။

👨‍⚕️ စောစီးစွာ ရောဂါရှာဖွေပြီး ကုသနိုင်ရင် အမြင်အာရုံကို ကယ်တင်နိုင်ပါတယ်။

Say Gabar မျက်စိ နား နှာခေါင်း လည်ချောင်း အထူးကုဆေးခန်းမှာ လူနာများ ရေတိမ်ရှိမရှိကို ပိုက်ဆံ ၄၀၀၀ ကျပ်ထဲနဲ့ ကွန်ပျူတာရေတိမ်စစ်စက်ဖြင့် ပိတ်ရက်မရှိ စစ်ဆေးနိုင်ပါတယ်
ဖုန်း 09767297971 မနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း

#ရေတိမ်

#ကွန်ပျူတာစက်ဖြင့်စစ်ဆေးခြင်း

Category

Telephone

Website

Address


No. 23, Lanthit Road, Insein, Ground Floor Of Dermatique Asthetic & Laser And A&A Fitness Center
Yangon
11011

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Alerts

Be the first to know and let us send you an email when Vision 23 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.