Mahar Phyo Car Rental

Mahar Phyo Car Rental

Share

ခရီးစဉ်တိုင်းအတွက် ပြီးပြည့်စုံသော တာဝန်ခံမှု တာဝန်ယူမှုများဖြင့် ဝန်ဆောင်မှု ပေးခွင့်ပြုပါ ခင်ဗျာ🙏

Photos from Mahar Phyo Car Rental's post 26/02/2025

ရန်ကုန် မြို့တွင်း ခရီးစဥ်အမှတ်တရ
Mini Bus 22 ယောက်စီး

ကားလိုအပ်တိုင်း သတိတရ အမြဲအသုံးပြုပေးပါသော ချစ်ကိုကြီးကို Mahar Phyo Car Rental မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ

ခရီးသွားမိတ်ဆွေအပေါင်းတို့ စီးပွား၊ဥစ္စာ ဒီရေအလားတိုးတက်ပွါးများနိုင်ပါစေ၊ ခရီးတွေအမြဲသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လိုအပ်သည့်ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် ကျွန်တော်များ Mahar Phyo Car Rental Sevice ကနေ
(24 Hour) တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ဝန်ဆောင်မှုပေးပါစေ 🙏🙏🙏

ယာဉ်မောင်းအပါသာ ကားငှားပါသည်

Phyo Si Thu
( Mahar Phyo Car Rental Service)
No. 502, ShweSin (7) Street, 44 Block,
North Dagon Myothit, Yangon, Myanmar.

📞📞📞 09456876875
Viber 09456876875

Photos from Mahar Phyo Car Rental's post 14/10/2023

နှစ်ရှည် လချုပ်ထဲမှာ ပျော်ရွှင်နေတဲ့
ကားချောလေးများ 🥰

Photos from Mahar Phyo Car Rental's post 04/01/2022

🙏ဗုဒ္ဓံ ဓမ္မံ သံဃံ🙏

မင်္ဂလာပါ ခင်ဗျာ

မြန်မာနိုင်ငံအနှံ့ မြို့တွင်း နယ်ဝေး ဘုရားဖူး အပန်းဖြေ ခရီးအမျိုးမျိုးအတွက်
Driver အပါဖြင့်

Crown 3ယောက်စီး
Alphard 6/7ယောက်စီး
Grandstarex 10ယောက်စီး
Toyota Hiace 14ယောက်စီး ကားများဖြင့်
လူကြီးမင်းတို့စိတ်တိုင်းကျ အိမ်စီးကားများ
ဌားရမ်း အသုံးပြုနိုင်ပါသည်

ကားငှားရမ်းအသုံးပြုပေးပါသော လူကြီးမင်းတို့ အနေဖြင့် ကားငှားရမ်းခ များကို ငွေသားဖြင့်ပေးချေနိုင်သလို၊ KBZ Account, CB Account, K Pay, CB Pay တို့ဖြင့် ပေးချေလို့ရပါတယ် ခင်ဗျာ။ ( ငွေလဲခ % လုံးဝ လုံးဝ ‌လုံးဝ တောင်းခံခြင်းမရှိပါ ခင်ဗျာ )

Mahar Phyo ကားအငှား၀န်ဆောင်မှုမှ မိတ်ဟောင်း မိတ်သစ် Customers များကိုကြိုဆိုလိုက်ပါတယ်နော် 🤗🤗🤗

☎️ 09456876875 ☎️

Photos from Mahar Phyo Car Rental's post 01/12/2021

အညာမြေမှာ အရမ်းလှနေတဲ့ အကြီးကောင်လေး 😍

Photos from Mahar Phyo Car Rental's post 22/09/2021

#စူဠာမုနိဘုရား

ယခင်ရွှေရောင်လွှမ်းတဲ့ တိမ်တိုက်ကြီးများနဲ့အတူ
စူဠာမုနိလောကချမ်းသာစေတီတော်

ရှမ်းပြည်နယ်တောင်ကြီးမြို့လေရဲ့ အထင်ကရနေရာတွေထဲကတစ်ခုဖြစ်တဲ့ စူဠာမုနိဘုရား ဖြစ်ပါတယ်

တောင်ကြီးမြို့လေးကိုရောက်ဖူးကြတဲ့သူတိုင်ကသိကြမှာပါနော် အမှတ်တရတွေလဲရှိနေနိုင်ပါတယ်

အမြဲလိုလိုစည်ကားသိုက္မြိုက်နေတဲ့ နေရာလေးတစ်ခုဆိုလဲမမှားဘူးပေါ့ဗျာ....

ဘ၀အမောတွေပြေပျောက်နိုင်ကြပါစေဗျာ ☺️☺️

Crd ;; https://www.facebook.com/byPhonelaymyat/

Photos from Mahar Phyo Car Rental's post 14/09/2021

မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ

ယခုတစ်ခါမှာတော့ ကျောက်ဆည်မြို့တွင်ရှိသော မဟာသိမ်တော် ကြီး ဘုရားအကြာင်းလေးကို ပြောပြပေးလိုက်ပါတယ်...... 🙏🙏🙏

ကျောက်ဆည်မြို့ အနီးမဟာ ရွှေသိမ်တော်မြတ်စွာဘုရားသည်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာသင်တောင်းကြီးရွာ၌ တည်ရှိပါသည်။ မန္တလေး-ကျောက်ဆည် ၊ရန်ကုန်-မန္တလေးမော်တော်ကားလမ်းနှင့် မီးရထားလမ်းတို့၏ အရှေ့ဘက်၊ မင်းရဲမြောင်း၏ အရှေ့ဘက်၊ သင်တောင်းကြီးရွာ၏ အနောက်ဘက်၊ ရွှေတောင်ထီးတောင်၏ တောင်ဘက် တောင်ခြေရင်းတွင် တည်ရှိပါသည်။ရွှေသိမ်တော်နှင့် မဟာရွှေသိမ်တော်မှာတစ်ဆူတည်းပင်ဖြစ်ပါသည်။
မဟာရွှေသိမ်တော်ဘုရားကိုပုဂံခေတ်ကတည်းကအနော်ရထာမင်းကြီးကတည်ထားကိုးကွယ်ခဲ့ပါသည်။ ရွှေသိမ်တော်မြတ်စွာဘုရားမှာဘုန်းတန်ခိုးကြီးမြတ်လှ ပြီးမင်းကြီးကိုးကွယ်ခဲ့သောရှင်အရဟံ မှ သိမ် သမုတ်တော်မူခဲ့ပါ သည်။အနော်ရထာမင်းဆက်ကပ်ခဲ့သောဘွဲ့တော်မှာရွှေသိမ်တော်ဖြစ်ပြီးယခုအခါ ဂေါပကအဖွဲ့မှ မဟာရွှေသိမ်တော်ဟုမဟာဘွဲ့ ထပ်မံကပ်လှူခဲ့ခြင်းဖြစ်ပါတယ်။
မဟာရွှေသိမ်တော်မြတ်စွာဘုရားစေတီတော်ကိုအနော်ရထာမင်းကြီးတည်ထားခဲ့စဉ်ကဉာဏ်တော် ၉တောင် မျှသာရှိသည်။ ၁၃၀၉ခုနှစ်တွင် ရွာသူရွာသားများကောင်းမှုဖြင့် ဉာဏ်တော် ကိုးတောင်ကိုငုံကာဉာဏ်တော် ၁၃ တောင် မြင့်တင်ကာဒုတိယအကြိမ် တည်ထားကိုးကွယ်ကြပါသည်။ သက္ကရာဇ် ၁၃၅၆ခုနှစ် တွင် သင်တောင်းရွာသူရွာသားများကျောက်ဆည်နယ်သူနယ်သားများအခြားဒေသမှ ပုဂ္ဂိုလ်များအပါအဝင် အများကောင်းမှု ဖြင့် ဉာဏ်တော် ၁၅-တောင်ကိုငုံကာ ဉာဏ်တော် ၃၄တောင်အမြင့် သို့ မြင့်ကာပူဇော်ခဲ့ ကြပါသည်။ ဖိနပ်တော် ကုလားကျောင်းခံ ၄ပေမြင့်ပါသည်။
သစ္စာကြီးမားတော်မူသောအနော်ရထာမင်းကြီးသည် သာသနာတော် ကိုပြန့်ပွားစေရန်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့်ပင် ဤရွှေသိမ်တော်ကိုတည်ထားကိုးကွယ်စေခဲ့သည်။ အတုမရှိသောဘုရားရှင်၏ တန်ခိုးတော်၊ သီလ၊ သမာဓိ၊ ပညာအားကြီးတော်မူသောအရှင်အရဟံ၏ သိက္ခာတော်တို့နှင့် အားဖြည့်လိုက်သောအခါ မင်းကြီး၏ စေတနာမှာပိုမိုပီပြင်လာသည်။ ရွှေ သိမ်တော် ဘုရားမှာ လျှမ်းလျှမ်းတောက် တန်ခိုးထက်မြက်တော်မူသည်။
ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့ကြသော်လည်းသက္ကရာဇ် ၁၂၈၀ ပြည့်မတိုင်မီ ရွာသူရွာသားများမေ့လျော့ပေါ့ဆမှုကြောင့် ချုံနွယ်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုနှစ်တွင် သင်တောင်းကြီးရွာတွင် ကပ်ရောဂါများကျရောက်သည်။ ရွာသူရွာသားများထွက်ပြေးကြရာရှေးမီနောက်မီလူကြီးများကမိမိအစုနှင့်မိမိရောက်ရာအရပ်မှ ချုံနွယ်ပိတ်ပေါင်းများရှင်းကြရန် ပြောကြရာမှ တစ်စုနှင့်တစ်စုဆက်သွယ်ကာဘုရားဘေးမှ ချုံနွယ်ပိတ်ပေါင်းများရှင်းကြပါသည်။ ထိုအချိန်မှ စကာ ရွှေသိမ်တော် မြတ်စွာဘုရားမှာသန့်ရှင်းသပ္ပါယ်စွာသီတင်းသုံးရပါသည်။ ရွာမှာလည်းရောဂါဘယများကင်းရှင်းသန့်ရှင်းသွားခဲ့ပါတယ်။ ချုံနွယ်များရှင်းပြီးနောက် သူကြီးဦးသင်လက်ထက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရန် ဆွမ်းတော်ကြီး ၀တ်အသင်းမှ ရွာနီးချုပ်စပ်များနှင့် စဉ့်ကိုင်မြို့၊ ကျောက်ဆည်မြို့တို့အထိလှည့်လည်အပူဇော်ခံကာပွဲတော်ကျင်းပခဲ့ပါသည်။ ယခုအခါ တစ်နှစ်လေးကြိမ် ကျင်းပကြောင်းသိရှိရပါသည်။

ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် မြတ်စွာဘုရားအားဝါဆိုသင်္ကန်းကပ်လှူခြင်း။

ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မဟာသံဃိကဆွမ်းလောင်းလှူပွဲကျင်းပခြင်း။

တန်ဆောင်မုန်းလဆန်း(၁၀)ရက်နှင့် (၁၁)ရက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပကာစတုဒီသာကျွေးခြင်း။

တပို့တွဲလတွင် ထမင်းနဲထိုးပွဲကိုကျင်းပကာဆွမ်းတော်ကပ်ခြင်း၊

ရွှေသိမ်တော်ဘုရားဟာသစ္စာအဓိဌာန် ပြင်းထန်သောကြောင့် နာမည်ကျော်ကြားခြင်းလည်း ဖြစ်ပါသည်။ ဤဒေသမှ ပုဂ္ဂိုလ်တို့သည် “ရွှေသိမ်တော် စူးပါစေ” ဟူသောကျိန်ဆိုချက်ကို သတိ ထားရှောင် ရှားကြ သည်။ ဤဒေသတွင် ရှေးကတည်းကယခုအထိ တစ်ဦးနှင့် တစ်ဦးစွပ်စွဲစရာ ဖြစ်လာပါကအများအားဖြင့် တရားရုံးမှာတရားပြိုင်ခြင်းထက် ရွှေသိမ်တော်ကိုသွားကာ တရားပြိုင်ကြပါသည်။ ဤသည်ကို ရွှေသိမ်တော်ဝင်သည် ဟုခေါ်ပါသည်။ တရားရုံး၌ တရားစရိတ် အကုန်အကျ များသော်လည်း ရွှေသိမ်တော်တွင် တရားလိုတရားခံဖယောင်းတိုင် တစ်ယောက်တစ်ချောင်းစီ၊ သို့မဟုတ် ပန်းတစ်ပွင့်စီသာကုန်ပါသည်။ အလွန်အမင်းချဲ့ထွင်လိုပါကကန်တော့ပွဲတစ်ပွဲသာ ဖြစ်ပါသည်။ တရားပြိုင်သူအားလုံးမှာဘုရားမြောက်ဘက် စောင်းတန်းမှ ၀င်ရပါသည်။ အခြားစောင်းတန်းမှ မဝင်ရပါ။
အမှုသွားအမှုလာကို နှစ်ဘက်စလုံးမှ ဂေါပကအဖွဲ့သို့ သွားရောက်တင်ပြကြရပါသည်။ ဂေါပကလူကြီးများကပထမဦးစွာကျေအေးကြရန် တောင်းပန်ပါသည်။ တရားလိုတရားခံ နှစ်ဘက်စလုံးအားတတ်နိုင်သမျှ ဖျောင်းဖျကြပါသည်။ ဖျောင်းဖျမရပါကဘုရားရှေ့တွင် ဖယောင်းတိုင်နှစ်တိုင်ထွန်း၍လည်းကောင်းပန်းနှစ်ပွင့်စိုက်၍လည်းကောင်းသစ္စာဆိုကြရပါသည်။ သစ္စာမဆိုမီ နှစ်ဦးစလုံးသို့မဟုတ် နှစ်ဘက်စလုံးငါးပါးသီလခံယူကြရပါသည်။ မမှန်ကန်သူဘက်မှ ဖယောင်းတိုင်ငြိမ်းခြင်းပန်းညိုးခြင်း ဖြစ်ပါသည်။ ရှေးကတည်းကယခုမျက်မှောက်ခေတ်အထိ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာပေါင်းအမြောက်အများကိုမှတ်တမ်းတင်ထားပါသည်။
မဟာရွှေသိမ်တော်မြတ်စွာဘုရားမှာအဓိဋ္ဌာန်ပြုဆုတောင်းတဲ့အခါ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲတွေကိုပြေလည်စေနိုင်ပြီးအဓိဋ္ဌာန်ပြီးလို့ အဓိဋ္ဌာန်ထားတာကိုဖျက်ရင် စီးပွားရေး၊ ကျန်းမာရေးထိခိုက်တယ်လို့ ဘုရားမှာအဓိဌာန်ပြုသူအချို့ကဆိုကြပါသည်။

Crd

Photos from Mahar Phyo Car Rental's post 16/11/2020

တန်ခိုးဝေစည် မုလအိ စေတီ သမိုင်း
🙏===================🙏

မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင်
သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသ၌ မင်းလုပ်အုပ်ချုပ်
စိုးစံတော်မူသော တိဿဓမ္မသီဟရာဇာမင်း သည်
သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်
မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်
မဏ္ဍပ် တို့ကို တည်ဆောက်၍ ချီလက်နှစ်ဖြာ
ကြည်သဒ္ဓါဖြင့် ပူဇော်ကြလေသည်...

ဒေသနယ်ပယ်အသီးသီး တို့မှ ရသေ့များ ကလည်း
ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့
ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်
ကြလေသည် ...

ဘုရားရှင်လည်း ဒေသနာ ရေအေးတရားဆေးတို့ကို
တိုက်ကျွေးပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာ သော ဓါတ်တော် မွေတော် ဆံတော် တို့ကို ပေးသနားတော် မူပါရန်
လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ်
လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်
မူရာတွင် ..
ကျိုက်ထီးရိုး တောင်၌နေထိုင်သော
တိရဿရသေ့ ...
ဇွဲကပင်တောင်တွင်နေထိုင်သော
သီဟရသေ့နည်းတူ.....
မုလအိတောင် မူလတောင်တို့မှ နေထိုင်သော
နုရဒ ရသေ့ နှင့် ကပ္ပ ရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တဆူစီကိုဖူးမြော်ကိုးကွယ်ခွင့် ရရှိကြလေသည်...

မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော
ကပ္ပ ရသေ့ သည် မိမိတရားအားထုတ်သော
တောင် ၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာ
ဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ် မြို့ကို
အစိုးရသော ကလာပုမင်း နှင့် တိုင်ပင်လေသည် ..

ကျိတ် မြို့ ကိုအစိုးရသော ကလာပု မင်းသည်
တန်ခိုးသြဇာကြီးမားပြီး ကုသိုလ်ကောင်းမှု အရာ၌
စိတ်အားထက်သန်သူဖြစ်လေရာ ကပ္ပရသေ့
တိုင်ပင်ချက်ကို ရွှင်လန်းဝမ်းမြောက်စွာ
သဘောတူညီလေသည် .

ကိတ်တောင် အစ ရှိသော ဟောင်သရောချောင်း
ဖျားတလျှောက် လဝ လူမျိုး ရှိရှိသမျှ အပေါ်
တန်ခိုး အာဏာဣဒ္ဓိ ရှိသည့် မင်း ဖြစ်သည့်အတိုင်း
သဘောတူညီပြီး အာမခံပြီးသော် မဟာသက္ကရာဇ်
( ၁၁၄ ) ဘီစီ ( ၅၇၈ ) မြူနှင်းဝေကျသော မန္တဥတု
နတ်တော်လ တွင် အလှူအတန်း ပွဲလန်းသဘင်
တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင်
ကပ္ပ ရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင်
ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင်
ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့်
သုတ်လိမ်းကာ ဌာပနာတိုက်ကို
ပြုလုပ်ကြလေသည် ...

ရွှေကြုတ် ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏
ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာ လေ၏...
ပြီးလျှင် ကပ္ပရသေ့ ရုပ်ထု ကုလာပုမင်း ရုပ်ထု
တို့ကို ရွှေပန်း ငွေပန်း ဖြင့် ပူဇော်ပြီး
ကျောက် သံ ပတ္တမြား မြောက်များစွာ ကို
ဌာပနာ ကြလေသည် ...

ထိုသို့ ဌာပနာ ပြီးလျှင် တောင်ထိပ် ပြင်အကျယ်
အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်
တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်
ဥာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီ
တဆူ ကို တည်ထားကိုးကွယ်လေ၏ ...

ဘုရားစေတီဘွဲ့တော် နာမည်ကား ကျိုက်မုလအိ
ဟူ၍ အမည်တွင်လေ၏...
မြန်မာဘာသာ ခေါ်ဝေါ် အားဖြင့် အမြဲ ထင်ပေါ်သော
ဘုရား ဟူ၍ ခေါ်ရိုး ပြုကြလေသည်...

မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည်
၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်
၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှ
တောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်
ဟုသိရှိရလေသည် ...
စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀
ကျော်ပြီး တောင်မြောက် ၃၈ ပေ သာ ကျယ်ဝန်း
လေသည် ..

မူလက မုလအိ စေတီ မှာ တဆူ သာရှိသော်လည်း
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်
တဆူ ထပ်မံတည်ဆောက်၍ မူလအိ စေတီ
ညီနောင် ဟူ၍ အမည်သညာတွင်လေသည်
မုလအိ စေတီတည်ရှိရာတောင်ထိပ် ပေါ်သို့
တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသော
ချောက်ကမ်းပါး တောင်စွယ် တနေရာ ကို
ဖြတ်ကျော်ရလေသည် ...

ထို နေရာသည် တောင် အောက်မှလေများ
ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်
နုနယ်သည့် အမျိုးသမီး တို့မှာ စေတီရှိရာ
တောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲ
အမျိုးသားတို့သာ တက်ရောက်နိုင်သည်
ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ
၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်
ကိုယ်စား စေတီ နှစ်ဆူကို တညိထားပေးခြင်းဖြစ်
သည်ဟုဆိုကြလေသည်...

တောင်ထွတ်မြင့်မားခြင်း ဖြစ်၍
ဆီး နှင်း မြူ တိမ် တို့ အမြဲ ကျဆင်းနေလေရာ
ပူလောင် အိုက်စပ် တပေါင်း လ တွင်ပင်
ထို တောင်ထိပ် ၌ ခိုက်ခိုက်တုန်အောင်ချမ်းလေသည်..
အမိုးကာ မရှိ၍ သစ်ပင် ဝါးပင်ရိပ် တို့၌
အိပ်သူများ အဖို့ မီးပုံ များပင်ဖို၍ အိပ်ရလေသည်...

မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည်
တောင် ချောက် ကမ်းပါးယံ ၌ အလွန်မတ်ဆောက်၍
အဆင်းခက်လှသော နေရာတွင် ဇော်ဂျီဖို ထိုးရာ
နေရာ တွင်းဂူကြီး ရှိလေသည်...
ခု ထိတိုင် မည်သူ တဦးတယောက်မျှ အရဲလွန်
၍ မဆင်းဝံ့ သေးချေ...

တောင် ချောက်ကမ်းပါး တို့ ဆင်းသော နေရာ၌
လည်း သတိလက်လွတ်ခြေချော်သွားပါက
အသဲယားဖွယ်ကောင်သော ချောက်ကမ်းပါးကြီး
က ဆီကြိုနေလေသည်...

မိန်းမ စေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်..
လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံး
ခဲ့ရာ ဂူ ထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစ များကို
တွေ့ရှိရသေးသည်...

ယခုတော့ ကျောက်သားအဖြစ်သာ တည်နေသည့်
မုလအိ တောင်ထွတ် ၏ အဖြောင့်အတိုင်းသွားလျှင်
အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီး
အရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ
၈ မိုင် အကွာ၌ မုလအ တောင်တော် တည်ရှိလေသည်...

မုလအိ စေတီ တည်၍ မုလအိ တောင်အမည်တွင်
သော တောင်၏ ထူးဆန်းမှု တရပ်မှာ
သစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သော
အပင်တို့လည်း များစွာ ရှိလေသည်...
သစ်မင်း သစ်မင်းရာဇာ တောင်ကလယ် ဝေး
စသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက်
သဇင်နီ သဇင်ဖြူ ပန်းများစွာ လည်း
ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်...

သစ်မင်းတို့၏ ပင်စည် အကိုင်းအခက် တို့တွင်
သစ်ခွ သဇင် တို့မှာ ပြွတ်သိပ်စွာ ပေါက်ရောက်၍
မူလ သစ်ပင်မှာ ပျောက်နေသလို
ပန်းမျိုးစုံ တို့ဖြင့် ဝါထိန်၍ ရနံ့ များမှာ တော တောင်
တခွင်လုံး သင်းပျံ့လျှက် ရှိလေသည်...

Credit #ခရီးသွားဧည့်သည်

နတ်ပြည်မှာ.တည်ထားတဲ့အတိုင်းပါပဲလား.....အမြင့်ကြီးပဲ..
````တိမ်တောင် တိမ်တိုက်တွေကြားက မုလအိဘုရား မုလအိတောင်````
++++++++++++++++++🙏🙏🙏🙏🙏🙏🙏🙏🙏

ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတခု....

ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး
(၆၅၇၈)ပေမြင့်ပါတယ်။


မိုးရာသီမှာ သွားလာခက်ခဲပြီး ဘုရားဖူးအများစုက
နွေဦးပေါက်စမှ သွားဖူးတာများပါတယ်။
...
ကရင်ပြည်နယ်
မြ၀တီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ရသလို..

ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း သွားလို့ရပါတယ်။

သို့မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း
သွားလို့ရပါတယ်။

တောတောင်ထူထပြီး စေတီဘုရားတည်ရှိတဲ့နေရာဟာ
တောင်အလွန်မြင့်တော့
ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်
မိုးရာသီလို အချိန်တွေမှာ ဘုရားစေတီနီးနား
တောတောင်တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့
ဖုံးလွှမ်းနေတတ်ပါတယ်။

+
+
လေအေးတွေလည်း စဉ်ဆက်မပြတ်
အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)
ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံလုံလောက်လောက်
ယူဆောင်သွားဖို့လိုအပ်ပါတယ်။


ဆောင်းညတွေဆို မြူနှင်းကျသံ ``တဖျောက်ဖျောက်``
ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။


မုလအိစေတီဘုရာဟာ သမိုင်းရာဇ၀င်အရ မြတ်စွာဘုရားရဲ့
ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ဆိုပါတယ်။
..

စေတီဘုရားနဲ့၀န်းကျင် တောတောင်ရေမြေတွေဟာ
သန့်ရှင်းစင်ကြယ်တဲ့ နယ်မြေဖြစ်ပြီး ဘုရားဖူးသူများ
အနေဖြင့် အရက်သေစာသောက်စားခြင်း၊ သားငါးစားခြင်း(သက်သတ်လွတ်နယ်မြေ)၊ကြမ်းတမ်းစကားပြောဆိုခြင်း၊ သမီးရည်းစားမဖွယ်မရာ(လက်ကိုင်ခြင်းမှစ)လုပ်ဆောင်ခြင်း၊
ခိုက်ရန်ဖြစ်ပွါးခြင်း၊ မဟုတ်မမှန်သောစကားပြောဆိုခြင်း များကို လုံးဝရှောင်ကြဉ်ရပါတယ်။


ငှင်းရှောင်ကြဉ်ရသော အရာတခုခု ဖေါက်ပြန်ပါက
အချိန်အခါမဟုတ် လေကြီးမိုးကြီးရွာသွန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ တောကောင်များ(ကျားအပါအ၀င်)က
လူသားများကို အန္တရာယ်ပြုခြင်းများနဲ့ကြုံရတတ်တယ်
လို့ဆိုပါတယ်။
.

တောင်ထိပ်ကိုတက်ပြီး ခရီးတထောက်မှာ
ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်/ခေါင်းဆေးပြီးမှ
စေတီဘုရားကို တက်ဖူးရပါတယ်။


မုလအိတောင်ထိပ်မှာ သီလမစင်ကြယ်၊
သမာဓိအားမကောင်းတဲ့
ရဟန်းသံဃာတွေဆိုလျှင် သီတင်းသုံးမမြဲခြင်း၊
ပြည်သူများအနိုင်ကျင့်စော်ကားတဲ့
နိုင်ငံတော်အကြီးအကဲများ
ရောက်လာလျှင် ကြောက်မက်ဖွယ်ရာ
လေကြီးမိုးကြီး ၊
မိုးကြိုးပစ်ခြင်း အတိတ်
နိမိတ်တွေနဲ့ကြုံရတတ်ပါတယ်။
..

တောင်ထိပ်မှာ အမျိုးသမီးများ ဖူးမျှော်တဲ့ဘုရားနဲ့၊
အမျိုးသားများသာ ဖူးမျှေ်တဲ့ဘုရားရှိပါတယ်။
..

ကြည်ညိုသူများ သွားရောက်ဖူးမျှော်နိုင်သလို
ရေမြေ တောတောင် သဘာ၀အလှတရားတွေကို
ချစ်မြတ်နိုးသူအနေနဲ့လည်း သွားရောက်
လည်ပတ်နိုင်ပါတယ်။
လောဘ ဒေါသ အာဃာတစစ်ပွဲ၊
အမုန်းတရားတွေ၊ ပူပင်သောကတွေနဲ့ပြည့်နက်နေတဲ့
ပတ်၀န်းကျင်တွေကို
ခဏတာမေ့ထား/ပစ်ထားပြီး......

သီလသမာဓိရှိရာ၊
သန့်ရှင်းစင်ကြယ်မှုရှိရာ၊လောဘ ဒေါသတွေကင်းဝေးရာ၊
စိတ်နှလုံး အေးချမ်းရာ ၊ တောစောင့်နတ်ကောင်း၊
တောင်စောင့်နတ်ကောင်း၊ နတ်ကောင်းနတ်မြတ်၊
သူတော်စင်တို့ရှိရာ ၊ အမှန်တရားရှိရာ၊ အရပ်တခုမှာ
ခဏတာလေးဘဲဖြစ်ဖြစ် သွားရောက်လည်ပတ်ကြဖို့
ပုထုဇဉ်လူသားအားလုံးကို တိုက်တွန်း နိုးဆော်လိုက်ပါ၏။

+++++++++++

ငြိမ်းချမ်းမှုတခုခုကို
သင် ရယူပိုင်ဆိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါ၏။

+++++++++++++
credit

စုဆောင်းမိသမျှ မုလအိစေတီတော်သမိုင်းများကို ကုသိုလ်ယူကြည်ညိုနိုင်စေရန် ကူးယူဖော်ပြပါသည်.. 🙏

Photos from Mahar Phyo Car Rental's post 03/08/2020

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ🙏🙏🙏

🌧️🌧️🌧️ မိုးရာသီ အထူးဈေးနှုန်းများဖြင့် ကားငှားရမ်း အသုံးပြုနိုင်ပါသည် 🌧️🌧️🌧️

🚙🚙 ပုဂံ ပုပ္ပါး ညောင်ဦး ခရီးစဉ်
🚙🚙 ဘားအံ တောင်ဝိုင်း ကြာအင်းတောင် ခရီးစဉ်
🚙🚙 မော်လမြိုင် ကျိုက်ခမီ ခရီးစဉ်
🚙🚙 မန်းလေး စစ်ကိုင်း ပြင်ဦးလွင် ခရီးစဉ်
🚙🚙 တောင်ကြီး အင်းလေး ကလော ခရီးစဉ် အပြင်

အခြား လူကြီးမင်းတို့ သွားလိုသော ခရီးစဉ်များကို
အထူးဈေးနှုန်းများဖြင့် ကားငှားရမ်း အသုံးပြုနိုင်သည်

လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လိုအပ်သည့်ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် ကျွန်တော်များ Mahar Phyo Car Rental Sevice ကနေ
(24 Hour) တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ဝန်ဆောင်မှုပေးပါစေ 🙏🙏🙏

🚙🚙 ယာဉ်မောင်းအပါသာ ကားငှားပါသည် 🚙🚙

Phyo Si Thu
( Mahar Phyo Car Rental Service)
No. 502, ShweSin (7) Street, 44 Block,
North Dagon Myothit, Yangon, Myanmar.
📞📞 09456876875, 09954470077,
📞📞 09751700956
Viber 09456876875

Photos from Mahar Phyo Car Rental's post 20/07/2020

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ🙏🙏🙏

ချောင်းသာ 1N 2D ခရီးစဥ်အမှတ်တရ

💓💓💓ကားလိုအပ်တိုင်း သတိတရ အမြဲအသုံးပြုပေးပါသော ချစ်ကိုကြီးကို Mahar Phyo Car Rental မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ💓💓💓

🌻🌻🌻ခရီးသွားမိတ်ဆွေအပေါင်းတို့ စီးပွား၊ဥစ္စာ ဒီရေအလားတိုးတက်ပွါးများနိုင်ပါစေ၊ ခရီး‌တွေအမြဲသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ။🌻🌻🌻

လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လိုအပ်သည့်ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် ကျွန်တော်များ Mahar Phyo Car Rental Sevice ကနေ
(24 Hour) တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ဝန်ဆောင်မှုပေးပါစေ 🙏🙏🙏

🚙🚙 ယာဉ်မောင်းအပါသာ ကားငှားပါသည် 🚙🚙

Phyo Si Thu
( Mahar Phyo Car Rental Service)
No. 502, ShweSin (7) Street, 44 Block,
North Dagon Myothit, Yangon, Myanmar.
📞📞 09456876875, 09954470077,
📞📞 09751700956
Viber 09456876875

Photos from Mahar Phyo Car Rental's post 25/06/2020

🙏🙏🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါ ခင်ဗျာ🙏🙏🙏

🤝 မင်္ဂလာအပေါင်းနှင့် ပြည်စုံတဲ့နေရက်လေးကို ပိုင်ဆိုင်
နိုင်ပါစေလို့ Mahar Phyo Car Rental Service မှ ဆုမွန်
ကောင်းပြုအပ်ပါသည် 🤝

ခရီးစဉ်တိုင်းအတွက် Mahar Phyo Car Rental Service ကနေ ပြီးပြည့်စုံသော တာဝန်ခံမှု တာဝန်ယူမှု ဝန်ဆောင်မှု များဖြင့် လူကြီးမင်းတို့ အသုံးပြုလိုသော

🌉 မြို့တွင်း / နယ်ဝေး
🙏 ဘုရားဖူးခရီးစဉ်/
🏝 အပန်းဖြေခရီးစဉ်/ ကမ်းခြေခရီးစဉ်
🎓 မြို့တွင်း ဘွဲ့ယူ
💝💍မင်္ဂလာဆောင်
✈ ✈ လေဆိပ် ကြို့\ပို့
Business Tour/ NGO Tour
ရက်တို / ရက်ရှည် အစရှိသည့်
ခရီးစဉ်တိုင်းအတွက် အပြီးအစီးဖြစ်စေ တရက်ချင်းဖြစ်စေ သွားမည့်ခရီးပေါ်မူတည်၍ စျေးနှုန်းညှိနှိုင်း
ငှါးရမ်းနိုင်ပါသည် ....... ခင်ဗျာ 🙏🙏🙏

မိတ်ဆွေတို့ရဲ့ခရီးစဉ်တိုင်းမှာ
🚐 ကား
👮 ယာဉ်မောင်း
⛽ ဆီ
💸 လမ်း/တံတားကြေး အပြီးအစီး ဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့ ရွေးချယ်ထားသော ခရီးစဉ်များကို
အသက်သာဆုံးစျေးနှုန်းများဖြင့် ကျွန်တော်များ
Mahar Phyo Car Rental Service မှ တာဝန်ယူ၍ အကောင်းဆုံး ဝန်ဆောင်မှုပေးခွင့်ပြုပါ ခင်ဗျာ 🙏🙏🙏

ခရီးစဉ်တစ်လျောက်
Full Round Air-Con ၊
ရေသန့်ဘူး/ စနိုးတာဝါ
Medical Box/ Fire Box အပြည့်အစုံဖြင့်
ကျွမ်းကျင်၍ ခရီးစဉ်တစ်လျောက် လူကြီးမင်းတို့အား
ဂရုစိုက်မူ အပြည့်ပေးပြီး ဆေးလိပ် ကွမ်း အသောက်စား
ကင်းစင်သော ယာဉ်မောင်းများဖြင့် ဝန်ဆောင်မှုပေးရန်

အောက်ပါကားအမျိုးစားများကို မှန်ကန်သောစျေးနှုန်းတို့ဖြင့် ငှါးရမ်းဝန်ဆောင်မှု ပေးနေပါတယ် ... ခင်ဗျာ🙏🙏🙏

Crown/Mark 2 / Belta ( 3/4 Seater)
Alphard ( 6/7 Seater)
Hiace (14 Seater)

လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လိုအပ်သည့်ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျစေရန်အတွက် ကျွန်တော်များ Mahar Phyo Car Rental Sevice ကနေ
(24 Hour) ဝန်ဆောင်မှုပေးပါစေ....ခင်ဗျာ 🙏🙏🙏

လူကြီးမင်းတို့၏ သွားလိုရာခရီးများကို သာယာငြိမ့်ညောင်းစွာသွားလာဖို့ ဖုန်းလေးသာ ကြိုဆက်လိုက်ပါ ခင်ဗျာ။

Phyo Si Thu
( Mahar Phyo Car Rental Service Yangon)
No. 502, ShweSin (7) Street, 44 Block,
North Dagon Myothit, Yangon, Myanmar.
📞📞 09456876875, 09954470077,
📞📞 09751700956
Viber 09456876875

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No-502, Shwe Zin (7) Street, 44 Block, North Dagon Myothit
Yangon
95