Yangon Spoon
Your exclusive shopper for premium brands. Everyone deserves goodness life brings!Mostly from US! AFTER ALL, SHARING IS CARING!
Yangon Spoon's reviews are based on personal opinions from an individual or collections of comments, reviews and thoughts of individuals. So this page does not to reflect any comments or reviews from any organisations or party that we review,in Yangon
Also, Yangon Spoon is not be paid either to make a favourable comments and reviews or to attack to anyone or anything we choose to review as this
27/06/2024
တွန်မီ
ဒီတခါရွေးချယ်ထားတာတော့ အမေရိကန် brand ဖြစ်တဲ့ Tommy လို့ လူသိများတဲ့ တွန်မီ ဟေးဖီဂါ ပါ။ Tommy ဆိုတာနဲ့ logo ကိုတန်းသိကြပါတယ်။တော်
အဖြူတစ်ဝက် အနီတစ်ဝက် rectangle ရှည်ရှည်လေးကို အပေါ်အအောက် နက်ပြာရောင်လိုင်းလေးနဲ့ အနားသတ်ထားတာလေးပါ။
မသိကြတာက အရင်ကရေးခဲ့ဖူးတဲ့ CK ကိုပိုင်တဲ့ ကုမ္ပဏီက ပိုင်တယ်ဆိုတာပါပဲ။ website က အစ ဆင်တူပါတယ်။ တွန်မီကို luxury ထဲထည့်လို့မရပေမယ့် premium lifestyle brand လို့တော့ သတ်မှတ်လို့ရပါတယ်။ စျေးမပေါပေမယ့် sales နဲ့ဆို ဝတ်ပျော်ပါတယ်။သူ 40 to 70% ချပီး extra 25 လောက်ထိထပ်ချတတ်ပါတယ်။ ဝယ်ထားသမျှထဲ အကြိုက်ဆုံးက 249$တန် နှစ်ဖက်အလှဝတ်လို့ရတဲ့ reversible jacket ပါ။ အခုငွေစျေးနဲ့ဆို ၁၀သိန်းလောက်ရှိမှာပေါ့။ အဲဒါကို extra sales နဲ့ရတော့ US60 လောက်နဲ့ရဖူးပါတယ်။ Sales နဲ့ ဝယ်ရတာမို့လို့ တကယ် စိတ်ရှည်ပီးနာလည်တဲ့ OS မှာဝယ်ပါ။ နောက်မှ Online ကနေမှာရင် သိရမယ့်အချက်တွေရေးပါဦးမယ်။
09/06/2024
ကယ်လ်ဗင်ကလိုင်း
အခုရွေးချယ်ထားတာတော့ အမေရိကမှာ နှစ်ပေါင်း၅၀ ကျော်သက်တမ်းရှိတဲ့ ကယ်လ်ဗင်ကလိုင်းပဲ ဖြစ်ပါတယ်။ CK ကို အတိုကောက်နဲ့ လူသိများတဲ့ ဒီ အမှတိတံဆိပ်ဟာ ရိုးရိုးရှင်းရှင်းနဲ့ သကိတောင့်သက်သာဖြစ်အောင် ချုပ်လုပ်ထားတာနဲ့ ပက်သက်ပီးနာမည်ကြိီးပါတယ်။အခုချိန်အထိ အမေရိကမှာထုတ်လုပ်တဲ့ global brand ဖြစ်ပါတယ်။ စီကေလို့ပြောလိုက်ရင် အတွင်းခံဘောင်းဘီလို့ ပြောစရာမလိုအောင် နေရာအနှံ့လူသိကြပါတယ်။တကယ် underwear မအဝတ်အစား တင်မက ရေမွေး လက်ဝတ်လက်စား နာရီတွေကအစ ထုတ်ပါတယ်။ ဒီ တံဆိပ်က စျေးသက်သာတယ်ဆိုပေမယ့် runway မှာတွေ့ရတဲ့ collection တွေကစျေးကြီးပါတယ်။စီကေ က brand ambassador တွေကလဲနာမည်ကြီးတွေချည်းဖြစ်သလို သူ့ campaign တွေက ကျော်ကြားလှပါတယ်။အကြိုက်ဆုံး campaign ကတော့ ၁၉၉၂ခုနှစ်က ကြော်ငြာတဲ့ ကိတ်မော့စ်နဲ့ မာခ့် ဝေါဗာ့ဂျ် ရဲ့ads ပါ။
ဒီတံဆိပ်နဲ့ ပက်သက်လို့ recommend ပေးချင်တာက underwear မဖြစ်မနေဝယ်ပါ။တကယ်ကောင်းပါတယ်။နူးညံ့ပီး ကြာကြာဝတ်ရင် ပွန်းတာမျိုးလဲမရှိတော့ ဝတိလို့ဝတ်ထားမှန်းမသိပါ။ size chart ကပုံမှန်ထက်ကြီးတတ်တော့ ဝတ်နေကျထက် တစ်ဆိုဒ်သေးတာဝယ်ပါ။အတုတွေလုံးဝအားမပေးပါ။ သူကsales အမြဲရှိလို့ သက်သက်သာသာရနိုင်ပါတယ်။ပီးတော့ shirt တွေ tshirt တွေကတန်ပါတယ်။ကျနော် အကြိုက်ဆုံးက လိုဂိုအပြည့်ရိုက်ထားတဲ့ ပိုလိုရှပ်ပါ။70 တန်ကို ၁၀ ဒေါ်လာလောက်နဲ့ရဖူးခဲ့တာပါ။
09/06/2024
မေစွန်ကစ်စုနေး M.a.i.s.o.n_K.i.t.s.u.n.e
အခုတစ်ခေါက်ပြောပြချင်တာက ပြင်သစ်မှာအခြေစိုက်တဲ့ ပြင်သစ်ဂျပန်ဘရန်း “မေစွန်ကစ်စုနေး”ပါ။ သူက life style brand တစ်ခု ဖြစ် ready to wear collection တစ်ခုဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ record label နဲ့ art gallery တွေ ကော်ဖီဆိုင်တွေကို နိုင်ငံတော်တော်များများမှာဖွင့်ထားပါတယ်။ ဂျပန်လို ကစ်သုနေးဆိုတာ fox ပါ။ ကိုရီးယားကားတွေတော်တော်များများပါ mythical creature အနေနဲ့ ခဏခဏတွေ့ရပါတယ်။
၂၀၀၂မှစပေါ်ထွက်တဲ့ ဒီ brand ဟာ မကြာသေးပေမယ့် ဂျပန်အငွေ့အသက်တော်တော်များများပါတဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေဦးစားပေးတဲ့ quality product ဖြစ်တာကြောင့် နာမည်ကြီးနေရခြင်းဖြစ်ပါတယ်။ ရိုးရှင်းတယ်ဆိုပေမယ့် စျေးပေါတဲ့အထဲတော့မပါပါဘူး။ ကျနော်ဆို ဦးထုပ်တလုံးနဲ့ Bangkok မှာရှိတဲ့ Cafe Kisuné မှာတစ်ခါပဲထိုင်ဖူးပါတယ်။ ဒါတောင် အဲဒီ baseball cap ကို Sales နဲ့ ဝယ်ထားတာပါ။ စျေးရင်းက US120ပါ။ Balmain တို့ balenciaga တို့ထက်စာရင်တော့စျေးပေါနေပါသေးတယ်ပေါ့။
စျေးမပေါပေမယ့် ဝယ်စုသင့်တဲ့ အထဲပါတဲ့အကြောင်းအကြံပေးပါရစေ။
23/03/2024
Saif Ud Deen
Premium quality တွေထုတ်တဲ့ fashion brands တွေအကြောင်းပြောဖို့ စဉ်းစားရင်း ပုံမှန်ကြားဖူးနေကြမဟုတ်တဲ့ ဒီ Saif Ud Deen brand အကြောင်းကို အရင်ဆုံးရေးဖို့ ရွေးချယ်လိုက်ပါတယ်။
ဒီ streetwear fashion brand ရဲ့designer ကလဲ Saif Ud Deen ပါပဲ။သူ့နာမည်နဲ့ ထုတ်တာမျိုးပေါ့။ ထူးခြားတာက သူက Britain မှာမွေး တဲ့ အာရှသား ပါကစ်စတန်လူမျိုး တစ်ဦးပါ။ မွတ်စလင်ဘာသာဝင် Saif က သူ့ ဒီဇိုင်းတွေက သူကြီးပြင်းခဲ့တဲ့ community ကနေ စိတ်ကူးစိတ်သန်းရခဲ့တယ်လို့ဆိုပါတယ်။သူ အင်တာဗျူးတခုမှာ သူနေထိုင်တဲ့ community မှာအခုခေတ်မွတ်စလင်လူငယ်တွေက ဝတ်နေကြ ဘာသာရေးအရဝတ်တဲ့ အဝတ်ပေါ် Stone Island jacket ထပ်ဝတ်ကြတာမျိုး၊ပီးတော့ Jordan ဖိနပ်စီးပီးသွားလာကြတာမျိုးမြင်ပီးတော့ သူ့ကိုယ်ပိုင် streetwear အတွက် စိတ်ကူးရခဲ့တာလို့ဆိုပါတယ်။ သူနေတဲ့ community က ဘယ်လောက်ချမ်းသာလဲတော့ မသိ၊ အခုချိန်ထိ Stone Island brand ကို အနားတောင်မကပ်ဖူးပါ။ 🤣
သူ့ရဲ့ ထူးခြားချက်တခုက သူက Salford University မှာ Fashion Design နဲ့ ၂၀၂၀ မှာ ဘွဲ့ရပီး ကမ္ဘာ့နာမည်ကြီး Retail Website ဖြစ်တဲ့ Mr. Porter က worldwide ပထမဆုံးရွေးချယ်တဲ့ one year mentorship program မှာ အရွေးခံရတာပါ။ဒါဆို Saif ရဲ့ brand က ထွက်တာ မကြာသေးပေမယ့် သူ့ရဲ့ talent က ခေသူမဟုတ်မှန်းသိသာပါတယ်။
အဲဒါနဲ့ sales ချတာတွေတာနဲ့ သူထုတ်တဲ့ sweatshirt တထည် ဝယ်ထားလိုက်ပါတယ်။ အဲဒီ sweatshirt cold dye process ကိုသုံးပီး faded effect ရအောင် လုပ်ထားတယ်လို့ဆိုပါတယ်။ သဘောက fabric ပေါ် ဆိုးမဲ့ အရောင်ပေါ် ပန်းချီဆေးချယ်ပီး လေသလပ် အခြောက်ခံထားပီး လိုချင်တဲ့ အရောင်ထွက်မှ ရေအေးနဲ့ ဆေးချတာမျိုးပါ။ ပုံမှန်အရောင်ဆိုးသလို ရေအများကြီးမသုံးရပေမယ့် အနုစိတ်တော့ဆန်ပါတယ်။ အဲဒါကြောင့် sweatshirt အရောင်က မှိန်မှိန်ဖျောဖျော့လေးနဲ့ handmade ပုံမျိုးထွက်နေတာပါ။ premium quality တွေရဲ့ အားသာချက်က အဝတ်တထည်ချင်းဆီတိုင်းက အနုပညာဆန်ပါတယ်၊ အခုခေတ်စား နောက်ရက် လူမကြိုက်တော့တဲ့ trend နောက်လဲ မလိုက်တော့ timeless ဖြစ်တယ်။ရေရှည်လဲဝတ်လို့ရတယ်။ထိရက်စရာမရှိလို့ အခုချိန်ထိမဝတ်ရသေးပါဘူး 😀
Original price နဲ့ sales price ကို ပုံရဲ့ comment မှာတင်ထားပါတယ်။
Have a nice weekend!!!
15/09/2022
ထိုင်းကို နောက်ဆုံးရောက်တော့ ခေတ်စားနေတဲ့ brand လေးတခုကိုသတိထားမိခဲ့ပါတယ်။ ထိုင်းကောင်မလေးတော်တော်များများက Gentlewoman logo ပါတဲ့ tote bag အိတ်ကလေးတွေ၊ Tee လေးတွေကို နေရာတိုင်းလိုလိုတွေ့ခဲ့တာပါ။
သူလဲ fast fashion brand ဆိုပေမယ့် Personally တော့ Shein တို့ထက်တော့ quality ပိုကောင်းမယ့်ပုံပါ။ ဆိုင်တော်တော်များများ Paragon လို mall တော်တော်များများမှာရှိပါတယ် စျေးနှုန်းကလဲ US ၂၀ ဝန်းကျင်ကစတာဆိုတော့ စျေးမပေါပေမယ့် များတဲ့အထဲလဲမပါဘူးလို့ဆိုရပါမယ်။
အောက်က Gentlewoman ကို click ပီး သူ့website ထဲဝင်ကြည့်လို့ရပါတယ်။ မသိရင် ထိုင်း brand လို့ထင်ရက်စရာတောင်မရှိပါ။
GENTLEWOMAN က Conscious brand ဟုတ်မဟုတ်တော့ စောင့်ကြည့်ရဦးမှာပါ။
www.gentlewomanonline.com/en
13/09/2022
Kanye က သူ့ ကို နဲ့ ကနေခွဲထွက်တော့မှာ သေချာရင် ထွက်ပီးသမျှ စျေးတက်ထပ်တက်ဖို့ရှိပဲ ရှိတယ်လို့မြင်ပါတယ်။ သူ့ Yeezy brand ကို affordable ထဲ ဆွဲမချရင်ပေါ့
Kanye's adidas & GAP Beefs Are Over: He's Leaving Both Companies Kanye West is leaving adidas & GAP when his contract reaches length with each company, at which point Ye's YEEZY brand will become independent.
30/06/2022
မနက်ဖြန် ဇူလိုင် (၁)ရက်နေ့ ကစပြီး အဲအေးရှား နဲ့ အတူ ဘန်ကောက်သို့ (Thailand Pass မလို ❌ ကျန်းမာရေး အာမခံ ❌ မလိုပဲ ) ပျံသန်းဖို့ အသင့်ဖြစ်နေပြီလား ?? 😚
🥰ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာလေကြောင်းလိုင်း ✈ အဲအေးရှားမှ ဘန်ကောက် နှင့် ကွာလာလမ်ပူ သို့ နိုင်ငံတကာစံချိန်စံညွှန်းမျာအပြည့်ဖြင့် ကျွမ်းကျင်သော လေယာဉ်မှူးများ၊ လေယာဉ်မောင်မယ်များနှင့်အတူ သက်သာသောစျေးနှုန်းများဖြင့် တဖန် ပြန်လည်ကြိုဆိုဖို့ အသင့်ပါပဲနော် 🤗🤗
31/05/2020
as
Rising Stars In Travel: These 7 Countries Have Potential To Become Major Tourist Destinations In A Post-Covid World They're some of the world's most underrated countries - though they may not stay that way for much longer.
Spectacular!!!
14/11/2019
!!!!!! It!s Super Crayyyyyyyyy
Better watch friends series on Netflix before the end of this year!!!!
Netflix မှာ Friends series ကိုဒီနှစ်မကုန်ခင်ကြည့်ထားကြဗျို့...ဒါမှ Reunion ထွက်တော့ အဆင်ပြေမှာ...
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon