G Fatt
Official fan page of G Fatt.
10/04/2026
မြဝီရေ တို့ကတော့ ရှယ်ပြိုင်းသွားပြီ ချစ်တယ်နော် အားလုံးကို 😘
05/04/2026
Fan - Art .. 🖤
ဒါနဲ့စကားမစပ် တို့တေးသစ် ထပ်လာဦးမယ် 🌚
24/03/2026
ကိုယ့်ရဲ့ ပုဂံ - ညောင်ဦးကပရိတ်သတ်များကိုတော့ အမြဲအမှတ်ရနေတော့မှာ .. အာဘွားကွာ 😘
ညတွေဟာ အိမ်မက်ဆိုးတွေနဲ့ ယဥ်ပါးဆဲ .. မျက်လုံးသာပွင့်မသွားရင် တသက်လုံးပြန်မနိုးတော့ဘူးတောင် ထင်ရတယ် ..
Shouting out to all my Jaffys! These memories are for us.
20/03/2026
Spider-Man မန်းလေး ရောက်ပြီ ။ 🕷
19/03/2026
ကျောက်ပန်းတောင်း တဲ့ ..တစ်ခါမှ လာမဆိုဖူးတော့ တဝကြီး ဆိုပစ်လိုက်တာ 🌚🖤
" ကျောက်ပန်းတောင်း"
မှတ်မှတ်ရရ ဟိုး .. သက်ြန်တစ်နှစ်သားအခါက နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်တယ် ဆိုတဲ့ အဲ့ဒီ့မြို့လေးဆီ အပြေးရောက်ခဲ့ဖူးတယ် ။ တကယ်လဲ ကိုယ်ရောက်သွားတော့ မြို့ရဲ့ တစ်ကိုယ်လုံး ရေတွေရွှဲလို့်ရယ် ။ စာထဲတော့ .. အနော်ရထာက စုက္ကတေး ကို တိုက်ဖို့ အခြေချခဲ့တဲ့ အရပ် တဲ့ ဘယ်လောက်လှလိုက်သလဲ ...အဲ့ဒီ့မြို့လေးနဲ့ တို့ ဒီညတွေ့ကြမယ် 🖤
သမုဒယနဲ့ချည်တဲ့နွယ် သီချင်းဟာ Youtube မှာ ၁လအတွင်း 10 Millions Views ပြည့်သွားပြီဖြစ်ပါတယ် ။ အမှတ်တရအနေနဲ့ ဒီ Making Video လေး တင်ပေးလိုက်ပါတယ် ။ ရင်ဘက်ချင်းတူခဲ့ကြသူ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ .. 🖤 ။
I turly appreciate all the love & support.I hope y'all will enjoy this. 🪶
06/03/2026
လက်ချောင်တွေအများကြီးရထားတာကွ 🌚
04/03/2026
မလွမ်းဘူးလား ... 🖤
03/03/2026
" Jaffy Day "
ဘဝမှာ သူတို့ကို ကိုယ့်အပိုင်ရခဲ့တယ်လို့ ခံစားမိတိုင်း ပီတိဖြစ်ရတယ် ။ မပြေလည်တာတွေလဲရှိတာပေါ့ သူတို့ကိုဆုံးရှုံးရမလိုလဲဖြစ်ဖူးပါတယ် ။ သူတို့ကို ပစ်ထားတာလဲအခါခါ ။ အမြဲအတ္တကြီးတဲ့ ကျွန်တော်ပါပဲ ။ ဒီပွဲထဲမှာ သူတို့ထဲက လူတစ်ချို့ပဲလာခွင့်ရခဲ့တယ် ။ ဒီ့အတွက်လဲ ရင်ထဲ ဟာတာတာရယ်ပါ ။
ကိုယ်ဘာသီချင်းဆိုဆို ဘာမှ အားနာနေစရာမလိုတာ ကိုယ့်လူတွေလေ ။ အများကြီး ချစ်ရပါတယ် ။ 🖤
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Yangon