SAMM

SAMM

Share

SAMM (Music Training Center)

18/08/2026

Home Studio တစ်ခုစတင်ရန် လိုအပ်တဲ့ ပစ္စည်း (6) မျိုး

ယခင် ဒီ Post တင်ပေးခဲ့ဖူးပေမယ့် ခဏခဏ ပြန်လည်မေးမြန်းကြတဲ့အတွက် ထပ်မံ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ် ...

Home Studio လုပ်ကိုင်ရန်ပဲ ဖြစ်ဖြစ် ကိုယ်ပိုင်တေးသီချင်းများကို အိမ်မှာ ဖန်တီးချင်လို့ပဲ ဖြစ်ဖြစ် ပထမဆုံးအနေဖြင့် အဓိကဝယ်ယူသင့်သည့် ပစ္စည်း (6) မျိုးကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ် ...

Home Studio တစ်ခု ဖြစ်လာစေရန် ဂီတဝါသနာရှင် အများစုဟာ စိတ်အားထက်သန်လေ့ရှိကြပါတယ် ... အထူးသဖြင့် Audio Engineering သင်တန်းတက်ပြီး ကိုယ်ပိုင် ဂီတ ဖန်တီးလိုသူများအနေဖြင့် ဘယ်လိုပစ္စည်း Device တွေ စတင်ဝယ်ယူသင့်သလဲ ? ဆိုတဲ့ မေးခွန်းဟာ အများဆုံး ကြုံတွေ့နေကျ အရာတစ်ခု ဖြစ်ပါတယ် ...

1. Computer

ပထမဆုံး သင်ဟာ Audio သင်ခန်းစာများကို စတင်လေ့လာတော့မယ် ... သို့မဟုတ် ကိုယ်ပိုင် Home Studio လေးတစ်ခု စတင်ဖန်တီးချင်လာမယ် ... ဆိုတဲ့အခါမှာမရှိမဖြစ် လိုအပ်တာကကွန်ပျူတာ တစ်လုံး ဖြစ်ပါတယ် ... ကွန်ပျူတာဆိုရာမှာ Desktop ပဲဖြစ်ဖြစ် Laptop ပဲ ဖြစ်ဖြစ် Windows , Mac ဘာလိုပဲ ကွဲပြားပါစေ ကိစ္စမရှိပါဘူး ...

အဓိက က သင်ကိုယ်ပိုင်ကွန်ပျူတာကောင်းကောင်းတစ်လုံး ရှိနေရန် လိုအပ်သလို သင်ကိုယ်တိုင်ဟာလည်း အခြေခံ ကွန်ပျူတာသုံးနည်းအချို့ကို နားလည်ထားရပါမယ် ...

Home Studio တစ်ခု အနေဖြင့် ဖန်တီးရန် ကွန်ပျူတာဆိုလျှင် အနည်းဆုံး CPU Core i5 ခန့်မှ စတင်အသုံးပြုသင့်ပြီး RAM အနေဖြင့် 4 GB အနည်းဆုံး ရှိသင့်ပါတယ် ... HD ပမာဏကတော့ 500 GB မှ အထက် ရှိသင့်ပြီး Windows 8 , Windows 10 OS ထည့်သွင်းထားရန် လိုအပ်ပါတယ် ....

2.Microphone

Home Studio တစ်ခု လုပ်ကိုင်ရာမှာ Vocal သီချင်းသီဆိုမည့်သူတစ်ယောက်အတွက်ဆိုပါက Mic ကောင်းကောင်းတစ်လုံးရှိသင့်ပါတယ် ... ဒီလို Mic တစ်လုံးရှိနေ ခြင်းအားဖြင့် သင်လိုချင်တဲ့ မည်သည့်အသံကိုမဆို အလွယ်တကူ ဖမ်းယူနိုင်မှာ ဖြစ်သလို တူရိယာတီးခတ်မှုအတွက်ပဲ ဖြစ်ဖြစ် သီချင်းသီဆိုမှု အတွက်ပဲ ဖြစ်ဖြစ် မျိုးစုံအသုံးပြု
လို့ရတဲ့ အဓိက ပစ္စည်းတစ်ခု ဖြစ်ပါတယ် ...

3.Audio Interface

Audio Interface လို့ခေါ်တဲ့ Sound Card ဟာ Home Studio တစ်ခု အတွက် မဖြစ်မနေဝယ်ယူထားရမည့် Device တစ်ခု ဖြစ်ပါတယ် ... Audio Interface ဟာ ပြင်ပမှ အသံများကို ဖမ်းယူပေးရန်အတွက်ဖြစ်ပြီး ၎င်းဟာ Analog To Digital Convert အနေဖြင့် အသံများကို ကွန်ပျူတာဆီသို့ ဖမ်းယူပေးပါတယ် ...

Audio Interface အနေဖြင့် ဒေါ်လာ 100 ဝန်းကျင်မှ အထက် မိမိငွေကြေးနှင့်အဆင်ပြေသည့် အရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ် ... တန်ဖိုးကြီး Audio Interface အမျိုးအစားများစွာ ရှိပေမယ့် Home Studio များအနေနဲ့ ဒေါ်လာ 100 မှ အထက် Audio Interface ကို အသုံးပြု၍လည်း အသံ Quality ကောင်းမွန်စွာ ဖမ်းယူနိုင်ပါတယ် ...

4. Monitor Speaker

Home Studio အနေဖြင့် ဖန်တီးနိုင်ရန် မရှိမဖြစ် အရာဟာ Studio Monitor တစ်စုံဖြစ်ပါတယ် ... မိမိဖန်တီးမည့် ဂီတတေးသွားများကို ကောင်းမွန်စွာ ပြန်လည်ကြား
ရရန် Monitor Speaker တစ်စုံလိုအပ်ပါတယ် ... Monitor Speaker ဟာ Active Type နှင့် Passive Type ဆိုပြီး နှစ်မျိုးကွဲပြားပါတယ် ...

Active Type ဟာ Speaker နှင့်တွဲလျှက် Amplifier ပါဝင်သော အမျိုးအစားများဖြစ်ပြီး Passive Type ကတော့ စပီကာနှင့်တွဲသုံးရန် Amplifier တစ်လုံး ထပ်မံ ချိတ်ဆက်ရသည့် အမျိုးအစားဖြစ်ပါတယ် ... Active ဖြစ်စေ Passive ဖြစ်စေ နှစ်မျိုးထဲမှ နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပြီး Home Studio အတွက် လူသုံးအများဆုံး Monitor Speaker အမျိုးအစားကတော့ Yamaha ဖြစ်ပါတယ် ...

အခြားသော Home Studio အတွက် အသုံးပြုသင့်သည့် Monitor Speaker ကတော့ M Audio , Presonus , KRK , Behringer , Mackie , စသည်ဖြင့် အမျိုးအစား
များစွာရှိကြပြီး မိမိ အသုံးပြုမည့်ငွေကြေးပမာဏနှင့် ဖန်တီးလိုသည့် ဂီတအမျိုးအစား အလိုက် သင့်တော်ရာတစ်မျိုးမျိုးရွေးချယ်အသုံးပြုနိုင်ပါတယ် ... Brand အမျိုးအစားကွာခြားချက်အလိုက် အသံကွဲပြားမှုရှိသလို Recording သုံး Mixing & Mastering သုံး စသည်ဖြင့်လဲ ကွဲပြားမှုရှိပါတယ် ...

5. Headphone

Home Studio သမားများအနေဖြင့် နောက်ဆုံး လိုအပ်တဲ့ အရာကတော့ HeadPhone ကောင်းကောင်းတစ်လုံး ဖြစ်ပါတယ် ... HeadPhone များဟာ အသံချိန်ညှိရာမှာလည်း အသုံးပြုနိုင်သလို Vocal သံဖမ်းယူခြင်း Hollow Guitar သံဖမ်းယူခြင်း Mixing လုပ်ခြင်း Mastering လုပ်ဆောင်ခြင်းတို့အတွက်လည်း Monitor Speaker နှင့်တွဲ
ဖက်အသုံးပြုနိုင်သည့် ပစ္စည်းတစ်ခု ဖြစ်ပါတယ် ... ဒီလို Headphone ရွေးချယ်ရာမှာ Recording Studio သုံး Headphone များကိုသာ ဝယ်ယူ အသုံးပြု သင့်ပြီး Multimedia သုံး Headphone များ အခြား ကွန်ပျူတာသုံး Gaming Headphone များ အသုံးပြုလို့ မရပါဘူး ...

6. Preamp

Preamp ကတော့ အသံ Level တိုးနေသော အရာများကို မြှင့်တင်ပေးရန်နှင့် အသံအရည်အသွေးပိုမိုကောင်းမွန်စေရန် Audio Interface အရှေ့မှာခံပြီး အသုံးပြုရတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ် ... လောလောဆယ် ယခုမှ စတင်လုပ်ကိုင်သူများအတွက် Preamp မရှိလဲ Sound Card မှ Preamp အနေဖြင့် လုပ်ဆောင်ပေးနိုင်တာကြောင့် သိပ်တော့
အရေးမကြီးသေးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ် ...

မိမိ Home Studio ရဲ့ အသံဖမ်းယူနိုင်သည့် Quality ကို ပိုမိုကောင်းမွန်ပြီး Upgrade လုပ်ချင်တဲ့အခါမှာ Mixer ကောင်းကောင်းတစ်လုံး သို့မဟုတ် Preamp ကောင်းကောင်းတစ်လုံးကို Sound Card အရှေ့မှာ ကြားခံ အနေဖြင့်ခံပြီး အသုံးပြုနိုင်ပါတယ် ...

ဒီလောက်ဆိုရင်တော့ Home Studio တစ်ခုစတင်ပြုလုပ်လိုသူတွေ အတွက် ဘယ်လိုပစ္စည်းတွေ လိုအပ်တယ် ... ဘယ်လိုအရာတွေ စတင်စုဆောင်းသင့်သလဲဆိုတာကို နားလည် သဘောပေါက်သွားပြီ ဖြစ်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

18/08/2026

IronAxe ဂစ်တာ တူရိယာ Plugin ဆော့ဖ်ဝဲလ်

ယခု မိတ်ဆက် ဖော်ပြပေးမည့် တူရိယာ Plugin ဆောဖ့်ဝဲလ်လေးကတော့ Iron Axe လို့ခေါ်တဲ့ VST Guitar တူရိယာ Plugin လေးတစ်ခု ဖြစ်ပါတယ် ...

အဓိကအားဖြင့် FL Studio နှင့်ချိတ်ဆက်ပြီး Electric ဂစ်တာအသံများ တီးခတ်ဖန်တီးနိုင်မည့် VST Instrument တူရိယာ ဆောဖ့်ဝဲလ် တစ်ခုဖြစ်ပါတယ် ...

Iron Axe ဆော့ဖ်ဝဲလ်ကို https://t.me/sammsoftware/37
မှတဆင့် Download ပြုလုပ်ရယူနိုင်ပြီး File Size အရွယ်အစား အနေဖြင့်လည်း 11.9 MB ဝန်းကျင်ခန့်သာရှိတဲ့အတွက် ပေါ့ပါးသေးငယ်တဲ့ Vst Instrument ဆောဖ့်ဝဲလ် တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ် ...

Iron Axe ဟာ Vst Plugin ဖြစ်တဲ့အတွက် Fruity Loop , Cubase , Studio One အစရှိတဲ့ Vst Support လုပ်နိုင်တဲ့ Audio ဆောဖ့်ဝဲလ်များနဲ့သာ တွဲဖက်အသုံးပြုသင့်ပြီး အထူးသဖြင့် Fruity Loop ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်၍ ဂစ်တာတူရိယာအနေဖြင့် တီးခတ်ဖန်တီးရန် အသင့်တော်ဆုံးလို့ ဆိုနိုင်ပါတယ် ...

Iron Axe တွင်ဂစ်တာ အမျိုးအစား အနေဖြင့် Telecaster ပုံစံ Single ကွိုင် Pickup ဂစ်တာ နှင့် Humbucker Pickup တပ်ဆင်သုံးစွဲထားသော Stratocaster ဒီဇိုင်း Electric ဂစ်တာဟူ၍ အမျိုးအစား (၂) မျိုး ပါဝင်တာကို တွေ့ရပါတယ် ...

ဂစ်တာလက်ခတ်ပြား Plectrum တည်နေရာကိုလည်း Bridge နေရာ , Neck နေရာ စသဖြင့် သင့်စိတ်ကြိုက် ရွေးချယ်သတ်မှတ်နိုင်သလို Pick အထူအပါး အရွယ်အစားကိုပါ ပြင်ဆင်တီးခတ်နိုင်တာကို တွေ့ရပါတယ် ...

ဂစ်တာတီးခတ်ပုံ နည်းစနစ်များအနေဖြင့် ( Palm Mute ခပ်အုပ်အုပ် Vamp တီးခတ်သံ , Taping Harmonic သံ , Strumming ကြိုးအားလုံး Rhythm ကဲ့သို့ တီးခတ်သံ , Bending ဂစ်တာ ကြိုးတွန်း တီးခတ်သံ , Slide ကြိုးပွတ်ဆွဲ တီးခတ်သံ စသည့်ဖြင့် ဂစ်တာအသံမျိုးစုံ ချိန်ညှိတီးခတ်နိုင်သလို အခြား ပြင်ပမှ Midi Keyboard Controller , Midi Guitar တို့နှင့်ပါ ချိတ်ဆက် အသုံးပြုနိုင်တာကို တွေ့ရပါတယ် ...

Iron Axe တွင် ဂစ်တာ Effect Pedals အနေဖြင့် Wah Wah , Overdrive , Delay , Reverb , Distortion အစရှိသဖြင့် Stomp Box (10) မျိုး ထည့်သွင်းပေးထားပြီး Guitar Amp / Cabinet အနေဖြင့် Amp Type (6) မျိုး ပါဝင်တာကို တွေ့ရပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

16/08/2026

Solide State Pre Amp ဆိုတာ ... ?

Pre Amp ဆိုတာဟာ တိုးနေတဲ့အသံအရည်အသွေးကို ပိုမိုကျယ်လာစေရန်မြှင့်တင်ပေးတဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ် ...

ဥပမာ မိုက်ကရိုဖုန်းနှင့်သီချင်းသီဆိုရာမှာ မိုက်အသံ တိုးနေလျှင် Pre Amp ကို ကြားခံ အသုံးပြုပြီး မိုက်ကရိုဖုန်းအသံပိုမို ကျယ်လာစေရန် အသုံးပြုနိုင်ပါတယ် ...

ထိုကဲ့သို့ အခြား တူရိယာအသံများ ဖမ်းယူရာမှာလည်း အသံတိုးနေပြီး လိုအပ်သလောက် ကျယ်လောင်မှု Gain
မရှိဘူးဆိုလျှင် ကြားခံ အနေဖြင့် Pre Amp ကို အသုံးပြုနိုင်ပါတယ် ...

Pre Amp များအနေဖြင့် Tube Type Pre Amp , Solid State Pre Amp ဆိုပြီး အခြေခံ (2)မျိုး ကွဲပြားပါတယ် .. ယခု Solid State Pre Amp အကြောင်းကိုဆက်လက်လေ့လာကြည့်ရအောင် ...

Solide State Pre Amp ကတော့ Transistor ကို အသုံးပြုပြီးတည်ဆောက်ထား တဲ့ Pre Amp တစ်မျိုး ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Solide State Pre Amp တွေဟာ အနီးစပ်ဆုံး မူလ အသံကို ကောင်းမွန်စွာ ဖမ်းယူမြှင့်တင်ပေးနိုင်တဲ့ Device များ ဖြစ်ကြပါတယ်။

​ပုံ မှန်အားဖြင့် Solide State Pre Amp များအတွင်း အရည်အသွေးမြင့် Transistor များပါဝင်ပါတယ်။ ဒါကြောင့် သူ့အသံဟာ Warm ဖြစ်ပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် Distort ဖြစ်စေနိုင်သည်အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် အရေအသွေးမြင့် Solide State Pre Amp များဟာ ဈေးအလွန်ကြီးပါတယ်။ အသံကို ပိုမို ရှင်းလင်းပြေပြစ်စေရန်နှင့် Gain ကောင်းမွန်သော အသံစနစ်တစ်ခုကို ရရှိစေရန်အတွက် အသုံးပြုပါတယ်။

Solide State Pre Amp များကို ကလပ်စစ်ကယ် ဂီတသံများ ဖမ်းယူရာမှာ သဘာဝကျတဲ့ တူရိယာသံမျိုး တနည်းအားဖြင့် ရှင်းလင်း ပြတ်သားစွာ ကြားရတဲ့ တူရိယာသံမျိုး ရရှိလိုတဲ့ အခါမှာ ကြားခံ အနေဖြင့် အသုံးပြုပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

16/08/2026

Auto Tune ဖြင့် မိုက်အသံ အမျိုးမျိုးပြောင်းလဲခြင်း

Auto Tune Mic Mod ဆိုတာကတော့ မိုက် အမျိုးအစားများစွာရဲ့ အသံကာလာများကို တုပ ထုတ်လုပ်ထားတဲ့ Mic Cabinet Effect တစ်မျိုးဖြစ်ပါတယ် ... ဥပမာ သီချင်း သီဆိုသူ တစ်ယောက်ဟာ AKG မိုက်နှင့် သီဆိုထားပေမယ့် Neumann မိုက်မှ ထွက်လာတဲ့ အသံကာလာမျိုး ရရှိစေအောင် Auto Tune Mic Mod ကိုသုံးစွဲပြီး ပြောင်းလဲ ချိန်ယူနိုင်ပါတယ် ...

Auto Tune Mic Mod တွင် မိုက်ကရိုဖုန်း အမျိုးအစား 100 ကျော်ထည့်သွင်းပေးထားပြီး သင့် Vocal အသံနှင့် ပိုမိုလိုက်ဖက်မှုရှိတဲ့ မိုက်အသံမျိုးကို ပြောင်းလဲ သတ်မှတ်ပေးနိုင်ပါတယ် .. ဒါပေမယ့် သတိထားရမည့် အချက်တစ်ချက်ကတော့ Source Mic နေရာမှာ သင် လက်ရှိအသုံးပြု သီဆိုလိုက်တဲ့ မိုက်အမည်ကို မှန်ကန်စွာရွေးချယ်ပေးဖို့ လိုအပ်ပါတယ် ...

ပြီးနောက် ဆက်လက်၍ Modeled Mic နေရာမှာ သင် ပြောင်းလဲအသုံးပြုလိုတဲ့ မိုက်တစ်မျိုးကို ရွေးချယ်သတ်မတ်ပြီးနောက် မိုက်နှစ်မျိုးစလုံးရဲ့ အကွာအဝေးတွေကိုလည်း တူညီအောင် သတ်မှတ်ထားရမှာ ဖြစ်ပါတယ် ...

Tube Saturation ကတော့ Tube မိုက်ကရိုဖုန်းများမှ ဖမ်းယူတဲ့ အသံကဲ့သို့ ရရှိစေရရန် ဖြစ်ပြီး Saturation ပမာဏ များလွန်းပါက Distort အနည်းငယ်ပါဝင်လာတာကို ကြားရ မှာ ဖြစ်ပါတယ် ...

Input Gain နှင့် Ouput Level ကတော့ Effect အတွင်းသို့ ဝင်ရောက်လာတဲ့ မူရင်းအသံနှင့် Effect မှ ပြန်လည်ထွက်လာတဲ့ Output အသံအတိုးအကျယ်ကို ချိန်ညှိပေးရန်အတွက် ဖြစ်ပါတယ် ...

မိုက် အမျိုးအစား များစွာရဲ့ Frequency Response ကို မော်ဒယ်ပြု အခြေခံကာ ဖန်တီးထားတဲ့ Plugin Effect ဖြစ်ပြီး မူရင်း အော်ရင်ဂျင်နယ် မိုက် အသံ အတိုင်းတော့ 100 ရာခိုင်နှုန်း တူညီဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး ...

ဒါပေမယ့် သင့်ရဲ့ Vocal သီဆိုမှု အသံကာလာ Tone ကို ပြောင်းလဲလိုတဲ့အခါမျိုးမှာ ဒီ Auto Tune Mic Mod ဟာ အလွန် အသုံးဝင်တဲ့ Plug in တစ်ခု ဖြစ်ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

15/08/2026

အခြေခံ သိထားသင့်တဲ့ Triads များ

Traids ဆိုတာကတော့ အသံသုံးသံ တွဲထားတာကိုဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ C Chord တွင် C E G ပါဝင်ပြီး ၎င်း အသံသုံးသံကို တစ်ပြိုင်နက်တည်းတီးလိုက်တဲ့အတွက်ကြောင့်ဒါကို Traid လို့
ခေါ်လို့ရပါတယ်။

Tri ဆိုတာ three ကိုပြောတာ ဖြစ်ပြီး Greek စကားလုံးမှ ယူထားတာ ဖြစ်ပါတယ်။
Triads တွေ ကိုကြည့်မယ်ဆိုရင် ပုံမှန်အားဖြင့် Root Note ပါဝင်မယ် ပြီးရင် 3rd note ပါဝင်မယ် ပြီးနောက် 5th Note ပါဝင်မှာ ဖြစ်ပါတယ်။

Example
C Dm Em F G Am Bdim ဆိုပါစို့
( C Major Scale မှ ဆင်းသက်လာသော C Family Chord များဖြစ်ပြီး အသံသုံးမျိုးဖြင့် Chord ဖွဲ့စည်းထားသော Traids များဖြစ်ပါတယ်

ဒီ Chord တွေ အားလုံးသည် အသံ သုံးသံ သာပါဝင်ကြသည်။ အဲဒါကြောင့် ဒီလို အသံသုံးသံသာပါဝင်တဲ့အတွက် သူ့ကို Traid Chord လို့ ခေါ်ပါသည်။

Four Note Chords :

Tetrads Chords တွေ မှာ အသံ (၃) သံထက် ပိုပါလာတဲ့အတွက် ဒီလို Chord တွေ ကိုတော့ Tetrads Chords လို့ခေါ်ပါတယ်။ Tetra ဆိုတာဟာလည်း Greek စကားလုံးဖြစ်ပြီး (၄) ကိုရည်ညွန်းတာ ဖြစ် ပါတယ်။

ဥပမာ
C major Seven Chord
{ Cmaj7} = C (do) E(me) G(so) B(ti)

C Minor Seven Chord
{ Cm7} = C Eb G Bb

C6 = C E G A
အစရှိတဲ့ Chord အမျိုးအစားများ ဖြစ်ပါတယ်...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

14/08/2026

Mixing အတွက် Kick သံချိန်ယူခြင်း

လွန်ခဲ့တဲ့ 2001 ခုနှစ်ဝန်းကျင်ကစပြီး Dr.Dre ရဲ့ Hip Hop Beat သံများဟာ လူကြိုက်များလာခဲ့ပြီး Kick သံရဲ့ Mixing ပုံစံများဟာလည်း ယခင် Mixing ခွဲနေကျပုံစံနဲ့ခွဲထွက်လာခဲ့ပါတယ်။ ဒီလို Dr. Dre ရဲ့ Kick သံများဟာ Hip Hop Producer များအတွက် အကြီးမားဆုံး စိမ်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ၎င်းတို့ရဲ့ ခံယူချက်ကတော့ သီချင်းတစ်ပုဒ်ရဲ့ Kick သံ ကျယ်လောင်ခြင်း အားဖြင့် ၎င်းသီချင်းရဲ့ မြူးကြွမှုနှင့် ကျယ်လောင်မှုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ထူးခြားတာကတော့ အဲဒီ Kick သံများရဲ့ Compressor သုံးထားတဲ့ ပုံစံများ ဖြစ်ပါတယ်။ ဥပမာ Dr.Dre ရဲ့ Xxplosive နှင့် 50 Cent ရဲ့ In Da Club သီချင်းများမှာ အသုံးပြုထားတဲ့ Beat နဲ့ Kick သံများဟာ အလွန်နားထောင်ကောင်းပါတယ်။ အင်အားအပြည့်နဲ့ Kick သံများကို ကျယ်အောင်စွာ အ သုံးပြုထားပါတယ်။ ဒီလို Kick သံမျိုးကို ဘယ်လို စဉ်းစားပြီး ရွေးချယ်ရသလဲ၊ ဘယ်လို EQ , Compresser များအသုံးပြုသင့်သလဲဆိုတာကို ဆက်လက်လေ့လာကြည့်ပါမယ်။

Kick သံများကို Setting ချိန်ရာမှာ

(1) Frequency Hz ကို မှန်ကန်စွာ ချိန်ခြင်း၊
(2) Noise Gate ကိုအသုံးပြုခြင်း
(3) Compressor ကိုအသုံးပြုခြင်း
(4) Limiter ကိုအသုံးပြုခြင်း
(5) EQ ကိုအသုံးပြုခြင်း
(6) အသံဖမ်းယူရာတွင် Kick အပြင် Sub Kick သံကို ပါ ဖမ်းယူခြင်း စတဲ့အချက်တွေကို အခြေခံပြီး ချိန်ညှိရပါမယ်။

Kick သံများကို Mixdown မပြုလုပ်မီ Kick သံရဲ့ သဘောသဘာ၀ Physical Sound ကို အရင်လေ့လာကြည့်ပါမယ်။ Kick သံဆိုတာဟာ Low Frequencies ပေါင်းမြောက်များစွာပါဝင်တဲ့ အသံမျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ နားကြားနိုင်စွမ်းရည်ဟာ 40 Hz မှ အထက် Low Frequency များကို ကြားနိုင်ပါတယ်။ Kick ံရဲ့ Frequency များဟာ 20 Hz လောက်ကနေ စတင်နိုင်ပါတယ်။

ဒါကြောင့် Kick သံမှာ လူမကြားနိုင်လောက်တဲ့ Frequency များစွာ ပါဝင်နေတယ်ဆိုတာကို သိထားရပါမယ်။ Kick သံကောင်းကောင်း ရရန်အတွက် သီချင်းနှင့် လိုက်ဖက်မှုရှိတဲ့ Kick အမျိုးအစားကို အရင်ရွေးချယ်ရပါမယ်။ ဥပမာ အားဖြင့် သီချင်း အမျိုးအစားနှင့် အသုံးပြုထားသော Kick သံဟာ လိုက်ဖက်မှုမရှိဘူးဆိုရင်တော့ ၎င်းသီချင်းဟာ အားပျော့နေသလို ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် သီချင်းတစ်ပုဒ်ကို Drum တီးတဲ့အခါမှာပဲ ဖြစ်ဖြစ် Program ရေးတဲ့ အခါမှာပဲဖြစ်ဖြစ် သူနဲ့ လိုက်ဖက်မှုရှိတဲ့ Kick သံမျိုးကို အရင်ရှာဖွေရပါမယ်။ ဒါမှသာ သင်ဖန်တီးတဲ့သီချင်းဟာ Powerful ဖြစ်တဲ့ Kick သံမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

လူကြားနိုင်တဲ့ Frequency ဟာ 40 Hz လောက်ကနေ စတင်တယ်လို့ ယျေဘူယအားဖြင့် ဆိုနိုင်ပါတယ်။ ဒါကြောင့် Kick သံများရဲ့ Bass Hz ကို တင်ရာမှာ 20 Hz ကို မတင်ပဲ 50 - 250 Hz လောက်တွေကို အာရုံစိုက်ကာ ချိန်ညှိပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ Kick သံဟာ သင့်စိတ်တိုင်းကျ အသံမျိုး၊ ရရှိမှာ ဖြစ်ပါတယ်။
SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

14/08/2026

Bass ဂစ်တာအတွက် Compressor အသုံးပြုခြင်း

(၁) Attack သံကို ညီညာအောင်ပြုလုပ်ခြင်း

ပထမဆုံးအနေဖြင့် Bass ဂစ်တာအသံအတွက် Attack အရမ်းများပြီး အသံထွက်ညီညာပြေပြစ်မှုမရှိတဲ့ Bass ဂစ်တာလိုင်း ချိန်ညှိပုံကို အရင်ရှင်းပြပေးပါမယ် ... Bass ဂစ်တာအသံ ညီညာ ပြေပြစ်ပြီး နားထောင်ကောင်းဖို့အတွက် အဓိကကျတဲ့ အချက်တစ်ချက် ကတော့ Attack ဖြစ်နေတဲ့ ခပ်ပြင်းပြင်းတီးချက်တွေကို ညီညာချောမွေ့ပြီး Smooth ဖြစ်အောင် ပြုပြင်ချိန်ညှိခြင်းပဲ ဖြစ်ပါတယ် ...

ဒီလို အသံထွက်ညီညာစေဖို့အတွက် အဓိကအသုံးပြုရမည့် Effect ကတော့ Compressor ဖြစ်ပြီး အထူးသဖြင့် Bass အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Bass Compressor Pedal တစ်မျိုးမျိုးကို မဖြစ်မနေ အသုံးပြုသင့်ပါတယ် ...

Bass Compressor အသုံးပြုရာမှာ Ratio ပမာဏကို 4: 1 သို့မဟုတ် လိုအပ်ပါက 8:1 အထိ သတ်မှတ်ရွေးချယ်၍ Bass ဂစ်တာအသံရဲ့ Attack ဖြစ်နေတဲ့ Wave တွေကို ညီညာသွားအောင် ပြုလုပ်ဆောင်ရွက်နိုင်ပါတယ် ... အထူးသဖြင့် Bass ဂစ်တာအသံဟာ တီးခတ်သူရဲ့ ခပ်ပြင်းပြင်း အားစိုက်တီးတဲ့ အခါမျိုးတွေမှာ အသံဆောင့်ထွက် ကျယ်လောင်လာတာမျိူးတွေ ကြုံတွေ့ရတတ်ပြီး ဒီလိုအသံ ကျယ်လောင်မှု (Attack ) ကို ထိန်းချုပ်ဖို့အတွက် Attack Time ကို Slow အနေဖြင့် ချိန်ညှိပေးရပါမယ် ...

(၂) Sustain ရှည်လျှားတဲ့ Bass ဂစ်တာ အသံချိန်ညှိခြင်း

နောက်ထပ် Bass ဂစ်တာအတွက် အသံချိန်ညှိနည်းကတော့ ဂစ်တာသံကို အသံရှည် Sustain ပိုကောင်းစေရန် ချိန်ယူခြင်း ဖြစ်ပါတယ်... ... Bass ဂစ်တာအသံ Sustain ကောင်းလာစေဖို့ဆိုရင် Compressor တွင် Ratio ပမာဏကို 8:1 မှ အထက် သင်အလိုရှိတဲ့ Sustain ရသည်အထိ Ratio ကို တိုးမြှင့်သတ်မှတ်ပေးရပါမယ် ...

Attack ကိုတော့ အလည်အလတ် ပမာဏ မှ Fast အထိ သတ်မှတ်ထားရှိရပါမယ် ... Release ကိုတော့ Short မှာ ထားရှိကာ ချိန်ညှိပေးနိုင်ပါတယ် ... Release ကို Short မှာ ထားလိုက်ခြင်းအားဖြင့် တူရိယာအသံရဲ့ အသံရှည် Sustain ကို ပိုမိုအားကောင်းလာစေပါတယ် ...

ဒါပေမယ့် ယခုလို Compressor ချိန်ညှိပုံ Setting ရဲ့ အားနည်းချက်ကတော့ အသံ Sustain ပိုမိုရှည်လျားလာတာနဲ့အမျှ မူရင်းတီးခတ်သူရဲ့ အသံအနိမ့်အမြင့် Expression ကိုတော့ လျှော့ကျသွားစေနိုင် ပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

14/08/2026

Mixing နဲ့ Master ကွာခြားချက်

Mixdown နှင့် Mastering အပိုင်းနှစ်မျိုးစလုံးဟာ အနည်းငယ်ခက်ခဲ ပေမယ့် ၎င်းတို့ဟာ ဖန်တီးမှု Creating အပိုင်းများပဲဖြစ်ပါတယ်။ အနောက်နိုင်ငံရှိ အသံသွင်းကုမ္ပဏီကြီးများ မှာတော့ အဆိုတော်တစ်ဦး ချင်းစီနှင့် အဖွဲ့ တစ်ဖွဲ့အလိုက် Mastering အင်ဂျင်နီယာ သီးသန့် ထားရှိကြပါတယ်။

ဒါကြောင့် သီချင်း အမျိုးအစားနှင့် အဆိုတော်အလိုက် Mixdown Style နှင့် Mastering Quality များအနည်းငယ် ကွဲပြားကြခြင်းပဲဖြစ်ပါတယ်။ တစ်ခုနားလည်ထားရမှာကတော့ Mixdown နှင့် Mastering နှစ်ပိုင်းစလုံးဟာ အင်ဂျင်နီယာ ဘယ်လောက်ပဲတော်ပါစေ တီးခတ်သည့် Player, အဆိုတော် သီချင်းအမျိုးအစား နှင့် Music Arrangerment စသည်တို့အပေါ်တွင် များစွာမှုတည်ပါတယ်။ ဆိုလိုတာကတော့ Recording Quality မကောင်းပဲနဲ့ Mixdown နှင့် Mastering ပိုင်းကို ကောင်းချင်လို့ မရပါဘူး။

Mastering အချောသတ်ပြုလုပ်ခြင်း အပိုင်းဟာလည်း သီးသန့် သီအိုရီ မရှိပဲ အများဆုံး လုပ်ကိုင်ဆောင်ရွက်လေ့ရှိကြသော နည်းပညာများကိုပဲ အဓိက လေ့လာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Mastering ပြုလုပ်ရာမှာ Hardware Device များနှင့် Software Plug-ins များကို အသုံးပြုလုပ်ဆောင်နိုင်ပါတယ်။ Hardware Devices များအနေဖြင့် Rack အရွယ်အစား TC Finalizer စတဲ့ Hardware များကို အသုံးပြု လုပ်ဆောင်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ အသုံးနည်းပါတယ်။ များသောအားဖြင့် Software များ Plug-ins များကိုသာ အသုံးပြုလုပ်ဆောင်လေ့ရှိပါတယ်။ Software များနှင့် Plug-ins များဟာလည်း စွမ်းဆောင်ရည်အလွန်ကောင်းမွန်ကြပြီး Hardware နဲ့ ၈၀ ရာခိုင်နှုန်းကျော် အသံအရည်အသွေး တူညီကြပါတယ် ...

SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No 61 Lake Kan Street Yay Kyaw
Yangon
11182