E.M.S Digital Recording Studio

E.M.S Digital Recording Studio

Share

!!!We respect the Best Quality!!! 1 Hour 10000 kyat

22/04/2026

ဧပရယ်လကုန်ထိ ဒီဈေးလေးနဲ့ပဲ ရမှာမို့ ဒိတ်ယူမယ်ဆို ဆက်သွယ်လိုက်တော့နော်။

တူရိယာကြေး ဘာကြေးညာကြေးတွေလည်း မရှိတဲ့အပြင် အရင်လို မီးစက်ဆီဖိုး မပေးရတော့တဲ့ သတင်းကောင်းလေး ပါးပါရစေ။

17/04/2026

နှစ်သစ် ဆုမွန်ကောင်း တောင်းပေးလိုက်ပါရစေ။

04/04/2026

ခေတ်ကြပ်ကြီးထဲ အချိန်လေးရရင် ရသလို လာအားပေးကြတဲ့ တဦးတယောက်စီတိုင်းသော တေးသံသွင်းသူ အပေါင်းအားလုံးတို့ကို ကျေးဇူးတင်ပါတယ်နော်။
သာယာချမ်းမြေ့သော သင်္ကြန်လလေး ပိုင်ဆိုင်ကြပါစေ။

21/03/2026

လက်ရှိဖြစ်ပေါ်‌နေသော စက်သုံးဆီပြတ်လပ်မှုများနှင့် အခြေအနေအရပ်ရပ်ကြောင့် မှောင်ခိုအားပေးလည်းမလုပ်ချင်ပါသဖြင့် မတ်လကုန်ထိ ဒေးဂျူတီလေးတွေ ခဏနားထားပြီး ဂျူတီဝက် လေးနာရီပါ ဂျူတီလေးတွေတော့ ၂၅ ရက်နေ့မှစ လကုန်ထိ ဒိတ်ယူလို့ ရပါသေးကြောင်း အသိပေးပန်ကြားအပ်ပါတယ် ခင်ဗျ။

ဖုန်း ၀၉၄၂၁၁၆၂၀၆၆/ ၀၉၄၂၀၀၄၉၁၀၃ သို့ဆက်သွယ်ကာ ကြိုတင်ဒိတ်ယူနိုင်ပါသည်။ တူရိယာကြေးဆိုပြီး သီးသန့်ပေးရန်မလိုအပ်သလို ဂျူတီဝက်ဈေးလေးကတော့ ၆သောင်းကျပ်ပါ။ နမူနာ; စတူဒီယိုကတော့ ပုံပါအတိုင်း ဂရုအေဖြစ်ပြီး ၂၅ ရက်နေ့မှာ ၉နာရီက၁နာရီ ယူနိုင်သလို ၂၆ရက်နေ့မှာ ၁နာရီမှ၅နာရီယူနိုင်ပါတယ် ခင်ဗျာ။

ခေတ်ကာလအ‌ခြေအနေအရ ပြောင်းလဲရတာမို့ နားလည်ပေးကြပါရန်လည်း တခါတည်း မေတ္တာရပ်ခံအပ်ပါရစေ။

Photos from San Yay Moe's post 16/03/2026

EMS မှ တေးသံသာ

04/03/2026

၂၀၂၃ ထဲက ဂျူတီကြေးလေးကို ၂၀၂၆ မှာ ပြောင်းခွင့်ပြုပါရန် မေတ္တာရပ်ခံပါရစေ။

တေးသံသွင်း ဂျူတီကြေး ကို ယခင်နှုန်းထားအစား
Half-Duty (၄နာရီအပါ) ခြောက်သောင်းကျပ် နှင့်
Day-Duty (၈နာရီအပါ) တစ်သိန်းကျပ် သို့ ပြောင်းလဲခွင့်ပြုကြပါရန် ခင်မင်ရပါသော တေးသံသွင်းသူအားလုံးတို့အား မေတ္တာရပ်ခံပန်ကြား အသိပေးပါရစေ။

ဒိတ်လေးတွေ ယူမည်ဆိုပါက ၀၉၄၂၁၁၆၂၀၆၆ သို့ဖြစ်စေ ၀၉၄၂၀၀၄၉၁၀၃ သို့ဖြစ်စေ ဆက်သွယ်ပေးပါနော်။

01/02/2026

၂၀၂၆ ခုထိ တေးသံသွင်း တစ်ဂျူတီ (၈နာရီ) ၈သောင်း
ဂျူတီဝက် (၄နာရီ) ၄သောင်း သာ ကျသင့်မှာ ဖြစ်သလို

မီးပျက်ချိန်လည်း မီးစက်ရှိတာမို့ ပူစရာမလို ဒိတ်ယူလိုပါက 09421162066 / 09420049103 သို့ ဆက်သွယ်ပါဗျို့။

22/01/2026

EMS Studio အနေနဲ့ အစဉ်ကောင်းမွန်အောင် ကြိုးစားနေပြီး (၁၄)နှစ်ပြည့်ကို ဆုတောင်းပေးကြသော တဦးတယောက်တိုင်းကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်

တေးသံသွင်းလာရောက်ကြသူအပေါင်း ဒေတာလွှဲတဲ့အခါ အဆင်ပြေစေရန် ဝိုင်ဖိုင်လည်း ထားရှိပေး ထားပြီး ဖြစ်ပါကြောင်း သတင်းကောင်း ပါး ပါရစေ ခင်ဗျာ။

08/01/2026

၂၀၂၆ နှစ်သစ် မှာ ရွှင်လန်းချမ်းမြေ့သာယာကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အသိပေးပြောပြချင်တဲ့ သီတင်းစကားလေးတွေကတော့

{၁} ခေတ်ကာလအရ လက်ရှိတွင် မီးစက်ဆီဈေးကျနေပါသောကြောင့် ယခင်မီးစက်ကြေး တစ်နာရီ ၁၃၀၀၀ မှ ၁၀၀၀၀ သို့ ပြောင်းလဲသတ်မှတ်‌ထားပါကြောင်း

{၂} စတူဒီယိုရဲ့ ပုံမှန်အသံဖမ်းပေးနေသူ ကိုထွန်းလွင်အောင်သည် သူ့ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့် ၂၀၂၅ ဒီဇင်ဘာ ၃၁ ကစ အလုပ်နားသွားပြီ ဖြစ်ပါကြောင်း

{၃} စတူဒီယို အနေနဲ့ ပုံမှန်အတိုင်း ဖွင့်လှစ်နေဆဲ ဖြစ်တာကြောင့် တေးသံသွင်းလိုပါက ဖုန်း ၀၉၄၂၁၁၆၂၀၆၆/ ၀၉၄၂၀၀၄၉၁၀၃ သို့ ဆက်ကာ ဒိတ်ယူလို့ရပါကြောင်း

မေတ္တာရှေ့ထား အကြောင်းကြားအပ်ခြင်း ဖြစ်ပါတယ်။

တေးသံသွင်းတစ်နာရီ ၁၀၀၀၀ ကျပ်သာ ကျသင့်တာကတော့ အရင်အတိုင်း ဘာမှမပြောင်းလဲပါဘူး နော်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thuya 9th Street
Yangon