Myanmar Kitchen

Myanmar Kitchen

Share

Myanmar Kitchen is a registered NGO. We currently provide humanitarian aid to families affected by current situation.

Due to current political situation in Myanmar Kitchen team helps to provide Humanitarian Aid to people in need. Many have lost their job and are unable to provide their families. Especially workers on daily wages who don't have any savings during this difficult time. We collect donations from around the world and use donations to buy raw materials. Then volunteers within communities help us to cook and prepare meals and distribute it to needy people.

14/04/2026

Happy Thingyan to you all 🙏🏼

အားလုံးပဲ ရေချမ်းတဲ့ ရေများနဲ့ ပတ်ဖြန်းပြီး သင်္ကြန်ရေ ဆော့ကစားက နှစ်ဟောင်းက အညစ်အကြေးများကို ဖယ်ရှားကာ နှစ်သစ်သို့ ကူးနိုင်ကြပါစေရှင်။

Photos from Myanmar Kitchen's post 08/04/2026

ပါပါး Win Thaw Ko နဲ့ မာမား Aye Thet San တို့ရဲ့ ကံကောင်းခြင်းတွေကို October လမှာ အရောက်ယူဆောင်လာပေးတော့မယ့် Lucky baby girl လေးအတွက် ပါပါး နဲ့ မာမားကနေပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ တက်သစ်ကျေးရွာလေး မီးရရှိနိုင်ရေးအတွက် အလှူငွေ 200,000 ကျပ်တိတိကို လှူဒါန်းပေးခဲ့ပါတယ်ရှင်။

ပါပါး နဲ့ မာမားတို့က "May this donation be a blessing to others, just as our baby girl is a blessing to us." လို့လည်း ဆုတောင်းပေးလိုက်ပါသေးတယ်။

အလှူရှင် ဖေဖေ၊ မေမေ နဲ့ မီးမီးလေးတို့ မိသားစုလည်း ခုလို မီးအလင်းလှူဒါန်းရသောကြောင့် သာယာအေးချမ်းပြီး လင်းလက်ပျော်ရွှင်သော မိသားစုဘဝလေးရရှိပါစေရှင်။ 🕯️✨🙏🏼

07/04/2026

တက်သစ်ကျေးရွာလေးက မိသားစုတွေအတွက် လမ်းမီးရရှိနိုင်ရေးဟာ ထိုရွာလမ်းလေးကို အသုံးပြုပြီး ညမှောင်ထဲပြန်လာကျရသော မိသားစုများစွာရဲ့ အန္တရာယ်တွေကြားမှ ကင်းဝေးနိုင်အောင် အလင်းဆောင်ကျဉ်းပေးခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ခုပဲ Myanmar Kitchen နဲ့ အတူ မီးမရရှိသေးတဲ့ တက်သစ်ရွာလေးအတွင်း လမ်းမီးရရှိနိုင်ရန် ပါဝင်လှူဒါန်းလို့ရပါပြီရှင်။

Providing street lighting for the families of Tet Thit Village means more than just illumination; it brings safety and security to those who must travel these dark roads to return home to their loved ones.
By lighting the way, we are protecting families from the many dangers that hide in the shadows.

**How You Can Help**

You can make a difference today. Join **Myanmar Kitchen** in our mission to bring light to Tet Thit Village. Your donations will go directly toward installing street lights in areas that remain in darkness.

**Donate now and help us light up a life!**

02/04/2026

လမ်းမီးမရရှိသေးသော တက်သစ်ကျေးရွာလေးအတွက် လမ်းမီးလှူဒါန်းပေးနိုင်ရန် Myanmar Kitchen ရဲ့ Street Lamp Project အတွက်
*The Best Aesthetic Clinic- North Okkalapa* မှ အလှူငွေ 200,000 ကျပ်တိတိ ပါဝင်လှူဒါန်း ပေးခဲ့ပါတယ်ရှင်။

အလှူရှင် The Best Aesthetic Clinic- North Okkalapa မိသားစုများအား ကျွန်မတို့ Myanmar Kitchen မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏

01/04/2026

*Street Lamp Project*

လှိုင်သာယာ ကျူးရပ်ကွက်များ ပြောင်းရွေ့ပေးခဲ့ရတုံးက အဲ့ဒီ့ ကျူးရပ်ကွက်များတွင် နေထိုင်ခဲ့ကြတဲ့ မိသားစု အချို့ဟာ ရွေးချယ်စရာရှိပဲ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး (ရန်ကုန်တိုးဂိတ်အကျော်နား) က
ရွာလို့ရယ်ပြောရလောက်အောက်တောင် ရွာအင်္ဂါရပ်မပြည့်စုံတဲ့ ဒီလယ်ကွင်းတွေကြားလို့ ပြောင်းလာခဲ့ရပါတယ်ရှင်။

ဒီတက်သစ်ရွာလေးများ အိမ်ခြေက ၈၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိပါတယ်ရှင်။ လမ်းတွေကလည်းဆိုးရွားပြီး ခုလက်ရှိမှာ အားလုံးအဓိက ခံစားနေရတဲ့ အဓိက ပြသနာကတော့ လမ်းမီးပါပဲရှင်။

လမ်းမကြီးကနေ ၄၅ မိနစ်လောက် လမ်းလျှောက်ဝင်ရတဲ့ ဒီရွာလေးထဲရောက်ဖို့ လမ်းတယောက် ဘာမီးအလင်းရောင်းမှ မရှိပါဘူး။ ဒီလို အမှောင်အမဲထဲ ဝမ်းရေးအတွက် အလုပ်လုပ်ပြီးပြန်လာကြသူတွေဟာ ဒုစရိုက်မျိုးစုံ ရင်ဆိုင်ကြရပြီး မြွေပါးကင်းပါးရန်ကလည်း မသေးပါဘူးတဲ့ရှင်။

ဒါ့ကြောင့် ကျွန်မတို့ Myanmar Kitchen နဲ့ အတူ တက်သစ်ရွာလေး လမ်းမီးရရှိရေး ပါဝင်ကူညီလှူဒါန်းပေးနိုင်ကြပါရန် အသိပေးအပ်ပါတယ်ရှင်။

အသေးစိပ်အချက်အလက်များ သိချင်ရင်တော့
Page messenger မှဖြစ်စေ၊ 09975731701 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
Kpay - 09975731701 (Soe Thandar Htet) သို့လည်း ပေးပို့လှူဒါန်းနိုင်ပါတယ်ရှင်။

31/03/2026

ရန်ကုန်-ပုသိမ်လမ်းမကြီး ဘေးမှာရှိတဲ့ တက်သစ်ရွာကလေးတွင် လမ်းမီးတိုင်များရရှိနိုင်စေရန်အတွက် Love Me Myanmar ရဲ့ Founder အစ်မ မဇင်မီမီဇော် မှ 300,000 ကျပ် လှူဒါန်းပေးခဲ့ပါတယ်ရှင်။

ခုလို ရပ်ရွာလေးတွက် မီးအလင်းဆောင်ယူပေးပါသော အလှူရှင် အစ်မ အား ရပ်ရွာထုကိုယ်စား Myanmar Kitchen မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ပါဝင်လှူဒါန်းချင်သော အလှူရှင်များအနေနဲ့လည်း page ရဲ့ messenger မှသော်လည်းကောင်း၊
Kpay - 09975731701 (Soe Thandar Htet) မှလည်းကောင်း ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင်။

Photos from Myanmar Kitchen's post 22/03/2026

*Dr. Nyo Seint Gale's birthday donation*

ယနေ့ရဲ့ ငါးဟင်းပေါင်းမွှေးမွှေးလေးရယ် ချဉ်ရည်ဟင်းကလည်းပူပူလောလောလေးကိုမှ တကယ့်စားချင်စရာကြီးချက်ပြုတ်ပြီး အလှူရှင်ဖြစ်တဲ့ Dr. Nyo Seint Gale ရဲ့ မွေးနေ့အလှူလေးကို Myanmar Kitchen ကနေပြီး လူပေါင်း ၃၀၀ စာ စီစဉ်ကူညီ လှူဒါန်းပေးခဲ့ပါတယ်ရှင်။ 🙏🏼🥰

ခုလို အနံ့အရသာနဲ့ပြည့်စုံတဲ့ အာဟာရဒါန ကုသိုလ်ပြုသူ မွေးနေ့ရှင် Dr. Nyo Seint Gale ကိုလည်း ကျွန်မတို့ရဲ့ ချစ်စရာရပ်ဝန်းလေးထဲက မိသားစုများ အားလုံးကိုယ်စား ကျွန်မတို့ organization မှ ကျေးဇူးတင်ရှိပါတယ်။ 🙏🏼 ပျော်ရွှင်ချမ်းမြေ့စရာ မွေးနေ့လေးဖြစ်ပါစေရှင်။ 🥰

#ချစ်စရာရပ်ဝန်းလေး

Photos from Myanmar Kitchen's post 03/03/2026

မောင်စင်ကြယ်လင်း (ခ) သူရမျ်ိုးခိုင်ရဲ့အသက် ၁၇ နှစ်ပြည့် ​မွေး​နေ့အထိမ်းအမှတ်အဖြစ် လှိုင်သာယာရှိ လိုအပ်​နေတဲ့ ​ရွာ​ငယ်လေးမှာ ငါးဖယ် ဟင်းမွှေး​​မွှေး ​လေးနဲ့ ​ကျွေးလှူဖြစ်ပါတယ်။ သား- စင်ကြယ်လင်း နာမည်နဲ့ ထပ်တူကျတဲ့ အနာဂတ်ကို ပိုင်ဆိုင်ပြီး၊ မိဘ အားကိုးအားထားရတဲ့ ပညာတတ်ကြီးဖြစ်ပါ​​စေ 🥰🙏🙏🙏

Photos from Myanmar Kitchen's post 10/02/2026

ကျွန်မတို့က တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကူညီဖေးမနေကြရတဲ့ သူတွေပဲဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းရှိ အမှန်တကယ် ကူညီ​ပေးဖို့ လိုအပ်တဲ့ မိဘပြည်သူများအတွက် Myanmar Kitchen နှင့်အတူ ထမင်းလှူဒါန်းချင်တယ် ဆိုရင်ဖြင့် ထမင်းတစ်နပ် ကို ၂၅၀၀ ကျပ်နဲ့လှူဒါန်းပေးနိုင်ပါတယ်။
အခုလို အကူညီလိုအပ်နေတဲ့ လူမှုအသိုင်းဝိုင်းထဲမှ လူများကို ကူညီဖေးမပေးတဲ့နိုင်၊ စာ​လောင်မှူကို ဖြည့်စည်း လှူဒါန်း​ပေးခွင့်ရတဲ့အတွက် အားလုံးကိုယ်စားMyanmar Kitchen က ​ကျေးဇူးတင်ပါတယ်။
စာ​လောင်မှူများကို ​​​​ဖြေဆည်း​ပေးနိုင်ရပါ​စေ 🥰

17/01/2026

စစ်ကိုင်းမှာ လှူဒါန်းခဲ့တဲ့ မှတ်တမ်း​လေးကို ပီတိဖြစ်​စေဖို့ မျှ​ဝေ​ပေးလိုက်ပါတယ်။

လှူဒါန်းပါ၀င်​ပေးကြတဲ့ အလှူရှင်များ ကျန်းမာ ချမ်းသာ ကြပါ​စေ 🙏🙏🙏

30/12/2025

𝗕𝗿𝗶𝗻𝗴𝗶𝗻𝗴 𝗛𝗼𝗽𝗲 𝘁𝗼 𝗥𝗮𝗸𝗵𝗶𝗻𝗲: 𝗧𝗵𝗲 "𝗟𝗶𝘁𝘁𝗹𝗲 𝗛𝗲𝗹𝗽𝗲𝗿𝘀" 𝗦𝘁𝗼𝗿𝘆 𝗨𝗻𝗳𝗼𝗹𝗱𝘀
​We are so glad to share a significant update from the "Little Helpers" project! Our recent Christmas mission in Sittwe successfully brought essential aid to communities in Rakhine. It was a powerful demonstration of how collective kindness can deliver moments of joy for children and provide vital sustenance for struggling families, even in challenging circumstances.
​The success of this mission was entirely thanks to the dedication of our local volunteer network and team, who navigated difficult conditions to ensure support reached those most in need, with safety and respect.
​📢 𝗔 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗼𝘂𝘀 𝗟𝗶𝗳𝗲𝗹𝗶𝗻𝗲: 𝙏𝙝𝙚 "𝙇𝙞𝙩𝙩𝙡𝙚 𝙃𝙚𝙡𝙥𝙚𝙧𝙨" 𝙈𝙤𝙣𝙩𝙝𝙡𝙮 𝙈𝙞𝙨𝙨𝙞𝙤𝙣
​Inspired by the enduring spirit of the people and the ongoing humanitarian needs in Rakhine, the Myanmar Kitchen team is transforming "Little Helpers" into a sustained, monthly aid initiative. We are committed to providing consistent support.
• ​Our Ongoing Goal: To facilitate a significant food distribution to vulnerable families across Rakhine, every month.
• ​Current Focus: We are currently fundraising for our upcoming January Distribution. Your support now directly shapes the scale of our impact this month.
• ​Future Reach: We will continue our efforts in Sittwe and are eagerly preparing to extend our reach to Mrauk-U as soon as circumstances permit.
​This "Monthly Mission" ensures that aid flows continuously. Every contribution is a direct investment in the well-being of families who depend on our collective efforts. Join us in making a difference, month after month.
​Thank you for standing with "Little Helpers."

19/12/2025

🎄A Christmas Miracle for 1,000 Families in Rakhine.🎄

Christmas is a season of light, but for families in the Mrauk-U region and surrounding displacement camps, the world has gone dark.
As conflict intensifies in late 2025, thousands of families are sleeping in the rain and dirt. They aren't wishing for expensive gifts- they are simply wishing for a meal that doesn't taste like fear.
𝗧𝗵𝗲 𝗥𝗲𝗮𝗹𝗶𝘁𝘆 𝗼𝗳 𝘁𝗵𝗲 𝗠𝗶𝘀𝘀𝗶𝗼𝗻:
We have adjusted our target to reflect the true cost of survival today. To provide a nutritious, warm meal for a family, we need to reach further than before.
- 5,000 MMK =1 Warm Meal for 1 Person.
- 25,000 MMK = A full "Family Christmas Pack" (Warm meals for a family of 5 + toys for the children).
𝗢𝘂𝗿 𝗚𝗼𝗮𝗹: 𝟮𝟱,𝟬𝟬𝟬,𝟬𝟬𝟬 𝗠𝗠𝗞
This will allow us to support 𝟭,𝟬𝟬𝟬 𝗳𝗮𝗺𝗶𝗹𝗶𝗲𝘀 who have been forced to flee their homes with nothing but the clothes on their backs.
𝗪𝗵𝘆 𝗧𝗼𝘆𝘀?
Because a child in a war zone shouldn’t only know the sound of explosions. We want them to know the feeling of holding a new toy. We want to protect their right to smile, even if just for one day.
𝗛𝗼𝘄 𝘆𝗼𝘂 𝗰𝗮𝗻 𝗵𝗲𝗹𝗽:
- Sponsor 1 Family (25,000 MMK): You provide a full day of food and a 𝗿𝗲𝗮𝘀𝗼𝗻 𝘁𝗼 𝘀𝗺𝗶𝗹𝗲 for 5 people.
- Sponsor 10 Families (250,000 MMK): You become a 𝗽𝗶𝗹𝗹𝗮𝗿 𝗼𝗳 𝗵𝗼𝗽𝗲 for an entire small community.
Every kyat brings us closer to our 25 Million goal. Please, 𝗹𝗲𝘁’𝘀 𝘀𝗵𝗼𝘄 𝗥𝗮𝗸𝗵𝗶𝗻𝗲 𝘁𝗵𝗮𝘁 𝘁𝗵𝗲𝘆 𝗮𝗿𝗲 𝗻𝗼𝘁 𝗳𝗼𝗿𝗴𝗼𝘁𝘁𝗲𝗻 𝘁𝗵𝗶𝘀 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀.
👇 Please donate to the official accounts below:
𝗞𝗣𝗮𝘆: 09975731713 Payam Ardalan
𝗣𝗮𝘆𝗣𝗮𝗹: [email protected]

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 4A, Bldg. 3, Saw Bwar Avenue , Pyay Rd
Yangon
11181