Myanmar Innovative Life Sciences
Helping food producers and farmers produce safer and better quality food sustainably. Learn more at: https://www.milsciences.com/about-mils
FOOD SAFETY BUSINESS UNIT
One major challenge in balancing food productivity and availability is ensuring food safety of the produced food because what is not safe enough to consume is simply not considered food. Understanding food safety starts at the farm level primary production and ends at consumers, MILS with its farm to fork approach provides best-in-class integrated food safety solutions
28/05/2026
World Food Safety Day 2026 အထိမ်းအမှတ်အဖြစ် Mekong Institute (MI)၊ Myanmar Innovative Life Sciences (MILS) နှင့် Sun Business Network (SBN) Myanmar တို့ ပူးပေါင်းစီစဉ်သည့် “Mekong CREATES Agrifood Systems Forum 2026” ကို ဇွန်လ ၅ ရက်နေ့၊ မနက် ၈:၃၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ Zealax Hotel & Residence တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
MILS အနေဖြင့် ဦးဆောင်စီစဉ်သူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး Food System Forum 2025 မှ ရရှိခဲ့သော Key Insights များကို ပြန်လည်မျှဝေသွားမည်ဖြစ်ပါသည်။ ထို့အပြင် Myanmar Agri-food Week (MAW) 2026 တွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း မိတ်ဆက်ရှင်းလင်းပေးသွားမည် ဖြစ်ပါသည်။
Myanmar Agri-food Week (MAW) 2026 Session ကို နေ့လည် ၁:၃၀ နာရီမှ ၂:၃၀ နာရီအတွင်း ကျင်းပသွားမည် ဖြစ်ပါသည်။
အဆိုပါအစီအစဉ်ကို Invitation Only System ဖြင့် စီစဉ်ထားပြီး သက်ဆိုင်ရာ Stakeholders များထံသို့ Invitation Email များကို မကြာမီ ပေးပို့သွားမည်ဖြစ်ပါသည်။
အစီအစဉ်နှင့်ပတ်သက်သည့်အချက်အလက်များကို ဆက်လက်မျှဝေပေးသွားမည်ဖြစ်၍ စောင့်မျှော်ဖတ်ရှုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
26/05/2026
World Food Safety Day 2026 အထိမ်းအမှတ်အဖြစ် ကျင်းပမည့် Mekong CREATES Agrifood Systems Forum 2026
အဆိုပါ အစီအစဉ်ကို Mekong Institute (MI)၊ Myanmar Innovative Life Sciences (MILS) နှင့် Sun Business Network (SBN) Myanmar တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး “From Burden to Solutions: Advancing Safe Agrifood Systems in Myanmar” ဟူသော Theme ဖြင့် Private Sector, Food Safety Specialists, Development Partners, Technical Institutions နှင့် Agrifood Business Leaders များအကြား Knowledge Exchange, Innovation Sharing, Strategic Collaborationများကို မြှင့်တင်နိုင်မည့် Interactive Discussions Session များ ပါဝင်သွားမည် ဖြစ်ပါသည်။
Safe, Resilient and Sustainable Agrifood Systems ဖော်ဆောင်ရေးအတွက် Evidence, Innovation နှင့် Collaboration တို့ကို ချိတ်ဆက်ပေးမည့် Strategic Platform တစ်ခုဖြစ်သော Myanmar Agri-food Week (MAW) 2026 တွင် ပူးပေါင်းပါဝင်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍လည်း ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါသည်။ ထို့အပြင် Food Safety Solutions Library ကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ပြီး Mekong CREATES Alumni နှင့် Partner Organizations များ၏ Practical Food Safety Innovations များကို လေ့လာနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။
ယခုအစီအစဉ်ကို ဖိတ်ကြားထားသူများသာ တက်ရောက်နိုင်မည့် Invitation Only System ဖြင့် စီစဉ်ထားပြီး သက်ဆိုင်ရာ Stakeholder များထံသို့ Email Invitation များ မကြာမီ ပေးပို့သွားမည် ဖြစ်ပါသည်။ အခမ်းအနားနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ် အချက်အလက်များကို ဆက်လက်မျှဝေပေးသွားမည်ဖြစ်၍ စောင့်မျှော်ဖတ်ရှုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
🗓️ Event Details
• Date — June 5, 2026 (Friday)
• Time — 8:30 AM – 5:00 PM
• Venue — Zealax Hotel & Residence
• Address — No.16, Strand Road, Ahlone Township, Yangon, Myanmar
21/05/2026
🌱 သဘာဝမြေသြဇာအကြောင်း လူအများ လွဲမှားစွာ သိထားသော အချက် (၃) ချက်
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖော်ဆောင်နိုင်ရန်အတွက် သဘာဝမြေသြဇာများကို ပိုမိုအသုံးပြုလာကြပါတယ်။
သို့သော်လည်း သဘာဝမြေသြဇာများနှင့် ပတ်သက်၍ လွဲမှားစွာ နားလည်ထားမှုများ ရှိနေဆဲဖြစ်ပါတယ်။ ယနေ့တွင် MILS မှ တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် Agri-Food Sector အတွက် အဆိုပါ ထင်မြင်ချက် လွဲမှားမှုများကို သိပ္ပံနည်းကျ အမှန်တရားများဖြင့် ဗဟုသုတရဖွယ် မျှဝေပေးလိုက်ပါတယ်။
❌ Myth 1: သဘာဝမြေသြဇာများသည် အာနိသင်ပြရန် အလွန်နှေးကွေးပြီး ထိရောက်မှုမရှိပါ။
💡 Fact: သဘာဝမြေသြဇာများသည် ဓာတုမြေသြဇာများကဲ့သို့ ချက်ချင်းအာနိသင် မပြသော်လည်း အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြည်းဖြည်းနှင့် မှန်မှန် စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးပါတယ်။
ထို့အပြင် -
• မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေခြင်း
• အကျိုးပြုအဏုဇီဝပိုးများ တိုးပွားစေခြင်း
• Fertilizer Burn (အမြစ်လောင်ခြင်း) ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း တို့ကိုလည်း အထောက်အကူပြုပါတယ်။
❌ Myth 2: သဘာဝမြေသြဇာများတွင် N-P-K ပါဝင်မှုနည်းသောကြောင့် အပင်ကြီးထွားရန် လုံလောက်သော အာဟာရ မရရှိနိုင်ပါ။
💡 Fact: သဘာဝမြေသြဇာများတွင် Nitrogen (N), Phosphorus (P), Potassium (K) ပါဝင်မှု ရာခိုင်နှုန်းနည်းပါးနိုင်သော်လည်း အပင်အတွက် မရှိမဖြစ်လိုအပ်သော အနုစိတ်အာဟာရဓာတ် (Micronutrients) များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ထို့အပြင် မြေဆီလွှာကျန်းမာရေး (Soil Health) ကို တိုးတက်စေကာ အဏုဇီဝပိုးမွှားများ၏ ကူညီမှုကြောင့် -
• အမြစ်စနစ် ပိုမိုအားကောင်းလာခြင်း
• မြေကြီးထဲရှိ အာဟာရများကို အပင်က စုပ်ယူနိုင်စွမ်း မြင့်တက်လာခြင်း
• အပင်ကြီးထွားမှု ပိုမိုရေရှည်တည်တံ့ ကောင်းမွန်လာခြင်း တို့ကို အထောက်အကူပြုနိုင်ပါတယ်။
❌ Myth 3: သဘာဝမြေသြဇာ အသုံးပြုခြင်းသည် ကုန်ကျစရိတ် ပိုမိုကြီးမားပါတယ်။
💡 Fact: ရေတိုတွင် သဘာဝမြေသြဇာဝယ်ယူမှု ကုန်ကျစရိတ် မြင့်မားသည်ဟု ထင်ရသော်လည်း ရေရှည်အတွက် ပိုမိုတွက်ခြေကိုက်ပြီး အကျိုးရှိစေပါတယ်။
အကြောင်းမှာ သဘာဝမြေသြဇာများသည် -
• Soil Degradation (မြေဆီလွှာပျက်စီးမှု) ကို လျှော့ချပေးခြင်း
• Water Retention Capacity (ရေထိန်းသိမ်းနိုင်စွမ်း) ကို တိုးမြှင့်ပေးခြင်း
• ရေရှည်တွင် အခြားသော ပိုးသတ်ဆေးနှင့် သွင်းအားစု ကုန်ကျစရိတ်များကို လျှော့ချပေးခြင်း တို့ကြောင့် ဖြစ်ပါတယ်။
သဘာဝမြေသြဇာများသည် မြေဆီလွှာကျန်းမာရေးကို ရေရှည်ထိန်းသိမ်းပေးပြီး ဘေးကင်းလုံခြုံသော အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
စိုက်ပျိုးမွေးမြူရေးနှင့် Agri-Food Sector ဆိုင်ရာ ဗဟုသုတများကို ဆက်လက်လေ့လာနိုင်ရန် Myanmar Innovative Life Sciences ၏ Facebook စာမျက်နှာကို Follow လုပ်ထားနိုင်ပါတယ်။
🌾 တောင်သူဦးကြီးများအနေဖြင့် သဘာဝမြေသြဇာ အသုံးပြုမှုအတွေ့အကြုံများနှင့် မိမိတို့ကြုံတွေ့ဖူးသည့် အခက်အခဲများကို Comment Box တွင် မျှဝေဆွေးနွေးနိုင်ပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
19/05/2026
သဘာဝမြေသြဇာ (Organic Fertilizer) နှင့် ဓာတ်မြေသြဇာ (Chemical Fertilizer) ကွာခြားချက်
သင့်စိုက်ခင်းအတွက် ရေရှည်အကျိုးကျေးဇူးကို ဘယ်အမျိုးအစားက ပိုမိုပေးစွမ်းနိုင်သလဲ?
စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်မှုသာမက မြေဆီလွှာ၏ ရေရှည်ကျန်းမာရေးနှင့် တည်တံ့ခိုင်မြဲမှုသည်လည်း အလွန်အရေးကြီးပါတယ်။ ယနေ့တွင် MILS မှ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့၏ ကွာခြားချက်များနှင့် စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများကို ဗဟုသုတအဖြစ် မျှဝေပေးလိုပါတယ်။
🌱 သဘာဝမြေသြဇာ (Organic Fertilizer)
သဘာဝမြေသြဇာများကို အပင်အကြွင်းအကျန်များ၊ မြေဆွေးနှင့် တိရစ္ဆာန်ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်ထားပါတယ်။
သဘာဝမြေဩဇာ၏ အားသာချက်များ -
• မြေဆီလွှာဖွဲ့စည်းပုံ (Soil Structure) ကို ကောင်းမွန်စေခြင်း
• ရေထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ပေးခြင်း
• မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ၏ လှုပ်ရှားမှုကို အားပေးခြင်း
• အာဟာရဓာတ်များကို ဖြည်းဖြည်းချင်း (Slow-release) ထုတ်လွှတ်ပေးသဖြင့် ရေရှည်အာဟာရ ရရှိစေခြင်း တို့ဖြစ်ပါတယ်။
သို့သော် အာဟာရဓာတ် ထုတ်လွှတ်မှုနှေးကွေးသောကြောင့် အပင်ကြီးထွားမှုကို ချက်ချင်း မမြင်တွေ့နိုင်ပါ။
🧪 ဓာတ်မြေသြဇာ (Chemical Fertilizer)
ဓာတ်မြေသြဇာများသည် Nitrogen (N), Phosphorus (P) နှင့် Potassium (K) ကဲ့သို့သော အာဟာရဓာတ်များကို ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသော မြေသြဇာအမျိုးအစားများ ဖြစ်ပါတယ်။
ဓာတ်မြေဩဇာ၏ အားသာချက်များ -
• အပင်လိုအပ်သော အာဟာရဓာတ်များကို လျင်မြန်စွာ ရရှိစေခြင်း
• အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို မြန်ဆန်စွာ တိုးတက်စေခြင်း
• စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးများခြင်း တို့ဖြစ်ပါတယ်။
သို့သော် ရေရှည်နှင့် အလွန်အကျွံ အသုံးပြုပါက မြေဆီလွှာဖွဲ့စည်းပုံ ထိခိုက်ခြင်း၊ အက်စစ်ဓာတ် မြင့်တက်ခြင်းနှင့် အကျိုးပြုအဏုဇီဝလှုပ်ရှားမှုများ လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
တောင်သူဦးကြီးများအနေဖြင့် ဘယ်မြေသြဇာကို ရွေးချယ်အသုံးပြုသင့်သလဲ?
ခေတ်မီစိုက်ပျိုးရေးစနစ်တွင် အထွက်နှုန်းနှင့် မြေဆီလွှာကျန်းမာရေးကို ဟန်ချက်ညီစေရန် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို စနစ်တကျ ပေါင်းစပ်အသုံးပြုသော Integrated Nutrient Management (INM) စနစ်ကို ကျင့်သုံးရန် အကြံပြုလိုပါတယ်။
Myanmar Innovative Life Sciences သည် သိပ္ပံနည်းကျ ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် အစဉ်တစိုက် ပံ့ပိုးကူညီလျက် ရှိပါတယ်။
တောင်သူဦးကြီးများအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အသုံးပြုမှုဆိုင်ရာ အတွေ့အကြုံများကို Comment တွင် မျှဝေဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
14/05/2026
“သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” ဆိုသည့် ဆိုရိုးစကားအတိုင်း ဓာတ်မြေဩဇာကို စနစ်တကျ မသုံးစွဲပါက သီးနှံအထွက်နှုန်း နည်းပါးနိုင်ရုံသာမက မြေဆီလွှာ၏ အရည်အသွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ယနေ့တွင် MILS မှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အရေးပါသည့် "ဓာတ်မြေသြဇာ အသုံးပြုခြင်းဆိုင်ရာ အခြေခံမူ ၄ ချက် (4Rs)" အကြောင်းကို တောင်သူဦးကြီးများနှင့် လုပ်ငန်းရှင်များအတွက် မျှဝေတင်ပြပေးလိုက်ပါတယ်။
ဓာတ်မြေသြဇာကို အကျိုးရှိရှိ အသုံးချနည်း (၄) ရပ် (4Rs) -
• မှန်ကန်သော အမျိုးအစား ဖြစ်ရမည်။ (Right Source)
မိမိစိုက်ပျိုးသည့် မြေဆီလွှာ၏ အခြေအနေနှင့် သီးနှံလိုအပ်ချက်ပေါ် မူတည်၍ သင့်တော်သော မြေသြဇာအမျိုးအစားကို ရွေးချယ်ရပါမည်။ မြေဆီလွှာကို ဦးစွာစစ်ဆေးပြီးမှ လိုအပ်သည့် အာဟာရကို ဖြည့်တင်းပေးသင့်ပါတယ်။
• မှန်ကန်သော ပမာဏ ဖြစ်ရမည်။ (Right Rate)
မြေသြဇာကို အလွန်အကျွံ အသုံးပြုခြင်းသည် ကုန်ကျစရိတ် မြင့်တက်စေရုံသာမက မြေဆီလွှာ၏ အရည်အသွေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သီးနှံ၏ ကြီးထွားမှု အဆင့်အလိုက် လိုအပ်သည့် ပမာဏကိုသာ တွက်ချက်ကျွေးရပါမည်။
• မှန်ကန်သော အချိန် ဖြစ်ရမည်။ (Right Time)
အပင်မှ အာဟာရဓာတ်ကို အထိရောက်ဆုံး စုပ်ယူနိုင်သည့် အချိန်တွင် ကျွေးရပါမည်။ သီးနှံအမျိုးအစားအလိုက် အပင်ငယ်စဉ်၊ ပန်းပွင့်ချိန် သို့မဟုတ် အသီးတင်ချိန် စသည်ဖြင့် အချိန်ကိုက် ကျွေးခြင်းဖြင့် လေလွင့်မှုကို လျှော့ချနိုင်ပါတယ်။
• မှန်ကန်သော နေရာ ဖြစ်ရမည်။ (Right Place)
မြေသြဇာကို အပင်၏ အမြစ်နှင့် နီးကပ်စွာ သို့မဟုတ် အပင်မှ စုပ်ယူရလွယ်ကူသော နေရာ၊ နည်းလမ်း (ဥပမာ - မြေကျင်းတူးထည့်ခြင်း၊ အရွက်ဖျန်းခြင်း) ဖြင့် စနစ်တကျ ထည့်သွင်းရပါမည်။
4Rs ကို လိုက်နာခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ -
• မြေဩဇာ လေလွင့်မှုကို လျှော့ချနိုင်ခြင်းကြောင့် ကုန်ကျစရိတ် သက်သာခြင်း
• အပင်မှ အာဟာရကို အပြည့်အဝ စုပ်ယူနိုင်ခြင်းကြောင့် အထွက်နှုန်း တိုးတက်ခြင်း
• မြေဆီလွှာနှင့် ရေအရင်းအမြစ် ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်းတို့ဖြစ်ပါတယ်။
စနစ်တကျ ဓာတ်မြေဩဇာကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ဖော်ဆောင်နိုင်ပါတယ်။
တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများကို Comment တွင် မျှဝေဆွေးနွေးနိုင်ပါတယ်။
• Reference: The Fertilizer Institute
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
12/05/2026
❝ မွေးမြူရေးတောင်သူဦးကြီးများနှင့် အစားအစာထုတ်လုပ်သူများ အထူးသတိပြုသင့်သည့် Aflatoxin အန္တရာယ် ❞
မွေးမြူရေးတိရစ္ဆာန်အစာတွေမှာ မှိုဆိပ် (Aflatoxin) ပါဝင်မှု ရှိ၊မရှိ စစ်ဆေးရန် ဘာကြောင့် အရေးကြီးသလဲ။
မွေးမြူရေးလုပ်ငန်းတွေမှာ တိရစ္ဆာန်အစာဆိုတာ မွေးမြူရေးလုပ်ငန်းအောင်မြင်မှုအတွက်သာမက စားသုံးသူများ ဘေးဥပါဒ်ကင်းစင်သော အသားများ စားသုံးနိုင်ရန်အတွက်ပါ အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ သို့သော် စပါး၊ ပြောင်း၊ မြေပဲ စတဲ့ ကုန်ကြမ်းတွေကနေတစ်ဆင့် မမြင်နိုင်တဲ့ အန္တရာယ်တစ်ခုဖြစ်တဲ့ မှိုဆိပ် (Aflatoxin) ဟာ အစာတွေထဲကို အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။
Aflatoxin ဆိုတာက ဘာလဲ?
Aflatoxin ဆိုတာ Aspergillus မှိုအမျိုးအစားကနေ ထွက်ရှိတဲ့ အလွန်အန္တရာယ်များတဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး၊ ဒီအဆိပ်ပါဝင်မှုကို စစ်ဆေးဖို့ ဘာကြောင့် မဖြစ်မနေလိုအပ်ရသလဲဆိုတဲ့ အဓိကအချက်တွေကို မျှဝေပေးချင်ပါတယ်။
🔹မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ကြီးထွားမှုကို တိုက်ရိုက်ထိခိုက်စေခြင်း
မှိုဆိပ်ပါဝင်တဲ့အစာကို စားသုံးမိတဲ့အခါ တိရစ္ဆာန်တွေရဲ့ အသည်းကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့အတွက် အခြားရောဂါတွေကို အလွယ်တကူ ကူးစက်ခံရနိုင်ပြီး ကြီးထွားနှုန်းကိုလည်း သိသိသာသာ နှေးကွေးစေပါတယ်။
🔹ထုတ်လုပ်မှုစွမ်းအား ကျဆင်းပြီး စီးပွားရေးအရ ဆုံးရှုံးမှုကြီးမားခြင်း
မှိုဆိပ်အန္တရာယ်ကြောင့် အစာစားနှုန်းကျဆင်းခြင်း၊ အသားတိုးနှုန်းနှေးခြင်း၊ ဥနှုန်းနဲ့ နို့ထွက်နှုန်းများ ရုတ်တရက် ကျဆင်းသွားခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ မွေးမြူရေးလုပ်ငန်းရှင်များအတွက် တွက်ခြေမကိုက်မှုနဲ့ ကြီးမားတဲ့ စီးပွားရေးဆုံးရှုံးမှုတွေကို ဖြစ်စေပါတယ်။
🔹 စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း
Aflatoxin ပါဝင်တဲ့ အစာကိုစားထားတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကနေ ရရှိလာတဲ့ နို့၊ အသားနဲ့ ဥ တွေမှာ အဆိပ်အကြွင်းအကျန် Aflatoxin တွေ ပါဝင်လာနိုင်ပါတယ်။ ၎င်းကို လူသားတွေ စားသုံးမိတဲ့အခါ အသည်းကင်ဆာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ စားသုံးသူတို့၏ စားနပ်ရိက္ခာကွင်းဆက် (Food Chain) တစ်ခုလုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပါတယ်။
Aflatoxin အန္တရာယ်ကို ကျွန်ုပ်တို့ ဘယ်လိုရင်ဆိုင်ဖြေရှင်းသင့်လဲ?
တိရစ္ဆာန်အစာတွေမှာ Aflatoxin ပါဝင်မှု ရှိ၊မရှိ ပုံမှန်စစ်ဆေးခြင်းဟာ "အပိုကုန်ကျစရိတ်" တစ်ခုမဟုတ်ဘဲ၊ သင့်လုပ်ငန်း၏ ဂုဏ်သတင်း၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနဲ့ စားသုံးသူများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးတဲ့ "အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု" တစ်ခုပဲ ဖြစ်ပါတယ်။ ကုန်ကြမ်းလက်ခံတဲ့အချိန်ကစပြီး သိုလှောင်တဲ့ အဆင့်တိုင်းမှာ ခေတ်မီနည်းပညာများအသုံးပြုကာ စနစ်တကျ စစ်ဆေးဖို့ အထူးလိုအပ်လှပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
07/05/2026
ရာသီဥတုဖောက်ပြန်မှုဟာ မွေးမြူရေးကဏ္ဍအပေါ် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဟာ သဘာဝပတ်ဝန်းကျင်ကိုသာမကဘဲ ကျွန်ုပ်တို့၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ကြက်၊ဝက် ကဲ့သို့မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးအပေါ်မှာပါ ကြီးမားပြင်းထန်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
အထူးသဖြင့် အပူချိန်လွန်ကဲလာမှု (Heat Stress) ကြောင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကိုယ်ခံအားစနစ် (Immune System) ကို သိသိသာသာ ကျဆင်းစေပါတယ်။ ကိုယ်ခံအားနည်းလာတာနှင့်အမျှ ကူးစက်ရောဂါပိုးမွှားများ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်း၊ ပြောင်းလဲနေသော ရာသီဥတုအခြေအနေများကြောင့် ရောဂါသယ်ဆောင်လာသော အင်းဆက်များနှင့် ကပ်ပါးကောင်များ ပိုမိုပေါက်ဖွားလာခြင်းစသည့် ဆိုးကျိုးများကို တိုက်ရိုက်ခံစားရနိုင်ပါတယ်။
ဤအခြေအနေသည် မွေးမြူရေးတောင်သူများနှင့် Agri-Food လုပ်ငန်းရှင်များအတွက် အသား၊ ဥ နှင့် နို့ထွက်နှုန်းစသည့် ထုတ်လုပ်မှုစွမ်းရည်ကို ကျဆင်းစေရုံသာမက စီးပွားရေးအရပါ ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ထို့ကြောင့် ဤစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်
• မွေးမြူရေးတိရစ္ဆာန်များအတွက် သင့်လျော်သော အပူချိန်နှင့် နေထိုင်မှုပတ်ဝန်းကျင်ကို စနစ်တကျ ဖန်တီးပေးခြင်း
• ဇီဝလုံခြုံရေး (Biosecurity) စနစ်များကို တင်းကျပ်စွာ ကျင့်သုံးခြင်း
• မွေးမြူရေးတိရစ္ဆာန်များ၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ခေတ်မီအာဟာရဖြည့်စွက်စာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာများကို အသုံးပြုခြင်းတို့သည် မရှိမဖြစ် လိုအပ်လှပါတယ်။
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲 𝗟𝗶𝗳𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 (𝗠𝗜𝗟𝗦) အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးအတွက် လိုအပ်သော Probiotics များကို အစဉ်တစိုက် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။
မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် ကျွန်ုပ်တို့၏ စားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်ခြင်းပင်ဖြစ်ပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn : https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
05/05/2026
စိုက်ပျိုးရေးကဏ္ဍတွင် ရေအရည်အသွေး၏ အရေးပါမှုနှင့် ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်မှု
စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဆီလွှာကျန်းမာရေး၊ မျိုးစေ့နှင့် ရာသီဥတုပြောင်းလဲမှုတို့ကို အဓိကထားလေ့ရှိကြသော်လည်း "ရေအရည်အသွေး (Water Quality)" သည် သီးနှံအထွက်နှုန်းနှင့် ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲 𝗟𝗶𝗳𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 (𝗠𝗜𝗟𝗦) မှ စိုက်ပျိုးရေးရလဒ်များကို အကောင်းဆုံးဖြစ်စေမည့် ရေအရည်အသွေးဆိုင်ရာ သိကောင်းစရာများကို ဗဟုသုတရဖွယ် တင်ပြအပ်ပါသည်။
💧 Nutrition Delivery and Absorption (အာဟာရဓာတ် ပို့ဆောင်မှုနှင့် စုပ်ယူမှု)
ရေသည် အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို သယ်ဆောင်ပေးသည့် အဓိက ကြားခံနယ် (Medium) ဖြစ်သည်။ ရေ၏ အရည်အသွေးညံ့ဖျင်းခြင်း (ဥပမာ - pH အဆင့် မမှန်ကန်ခြင်း သို့မဟုတ် ဆားဓာတ်များခြင်း) သည် အပင်အမြစ်များ၏ အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေကာ အပင်ကြီးထွားမှု နှေးကွေးခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ pH Level 5.5 မှ 6.5 အတွင်းသည် အပင်အများစုအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
🌱 Soil Structure and Erosion Control (မြေဆီလွှာဖွဲ့စည်းပုံနှင့် တိုက်စားမှု ထိန်းချုပ်ခြင်း)
ရေတွင်ပါဝင်သော ဓာတုပစ္စည်းများသည် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပြောင်းလဲစေနိုင်ပါသည်။ အထူးသဖြင့် ဆိုဒီယမ်ဓာတ် (Sodium) များသောရေကို အသုံးပြုပါက မြေဆီလွှာ ကျစ်သွားခြင်း၊ ရေစိမ့်ဝင်မှု ခက်ခဲခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် ရေအရည်အသွေး စီမံခန့်ခွဲမှုသည် မြေဆီလွှာကျန်းမာရေးအတွက် အခြေခံကျပါသည်။
⚙️ Impact of Irrigation Systems (ဆည်မြောင်းစနစ်များအပေါ် သက်ရောက်မှု)
ခေတ်မီစိုက်ပျိုးရေးစနစ် (ဥပမာ - အစက်ချရေသွင်းစနစ်) များတွင် ရေအရည်အသွေးသည် အလွန်အရေးကြီးပါသည်။ ရေတွင် အနည်အနှစ်နှင့် သတ္တုဓာတ် (ထုံးဓာတ်၊ သံဓာတ်) များပြားပါက ပိုက်လိုင်းများနှင့် ရေလွှတ်ခေါင်းများကို ပိတ်ဆို့စေကာ ပြုပြင်ထိန်းသိမ်းမှုစရိတ် မြင့်မားစေပါသည်။ သန့်ရှင်းသောရေကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးအခြေခံအဆောက်အအုံများ၏ သက်တမ်းကို တိုးမြှင့်နိုင်ပါသည်။
🛡️ Disease Prevention (ရောဂါကာကွယ်ခြင်း)
ညစ်ညမ်းသောရေသည် အပင်ရောဂါဖြစ်စေသည့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုပိုးမွှားများ ခိုအောင်းရာနေရာ ဖြစ်နိုင်ပါသည်။ ရေအရည်အသွေးကို စနစ်တကျထိန်းချုပ်ခြင်းဖြင့် စိုက်ခင်းအတွင်းသို့ ရောဂါပိုးမွှားများ ဝင်ရောက်မှုကို တားဆီးနိုင်ပြီး တစ်ခင်းလုံး ပျက်စီးဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ပါသည်။
📈 Impact on Crop Yield and Quality (သီးနှံအထွက်နှုန်းနှင့် အရည်အသွေး)
ရေအရည်အသွေးသည် သီးနှံ၏ အလေးချိန်၊ အရသာနှင့် အသွင်အပြင်ကို တိုက်ရိုက် အဆုံးအဖြတ်ပေးပါသည်။ သန့်ရှင်းပြီး အာဟာရဓာတ်မျှတသောရေသည် ဈေးကွက်ဝင် အရည်အသွေးမြင့် ထုတ်ကုန်များကို ရရှိစေကာ တောင်သူများ၏ စီးပွားရေးအကျိုးအမြတ်ကို တိုးတက်စေပါသည်။
စိုက်ပျိုးရေးတွင် အောင်မြင်မှုရရှိရန်မှာ ရေရှိရုံဖြင့် မလုံလောက်ဘဲ "အရည်အသွေးရှိသောရေ" ရှိရန် လိုအပ်ပါသည်။ ပုံမှန်ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် စနစ်တကျ ရေစီမံခန့်ခွဲမှု ကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းများကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲 𝗟𝗶𝗳𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 (𝗠𝗜𝗟𝗦) သည် စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာ ထုတ်လုပ်သူများ ဘေးကင်း၍ ဈေးကွက်တန်ဖိုးမြင့်မားသော စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရန် လိုအပ်သော ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို နိုင်ငံတကာအသိအမှတ်ပြု နည်းလမ်းများဖြင့် စနစ်တကျ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးလျက်ရှိပါသည်။
• Reference: Cropnuts
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn : https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
01/05/2026
❝ ကမ္ဘာ့တစ်လွှားရှိ အလုပ်သမားထုတစ်ရပ်လုံးအား ဂုဏ်ပြုသောနေ့ ❞
မေလ (၁) ရက်၊ ၂၀၂၆ ခုနှစ်
နိုင်ငံတစ်နိုင်ငံ၏ ကျောရိုးသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖြစ်လျှင်၊ ထိုကျောရိုးကို ခိုင်မာတောင့်တင်းစေသည့် အဓိက မောင်းနှင်အားမှာ အလုပ်သမားထုတစ်ရပ်လုံးပင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားသောက်ကုန်ကဏ္ဍ အသီးသီးတွင် နေ့စဉ်မပြတ် ကြိုးပမ်းအားထုတ်နေကြသော တောင်သူလယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားထုတစ်ရပ်လုံး၏ ခွန်အားစိုက်ထုတ်မှုများကို ဤနေ့တွင် လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။
မိမိတို့၏ ပင်ပန်းဆင်းရဲခံမှုနှင့် ဇွဲလုံ့လများသည် ကျွန်ုပ်တို့နိုင်ငံ၏ စားနပ်ရိက္ခာကွင်းဆက် (Agri-Food Supply Chain) တစ်လျှောက် ခိုင်မာတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော အုတ်မြစ်များပင် ဖြစ်ပါတယ်။
အလုပ်သမားညီအစ်ကို မောင်နှမများအားလုံး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်ကြပါစေကြောင်း ကျွန်ုပ်တို့ 𝗠𝗜𝗟𝗦 အဖွဲ့အစည်းမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn : https://www.linkedin.com/company/milsciences/
Viber : https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWjQ4EAAHJ8C%2FLbm03LLuy5AYClnVn
30/04/2026
❝ 𝗠𝗜𝗟𝗦 ၏ Communication Channel အသစ် မိတ်ဆက်ခြင်း ❞
ကျွန်ုပ်တို့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲 𝗟𝗶𝗳𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 (𝗠𝗜𝗟𝗦) ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို VPN အသုံးပြုရန်မလိုဘဲ ပိုမိုလွယ်ကူလျင်မြန်စွာ သိရှိနိုင်ရန်အတွက် Viber Channel ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ယခု Viber Channel မှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေး (Food Safety) ဆိုင်ရာ -
▪️ ဓာတ်ခွဲစမ်းသပ်မှု ဝန်ဆောင်မှုများ (Lab Test Services)
▪️ နည်းပညာနှင့် ဗဟုသုတမျှဝေမှု အစီအစဉ်များ
▪️ အကျိုးရှိစေမည့် ပွဲအခမ်းအနား သတင်းများ
အထက်ပါအကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် တင်ဆက်ပေးသွားမည် ဖြစ်ပါတယ်။
𝗠𝗜𝗟𝗦 နှင့် အမြဲအဆက်အသွယ်ရှိနေစေရန် အောက်ပါ Link မှတစ်ဆင့် Viber Channel သို့ ယခုပဲ ဝင်ရောက် (Join) ထားနိုင်ပါပြီ။ 👇🏻
https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWjQ4EAAHJ8C%2FLbm03LLuy5AYClnVn
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn : https://www.linkedin.com/company/milsciences/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
165 Aung Zay Ya (1) Street, Thirimingalar Road (Japan Road), Level 1, Insein Township
Yangon
11012
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |