Food BAM - Home Made Cooking
Excellence taste in every bite! Mouth watering HOT recipes ��
11/02/2026
အိမ်မှာပွင့်နေတဲ့ အပင်လေးတွေ 🌻🌸🌼🌿☘️🍀
08/07/2024
အား
29/03/2024
ဓါတ်စာ 🤤🤤🤤
24/07/2023
ဆီးနှင့် ကျောက်ကပ်အတွက် ရေဝါးရွက်
“ရေဝါးရွက်အကြောင်းဆေးနည်းများကိုအတော်များများဖျန့်ဝေခဲ့ကြတာတွေ့ရပါတယ်အင်မတန်လည်းအကျိုးရှိပါတယ် ”
သို့သော်လည်း တချို့မသိသေးသောသူများလည်းရှိပါတယ် ထို့ကြောင့်မသိသေးသောသူများရောသိပြီးသားသူများအတွက်ပါ ကြိုးစားပြီးရေဝါးပင်၏ဆေးအစွမ်းများကိုစုစည်းတင်ပြထားပါသည်။
ဆေးနည်းနှင့်စာများအပြင်ပုံများပါလေ့လာပေးပါလို့တိုက်တွန်းလိုက်ပါတယ် ။
ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ။
၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့ရင်းက ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။
ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက်မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ကျောအောင့်တာသက်သာလာတယ် ။
မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ။
ကျောက်ကွဲရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် ။
နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ ။
မြန်မာ့ဆေးနည်းတွေကို ကျွန်မသိပ်ယုံကြည်သွားပါပီ ယနေ့ကျွန်မရဲ့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေမရှိတော့ဘူး လက်တွေ့လေ ကျွန်မလိုပဲ ဆီးရောဂါ ကျောက်တည်တဲ့ရောဂါရှိတဲ့ ဝေဒနာရှင်များလည်းအထက်ပါဆေးနည်းများကို သုံးစွဲမှီဝဲကြည့်ကြစေလိုပါတယ် ယုံယုံကြည်ကြည်နဲ့သောက်ပီး ပျောက်ကင်းနိုင်ကြပါစေရှင် …ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ
ကျောက်ကပ် အသက်ကယ်ဆေး ရေဝါးပင်
အခေါ်အဝေါ် နဲ့ ကုသပုံ ပြောလိုပါတယ် တရုတ် အခေါ် ရွှေကြူ ဆောင်။မြန်မာပြန် တော့ ရေဝါး ။မြန်မာအခေါ် မြက်ကြွတ်ပြာပင် (မြက်ကြွပ်ပင်ကသီးခြားရှိ) ခေါ်ပါတယ်။
ခေါ်လို့လွယ်တာနဲ့ ရေဝါးလို့ခေါ်တာပါ။ ဝါး အမျိုး အစား မဟုတ်ပါဘူး။
မျိုးကွဲ များရှိတယ်လို့သိရပေမဲ့ အိမ်မှာတော့ မြန်မာစိမ်း။ မြန်မာကျား။ နိုင်ငံခြား စိမ်း(အရွက်နဲနဲသေး)သုံးမျိုး ရှိပါတယ်။
အရွက် နောက်ကျောက ခရမ်းရောင် ဖြစ်ပါတယ်။မြေပေါ်မှာ ကပ်သွားပင်မျိုးဖြစ်လို့ အဆစ်တိုင်းမှာ အမြစ်ထွက်ပါတယ်။
” ကျောက်ကပ်ဝေဒနာကို ကုသပုံ ”
ကျောက်ကပ်ရောဂါ ဖြစ်နေရင် မျက်နှာအမ်း။လက် ခြေ ရောင်။ ဝမ်းဗိုက်ကယ် ထမင်းမစားနိုင်။ ဆီး မသွားနိုင် ဖြစ်ပါတယ်။အဲဒီ အခြေအနေကို ရောဂါ ပြင်းတယ်လို့ သတ်မှတ်ပါတယ်။
ရေဝါးပင် တပင်လုံး ၁၅ ကျပ်သား ကိုမြေအိုးနဲ ရေ သုံးခွက်တခွက် တင်အောင်ကြိုပြီး သောက်ရပါ့မယ်။တရက်စာပါ။
ဒုတိယနေ့ လဲ ဒီလိုဘဲ ကြိုသောက်ပြီးတာနဲ့ အရောင်စလျော့လာမယ်။ထမင်းစား လာပါမယ်။ တတိယနေ့ ကြသာက်ပြီး တာနဲ့ သက်သာ လာတော့တာပါဘဲ။ တဦး နဲ့ တဦး မတူတာလဲ ရှိပါတယ်။
တပတ် လောက် သောက်ပြီးတာနဲ့ လူကောင်းနီးပါးဖြစ်လာပါတယ်။ နောက်တပတ်လောက် ဆက်သောက်ပြီး ဆေးပြန်စစ်ကြည့်ပါ။ထူးခြားမှု တွေ့ရမှာပါ။
ဆေးကြိုသောက်တာကလဲ ရောဂါ သက် သာမှု ကိုကြည့်ပြီး ချဲ သောက်ပါ။ သဘောက၃၀ကျပ်သား နှစ်ရက်အစား သုံး ရက် ပေါ့။
လူနာ တယောက် အတွက် ရေဝါးပင် က၂ ပိသာကနေ ၄ပိသာ အထိ ကုန်ပါတယ်။၁/၂ ကြိမ် သောက်ရုံ နဲ့ အဆင်မပြေပါဘူး။
ဆေးပင်ကို ကြိုတဲ့အခါ သာမန်မတ်ခွက် အသေးနဲ့တောင် တနာရီခွဲလောက် ကြာလို့မီးသွေး မီးဖိုမှ အဆင်ပြေပါတယ်။
ကြုံလို့ ဆက်ပြောပါ့မယ်။ ရေဝါးပင်ကို ထောင်းပြီးအရည်ဟာ အဆိပ်ပြေလို့ အဆိပ် မိတဲ့ ခွေးတိုကြောင်တို့ ကိုတိုက်ပါက မိနစ်ပိုင်း အတွင်းပျောက်တယ်။
အပူလောင်ရင်လဲ အရည် လိမ်း။ ကင်း/ပျား အကိုက်ခံရ လဲ အရည်လိမ်းပါ။ခဏလေးနဲ့ ပျောက်ပါတယ်။လက်တွေ့ပါ။
Crd
25/04/2023
အစိမ်းကြော် 🥦🥬🥗🥗
25/04/2023
ကိုယ့်လို ……မုန့်ဟင်းခါး ကြိုက်တဲ့ အကြိုက်တူလေးတွေရှိလား 🤤
ဖြူကတော့ မုန့်ဟင်းခါးစားရင် ပဲသီးများများ ငရုပ်သီးမူန့် ခပ်စပ်စပ်လေးနဲ့ သံပုရာသီးလေးညစ်ပြီး ချဉ်ငံစပ် လေးနဲ့အရမ်းကြိုက် 🤤
19/12/2021
အလကားစျေးနဲ့ရမယ်😜
ဒီလိုစျေးနဲ ဒီမှာပဲရမယ်ရှင့် 😊
ဘန်ကောက်ကနေမှာယူတင်သွင်းတဲပစ္စည်းလေးမို့ စိတ်ချစွာ အားပေးလို့ရပါတယ်နော်။
Ygn - cash on deli
နယ် သမားတွေ အတွက် ဂိတ်တင်ပေးပါတယ်နော်။
Kpay - 09965905952
Cb or ph~09965905052
Pto-crd
18/06/2021
ငါးပိရည်နဲ့အသုပ်အမြုပ် 💛
Photo # crd #
30/05/2021
ကိုးရီးယားထမင်းသုတ် (Bibimbap)
----------------------------------
ပါဝင်သောပစ္စည်းများ
အမဲသား(သို့) ဝက်သား
ဆန်
ပဲပင်ပေါက်
မုန်လာဥနီ [carrot] 🥕
မှိုခြောက် [wild mushroom]🍄
သခွာသီး [cucumber] 🥒
ကိုရီးယား ငရုတ်သီးအနှစ်(အစိမ်း or အနီ)
ကြက်သွန်မြိတ် [spring onion]
ကွကျဥ 🍳
ဟင်းနုနွယ်ရွက် (သို့) ဆလက်ရွက် [salad]🥬
နှမ်း [seasame seed]
နှမ်းဆီ [seasame oil] 🍯
ဆား [salt]
သကြား [sugar]
----------------------------------
ချက်ပြုတ်နည်း
၁။ အမဲသား or ဝက်သားကိုစဉ်းကောကောပါ။ စဉ်းကောကောထားသောအသားကိုကို ဆား၊ပဲငံပြာရည်အချို၊ နှမ်းဆီ(အနည်းငယ်) ထည့်နုယ်ပါ။
၂။ ဒယ်ထဲ ဆီထည့်ပြီး အသားများ ကျက်သည်အထိကြော်ပေးပါ။ ပြီးလျှင် ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ နှမ်းဆီထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက် အားလုံးကို တလှည့်စီ အရောင်ပြောင်းသည်အထိထည့် ကြော်ပေးပါ။ကျက်ရုံသာကြော်ပေးပါ။
၄။ ထို့နောက် ရေပွက်ပွက်ဆူသော အိုးထဲသို့ ပဲပင်ပေါက်များထည့်၍ ဆားအနည်းငယ်ထည့်ပေးပြီ ၃မိနစ်ခန့် တည်ထားပေးပါ။ ပြီနောက် ပြန်ဆယ်ပြီ ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနုယ်ထားပါ။
၄။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း မြေအိုးတစ်ခုထဲသို့ (ထမင်း၊ အမဲသား or ဝက်သား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊ မှုိခြောက်၊ ဆလတ်ရွက်၊ ကြက်ဥ) တို့ကို စီထည့်ထားလိုက်ပါ။
၅။ ပြီမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ၊ဆား၊ သကြား တို့ကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။
၆။ အရသာအပေါ့အငံ့မြည်းပြီး အနေတော်လျှင် မြေအိုးကို အဖုံးအုပ်ပြီ မီးအပူဖြင့် ၂မိနစ်ခန့် တည်ထားပေးပြီ ပူပူလေး သုံးဆောင် နိုင်ပါပြီ။ မြေအိုးဖြင့်မဟုတ်လည်း ပန်းကန်တစ်ခုခုထဲ၌ရောသမနှယ်၍စားသုံးနိုင်ပါသည်။
ရ။ တချို့က ကြက်ဥကို ဖောက်မထည့်ပဲ ကြော်၍ထည့်ပါက မီးအပူပေးရန် မလိုပဲ အသင့်စားသုံးနိုင်ပါသည်။
၈။ ကိုးရီးယားထမင်းသုတ် (Bibimbap)ကို မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ…
-Home made cooking #
11/01/2021
Hello 👋 အားလုံးပဲမင်္ဂလာပါရှင့် 💕
အစားအသောက် ကမ္ဘာကြီး Food BAM မှ ကြိုဆိုပါတယ်ရှင့် 💕
နှစ်သစ်ရဲ့ပထမဆုံးလကစလို့ အားအင်အပြည့်နဲ့ အတူ ကံကောင်းမူတွေရယူချင်ရင်တော့ Food BAM ကနေအစားအသောက်လေးတွေ မှာယူခြင်းအားဖြင့် စတင်လိုက်ပါလို့ ပြောပါရစေနော် 😇
😎Food BAM ကဘယ်လိုတောင်အာမခံပေးလဲ တချက်show ကြည့်လိုက် 👇👇
1. အရသာကရှယ် မကြိုက်ရင်ပြော💰ပြန်ပေးမယ် 😉
2. ပွဲတပွဲရဲ့ portion ဘယ်ဆိုင်မှာမှမရနိုင်တာ Food BAM-Home made cooking မှာပဲ ရနိုင်တယ် 😋
သန့်ရှင်းလတ်ဆတ်ပြီးကဲအရသာရှိရှိ portion များများစားချင်သူတွေအတွက် ဖုန်းလေးတချက် or cb မှာ
Hello သာတချက်လုပ်လိုက် အိမ်အထိ delivery service နဲ့ အရောက်ပို့ပေးအုန်းမှာနော် 🚘 🚚
💕ကဲဘာမှမစဥ်းစားနဲ့တော့ 🤯 👉ပုံတိုင်းမှာ ဈေးနူန်းလေးတွေ ရေးထားပေးတယ် အရသာရှိပြီး fair price ဖြစ်တာမို့ အမြန်သာလူပ်ရှားလိုက်တော့ 💕
💕 ရရှိနိုင်သော MENU များကတော့ 💕
1.ဝက်နံရိုးမီးတောင်ပွဲကြီး >>15000 Ks
2.ဝက်နံရိုးမီးတောင်ပွဲသေး >> 7500
3. ခေါက်ဆင့်ပါထူး >>3000
4.cheese အာလူးကြော် >>2500
5.cheese သီးစုံလုံးကြော် >> 3000
6. အာလူးမာလာ >>2000
7. ဝက်သားလုံးကြော် >>3000
8. ကြက်သားလုံးကြော် >>3000
9. ကြက်သံပူရာကြော် >>4000
10.ပုဇွန်လုံးကြော် >>3000
11. ပုဇွန်သံပူရာကြော် >> 5000
12. ကြက်ကချင်ချက် >>2500
13. ဝက်ကချင်ချက် >>2500
14. အမဲကချင်ချက် >>3000
15. ငါးကချင်ချက် >>2500
16. ပုရစ်ကြော် ပွဲကြီး >>5000
17. ပုရစ်ကြော် ပွသေး >>2500
18. ဖက်ထုပ်ကြော် >>2000
19. ဖက်ထုပ်အိုးကပ် >>2500/5000
20.လ္ဘက်ဆေးကြက်ဥပေါင်း>>2000
21. Lunch box ကြက်/ဝက်/ငါး/
နှင့်သီးရွက်ကြော် >>3000
22. ကဏန်းမဆလာချဉ်စပ် >>5000
23. ကဏန်း ဆန်လှော် >>4000
24. ကြက် ဆန်လှော် >>3000
25. ဝက်ဆန်လှော် >>3000
26. အမဲဆန်လှော် >>3500
28. ငါးဆန်လှော် >>3000
29. မာလာရှမ်းကောပွဲကြီး >>5000
30.မာလာရှမ်းကောသေး >>2500
31.မာလာရှမ်းကောပင်လယ်စာ>8000
32. မာလာကြက်အူချောင်း >>2000
33.ဝက်သားဇလပ် >> 5000
34.ဝက်လက်စွပ်ပြုတ် >> 5000
35.ဝက်ပင်စိမ်း >> 3000
36.ကြက်ပင်စိမ်း >> 3000
37. အမဲသားနှပ် >> 5500
38.တုန်ယမ်းဟင်းချို >> 5000
ph- 09965905952 or CB
💛welcome to Food BAM 💛
06/01/2021
🤗"Hello "အားလုံးပဲမင်္ဂလာပါရှင့်
နှစ်သစ်မှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းရှိပါစေလို့ Food BAM မှ ဆုမွန်တောင်းပေးလိုက်ပါတယ်နော် 💕
🌅ဒီနှစ်သစ်မှာ
ကိုယ်ချစ်တဲ့သူတွေအတွက် ပျော်စရာအမှတ်တရဖန်တီးဖို့အတွက် 🥰💕
🧁Birthday cake လေးမှာချင်ပါသလား 🎂🎉
Anniversaryနေ့လေးတွေအတွက်မှာချင်ပါသလား💓
Food BAM မှ ဖြည့်ဆည်းပေးနေပါပြီနော်
🎂 Cake ရဲ့အရသာ၊ သန့်ရှင်းမူ၊ ဈေးနူန်း 💯% အာမခံပါတယ်နော် ☺️
🚚 Delivery စနစ်ဖြင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မူပေးနေတာမို့ စိတ်ချစွာမှာယူနိုင်ပါတယ်ရှင့်
⏰Oreder မှာမယ်ဆိုရင်တော့ 3ရက် ကြိုမှာပေးပါရှင့်
ph- 09965905952 or Cb
Click here to claim your Sponsored Listing.
Category
Website
Address
Baho Road , Sancaung Township, Yangon
Yangon