PROBIO

PROBIO

Share

ကြီးထွားကျန်းမာ PROBIO ပါ

22/05/2026

ဝက်ငယ်လေးတွေ ကြီးထွားနှုန်း နှေးနေသလား?

အကြောင်းရင်းက သွားမဖြတ်ထားတာ ဖြစ်နိုင်ပါတယ် !!!

❝ ဝက်ငယ်လေးတွေမှာ သွားဖြတ်ခြင်း ❞
(Teeth Trimming in Piglets)

ဟုတ်ကဲ့ပါရှင် ယခုအပတ်မှာတော့ မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ဝက်ပေါက်လေးတွေမှာ သွားဖြတ်ခြင်း လုပ်ဆောင်ရတဲ့အကြောင်းအရင်းနှင့်ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

ဝက်ပေါက်လေးတွေဟာ မွေးပြီးလျှင်ပြီးချင်း နို့ဦးရည်( colostrum) လုံလောက်စွာရရှိရန် အထူးလိုအပ်ပါတယ်။ ပုံမှန်အားဖြင့် မွေးဖွားကာစ ဝက်ငယ်လေးတွေမှာ ပါလာတဲ့ ချွန်ထက်တဲ့ သွားတွေဟာ မဖြတ်ပေးလျှင် နို့စို့တဲ့အခါ ဝက်မ၏ နို့အုံနှင့် နို့သီးတိုင်ကို ကိုက်မိတတ်ပါတယ်။ ဝက်မကြီးအနေဖြင့်လည်း နို့အုံနှင့် နို့သီးတိုင်များမှာ ထိခိုက်ဒဏ်ရာရပါက နို့မတိုက်ခြင်း၊ နို့တိုက်ရန်ငြင်းဆန်ခြင်း တို့ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲအနေဖြင့် ဝက်မကြီးမှာ နို့အုံရောင်ပြီး နို့ထွက်နှုန်းကျဆင်းခြင်းနှင့် ဝက်ငယ်လေးတွေမှာ နို့လုံလုံလောက်လောက်မရရှိနိုင်တာကြောင့် ခန္ဓာကိုယ်ကြီးထွားနှုန်းနှေးခြင်း၊ သားခွဲဝက်အလေးချိန်နည်းခြင်း အပြင် သားမခွဲမီ သေးဆုံးမှုများနှင့်ရင်ဆိုင်ရတတ်ပါတယ်။

ဝက်ပေါက်လေးတွေကို သွားဖြတ်တဲ့အခါ teeth trimmer ကို အသုံးပြုကာ ချွန်ထွက်နေတဲ့အပိုင်းလေးကိုသာ ဖြတ်လိုက်ရမှာဖြစ်ပါတယ်။ ဝက်ငယ်လေးတွေမှာ သွားတွေကိုဖြတ်တဲ့အခါ လျှာကို မထိခိုက်အောင် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိဝက်ခြံမှာ ဝက်မကြီးမှ သားပေါက်လာတဲ့အခါ သွားဖြတ်တာကို ဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းရှင်များအားလုံး အဆင်ပြေကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

Source: Handbook on Pig Production
____
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09259061312, 09440008164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး‌‌ - 09770916892

ကိုအောင်ကိုဝင်း - 09442647210

ရန်ကုန်ရုံးချုပ် - 09263709553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

20/05/2026

ဝက်ကလေးတွေ သားခွဲပြီး အစာစားနှုန်း ကျသွားလို့ စိတ်ညစ်နေပြီလား? 🐷

Probio-S 20 ရှိရင် ကျွေးသမျှအစာ အသားဖြစ်ပြီး အလေးချိန် မြန်မြန်တက်လာလို့ တောင်သူတို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲရှင် 💯

အသေးစိတ် သိရှိလိုပါက Comment (သို့မဟုတ်) Chat Box မှာ မေးမြန်းနိုင်ပါတယ်ရှင် 💌

15/05/2026

သားခွဲဝက်လေးတွေ အလေးချိန်အမြန်တက်အောင် ဘယ်လိုမွေးမြူမလဲ?

မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ ဝက်ပေါက်သားခွဲပြီးနောက်ပိုင်း ကျွေးသလောက် အလေးချိန်မတက်ခြင်း၊ အစာစားနှုန်းလျော့နည်းခြင်း၊ ဝမ်းရောဂါဖြစ်ပွားခြင်း စတဲ့အချက်တွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သားခွဲဝက်လေးတွေဟာ မိခင်နို့သောက်သုံးရာမှ သားခွဲဝက်စာ (creep feed) ကို ပြောင်းလဲကျွေးတဲ့အခါ အူလမ်းကြောင်းတစ်လျှောက် အပြောင်းအလဲဖြစ်ခြင်း၊ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ အူလမ်းကြောင်းသို့ ဝင်ရောက်ခြင်း၊ ကျွေးတဲ့အစာမှာ မှိုဆိပ်ပါဝင်ခြင်းတို့ကြောင့် အစာစားနှုန်းလျော့နည်းတာ၊ ဝမ်းပျော့တာ၊ ဝမ်းရောဂါဖြစ်တာတွေ အတွေ့ရများတတ်ပါတယ်။

ယခုလိုဝမ်းရောဂါနှင့် ရင်ဆိုင်ရတဲ့အခါ အစာချေဖျက်စုပ်ယူတဲ့စနစ် ထိခိုက်ပျက်စီးပြီး သားခွဲဝက်လေးတွေမှာ အစာကုန်ကျစရိတ်များကာ အလေးချိန်မတက်တာဖြစ်ပါတယ်။ သားခွဲဝက်လေးတွေ အလေးချိန်တက်အောင် အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ ဝက်ကလေးတွေရဲ့ အူလမ်းကြောင်းကျန်းမာရေးကို အထူးဂရုစိုက်ပေးခြင်းပဲ ဖြစ်ပါတယ်။

သားခွဲဝက်လေးတွေမှာ အူလမ်းကြောင်း ကျန်းမာရေး အကောင်းဆုံးအနေအထားရှိလျှင် ကျွေးသမျှဝက်စာကို ကောင်းမွန်စာ ချေဖျက်စုပ်ယူနိုင်တာကြောင့် ခုခံအားစနစ်ကိုပါအထောက်အကူ ဖြစ်စေပါတယ်။ စီးပွားဖြစ်ဝက်မွေးမြူရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ဝက်ပေါက်သားခွဲတဲ့အချိန်ဟာ အရေးအကြီးဆုံးကာလဖြစ်ပါတယ်။ ယခုနောက်ပိုင်း မွေးမြူရေးသမားအများစုဟာ ဝက်ပေါက် (၃) ပါတ်မှ (၄)ပါတ်သား အရွယ်ရောက်လျှင် သားခွဲကြပါတယ်။

သားခွဲဝက်လေးတွေမှာ အစာစားနှုန်း လျော့နည်းစေတဲ့အချက်တွေကတော့

• ဝက်မကြီးနဲ့ သားခွဲပြီး ပတ်ဝန်းကျင်အသစ်သို့ရောက်ရှိခြင်း
• အခြားသားခွဲဝက်ပေါက်လေးတွေနှင့်အတူ မွေးမြူခြင်း
• ဝက်စာရုတ်တရက် ပြောင်းလဲကျွေးခြင်းစတဲ့ အချက်တွေက အဓိကလွှမ်းမိုးထားပါတယ်။

အထက်ပါအချက်တွေကြောင့် ဝက်ပေါက်အများစု သားခွဲပြီးနောက်ပိုင်း အစာစားနှုန်းလျှော့နည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း ဖြစ်ပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအနေဖြင့် သားခွဲပြီး နောက်ပိုင်းကြုံတွေ့ရတဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် ဝက်ငယ်လေးတွေကို ကျွေးတဲ့အစာမှာ အူလမ်းကြောင်းအားဆေး (Probio-S 20) ကို ရောစပ်ကျွေးနိုင်ပါတယ်။

သားခွဲဝက်လေးတွေရဲ့အစာမှာ အူလမ်းကြောင်းအားဆေး (Probio-S 20) ကို ထည့်စပ်ကျွေးခြင်းဖြင့်

• ဝမ်းနှင့်ဆိုင်တဲ့ ပြဿနာများနှင့် ကုန်ကျစရိတ်များ နည်းပါးသွားခြင်း
• အူလမ်းကြောင်းမှ အစာစုပ်ယူမှု ပိုမိုအားကောင်းစေပြီး အသားတိုးလွယ်ခြင်း
• အူလမ်းကြောင်းတစ်လျှောက်တွင် အကျိုးပြုပိုးမွှားများသည် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများနှင့် ယှဉ်ပြိုင်နေရာယူခြင်းဖြင့် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများ တွယ်ကပ်မှုကို လျော့ကျစေခြင်း
• ကိုယ်ခံအားကောင်းမွန်လာခြင်း
• Natural Antibiotic များထုတ်ပေးပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများအား သေစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေပါတယ်။
__________
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09259061312, 09440008164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး‌‌ - 09770916892

ကိုအောင်ကိုဝင်း - 09442647210

ရန်ကုန်ရုံးချုပ် - 09263709553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

13/05/2026

အောင်မြင်သော ဝက်မွေးမြူရေးအတွက် အရေးကြီးသောအချက် (၆) ချက်

PROBIO မှ ယခုအပတ်တွင် မြန်မာနိုင်ငံ ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် ဝက်မွေးမြူရေးတွင် မရှိမဖြစ်အရေးကြီးသော အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1️⃣ ကျန်းမာရေးအခြေအနေ
မျိုးဝက်ခြံနှင့် စီးပွားဖြစ် ဝက်မွေးမြူရေးခြံတို့တွင် ဝက်သားပေါက်အရွယ်မှစတင်ကာ လိုအပ်သော ကာကွယ်ဆေးများထိုးပေးရမည်။ မျိုးပွားလမ်းကြောင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများမဖြစ်အောင် အထူးဂရုစိုက်ရမည်။

2️⃣ တိကျသော ဇီဝလုံခြုံမှု
ရောဂါဝင်ရောက်ခြင်းကိုကာကွယ်ရန်အတွက် ကောင်းမွန်သော ဇီဝလုံခြုံမှု လိုအပ်သည်။ တိကျသောဇီဝလုံခြုံမှု ကိုသေချာလိုက်နာဆောင်ရွက်လျှင် အောင်မြင်သော ဝက်မွေးမြူရေးကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။

3️⃣ ကာကွယ်ဆေးထိုးခြင်း
မတူကွဲပြားသော၊ အားကောင်းသော ကိုယ်ခံစွမ်းအားကို ဖန်တီးပေးသော ကာကွယ်ဆေးထိုးအစီအစဉ်သည် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် အဓိကသော့ချက်ဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်းသည် စီးပွားဖြစ် ဝက်မွေးမြူရေးခြံတွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားသော ရောဂါများကို သေချာဖြေရှင်းပေးနိုင်သည်။မှန်ကန်သောအသက်အရွယ်တွင် ဆေးပမာဏအပြည့်အဝဖြင့် ကာကွယ်ဆေးထိုးခြင်း၊ လိုအပ်ပါက နှစ်ကြိမ်ထိုးခြင်းတို့ကိုလုပ်ဆောင်နိုင်သည်။

4️⃣ All-in ၊ all- out စနစ်ဖြင့်မွေးမြူခြင်း
All-in ၊ all-out စနစ်ဖြင့် မွေးမြူမှသာ ဝက်မွေးမြူရေးတွင် အတွေ့ရများသော အချို့သောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ၎င်းစနစ်ဖြင့်မွေးမြူလျှင် ဝက်ခြံသန့်ရှင်းရေးကို သေချာလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ရောဂါမဝင်ရောက်ရန် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

5️⃣ ဝက်များ၏ သက်သာချောင်ချိမှုကို ဦးစားပေးကာ ဝက်ခြံကိုဆောက်လုပ်ခြင်း
ဝက်ခြံကိုဆောက်လုပ်ရာတွင် ဝက်များအတွက် အကောင်းဆုံးသောအခြေအနေကို ခွင့်ပြုထားရမည်။ ဝက်များအား ရောဂါဖြစ်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ဖိအားပေးမှုများကို ကာကွယ်နိုင်ရန် သင့်လျော်သောလေဝင်လေထွက်နှင့် အပူချိန်ထိန်းညှိမှုသည် အရေးကြီးသည်။ဝက် သက်တောင့်သက်သာရှိစေရန် လိုအပ်သော အပူပေးခြင်းများ လုပ်ဆောင်ပေးရမည်။ pH နှင့် ဘက်တီးရီးယားများကို ထိန်းချုပ်ရန်အချို့သောဒေသများတွင် သောက်ရေကိုသေချာဂရုစိုက်ရမည်။

6️⃣ ဝက်ခြံကိုစစ်ဆေးခြင်း
ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်မှုရရန်အတွက် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ၀က်သားပေါက် စောင့်ရှောက်မှုတို့သည် ဂရုစိုက်ရန်လိုအပ်သည်။ မွေးမြူရေးလုပ်ငန်းရှင်မှ ဝက်ခြံကို သေချာဂရုစိုက်ကာ လိုအပ်သည့်အချက်များကို အချိန်မှီ ဖြည်းဆည်းပေးနိုင်မှသာ ဝက်များကို အောင်အောင်မြင်မြင် မွေးမြူနိုင်မည်ဖြစ်သည်။

Reference: The Pig Site

__________
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09259061312, 09440008164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး‌‌ - 09770916892

ကိုအောင်ကိုဝင်း - 09442647210

ရန်ကုန်ရုံးချုပ် - 09263709553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11L
Xwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

08/05/2026

ကြက်မွေးမြူရေးတွင် နွေရာသီအပူဒဏ်ကာကွယ်ရေး (အပိုင်း ၃)

ယခင်အပိုင်းတွေမှာ နွေရာသီအပူဒဏ်ရဲ့ ဆိုးကျိုးတွေကို ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီနောက်ဆုံးအပိုင်းမှာတော့ ကြက်တွေကို အပူဒဏ်ကနေ ကာကွယ်ဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

ကြက်များ အပူဒဏ်ခံရမှုမှ ကာကွယ်ရန် နည်းလမ်းများ

1. လေဝင်လေထွက်ကောင်းအောင် စီမံပေးခြင်း
• ကြက်ခြံတည်ဆောက်မှု: ကြက်ခြံတည်ဆောက်စဉ်ကတည်းက သစ်ပင်ကြီးတွေနဲ့ မြက်ခင်းတွေ ပတ်ပတ်လည်ရှိစေပြီး အေးမြတဲ့လေရရှိအောင် စီမံပါ။
• ပန်ကာများ: လေဝင်လေထွက်ကောင်းစေဖို့ ပန်ကာတွေ အသုံးပြုပါ။
• ကြက်နေရာမကျပ်တည်းစေခြင်း: ကြက်နေရာကျပ်တည်းမှု (Overcrowding) မရှိစေဘဲ လုံလောက်တဲ့နေရာပေးပါ။
• ရေစနစ်ကာကွယ်ခြင်း: ရေစဉ် (Overhead tank) နဲ့ ရေပိုက်လိုင်းတွေကို နေပူမထိုးအောင် ကောင်းစွာ ဖုံးအုပ်စီမံပါ။
• အအေးပေးစနစ်များ: အပူဒဏ်ပြင်းထန်ချိန်မှာ အငွေ့ပျံအအေးပေးစနစ် (Evaporative Cooling)၊ ရေပန်း (Sprinklers)၊ ရေမွှားပန်းများ (Foggers) နဲ့ အခင်းအအေးပေးခြင်း (Pad-Cooling) စနစ်တွေကို အသုံးပြုနိုင်ပါတယ်။

2. နေ့စဉ်စီမံဆောင်ရွက်မှုများ
• အစာကျွေးချိန်: နံနက် 9:30 မှ ညနေ 4:30 အတွင်း အစာလုံးဝမကျွေးပါနဲ့။ အပူဆုံးအချိန် (ညနေ 2:00 – 3:00) ကိုရှောင်ပြီး ညဘက်အေးချိန်မှာ အစာကျွေးပါ။
• ရေအေးပေးခြင်း: ကြက်သောက်ရေကို အေးမြသော (10-12°C) အပူချိန်မှာ အမြဲရရှိနိုင်စေပြီး ရေသောက်ရန်နေရာကိုလည်း နှစ်ဆပေးထားပါ။
• အပူဒဏ်ကာကွယ်ဆေးနှင့် ကုသဆေးများ: Electrolytes, Amino Acids, Probiotics နှင့် Vitamin C တို့ ပါဝင်တဲ့ ဆေးဝါးတွေကို အသုံးပြုပြီး ကာကွယ်ကုသပါ။
• Supportive Care: Eucalyptus Oil, Menthol နှင့် Emulsifiers ပါဝင်တဲ့ ဆေးမျိုးတွေကို အသုံးပြုပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အပူဒဏ်ကို သက်သာစေနိုင်ပါတယ်။

3. နွေရာသီအစာစပ်ပုံ (Formula)
• အာဟာရဓာတ်ပြည့်ဝစေခြင်း: နွေရာသီမှာ အစာစားနှုန်းလျော့နည်းတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာရရှိစေဖို့ အစာဖော်မြူလာမှာ ဗီတာမင်နဲ့ ဓာတ်သတ္တုတွေရဲ့ သိပ်သည်းဆကို ပိုမိုထည့်သွင်းပေးပါ။
• Protein ရွေးချယ်မှု: Crude Protein % ကို မတိုးမြှင့်သင့်ဘဲ သီးနှံမှရတဲ့ Protein (ဥပမာ- ပဲပုပ်၊ နေကြာဖတ်) ကိုသာ အသုံးပြုသင့်ပါတယ်။ ဒါက ခန္ဓာကိုယ်တွင်း အပူထုတ်လုပ်မှုကို လျော့ကျစေပါတယ်။
• အဆီ (Fats): အဆီကို အစာထဲမှာ 2-3% အထိ တိုးမြှင့်ထည့်သွင်းနိုင်ပါတယ်။ အဆီဟာ heat increment value အနိမ့်ဆုံးဖြစ်ပြီး ခန္ဓာကိုယ်ကို ပိုမိုအေးမြစေပါတယ်။
• Vitamin C: အပူဒဏ်ခံနေရချိန်မှာ Vitamin C လိုအပ်ချက်များပြားတဲ့အတွက် နွေရာသီမှာ Vitamin C ထည့်သွင်းကျွေးမွေးရပါမယ်။
• Sodium Bicarbonate (ဆားဆော်ဒါ): ရေသောက်နှုန်းမြင့်မားစေပြီး Systemic Acidosis ကို လျော့ကျစေပါတယ်။ အစာနဲ့ ရေနှစ်မျိုးလုံးမှာ ထည့်သွင်းနိုင်ပါတယ်။
• Betaine (Osmolyte): ခန္ဓာကိုယ်တွင်း Water Balance ကို ထိန်းသိမ်းပေးပါတယ်။
• Anti-oxidant: Vitamin E နဲ့ Vitamin C တို့လို Antioxidant တွေဟာ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ Free Radicals တွေကို ဖမ်းစားဖျက်ဆီးပေးနိုင်ပါတယ်။

အခြားအကြံပြုချက်များ

• Vitamin K: ကြက်နှုတ်သီးဖြတ်ချိန်နဲ့ သွေးဝမ်းရောဂါဆိုးဝါးချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။
• Toxin Binders: စိုစွတ်တဲ့နွေရာသီမှာ အစာထဲမှာ မှိုဆိပ်ဖြစ်ပေါ်မှု မြန်ဆန်တာကြောင့် မှိုဆိပ်ဖြေဆေးတွေကို အညွှန်းအတိုင်း အပြည့်အဝ ထည့်သွင်းအသုံးပြုပါ။
• ကြက်သောက်ရေ သန့်ရှင်းရေး: အချိန်အပိုင်းအခြားအလိုက် ရေစဉ်နဲ့ ရေပိုက်လိုင်းတွေကို သန့်ရှင်းရေးလုပ်ပါ။
• အခင်းသန့်ရှင်းရေး: အခင်းစိုစွတ်မှုမရှိအောင် Conditioner တွေ အသုံးပြုပြီး အမြဲခြောက်သွေ့အောင်ထားပါ။
• ကာကွယ်ဆေးပေးခြင်း: ကာကွယ်ဆေးထားသိုမှု၊ သယ်ဆောင်မှုနဲ့ တိုက်ကျွေးတဲ့ရေ အေးမြစေဖို့ အထူးဂရုပြုပါ။ ကာကွယ်ဆေးပြုလုပ်ခြင်းကို အေးမြတဲ့အချိန် (နံနက်စောစော/ညပိုင်း) မှာ ပြုလုပ်ပါ။
• ခုခံအားလှုံ့ဆော်သော ဆေးဝါးများ: ကာကွယ်ဆေးပေးပြီး ၃ ရက်ဆက်တိုက် Vitamin A, D3, E နဲ့ C ပါဝင်တဲ့ ဆေးဝါးတွေကို တိုက်ကျွေးပါ။

ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် နွေရာသီအပူဒဏ်ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
----------------
Myanmar Innovative Life Sciences Co., Ltd မှပြည်တွင်း၌ပင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ၏ ဆေးဝါးထုတ်လုပ်ခွင့်ပြုချက်လိုင်စင် နှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာဖြင့် စနစ်တကျ ထုတ်လုပ်ဖြန့်ချိ လျက်ရှိတဲ့ အရည်အသွေးမြင့်အစာလမ်းကြောင်းအားဖြည့်ဆေး PROBIO-P က ဥစား/အသားစားကြက်မွေးမြူရေး လုပ်ငန်းရှင် များကို ကူညီဖို့ အမြဲအဆင်သင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-

အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09259061312/ 09440008164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Mg Soe Moe
09770916892

ကိုအောင်ကိုဝင်း - 09442647210

ရန်ကုန်ရုံးချုပ် - 09263709553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

#ကြက်မွေးမြူရေး #နွေရာသီအပူဒဏ်

06/05/2026

ကြက်မွေးမြူရေးတွင် နွေရာသီအပူဒဏ်ကာကွယ်ရေး (အပိုင်း ၂)

အပိုင်း (၁) မှာ နွေရာသီအပူဒဏ်ရဲ့ အခြေခံအကြောင်းအရာတွေနဲ့ ကြက်တွေရဲ့ ပထမဆုံးတုံ့ပြန်မှုတွေကို ပြောပြခဲ့ပြီးပါပြီ။ ဒီအပိုင်းမှာတော့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆိုးကျိုးတွေနဲ့ ရောဂါရှာဖွေနည်းတွေကို ဆက်လက်လေ့လာကြည့်ရအောင်။

အပူဒဏ်ရဲ့ အန္တရာယ်ရှိသော ဆိုးကျိုးများ

ကြာရှည်စွာ အပူချိန်မြင့်မားမှုနဲ့ ကြုံတွေ့ရတဲ့အခါ ကြက်တွေရဲ့ ခန္ဓာကိုယ်တွင်း စနစ်တွေဟာ ထိခိုက်ပျက်စီးလာပြီး အောက်ပါအန္တရာယ်ရှိတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်:

(A) ကိုယ်တွင်းအင်္ဂါများဆီသို့ သွေးထောက်ပံ့မှု လျော့ကျခြင်း
• အစာခြေဖျက်မှု မကောင်းခြင်းကြောင့် ကြီးထွားနှုန်းနှေးခြင်း နှင့် FCR (အစာမှ ဥ/အသား ဖြစ်နှုန်း အချိုး) မြင့်တက်ခြင်း။
• အူလမ်းကြောင်းရောင်ယမ်းခြင်းနှင့် ဘက်တီးရီးယား ပေါက်ဖွားမှု ပိုမိုလာခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း။

(B) ခန္ဓာကိုယ်တွင်း အက်ဆစ်-ဘေ့စ် မျှခြေ မရှိခြင်း
• ပါးစပ်ဟပြီး အသက်ရှူနှုန်းမြန်ခြင်း (Panting) ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဆုံးရှုံးပြီး သွေးတွင်း pH မြင့်တက်ကာ Alkalosis ဖြစ်စေပါတယ်။
• နောက်ပိုင်းမှာ ကျောက်ကပ်ရဲ့ တုံ့ပြန်မှုကြောင့် Systemic Acidosis ဖြစ်ပေါ်လာပြီး Acid Shock နဲ့ သေဆုံးနိုင်ပါတယ်။
• ကာကွယ်ရန်: အစာထဲတွင် Ammonium Chloride (0.3 – 1%)၊ Sodium Bicarbonate (1-2%) နှင့် Sodium chloride (အိမ်သုံးဆား) 0.25% (2.5 Kg/Ton of Feed) ထည့်သွင်းပေးနိုင်ပါတယ်။

(C) ခန္ဓာကိုယ်တွင်း ရေဓာတ် မညီမျှမှု
• အပူဒဏ်ခံနေရချိန်မှာ ဆီးနဲ့ အသက်ရှူနှုန်းမြန်မှုကြောင့် ရေဓာတ်ဆုံးရှုံးမှု 60% ထက် ပိုမိုများပြားပါတယ်။
• Dehydration ဖြစ်စေပြီး သွေးပမာဏ လျော့ကျကာ Blood Pressure ကျစေပါတယ်။
• ရေပိုသောက်ပေမယ့် Electrolytes နဲ့ Organic Osmolytes (Betaine, Sorbitol, Inositol) များ ဆုံးရှုံးမှုကြောင့် ဆဲလ်တွေမှာ ရေထိန်းထားနိုင်မှု လျော့ကျပြီး ခန္ဓာကိုယ်အပူချိန် ထပ်မံမြင့်တက်စေပါတယ်။
• ကာကွယ်ရန်: အစာထဲတွင် Betaine (Osmolytes) နှင့် Electrolytes (Betamint) ထည့်သွင်းကျွေးခြင်းဖြင့် Water Balance ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

(D) ခုခံအား ဖိနှိပ်ခြင်း
•ပူပြင်းတဲ့ရာသီဥတုမှာ Adrenals မှ Corticosteroid ထွက်ရှိပြီး Plasma Vitamin C ကို လျော့ကျစေတာကြောင့် Lymphocyte Count နည်းစေပြီး ခုခံအားကျဆင်းစေပါတယ်။

ရောဂါရှာဖွေခြင်း (Diagnosis)

အပူဒဏ်ခံစားရမှုမှာ ဆဲလ်တွင်း Calcium Concentration မြင့်တက်မှုကြောင့် Creatinine Kinase အင်ဇိုင်းကို ဆဲလ်တွင်းမှ Plasma ထဲသို့ ထုတ်လွှတ်မှု မြင့်တက်လေ့ရှိပါတယ်။ Plasma ထဲမှာ Creatinine Kinase မြင့်တက်ခြင်းဟာ အပူဒဏ်ခံစားရမှုကို ပြသခြင်းဖြစ်ပါတယ်။

နောက်ဆုံးအပိုင်းမှာတော့ ကြက်တွေကို အပူဒဏ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
----------------
Myanmar Innovative Life Sciences Co., Ltd မှပြည်တွင်း၌ပင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ၏ ဆေးဝါးထုတ်လုပ်ခွင့်ပြုချက်လိုင်စင် နှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာဖြင့် စနစ်တကျ ထုတ်လုပ်ဖြန့်ချိ လျက်ရှိတဲ့ အရည်အသွေးမြင့်အစာလမ်းကြောင်းအားဖြည့်ဆေး PROBIO-P က ဥစား/အသားစားကြက်မွေးမြူရေး လုပ်ငန်းရှင် များကို ကူညီဖို့ အမြဲအဆင်သင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-

အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09259061312/ 09440008164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Mg Soe Moe
09770916892

ကိုအောင်ကိုဝင်း - 09442647210

ရန်ကုန်ရုံးချုပ် - 09263709553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

#ကြက်မွေးမြူရေး #နွေရာသီအပူဒဏ်

01/05/2026

ကြက်မွေးမြူရေးတွင် နွေရာသီအပူဒဏ်ကာကွယ်ရေး (အပိုင်း ၁)

နွေရာသီရောက်ပြီဆိုတာနဲ့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတစ်ခုကတော့ အပူဒဏ် (Heat Stress) ပါပဲ။ ကမ္ဘာ့နေရာအနှံ့အပြားမှာ နေ့အပူချိန် 40°C (104°F) အထိ မြင့်တက်လာတာကြောင့် ကြက်တွေဟာ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။

အပူဒဏ်ဆိုတာဘာလဲ?

ကြက်တွေဟာ ပတ်ဝန်းကျင်အပူချိန် 18-24°C (65-75°F) အတွင်းမှာ အသက်သာဆုံးနေထိုင်နိုင်ပြီး ဒါကို Zone of Thermoneutrality လို့ခေါ်ပါတယ်။ ဒီအပူချိန်ထက် ကျော်လွန်လာတာနဲ့အမျှ ကြက်တွေရဲ့ ခန္ဓာကိုယ်ဟာ အပူဒဏ်ကို စတင်ခံစားရပါတယ်။

အပူဒဏ်ရဲ့ဆိုးကျိုးများ

နွေရာသီအပူဒဏ်ဟာ ကြက်တွေရဲ့ ကျန်းမာရေးနဲ့ ထုတ်လုပ်မှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိပါတယ်။

• အသားတိုးနှုန်းနှင့် FCR ကျဆင်းခြင်း
• ကြက်ဥထုတ်လုပ်မှုနှင့် ဥခွံအရည်အသွေး ထိခိုက်ခြင်း
• ဥဖောက်စက်ပေါက်နှုန်း လျော့ကျခြင်း
• သေဆုံးနှုန်း မြင့်တက်ခြင်း
• ခုခံအားကျဆင်းခြင်း
• ရောဂါကျရောက်နိုင်ခြေ ပိုများလာခြင်း

ကြက်တွေရဲ့ ပထမဆုံးတုံ့ပြန်မှုများ

အပူဒဏ်ခံစားရတဲ့အခါ ကြက်တွေဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် အောက်ပါတုံ့ပြန်မှုတွေကို ပြသတတ်ပါတယ်:

1. သွေးလှည့်ပတ်မှု မြင့်တက်ခြင်း: အရေပြားနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းသို့ သွေးစီးဆင်းမှု ၂ ဆမှ ၄ ဆအထိ ပိုမိုမြင့်တက်လာပါတယ်။

2. အသက်ရှူနှုန်းမြန်ခြင်း (Panting): ပါးစပ်ဟပြီး အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်း မြန်ဆန်လာပါတယ်။

3. ရေသောက်နှုန်း မြင့်တက်ခြင်း: ပုံမှန်ထက် ၁.၂ ဆမှ ၃.၂ ဆအထိ ရေသောက်နှုန်း များလာပါတယ်။

4. လဲလျောင်းနေထိုင်ခြင်း: ခန္ဓာကိုယ်ကို အခင်းပေါ်မှာ ဆန့်တန်းလဲလျောင်းပြီး ရေခွက်အနီးမှာ နေလေ့ရှိပါတယ်။

ဒီလိုတုံ့ပြန်မှုတွေဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချဖို့ ကြိုးစားတာဖြစ်ပေမယ့် ရေရှည်မှာတော့ ပိုမိုဆိုးရွားတဲ့ ပြဿနာတွေဆီ ဦးတည်သွားနိုင်ပါတယ်။

နောက်အပိုင်းမှာတော့ အပူဒဏ်ရဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆိုးကျိုးတွေနဲ့ ရောဂါရှာဖွေနည်းတွေကို ဆက်လက်တင်ပြပေးပါမယ်။
----------------
Myanmar Innovative Life Sciences Co., Ltd မှပြည်တွင်း၌ပင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ၏ ဆေးဝါးထုတ်လုပ်ခွင့်ပြုချက်လိုင်စင် နှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာဖြင့် စနစ်တကျ ထုတ်လုပ်ဖြန့်ချိ လျက်ရှိတဲ့ အရည်အသွေးမြင့်အစာလမ်းကြောင်းအားဖြည့်ဆေး PROBIO-P က ဥစား/အသားစားကြက်မွေးမြူရေး လုပ်ငန်းရှင် များကို ကူညီဖို့ အမြဲအဆင်သင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ-

အထက်မြန်မာပြည် အရောင်းတာဝန်ခံ ဦးရဲမြင့်
09 259061312/ 09 440008164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ Dr. Mg Soe Moe
09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

#ကြက်မွေးမြူရေး #နွေရာသီအပူဒဏ်

29/04/2026

PROBIO Officially Launch in TikTok! 🎉

VPN အခက်အခဲကြောင့် PROBIO နဲ့ အဆက်အသွယ်မပြတ်ရလေအောင် အခုပဲ TikTok မှာ Follow ထားလိုက်တော့နော်! 👇🏻

https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw

မွေးမြူရေးဗဟုသုတတွေနဲ့ Giveaway တွေပါ လာတော့မှာမို့ TikTok မှာ ဆုံကြပါမယ်! ✨

#ကြက်မွေးမြူရေး #ဝက်မွေးမြူရေး #မွေးမြူရေး

24/04/2026

စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းမှာ ဝမ်းရောဂါဖြစ်ပွားနှုန်းကို လျှော့ချခြင်း

ဝက်ပေါက်လေးတွေမှာ အစာချေဖျက်မှုကောင်းမွန်ပြီး အစာမှအသားပြောင်းနှုန်း(FCR) ကောင်းစေလိုပါသလား။

မြန်မာနိုင်ငံရှိ မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ မိမိဝက်ခြံမှာ ဝမ်းရောဂါပြဿနာနှင့် တော်တော်များများ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းမှာ ဝမ်းရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားအများစုဟာ ဝက်စာ (သို့မဟုတ်) သောက်ရေနှင့် ပတ်ဝန်းကျင်မှ ဝက်၏အူလမ်းကြောင်းကို ဝင်ရောက်ပြီး ဝမ်းရောဂါဖြစ်စေတာပဲဖြစ်ပါတယ်။

မိမိဝက်ခြံမှာ ဝမ်းရောဂါဖြစ်တဲ့အခါ မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ ပဋိဇီဝဆေးများတိုက်ပြီး ကုသလေ့ရှိရာ ၎င်းပဋိဇီဝဆေးများဟာ အူလမ်းကြောင်းရှိ ရောဂါဖြစ်ပွားစေသော ပိုးမွှားများကို သေဆုံးစေသည့်အပြင် အစာချေဖျက်ရာတွင် ကူညီပေးတဲ့ အကျိုးပြုပိုးမွှားလေးတွေကိုပါ သေဆုံးစေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေဖြင့် အစာချေစနစ် ထိခိုက်စေပြီး အသားတိုးဝက်များတွင် အလေးချိန်မတက်ခြင်းစတဲ့ အခြေအနေများနှင့် ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာရှိ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိမွေးမြူထားသောဝက်များ ကျန်းမာကြီးထွားစေပြီး ဝမ်းရောဂါမဖြစ်စေရန် အသုံးပြုနေတဲ့ပစ္စည်းမှာ Probiotics ပဲဖြစ်ပါတယ်။

စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းတွေမှာ PROBIO အူလမ်းကြောင်းအားဆေးတမျိုးဖြစ်တဲ့ PROBIO-S 20 ကို အသုံးပြုခြင်းဖြင့်-

• ဝမ်းနှင့်ဆိုင်တဲ့ ပြဿနာများနှင့် ကုန်ကျစရိတ်များ နည်းပါးသွားခြင်း

• အူလမ်းကြောင်းမှ အစာစုပ်ယူမှု ပိုမိုအားကောင်းစေပြီး အသားတိုးလွယ်ခြင်း

• အူလမ်းကြောင်းတစ်လျှောက်တွင် အကျိုးပြုပိုးမွှားများသည် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများနှင့် ယှဉ်ပြိုင်နေရာယူခြင်းဖြင့် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများ တွယ်ကပ်မှုကို လျော့ကျစေခြင်း

• ကိုယ်ခံအားပိုမိုကောင်းမွန်လာခြင်း

• Natural Antibiotic များ ထုတ်ပေးပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများအား သေစေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။

_______

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး‌‌ - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

22/04/2026

စီးပွားဖြစ်ဝက်မွေးမြူရေးမှာ ဝက်သားပေါက် ဆုံးရှုံးမှုနည်းအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများ

နိုင်ငံတစ်ကာ ဝက်မွေးမြူရေးကဏ္ဍမှာ ဝက်သားပေါက် သေဆုံးမှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုကို အဓိကဖြစ်စေပါတယ်။ ဝက်သားပေါက်အများစုဟာ မွေးပြီး (၃၆) နာရီ အတွင်း (သို့) မွေးပြီး (၄) ရက်အတွင်း သေဆုံးတာ အတွေ့ရများတတ်ပါတယ်။ စီးပွားဖြစ်ဝက်မွေးမြူရေးမှာ ဝက်သားပေါက်လေးတွေကို အသေအပျောက်နည်းအောင် စောင့်ရှောက်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဝက်သားပေါက်လေးတွေ အသေအပျောက်နည်းအောင် အောက်ပါ အချက်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
• မျိုးဝက်မ၏ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်း
• မျိုးဝက်မသားပေါက်မည့်အခန်းကို ပိုးသတ်ဆေးဖြင့် ကြိုတင်ပိုးသတ်ခြင်း
• မျိုးဝက်မသားပေါက်တဲ့အခါ သေချာ ဂရုစိုက်ပေးခြင်း
• ဝက်သားပေါက်တွေကို စနစ်တကျ သန့်စင်ပေးခြင်း
• သားပေါက်တွေကို နို့ဦးရည်ရရှိအောင် လုပ်ဆောင်ပေးခြင်း
• ပုံမှန်ထက် ကိုယ်အလေးချိန်လျော့နည်းနေတဲ့ ဝက်သားပေါက်တွေကို ပိုမို ဂရုစိုက်ပေးခြင်း
• မျိုးဝက်မ သားပေါက်တဲ့အခန်းကို အနွေးဓာတ်ရရှိအောင် လုပ်ဆောင်ပေးခြင်း
အထက်ပါအချက်တွေကို စနစ်တကျ လုပ်ဆောင်ပေးခြင်းဖြင့် ဝက်သားပေါက်တွေရဲ့ သေဆုံးနှုန်းကို လျှော့ချနိုင်ပါတယ်။

____
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး‌‌ - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

10/04/2026

❝ PROBIO ရဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ရုံးပိတ်ရက် အသိပေးကြေညာခြင်း ❞

PROBIO ရဲ့ ချစ်ခင်ရပါသော သုံးစွဲသူ လူကြီးမင်းများရှင်

မကြာမီကျရောက်တော့မဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ လူကြီးမင်းတို့အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း PROBIO မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်တဲ့ ဧပြီလ (၁၁) ရက်ကနေ (၁၉) ရက်အထိ PROBIO ရဲ့ ရုံးလုပ်ငန်းနဲ့ ဝန်ဆောင်မှုများကို ခေတ္တပိတ်ထားမှာဖြစ်ပြီး၊ ဧပြီလ (၂၀) ရက်နေ့မှာ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်စတင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်

" မိဘပြည်သူများအားလုံး ကျန်းမာပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင် "
----------------------------
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -

အထက်မြန်မာပြည် အရောင်းတာဝန်ခံ
ဦးရဲမြင့် - 09 25906 1312, 09 44000 8164

အောက်မြန်မာပြည် အရောင်းတာဝန်ခံ
‌‌ဒေါက်တာမောင်စိုးမိုး‌‌ - 09 770916892

ကိုအောင်ကိုဝင်း - 09 4426 47210

ရန်ကုန်ရုံးချုပ် - 09 263 709 553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Website: www.milsciences.com
E-mail: [email protected]
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11LXwp1peg7HibY%2BiP5j9aIY

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

#165 Aung Zay Ya (1) Street, Japan Road, Level 1, Insein Township
Yangon
11012

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30