Ko toe lay

Ko toe lay

Share

အိမ်တွင်းအလှဆင်ခြင်း

29/12/2022

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။

☆စွန်းကောင်းတယ် ဆိုတာ ..
သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို "စွန်းကောင်း" တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ " ေx ာက်ရမ်းကောင်းတယ်" လို့ပြောကြပါတယ်။

✅ ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem & Solution) ကိုစွန်းကောင်းအောင်လုပ်
စီးပွားရေးလုပ်ငန်းတိုင်းက ဈေးကွက်မှာရှိတဲ့ အခက်အခဲ ပြသနာတစ်ခုမဟုတ်တစ်ခုကို ဖြေရှင်းနိုင်ရပါတယ်။ ဘယ်လိုအခက်အခဲပြသနာမျိုးမှ မဖြေရှင်းပေးနိုင်ရင် တန်ဖိုးမရှိပဲ ဈေးကွက်ကမလိုအပ်တဲ့ အပိုသက်သက် ကုန်ပစ္စည်း တစ်ခုသာဖြစ်ပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ ကြီးမားတဲ့အခက်အခဲပြသနာကို ဖြေရှင်းနိုင်လေလေ၊ လုပ်ငန်းရဲ့တန်ဖိုးကြီးမားလေလေပါပဲ။ လက်ရှိမှာ ဈေးကွက်မှာ အောင်မြင်နေတဲ့ လုပ်ငန်းတွေ၊ တန်ဖိုးကြီးမားတဲ့လုပ်ငန်းတွေကို ကြည့်ပါ။ အားလုံးက လူမှုအသိုင်းအဝိုင်းရဲ့အခက်အခဲ ပြသနာတစ်ခုခုကို ဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။
မိမိလုပ်ငန်း က ဘယ်လိုပြသနာ အခက်အခဲမျိုးကို ဖြေရှင်းပေးနေလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှင်းလင်းပြတ်သားစွာသိနေဖို့လိုပါတယ်။

✅၂။ တန်ဖိုးဖန်တီးခြင်း (Value Creation) ကို စွန်းကောင်းအောင်လုပ်
လုပ်ငန်းတစ်ခု အစပြု တာမဟုတ်ပါဘူး၊ တန်ဖိုးတစ်ခုအစပြု ဖန်တီးတာပါ။
ကော်ဖီဆိုင်ဖွင့်မယ် လို့မတွေးပါနဲ့၊ ဘယ်လိုတန်ဖိုးမျိုးချပြမလဲ ဆိုတာ တွေးပါ။
တန်ဖိုးဆိုတာ ဈေးကွက်ပြသနာအခက်အခဲတစ်ရပ်ကို ဖြေရှင်းရာကနေဖြစ်ပေါ်လာတာပါ။
ကော်ဖီဆိုင်ဆိုပေမယ့် ကိုယ်ချပြတဲ့တန်ဖိုးက .. စာဖတ်ဖို့ အေးအေးဆေးဆေးနေရာလေးတစ်ခုရဖို့အခက်အခဲဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ သီချင်းသံတိုးတိုးလေးနဲ့အေးချမ်းနဲ့နေရာထိုင်ခင်း တန်ဖိုးကို ပေးတဲ့ ဆိုင်တစ်ဆိုင်ဖြစ်နိုင်တယ်။ ဆိုင်လုပ်ငန်းရှင်အနေနဲ့ကော်ဖီကောင်းတစ်ခွက်ကို အဓိကတန်ဖိုးလို့ထင်မြင်နေချိန်မှာ စားသုံးသူဈေးကွက်က နေရာထိုင်ခင်းကို အဓိကထားတန်ဖိုးလို့မြင်နေတတ်တယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတာ ဈေးကွက်နိယာမပါပဲ။ နိယာမကို လက်မခံနိုင်ရင် လုပ်ငန်း ပြုတ်တတ်တယ်။

✅၃။ မားကက်တင်း ကို စွန်းကောင်းအောင်လုပ်
တန်ဖိုးတွေဘယ်လောက်ပဲ ဖန်တီးထားစေဦးတော့ လူသိမများရင် လုပ်ငန်းမတွင်ပါဘူး။ ဝယ်ယူမှုဆိုတာ သိရှိခြင်းနဲ့စတာပါ။ ကိုယ့်ကုန်ပစ္စည်းတစ်ခုရဲ့တည်ရှိမှု၊ ကိုယ့်လုပ်ငန်းရဲ့တည်ရှိမှုကိုတောင် ဈေးကွက်က မသိရင် ဝယ်ယူမှု ဆိုတာ မဖြစ်နိုင်ပါဘူး။ မားကက်တင်း ဆိုတာ ကိုယ်ဖန်တီးထားတဲ့တန်ဖိုး ကို ဈေးကွက်က သိအောင်၊ မှတ်မိအောင်၊ အသိအမှတ်ပြုအောင်၊ ယုံကြည်အောင်လုပ်ခြင်းပါပဲ။

✅၄။ အရောင်း (Sale) ကို စွန်းကောင်းအောင်လုပ်
ဝင်ငွေမရှိတဲ့လုပ်ငန်းဆိုတာ စီးပွားရေးမဟုတ်ပါဘူး၊ ဝါသနာ လို့ခေါ်ပါတယ်။
ဝင်ငွေဆိုတာ ရှိဖို့အရောင်းဆိုတာ စီးပွားရေးလုပ်ငန်းတိုင်း ရှိကြတဲ့ အပိုင်းကဏ္ဍ ဖြစ်ပါတယ်။
အရောင်းဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ဝင်ငွေရလမ်းကြောင်းဖြစ်ပြီး အသက်သွေးကြောလဲဖြစ်ပါတယ်။ အရောင်းပါးရင် အသက်တိုပါတယ်။ လုပ်ငန်းတစ်ခု အသက်ရှည်ရှည်ရပ်တည်နိုင်ဖို့ဆိုတာ အရောင်းပိုင်းကနေ ဝင်ငွေတစ်သွင်သွင်စီးဆင်းနေဖို့လိုပါတယ်။

✅၅။ တန်ဖိုးလက်ရောက်အပ်နှံ မှု (Value Delivery) ကိုစွန်းကောင်းအောင်လုပ်
လုပ်ငန်းက စားသုံးသူတွေအတွက် တန်ဖိုးကိုဖန်တီးထားတယ်ဆိုပေမယ့် ၊ ဖန်တီးထားတဲ့တန်ဖိုးကို စားသုံးသူလက်ထဲ မထည့်ပေးတတ်ရင် တန်ဖိုးလျော့သွားတတ်ပါတယ်။ ဥပမာအားဖြင့် ဟင်းလျာအရသာကောင်းပေမယ့် စောင့်ရတာကြာတဲ့ ဆိုင်တစ်ဆိုင်လိုပါပဲ၊ စောင့်ချိန်ကြာလေလေ စိတ်ခုလေလေပါပဲ။ လုပ်ငန်းရဲ့Operation အပိုင်း ဆိုတာ Value Delivery ပါပဲ။

✅၆။ လူသားအရင်းအမြစ် (Human ) ကို စွန်းကောင်းအောင်လုပ်
ဈေးကွက်ဆိုတာ လူသားတွေပဲ ဖြစ်ပြီး လုပ်ငန်းဆိုတာလဲ လူသားတွေပဲဖြစ်ပါတယ်။ စားသုံးသူမပါတဲ့ဈေးကွက်ဆိုတာ မရှိသလို၊ ဖန်တီးလုပ်ဆောင်သူမပါတဲ့ လုပ်ငန်းဆိုတာလဲ မရှိပါဘူး။ လုပ်ငန်းတိုင်းအတွက် လူသားအရင်းအမြစ်ဆိုတာ အရေးကြီးပြီး အဓိက ကျတဲ့အရာပါ။ ကောင်းစွာစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။

✅ရ။ လည်ပတ်မှုစနစ် (System) ကို စွန်းကောင်းအောင်လုပ်
ကားတစ်စီးကို ခရီးရောက်စေတာဟာ မောင်းနှင်တဲ့ လူသားပါဝင်သလို၊ လီဗာတစ်ချက်နှင်းလိုက်တာနဲ့သူဟာသူလည်ပတ်မယ့် စနစ်ကောင်း တစ်ခုလဲရှိရပါတယ်။ နှစ်ခုစလုံးမပါရင် ခရီးဝေးမရောက်နိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းတစ်ခု ဈေးကွက်ခရီးလမ်းမှာ ကြာကြာရပ်တည်သွားနိုင်ဖို့နဲ့ခရီးဝေးဝေးရောက်နိုင်ဖို့ဆိုတာ လုပ်ငန်းလည်ပတ်မှု စနစ် (System) တစ်ခု ဆိုတာ မရှိမဖြစ်ပါပဲ။

✅၈။ ငွေကြေး (Finance) ကိုစွန်းကောင်းအောင်လုပ်
လုပ်ငန်းတိုင်းမှာ ငွေကြေးကုန်ကျစားရိတ်ဆိုတာ ရှိပါတယ်။ ကုန်ကျစားရိတ်ရှိတဲ့အတွက် လိုအပ်တဲ့ငွေကြေးဆိုတာ ရှိပါတယ်။ လိုအပ်တဲ့ငွေကြေးဆိုတာ ရှိတဲ့အတွက် ဝင်နေမယ့် ငွေကြေး ဆိုတာ လိုအပ်ပါတယ်။ ကုန်ကျစားရိတ်ကို Expenses လို့ခေါ်ပြီး၊ လိုအပ်တဲ့ငွေကြေးကတော့ ရင်းနှီးငွေ (Capital) ဖြစ်ပြီး၊ ဝင်နေမယ့် ငွေကြေးကို Revenue (ဝင်ငွေ) လို့ခေါ်ပါတယ်။ ဝင်ငွေမရှိတဲ့လုပ်ငန်းကို "အလှူ " လို့ခေါ်ပါတယ်။ ဒါကြောင့် ဝင်ငွေတွေ၊ ထွက်ငွေတွေ၊ ရင်းနှီးငွေ တွေကို စနစ်တစ်ကျဖြစ်အောင်လုပ်ဖို့လိုပါတယ်။

လုပ်ငန်းများ စွန်းကောင်းပြီး စွန်းဖြစ်ထွန်းကြပါစေခင်ဗျာ။ ။

#မာသင်
In search of Impactful Existence

27/12/2022

🙏🙏🙏မဂ်လာနံနက်ခင်းပါ🙏🙏🙏

"စိတ်"ကို နိုင်တဲ့"သတိ"
---------------
သတိနဲ့
မစောင့်ကြည့်နိုင်တဲ့စိတ်
မထိန်းသိမ်းနိုင်တဲ့စိတ်ဟာ
တစ်စက္ကန့်ကုဋေတစ်သိန်းနှုန်းနဲ့
မကောင်းမှုတွေပြုဖြစ်လိမ့်မယ်။

ကိုယ့်မှာ စိတ်အပြစ်
စိတ်အညစ်တွေ
ဘယ်လောက်များခဲ့ပြီ
မမှန်းဆနိုင်အောင်ပါပဲ။

တကယ်လို့သာ
ဒီစိတ်ကလေးကို တစ်စက္ကန့်သာ
ထိထိမိမိစောင့်ကြည့်ထိန်းသိမ်းမယ်ဆိုရင်
တစ်စက္ကန့်အတွင်းမှာ
(ကုသိုလ်စိတ်)
သန့်စင်စိတ်ပေါင်းကုဋေတစ်သိန်း
ရနိုင်ပါလိမ့်မယ်။

စိတ်တစ်ချက်မှာ
စေတနာတစ်ချက်ပါပြီးဖြစ်လို့
ကောင်းကျိုးမျိုးစေ့ပေါင်းကုဋေတစ်သိန်း
ရပြီလို့မှတ်သားအပ်ပါတယ်။

မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)
Credit
Crdphoto

24/12/2022
Photos from Ko toe lay's post 24/12/2022
Photos from Ko toe lay's post 23/12/2022

တာမွေကွန်တိုပြီးစီးအပ်နှံါ
ရေပိုက်ပြုပြင်တပ်ဆင်ခြင်း👍
လျှပ်စစ်မီးပြုပြင်တပ်ဆင်ခြင်း👍
နံရံဆေးသုတ်ခြင်း👍
မျက်နှာကျက်အလှဆင်ပေးခြင်း👍
မီးဖိုခန်းဖန်နေဂျာများတပ်ဆင်ပေးခြင်း👍
လူကြီးမင်းတိုဧ်အိမ် ကွန်တို တိုက်ခန်း ရုံးခန်းများကိုပြုပြင်ခြင်းနှင့်အိမ်သစ်တည်ဆောက်ခြင်းများ
KoToe lay
Home Decoration
မှတာဝန်ယူပြုပြင်ပေးပါသည်
ပြုပြင်လိုသောလူကြီးမင်းများဆက်သွယ်မေးမြန်နိုင်ပါတယ်အိမ်အရောက်လာရောက်တိုင်းတာပြီးကုန်ကြစရိပ်လည်းfree👏👏👏👏👏တွက်ချက်ပေးပါတယ်
မိမိရဲနေအိမ်ခန်းနားထည်ဝါထွန်းလင်းတောက်ပအောင်မိမိတိုစိက်ကူးရင်လိုက်ပါ
ပုံဖော်ဖို့ကKo toelay home decoration groupမှတာဝန်ယူဆောင်ရွက်ပေးပါမယ်
📞📞📞📞09262940716
09420372001

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon