Java Developer Class

Java Developer Class

Share

Java Programming Training Center

01/01/2026

Happy New Year 🎊🎆
နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာ၍စီးပွါးလာဘ်လာဘများတိုးပွါးကြပါစေလို့JDCမိသားစုမှဆုတောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏

30/11/2025

One Stop Bootcamp (Batch-16)
===========================

🌿 Java Programming ကို အစကနေ လုပ်ငန်းခွင်ဝင်နိုင်သည်အထိ တစ်တန်းထဲနှင့်လေ့လာနိုင်မည့် အတန်း
🌿 Programming အတွေ့အကြုံမရှိသေးသူလဲ စတင်လေ့လာနိုင်သောအတန်း
🌿 သတ်မှတ်ထားတဲ့ အချိန် 6 လနဲ့ Java ကို စုစုစည်းစည်းဖြင့် လေ့လာနိုင်မည့်အတန်း

💁‍♂️ Start Date
Feburary 9, 2026

📅 Days
Monday to Friday

⏰ Times
9:00 AM to 4:00 PM (1Hr Lunch Break)

⏳ Duration
6 Months

မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ၆ လတိုင်တိုင် တစ်ပတ်ကို ၅ ရက် လေ့လာနိုင်မည့် သင်တန်းဖြစ်ပါတယ်ဗျာ။
အပြင်မှာ ဆရာတွေနှင့် အတူ လေ့လာနိုင်မည့် အတန်းလဲ ဖြစ်ပါတယ်ဗျာ။

🛒 Fees
Registration Fees ကတော့ ၅ သောင်းကျပ်ပါခင်ဗျာ
သင်တန်းကြေးကတော့ လစဉ်ပေးသွင်းနိုင်ပြီး တစ်လကို နှစ်သိန်းကျပ်ကျသင့်ပါမယ်ခင်ဗျာ
သင်တန်းကာလက ၆ လဆိုတော့ သင်တန်းကြေး စုစုပေါင်းက ၁၂ သိန်းခွဲကျပ် ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ

💁‍♂️ သင်ကြားမည့် အကြောင်းအရာများ
============================

👌 Java Basic

✔ Language Fundamentals
✔ Object Oriented Programming Theory
✔ OO Design Principles
✔ OO Design Patterns
✔ Exceptions
✔ Collections Framework
✔ Java IO & NiO2
✔ Lambda Expressions & Streams API
✔ Java Language New Features Up to Java 21

Java Developer တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အကြောင်းအရာတွေကို လေ့လာကြရမှာ ဖြစ်ပါတယ်။ ဘယ်အရာမဆို ပထမဆုံး ခြေလှမ်းဟာ အရေးအကြီးဆုံးဆိုသလို အခြေခံကို စနစ်တကျလေ့လာနိုင်ဖို့လိုအပ်ပါတယ်။

Java Basic မှာတော့ Java Language ကို ဘယ်လိုရေးရသလဲ ဆိုတာတွေအပြင် အခြေခံကျတဲ့ Concept တွေကိုလဲ လေ့လာသိရှိပြီး Java Language ကနေပြင်ပေးထားတဲ့ Library တွေကိုလဲ ဘယ်လိုနေရာမျိုးမှာ ဘာကြောင့် သုံးဖို့လိုအပ်တယ်ဆိုတာကိုလဲ သေချာသိပြီး အသုံးပြုနိုင်အောင် လေ့ကျင့်သင်ကြားသွားမှာ ဖြစ်ပါတယ်။

👌 Data Access from Java

✔ Relational Data Modelling
✔ SQL Language
✔ Java Database Connectivity APIs
✔ Hibernate JPA for Data Access

ဘယ် Language ကိုပဲ သုံးသုံး Application တစ်ခုကို ရေးသားဖို့အတွက်က Database ဆိုတာကို အသုံးပြုကြရမှာ ဖြစ်ပါတယ်။ One Stop Course မှာတော့ Database အတွက် အခြေခံသီအိုရီကအစ၊ Java နဲ့ ရေးသားထားတဲ့ Application တွေကနေ Database ကို အသုံးပြုဖို့အတွက် အခြေခံအကျဆုံး JDBC API ကနေ လက်ရှိလုပ်ငန်းခွင်မှာ အသုံးအများဆုံး Data Access Java Framework တစ်ခုဖြစ်တဲ့ Hibernate JPA အထိကို လက်တွေ့နမူနာများနှင့်တကွ လေ့ကျင့်သင်ကြားသွားမှာ ဖြစ်ပါတယ်။

👌 Spring Framework

✔ Spring IoC Container
✔ Spring Beans
✔ Spring Dependency Injection
✔ Spring AOP
✔ Spring Boots
✔ Spring JDBC
✔ Spring Transactions
✔ Spring ORM
✔ Spring Data JPA
✔ Spring MVC
✔ Spring REST
✔ Spring Security

Java Basic ကို သိပြီဆိုတာနဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်ဖို့က မဖြစ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ငန်းတွေက အလုပ်လုပ်နိုင်တဲ့ သူတွေကို လိုအပ်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါဖြင့် Java Basic ကို သိရုံနဲ့ Application တစ်ခုကို မရေးနိုင်လို့လားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ ရေးလို့ရပါတယ်။ ဒါပေမဲ့ Framework တစ်ခုကို အသုံးပြုပြီး ရေးတာလောက်တော့ မမြန်ဆန်နိုင်တဲ့ အတွက်ဖြစ်ပါတယ်။

Framework တွေဟာ Application တစ်ခုကိုရေးသားဖို့အတွက် လိုအပ်တာတွေကို ကြိုတင်ရေးပေးထားတဲ့ အတွက် မိမိရဲ့ လုပ်ငန်းအတွက် လိုအပ်တာတွေကိုပဲ အာရုံစိုက်ပြီး Application တစ်ခုကို ရေးသားနိုင်တဲ့ အတွက် Application တစ်ခုကို မြန်မြန်နဲ့ ရေးသားနိုင်အောင် ပြင်ဆင်ပေးထားကြပါတယ်။ ဒါ့ကြောင့် အလုပ်ခေါ်စာတွေမှာ Framework တွေကို အသုံးပြုနိုင်ရမယ်ဆိုပြီး ထည့်သွင်းခေါ်ယူလေ့ရှိတာ ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ Application တစ်ခုကို ရေးသားနိုင်မည့်သူတွေကို လုပ်ငန်းတွေက လိုအပ်နေကြတာဖြစ်ပါတယ်။

Java Framework လို့ပြောရင်လက်ရှိ လုပ်ငန်းခွင်တွေမှာ အသုံးအများဆုံး Framework ဟာ Spring Framework ဖြစ်ပါတယ်။ One Stop အတန်းမှာတော့ Spring ကို အခြေခံကနေအစ၊ လက်ရှိ အသုံးအများဆုံး Spring Boots ကိုပါ အသုံးပြုပြီး ရေးသားနိုင်အောင် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

👌 React JS

✔ Environment Preparation
✔ TypeScript
✔ React Components
✔ Events Handling
✔ State Management Solution
✔ Hooks
✔ Routing and Navigation with Next JS
✔ Fetching Data from REST APIs
✔ Security & Performance Considerations

တကယ်ဆိုရင် Java Basic နှင့် Spring Framework ကို လေ့လာပြီးတာနဲ့ Java Developer တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုလို့ရနေပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဘက်ခေတ် Application တွေကို ရေးသားတဲ့ အခါမှာ Java နဲ့ Spring ကို Performance, Transaction နှင့် Security အပိုင်းမှာ အားသာတဲ့အတွက် Backend တွေမှာ အသုံးပြုကြပါတယ်။ ပြီးတော့ Presentation ဘက်မှာလဲ ပိုမိုကောင်းမွန်တဲ့ Front End Technology တွေကို အသုံးပြုပြီး ရေးသားလေ့ရှိကြပါတယ်။

Java Developer မို့လို Back End ပဲလုပ်မယ်၊ Front End သိစရာမလိုဘူး၊ Front End Developer မို့လို Back End သိစရာမလိုဘူး ဆိုတာမဟုတ်ပါဘူး။ Application တစ်ခုလုံးက ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို မသိပဲနဲ့ သွားရင် ကောင်းမွန်တဲ့ Application တွေကို ရေးသားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

ကိုယ်က Back End ဆိုပေမဲ့ Front End မှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို မြင်မှ၊ ကိုယ်က Front End ဆိုပေမဲ့ Back End မှာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မြင်မှ အားလုံးကို မြင်ပြီး ပိုမိုကောင်းမွန်တဲ့ Solution တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ One Stop အတန်းမှာ Java Developer တွေအတွက် ဆိုပြီး Back End တစ်ခုပဲ မသင်ကြားပဲ Front End ကိုပါသိတဲ့ Full Stack Developer တွေဖြစ်အောင် ရည်ရွယ်ပြီး သင်ကြားရတာ ဖြစ်ပါတယ်။

Front End Technology တွေအများကြီးရှိတဲ့ အထဲကမှ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးရှိတဲ့ React ကို ရွေးချယ်သင်ကြားရခြင်း ဖြစ်ပါတယ်။

👌 Final Project

လေ့လာစရာရှိတာတွေ လေ့လာပြီးပြီဆိုတဲ့ နောက်ဆုံးလမှာတော့ ကျောင်းသားတွေက မိမိလေ့လာထားတာတွေကို အသုံးပြုပြီး Application လေးတစ်ခုကို ရေးသားကြရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အတွေ့အကြုံရှိတဲ့ ဆရာတွေက ကျောင်းသားတွေရဲ့ IDEA ကို Industry Standard နဲ့ ကိုက်ညီပြီး ရေးသားနိုင်အောင် Mentor လုပ်ပေးသွားကြမှာ ဖြစ်ပါတယ်ဗျာ။

ကိုယ်တိုင် ယုံကြည်ချက်ရှိရှိနဲ့ Application တစ်ခုကို ရေးသားနိုင်ပြီဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေက ရရှိလာမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ သင်တန်းက အလုပ်မိတ်ဆက်ပေးတာ မလုပ်ပါဘူး။ ဒါပေမဲ့ သင်တန်းသားတွေ အတော်များများ အလုပ်ရကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တကယ်ရေးနိုင်အောင် သင်ပေးမယ်ဆိုတဲ့ Policy ကို ထားရှိလို့ ဖြစ်ပါတယ်။

💁‍♂️ သင်တန်းလိပ်စာ
==============
🚌 စံရိပ်ငြိမ်မှတ်တိုင်မှ လမ်းလျောက်လာနိုင်ပါသည်
No 120/3F, ရတနာမြိုင်လမ်း
ကမာရွတ် ၁ ရပ်ကွက်၊ ကမာရွတ်မြို့နယ်

💁‍♂️ သင်တန်းအပ်ရန်
===============

✔ အပြင်အတန်းဖြစ်တဲ့အတွက် လူဦးရေ ဦးရေကန့်သတ်ထားပါတယ်။
✔ ဒါကြောင့် သင်တန်းသားဦးရေပြည့်သွားပါက လက်ခံနိုင်တော့မည်မဟုတ်ပါ။
✔ ကြိုတင်ငွေ ၅၀၀၀၀ကျပ်ပေးသွင်းပြီး သင်တန်းအပ်နှံနိုင်ပါပြီခင်ဗျာ။

👉 About Payments
====================

👉 ပေးသွင်းထားတဲ့ သင်တန်းကြေးတွေဟာ ဘယ်လိုအကြောင်းကြောင့်မှ ပြန်ထုတ်ပေးမှာ မဟုတ်တဲ့အတွက် သင်တန်းကြေးမပေးသွင်းခင် တကယ်တက်မှာလားဆိုတာကို သေချာ စဉ်းစားပြီးမှ ပေးသွင်းစေလိုပါတယ်ခင်ဗျာ
👉 တကယ်တက်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ အောက်ပါ Account တွေကနေ သင်တန်းကြေးကို ပေးသွင်းနိုင်ပါတယ် ခင်ဗျာ

💁‍♂️ သင်တန်းကြေးပေးသွင်းရန်
======================

👉 AYA Bank Account
2002-3122-325 (U Zaw Min Lwin)
👉 CB Bank Account
0021-6001-0008-8177 (Daw Pa Pa Aung)
👉 KBZ Bank Account
098-301-23800005601 (Daw Pa Pa Aung)
👉 Online Payments
CB Pay : 09261394683 (Daw Pa Pa Aung)
KBZ Pay : 09261394683 (Daw Pa Pa Aung)
Wave : 09782003098 (U Zaw Min Lwin) - (ဖုန်းနံပါတ်၊ Password နှင့် မလွှဲပါရန် မေတ္တာရပ်ခံပါတယ်။)

✌️Registration Fees ၅၀၀၀၀ ကျပ်ကို ပေးသွင်းပြီးပါက ငွေလွှဲပြီးကြောင်း ပြေစာကို Screenshot (သို့) ဓာတ်ပုံ ရိုက်ပြီး page cb သို့ အမည်, ဖုန်းနံပါတ်,Mail တို့နှင့်တကွ ပေးပို့ခြင်းဖြင့်အပ်လို့ရပါပြီ။

08/11/2025

Python Foundation Online Class မှာ သင်ကြားဖြစ်ခဲ့တဲ့ Recording လေးပါ

Photos from Java Developer Class's post 03/11/2025

One Stop Batch 15
ဒီနေ့စဖြစ်ခဲ့ပါတယ်

03/11/2025

Java Basic Course - (Weekend Campus)
================================

Start from January 10, 2026
👉 Days -> Sat & Sun
👉 Time -> 13:00 to 16:00
👉 Duration -> 3 Months

သင်ကြားမည့် အကြောင်းအရာ
======================
👉 Variable & Basic Data Types
👉 Writing Statements
👉 Writing Methods
👉 OOP Concepts
👉 Data Structure & Algorithm
👉 Collections and Streams
👉 Exception Handling
👉 Inputs & Outputs
👉 Multi Threading
👉 Hand On Console Programs
👉 Base on Java 25

Programming တွေရဲ့ အဓိကလိုအပ်ချက်ဟာ Problem Solving Skill ဖြစ်ပါတယ်။ ပြဿနာ တစ်ခုနဲ့ ကြုံတွေ့လာတဲ့ အခါမှာ အဓိကအကြောင်းအရာကဘာလဲ၊ ဘယ်လို ဖြေရှင်းရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးတောနိုင်ဖို့လိုအပ်လာပါတယ်။ ကျွန်တော်တို့ရဲ့ Java Basic Course ကို Logical Thinking နှင့် Problem Solving Skill ကို တည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြင်ဆင်ထားပါတယ် ခင်ဗျာ။

ဘယ်လိုလူတွေတက်ရောက်လေ့လာသင့်လဲ
=============================
👉 Programming နဲ့ပတ်သက်ပြီး အခုမှစပြီးလေ့လာလိုသူ
👉 ဆရာနှင့်အတူတူလက်တွေ့ ရေးသားလေ့ကျင့်လိုသူ
👉 Java ကို အခြေခံကနေ စနစ်တကျတတ်မြောက်လိုသူ
👉 ဘယ်လိုတွေးဘယ်လိုရေးရတယ် ဆိုတာကို လက်တွေ့လေ့လာလိုသူ

လိုအပ်ချက်များ
===========
👉ကိုယ်ပိုင် Laptop ရှိဖို့လိုအပ်ပါမယ်
👉တတ်နိုင်သမျှအတန်းချိန်မှန်ပြီး အတန်း မပျက်ဖို့လိုပါမယ်
အပြင်အတန်းဖြစ်တဲ့ အတွက် သင်တန်းမှာလာပြီး လက်တွေ့ ရေးသားလေ့ကျင့်ရမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အတန်းနောက်ကျနေရင်၊ အတန်းပျက်ရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

သင်တန်းလိပ်စာ
===========
No 120/3F, သရေရုံလမ်းသွယ်, ရတနာမြိုင်လမ်း
ကမာရွတ် ၁ ရပ်ကွက်၊ ကမာရွတ်မြို့နယ်
🚌 စံရိပ်ငြိမ်မှတ်တိုင်မှ လမ်းလျောက်လာနိုင်ပါသည်

About Fees
====================
Registration fees 50,000
100,000 Ks / Month
Total = 350,000 MMK

About Payments
====================
👉 ပေးသွင်းထားတဲ့ သင်တန်းကြေးတွေဟာ ဘယ်လိုအကြောင်းကြောင့်မှ ပြန်ထုတ်ပေးမှာ မဟုတ်တဲ့အတွက် သင်တန်းကြေးမပေးသွင်းခင် တကယ်တက်မှာလားဆိုတာကို သေချာ စဉ်းစားပြီးမှ ပေးသွင်းစေလိုပါတယ်ခင်ဗျာ
👉 တကယ်တက်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ အောက်ပါ Account တွေကနေ သင်တန်းကြေးကို ပေးသွင်းနိုင်ပါတယ် ခင်ဗျာ

သင်တန်းအပ်ရန်အတွက်ကတော့
=======================
👉 AYA Bank Account
2002-3122-325 (U Zaw Min Lwin)
👉 CB Bank Account
0021-6001-0008-8177 (Daw Pa Pa Aung)
👉 KBZ Bank Account
098-301-23800005601 (Daw Pa Pa Aung)
👉 Online Payments
KBZ Pay : 09261394683 (Daw Pa Pa Aung)
Wave Pay : 09782003098 (U Zaw Min Lwin)
CB Pay : 09261394683 (Daw Pa Pa Aung)

👌 ငွေလွှဲပြီးကြောင်း ပြေစာကို Screenshot (သို့) ဓာတ်ပုံ ရိုက်ပြီး page cb သို့ အမည်, ဖုန်းနံပါတ်တို့ကို ပေးပို့ပေးပါ ခင်ဗျာ။

မှတ်ချက်
=======
👉 အပြင်အတန်းဖြစ်တဲ့အတွက် လူဦးရေကန့်သတ်ထားပါတယ်ခင်ဗျာ။
👉 သင်တန်းသား ဦးရေပြည့်သွားတာနဲ့ လက်ခံမှာမဟုတ်တော့ပါ။
👉 Registration Fees 50,000 သင်တန်းကြေးပေးသွင်းပြီး သင်တန်းအပ်ထားလို့ရပါပြီခင်ဗျာ။

Photos from Java Developer Class's post 31/10/2025

One Stop 13 သင်တန်းဆင်းပွဲ အမှတ်တရ

Photos from Java Developer Class's post 31/10/2025

One Stop 13 သင်တန်းဆင်းပွဲ

15/10/2025

Date Time Format တွေနဲ့ပတ်သက်ပြီး ဘယ်လို Configuration တွေရေးမှာလဲ ဆိုတဲ့ အကြောင်းပါ ခင်ဗျာ။

11/10/2025

ဒီနေ့ Python Foundation Online အတန်းလေး စဖြစ်ခဲ့ပါတယ်ဗျာ။

11/10/2025

ဒီနေ့ အတန်းစဖြစ်ပါတယ် ခင်ဗျာ။

10/10/2025

မနက်ဖြန်ကျရင် ကျွန်တော်တို့ Python Foundation Zoom Class လေး စပါတော့မယ် ခင်ဗျာ။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 120, 3rd Floor, Thayay Yone Street, Kamayut 1 Block
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00