InnoVerse

InnoVerse

Share

We will offer IT courses such as AI, ML, Web development and Mobile development at a fair price.

06/06/2026

🧠 Normalization ဆိုတာ ဘာလဲ? AI မှာ ဘာကြောင့် အရေးကြီးတာလဲ?

AI, Data Science သင်နေတဲ့သူတွေ Normalization ဆိုတဲ့စကားလုံးကို မကြာခဏကြားဖူးကြမှာပါ။ တကယ်တော့ Normalization က AI တစ်ခုတည်းအတွက်မဟုတ်ဘဲ နယ်ပယ်အများအပြားမှာ အသုံးပြုတဲ့ concept တစ်ခုပါ။

အလွယ်ပြောရရင်...
Normalization ဆိုတာ မတူညီတဲ့ data တွေကို စံတစ်ခုတည်းနဲ့ ကိုက်ညီအောင်ချိန်ညှိပေးတဲ့ process ဖြစ်ပါတယ်။

📊 AI & Data Science မှာ အသုံးပြုပုံအနေနဲ့

ဥပမာ...
Age = 25
Monthly Income = 2,000,000 MMK

ဒီ data နှစ်ခုကို AI Model တစ်ခုထဲထည့်မယ်ဆိုရင် Income value က Age ထက် အများကြီးကြီးနေပါတယ်။ ဒီလို scale မတူတဲ့ data တွေကို Model က လေ့လာတဲ့အခါ Income ကိုပဲ ပိုအရေးကြီးတယ်လို့ ယူဆနိုင်ပါတယ်။

ဒါကြောင့် Normalization လုပ်ပြီး data တွေကို တူညီတဲ့ range တစ်ခုထဲရောက်အောင် ပြောင်းပေးရပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် Model Training ပိုမြန်လာတယ်၊ Accuracy ပိုကောင်းလာနိုင်တယ်၊ Features တွေကို ပိုမိုမျှတစွာ အသုံးပြုနိုင်ပါတယ်။

🗄️ Database ပိုင်းမှာဆိုရင်

Database ထဲမှာ Customer Name, Phone Number စတဲ့ data တွေကို ထပ်ခါထပ်ခါသိမ်းထားတဲ့အခါ storage ပိုကုန်သလို error ဖြစ်နိုင်ချေလည်းပိုများပါတယ်။

ဒီနေရာမှာ Normalization က Data တွေကို စနစ်တကျ ခွဲခြားသိမ်းဆည်းပေးတဲ့အတွက် Duplicate Data လျော့စေတယ်၊ Data Consistency ကိုထိန်းပေးတဲ့အပြင် Maintenance လုပ်ရတာ ပိုမိုလွယ်ကူစေပါတယ်။

🌍 ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်း Normalization က ရှိနေပါတယ်။

တစ်ချိန်က Online Meeting နဲ့ Remote Work လုပ်ရတာ‌တွေဟာ ထူးဆန်းသလိုထင်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ပုံမှန်လုပ်နေကျပုံစံတစ်ခု ဖြစ်လာပါပြီ။
ဒီလို "အသစ်အဆန်းတစ်ခုကို လူအများက ပုံမှန်လို့ လက်ခံလာခြင်း" ကိုလည်း Sociology မှာ Normalization လို့ခေါ်ပါတယ်။

Normalization ရဲ့ အဓိကရည်ရွယ်ချက်ကတော့ "မတူညီတဲ့အရာတွေကို တူညီတဲ့စံနှုန်းတစ်ခုအောက်မှာ ရှိနေစေဖို့" ပါပဲ။

ဒါကြောင့် Database ပဲဖြစ်ဖြစ်၊ Data Science ပဲဖြစ်ဖြစ်၊ AI ပဲဖြစ်ဖြစ် Normalization က အရေးကြီးတဲ့ Foundation Concept တစ်ခု ဖြစ်နေပါတယ်။

05/06/2026

📚 AI ကို လေ့လာချင်ပေမယ့် Math Foundation အားနည်းနေလား?

AI, Machine Learning, Deep Learning တွေကို နားလည်ချင်တယ်ဆိုရင် Programming တစ်ခုတည်းမဟုတ်ပဲ Mathematics Foundation ကလည်း သိထားသင့်တဲ့အထဲမှာ ပါပါတယ်။

အထူးသဖြင့်…
✅ Neural Network တွေရဲ့ အခြေခံဖြစ်တဲ့ Linear Algebra
✅ Model Optimization နဲ့ Learning Process မှာ အသုံးများတဲ့ Calculus
✅ Data Analysis နဲ့ Prediction တွေကိုနားလည်ဖို့ Statistics & Probability ပိုင်းတွေဟာ အရေးပါပါတယ်။

👇🏻ဒါကြောင့် AI နဲ့ ဆက်နွယ်နေတဲ့ သင်္ချာဘာသာရပ်တွေကို Self-Study လုပ်ချင်သူတွေအတွက် အသုံးဝင်တဲ့ resources link တွေစုထားပေးပါတယ်။

Math for AI ကို ကျွမ်းကျင် instructor နဲ့ စနစ်တကျသင်ယူချင်သူတွေအတွက်ကတော့ InnoVerse ရဲ့ "Smart Math for Smarter Algorithms" အတန်းရှိပါတယ်။

https://www.facebook.com/share/p/1EvuNgp6pD/

📖 Free Books

🔹 Mathematics for Machine Learning
https://mml-book.github.io/

AI Math ကို စတင်လေ့လာချင်သူတွေအတွက် အကောင်းဆုံး Beginner-Friendly စာအုပ်တစ်အုပ်ပါ။

🔹 Elements of Statistical Learning
https://hastie.su.domains/ElemStatLearn

Machine Learning Algorithms တွေရဲ့ Statistical Foundation ကို နားလည်စေမယ့် Classic Resource

🔹 Applied Math & ML Basics
https://www.deeplearningbook.org/contents/part_basics.html

Deep Learning အတွက် လိုအပ်တဲ့ Linear Algebra, Probability, Optimization Concepts တွေကို ရှင်းပြထားပါတယ်။

🔹 Probabilistic Machine Learning
https://probml.github.io/pml-book/book1.html

Probability နဲ့ Machine Learning ကို ပေါင်းစပ်နားလည်ချင်သူတွေအတွက် အလွန်အသုံးဝင်တဲ့ Resource တစ်ခုပါ။

🎥 Free Video Resources

🔹 3Blue1Brown – Essence of Linear Algebra & Calculus
https://www.youtube.com/watch?v=Lc7lO9HeeNQ

Math concepts တွေကို Animation နဲ့ Visual Explanation ပုံစံရှင်းပြပေးတာကြောင့် Linear Algebra, Calculus ကို Intuition ကောင်းကောင်းနဲ့ နားလည်စေပါတယ်။ AI Beginner တွေအတွက် Must-Watch Resource တစ်ခုဖြစ်ပါတယ်။

🔹 Kimberly Brehm
https://youtube.com/?si=-kH4lS6kkBEhUdiA

Linear Algebra, Calculus နဲ့ Probability Concepts တွေကို Beginner-Friendly ပုံစံ Practice Problems တွေနဲ့အတူသင်ကြားပေးတဲ့ YouTube Channel ဖြစ်ပါတယ်။ Community မှာလည်း ML Math Learning Resource အဖြစ် မကြာခဏအကြံပြုခံရပါတယ်။

💡 Learning Tip

Math for AI ကို လေ့လာတဲ့အခါ
➡️ Linear Algebra ကို အရင်စပါ
➡️ Calculus ကို ဆက်လေ့လာပါ
➡️ Statistics & Probability နဲ့ Foundation ကို ပြည့်စုံအောင်တည်ဆောက်ပါ။

AI ကို အသုံးပြုတတ်ရုံသာမက AI ကို ကောင်းစွာနားလည်နိုင်ဖို့ Mathematics က အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ 🚀

03/06/2026

😉 စိတ်ရှည်သည်းခံပြီး အသင်အပြကောင်းတဲ့ instructor တွေကိုမှသဘောကျတယ်ဆိုရင် InnoVerse ကိုသာရွေးလိုက်ပါ။

💥 Teaching Experience, Industry Experience ပြည့်ဝသူတွေဖြစ်တာကြောင့် သင်ခန်းစာတိုင်းကို နားလည်အောင်ရှင်းပြပေးနိုင်တဲ့အတွက် ခက်ခဲတဲ့ဘာသာရပ်တွေကိုတောင် သင်ယူရတာပိုမိုလွယ်ကူသွားစေနိုင်ပါတယ်။

JavaScript အတန်းအကြောင်းအသေးစိတ် သိရှိလိုပါက အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါနော်။

https://www.facebook.com/share/p/18jc7c8APU/

02/06/2026

🔥ITဘာသာရပ်(𝟯)ခုလုံးကို တစ်တန်းထဲမှာ လေ့လာနိုင်ပါပြီ။

📍𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗦𝗲𝗮𝘁𝘀 - သင်တန်းသား (𝟱) ဦးသာ လက်ခံသင်ကြားပါမည်။

☄️ 𝗔𝗜 ရဲ့ အထူးပြုဘာသာရပ်ကြီး (𝟯)ခုကို တစ်တန်းထဲမှာသင်ကြားပေးမယ့် 𝟯 𝗶𝗻 𝟭 𝗜𝗻𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗖𝗹𝗮𝘀𝘀 (Batch-5) တက်ရောက်နိုင်မယ့်အခွင့်အရေး ပြန်လည်ရောက်ရှိလာပါပြီ။

AI နယ်ပယ်တွင် အခြေချလုပ်ကိုင်မည့်သူများ၊ AI Engineer အိမ်မက်ကို အကောင်အထည်ဖော်လိုသူများအတွက် မရှိမဖြစ် အရေးပါဆုံးဖြစ်တဲ့ Python, Machine Learning နဲ့ Computer Vision ဘာသာရပ် (3)ခုကို တစ်ဆက်တည်းလေ့လာသင်ကြားနိုင်မယ့် အတန်းကို InnoVerse ကနေ ဖွင့်လှစ်ထားပါတယ်။

❔𝟯 𝗶𝗻 𝟭 𝗜𝗻𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗖𝗹𝗮𝘀𝘀 မှာ ဘာတွေပါဝင်လဲ။

1️⃣ Programming Language များစွာထဲက လူကြိုက်အများဆုံးနဲ့ အသုံးအများဆုံးဖြစ်ပြီး AI နယ်ပယ်ကို လျှောက်လှမ်းချင်သူများအတွက် အခြေခံအကျဆုံးဘာသာရပ်ဖြစ်တဲ့ Python Programming Language

2️⃣ AI ရဲ့ နယ်ပယ်ခွဲတစ်ခုဖြစ်ပြီး စက်တွေကို Data များမှတစ်ဆင့်သင်ယူကာ လူသားများကဲ့သို့ သိမြင်နားလည်ကောက်ချက်ချနိုင်စေရန် လေ့ကျင့်ပေးတဲ့ Machine Learning နည်းပညာ

3️⃣ ကွန်ပျူတာသိပ္ပံဘာသာရပ်အခွဲတစ်ခုဖြစ်ပြီး ကွန်ပျူတာများအား လူသားများကဲ့သို့ ဓာတ်ပုံ၊ ဗီဒီယိုထဲတွင်ပါဝင်သောအရာများကို နားလည်နိုင်စေရန်၊ ခွဲခြားနိုင်စေရန် Program များရေးဆွဲအလုပ်လုပ်စေသော Computer Vision နည်းပညာ

တို့ကို အချိန် (𝟯)လ အတွင်း Theory + Practical ပေါင်းစပ်ပြီး Step-by-Step လက်တွေ့ project များပြုလုပ်ကာ သင်ကြားရမှာဖြစ်ပါတယ်။

🔺မိမိက AI Field ကို သွားချင်‌ပေမဲ့ ဘယ်ဘာသာရပ်တွေကို အဆင့်ဆင့်လေ့လာရမလဲ မသိသူတွေ၊
🔺လေ့လာရမယ့်ဘာသာရပ်တွေကို သိထားပေမဲ့ တစ်တန်းပြီး နောက်တစ်တန်းဖွင့်ချိန်ကို မစောင့်ချင်သူတွေ၊
🔺တစ်တန်းထဲနဲ့ ဘာသာရပ်အစုံလေ့လာကာ Project Experience ကောင်း ရရှိချင်သူတွေအတွက် အရွေးချယ်သင့်ဆုံးအတန်းပါပဲ။

အတန်းကို focus အပြည့်နဲ့ သင်ကြားနိုင်ရန်အတွက်ကိုလည်း သင်တန်းသား (𝟱)ယောက်အထိသာ ကန့်သတ်ထားပါတယ်။
Limit မပြည့်ခင် အမြန်ဆုံးအပ်နှံလိုတယ်ဆိုရင်ဖြင့် အောက်ပါ link တွင် ဝင်ရောက်စာရင်းသွင်းကာ InnoVerse page messenger မှာ အတန်းအပ်နှံနိုင်ပါပြီနော်။

စာရင်းသွင်းရန် - https://forms.gle/mhtnNU3Y4zjZHX8K8

💻 သင်ကြားပေးမည့် Instructor ဟာဆိုရင် Saitama University , Japan မှ Ph.D. (Engineering)ဘွဲ့ရရှိထားကာ Computer Vision နှင့် Image Processing ပိုင်းတွင် အတွေ့အကြုံ (10)နှစ်အထက်၊ AI ပိုင်း အတွေ့အကြုံ (2)နှစ်အထက် ရှိပြီး Academic Field မှာလည်း အတွေ့အကြုံများစွာရှိနေသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ပိုင်အတွေ့အကြုံများကိုအခြေခံကာ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

💫 Class Details

Starting Date 🔹June 20 (or) June 27
Class Date 🔹Saturday, Sunday
Time 🔹5:00 PM - 7:00 PM
Duration 🔹3 months
Fee 🔹250,000 MMK
Teaching platform 🔹Zoom (Live Session)

One on one အတန်းများနှင့် အခြားသော AI, IT အတန်းများကိုတက်ရောက်လိုပါကလည်း page messenger မှတစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

02/06/2026

🚀 JavaScript နဲ့ ဘာတွေ ဖန်တီးနိုင်မလဲ?

JavaScript ဆိုတာ Web Development လောကမှာ အရေးကြီးဆုံး Programming Languages တွေထဲကတစ်ခုဖြစ်ပြီး Website တွေကိုအသက်ဝင်စေတဲ့ Language လို့တောင်ပြောလို့ရပါတယ်။

ဒါပေမယ့် JavaScript က Website တွေအတွက်ပဲအသုံးပြုတာ မဟုတ်ပါဘူး။
Website အပြင် JavaScript နဲ့ဖန်တီးလို့ရတဲ့အခြားအရာတွေ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့…

🌐 Interactive Websites
Button Click Events, Forms, Animations, Dynamic Content တွေလို User Experience ကောင်းတဲ့ Website Features တွေကို ဖန်တီးနိုင်ပါတယ်။

🛒 E-Commerce Platforms
Online Shopping Websites တွေမှာ Product Filtering, Shopping Cart, Order Management စတဲ့ Features တွေကို JavaScript နဲ့ တည်ဆောက်ထားတာများပါတယ်။

📱 Mobile Applications
JavaScript Frameworks တွေကို အသုံးပြုပြီး Android နဲ့ iOS Mobile Apps တွေကိုပါ ဖန်တီးနိုင်ပါတယ်။

⚙️ Backend Development
Node.js ကို အသုံးပြုပြီး Server-side Development လုပ်နိုင်တာကြောင့် Frontend သာမက Backend ကိုပါ Language တစ်ခုတည်းနဲ့လေ့လာနိုင်ပါတယ်။

💬 Real-Time Applications
Live Chat Systems, Notifications, Online Collaboration Tools လို Real-Time Features တွေကိုလည်း JavaScript နဲ့ ဖန်တီးနိုင်ပါတယ်။

🎮 Web-Based Games
Browser ပေါ်မှာ တိုက်ရိုက်ကစားနိုင်တဲ့ Games တွေကိုလည်း JavaScript နဲ့ တည်ဆောက်နိုင်ပါတယ်။

📊 Dashboards & Data Visualization
Business Dashboards, Analytics Platforms နဲ့ Data Visualization Tools တွေကိုပါ ဖန်တီးနိုင်ပါတယ်။

💡 ဒါကြောင့် JavaScript ဟာ Language တစ်ခုတည်းနဲ့
✔ Frontend Development
✔ Backend Development
✔ Mobile Development
✔ Full-Stack Development

စတဲ့ လမ်းကြောင်းမျိုးစုံကို ဆက်လက်လေ့လာနိုင်တဲ့ Foundation Skill တစ်ခုပါ။

Programming ကို စတင်လေ့လာချင်သူပဲဖြစ်ဖြစ်၊ Web Development Career Path ကို လျှောက်လှမ်းချင်သူပဲဖြစ်ဖြစ် JavaScript ဟာ သိထားသင့်တဲ့ Skill တစ်ခုပါပဲ။

💬 သင်ရော JavaScript နဲ့ ဘယ်လို Project မျိုး ဖန်တီးချင်လဲ? JavaScript နဲ့ Project တွေဖန်တီးနိုင်ဖို့ InnoVerse ရဲ့ '𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁 𝗶𝗻 𝗗𝗲𝗽𝘁𝗵' အတန်းကို လာ join လိုက်ပါနော်။

https://www.facebook.com/share/p/17ZnJdSy5H/

01/06/2026

🤖 သင်္ချာမပါဘဲ AI ဆိုတာရှိ‌နေနိုင်မလား?

ChatGPT ကို မေးခွန်းမေးတာ၊ Netflix က Movie Recommend ပေးတာ၊ Google Maps က လမ်းကြောင်းပြပေးတာ...

ဒီလို AI Systems တွေ အရမ်း Smart ဖြစ်နေတာ သူတို့ရဲ့နောက်ကွယ်က codeတွေ၊ ML concept တွေ၊ computer vision တွေ၊ model train တာတွေကြောင့်ပဲလို့ ထင်နေတုန်းလား။

💡ဒီအရာတွေတင်မကပဲ အားလုံးသတိမထားမိတဲ့ AI ရဲ့နောက်ကွယ်က အရာတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ "သင်္ချာ" ပါ။

သင်္ချာသီအိုရီတွေက AI အတွက် ဘယ်လိုအထောက်အကူဖြစ်လဲဆိုရင်…

📊 Statistics က Data ထဲက Patterns တွေကို ရှာဖွေဖို့ ကူညီပေးတယ်။

🎲 Probability က AI ကို "နောက်ထပ် ဘာဖြစ်မလဲ?" ဆိုတာ ခန့်မှန်းနိုင်အောင် လုပ်ပေးတယ်။

🔢 Linear Algebra က Images, Texts, Videos လို Data အများကြီးကို AI နားလည်နိုင်အောင် အခြေခံပေးတယ်။

📈 Calculus ကတော့ AI Model တွေကို Error လျော့နည်းလာအောင် သင်ယူစေပါတယ်။

ဒါဆို "သင်္ချာမပါဘဲ AI ဆိုတာရှိ‌နေနိုင်မလား" ဆိုတဲ့မေးခွန်းရဲ့ အဖြေကတော့ "No"ပါ။
AI ကို တည်ဆောက်ဖို့၊ နားလည်ဖို့၊ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် Mathematics က မရှိမဖြစ်လိုအပ်ပါတယ်။

💡 သင်က AI, Machine Learning, Data Science လမ်းကြောင်းကို ဆက်သွားမယ့်သူဆိုရင် ဒီနယ်ပယ်တွေနဲ့ဆက်နွယ်နေတဲ့ Math Foundation ကိုလေ့လာထားတာက များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။

AI နည်းပညာနဲ့ ဆက်နွယ်နေတဲ့ သင်္ချာသီအိုရီတွေအကြောင်း လေ့လာသင်ယူချင်တယ်ဆိုရင် InnoVerse ရဲ့ "Smart Math for Smarter Algorithm"👇🏻 အတန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

https://www.facebook.com/share/p/1HaT45sEvN/

01/06/2026

📊 Data Visualization ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးလဲ။

Data Visualization ဆိုတာ ရှုပ်ထွေးလှတဲ့ ကိန်းဂဏန်းအချက်အလက် (Data) တွေကို လူတိုင်း အလွယ်တကူ မြင်သာနားလည်နိုင်မယ့် Chart တွေ၊ Graph တွေအဖြစ် ပြောင်းလဲပုံဖော်ပေးတာကို ခေါ်ပါတယ်။

📍ထောင်သောင်းချီတဲ့ Data တွေကို တစ်ချက်ကြည့်ရုံနဲ့ အလွယ်တကူ သဘောပေါက်စေတယ်။
📍လုပ်ငန်းခွင်တွင်း မှန်ကန်မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတယ်။
📍Data ထဲက ထူးခြားတဲ့ အလားအလာ (Trends) တွေကို အချိန်တိုအတွင်း ရှာဖွေပေးနိုင်လို့ ဖြစ်ပါတယ်။

🚀 ဒီလို အရေးပါတဲ့ Skill နဲ့ Tools တွေကို စနစ်တကျ သင်ယူနိုင်မယ့် “Tools For Data Analysis Batch-3” အတန်းလေးကို InnoVerse မှာ တက်ရောက်နိုင်ပါပြီ။

https://www.facebook.com/share/p/1DoCXizqjJ/?mibextid=wwXIfr

Photos from InnoVerse's post 31/05/2026

📊 Data Science ကို အခြေခံကနေစပြီး Industry မှာ လက်တွေ့အသုံးချနိုင်တဲ့ Skill တွေအထိ ရရှိစေမယ့် Professional Program အသစ် ဖွင့်လှစ်လိုက်ပါပြီ။ 🔥
Final Visualization Project + Presentation Included!

Applied Data Science Professional Program 🚀
Part 1 – Foundations of Applied Data Science
(Batch-1)

ယနေ့ခေတ် AI, Machine Learning, Business Analytics, Data-driven Decision Making စတဲ့ နယ်ပယ်တိုင်းမှာ Data Science Skill တွေကအရေးပါတဲ့ Skill တစ်ခုဖြစ်လာပါတယ်။ ဒီ Program မှာတော့ Data Science Foundation ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ Core Concepts တွေကို Practical Learning ပုံစံနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📚 Part 1 တွင်သင်ယူရမည့် Topics များ

✅ What is Data Science & Real-World Applications
✅ Data Science Tools & Workflow
✅ Python for Data Science, AI & Development
✅ Python Project for Data Science
✅ Data Analysis with Python
✅ Data Visualization with Python

💡Python ကိုအသုံးပြုပြီး Data Handling, Data Cleaning, Data Analysis, Visualization နဲ့ Insight Extraction များကို ကိုယ်တိုင်လုပ်ဆောင်နိုင်ပြီး Real-World Dataset များကို စနစ်တကျ Analyze လုပ်နိုင်တဲ့အဆင့်ထိရောက်ရှိစေရန် ရည်ရွယ်ထားပါတယ်။
(Part-2 ကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမှာပါ။)

👩‍💻 Program (Part-1) အပြီးမှာ သင်တန်းသားများအနေနဲ့ Real-World Dataset များကို Analyze လုပ်ပြီး Data Visualization Project တစ်ခုကို ကိုယ်တိုင်ဖန်တီးတင်ဆက်ရမှာ ဖြစ်တာကြောင့် Data ကို နားလည်ရုံသာမက Insights များကို Visual Storytelling အဖြစ်ပြောင်းလဲတင်ပြနိုင်တဲ့ Skill ကိုပါ လက်တွေ့ရရှိစေမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

👨‍🏫 သင်ကြားပေးမယ့် Instructor ဖြစ်သူဟာဆိုရင် UCSY PhD (IT) ဘွဲ့ကို ရရှိထားသူဖြစ်ပြီး Data Science, Machine Learning, Deep Learning နှင့် Artificial Intelligence ပိုင်းများကို သင်ကြားရေးအတွေ့အကြုံ (၁၆) နှစ်ကျော်ရှိသလို Industry Experience အနေနဲ့လည်း (၈) နှစ်ကျော်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

ဒါကြောင့် ဒီ program ဟာ Data Science ကို Academic Theory များသာမက Industry မှာ လက်တွေ့အသုံးပြုနေတဲ့ Workflow, Problem Solving Approaches နဲ့ Real-World Applications တွေအထိ ယုံကြည်စိတ်ချစွာ လေ့လာသင်ယူနိုင်မယ့် Program တစ်ခုပါ။ 🚀

💫 Class Details

Starting Date 🔹27.6.2026
Class Date 🔹Saturday, Sunday
Time 🔹7:00 PM - 9:00 PM
Duration 🔹10 Weeks(Lecture) + 2 Weeks(Project)
Total 12 Weeks
Fee 🔹250,000 MMK
Teaching platform 🔹Zoom (Live Section)

Register here - https://forms.gle/pupmwBtwF3rweFLy6

🎯 Data Analyst, Data Scientist, AI Engineer, ML Engineer စတဲ့ Career Path တွေကို ရည်မှန်းထားသူတွေအတွက် ခိုင်မာတဲ့ Foundation တစ်ခု တည်ဆောက်ပေးမယ့် Program ဖြစ်တာကြောင့် လက်လွှတ်မခံနဲ့နော်။

📣 Seats are Limited!
Data ကို Insight အဖြစ်ပြောင်းလဲပြီး AI Era ထဲမှာ Competitive Advantage ရယူဖို့ အခုပဲ page messenger မှာ အတန်းလာရောက်အပ်နှံနိုင်ပါပြီ။

Photos from InnoVerse's post 30/05/2026

📊 2026မှာ Data Analysis Career ကို စတင်ဖို့ရည်ရွယ်ထားပြီလား။
InnoVerse ရဲ့ 'Tools for Data Analysis' Class (Batch-3) ရှိနေပါပြီ။

🌟 Raw data တွေကို Insight တွေအဖြစ်ပြောင်းလဲဖို့ လက်ရှိ industry မှာ Data Analystတွေ အသုံးပြုလျက်ရှိတဲ့ Tool တွေနဲ့ Analyze လုပ်နည်း၊ Clean လုပ်နည်း၊ visualize လုပ်နည်းတွေကို စနစ်တကျ လမ်းညွှန်ပြသပေးသွားမှာပါ။

❓သင်ဘာတွေရရှိသွားမလဲ။

🔹Data Analysis Tool တွေအကြောင်း၊ Data Fundamental တွေအကြောင်း၊
🔹SQL သုံးပြီး Data Cleaning နဲ့ Preparation လုပ်နည်း၊
🔹PowerBI နဲ့ Data Modeling ပြုလုပ်နည်း၊ Power Query သုံးပြီး Data Transformation လုပ်နည်းတွေအပြင်
🔹Data တွေကို ဘယ်လို visualize လုပ်မလဲ၊ Dashboard တွေ ဘယ်လိုတည်ဆောက်မလဲဆိုတာကိုပါ လေ့လာရမှာဖြစ်ပါတယ်။

❓ဘယ်သူတွေ တက်ရောက်နိုင်လဲ။

🔸SQL နဲ့ PowerBI ကို အခြေခံကနေ လက်တွေ့အသုံးပြုနိုင်သည်အထိ လေ့လာလိုတယ်၊
🔸Dashboard နဲ့ Report တွေ့ကို ကျွမ်း"ကျင်" တည်ဆောက်တတ်ချင်တယ်၊
🔸Portfolio အတွက်ရော အတွေ့အကြုံရဖို့အတွက်ပါ အကျိုးရှိတဲ့ Capstone Project တွေ လက်တွေ့ပြုလုပ်ချင်တယ် ဆိုသူတွေအတွက် သင့်တော်တာကြောင့်……

Data Analysis ကို အခုမှစတင်လေ့လာမယ့် beginner တွေ၊ Career change မယ့်သူတွေနဲ့ Data Analysis နယ်ပယ်ကို စိတ်ပါဝင်စားသူအားလုံး တက်ရောက်နိုင်ပါတယ်။

သင်ကြားမယ့် Instructor ကလည်း Mandalay Computer University မှ Master of Computer Science ဘွဲ့နှင့် Data Analytics Microsoft Certificate ရရှိထားကာ လက်ရှိ Data Analyst အနေနဲ့ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။
PowerBI, SQL, Python, Software Development ပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး Teaching Experience (18) နှစ်အထက်ရှိတာကြောင့် စာတွေ့ရော၊ လက်တွေ့ပါ အရည်အချင်းပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်။

ဒီအတန်းမှာ သင့်အနေနဲ့ Tool တွေကိုသာ လေ့လာရမှာမဟုတ်ပဲ Data Analyst တစ်ယောက်အနေနဲ့ပါ စဉ်းစားတွေးခေါ်တတ်လာပြီး project တွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

အတန်းတက်ရောက်မယ့်သူတွေအနေနဲ့ အောက်ပါ link မှာ register ပြုလုပ်ပြီး page messenger တွင် လာရောက်အပ်နှံနိုင်ပါပြီနော်။

https://forms.gle/zVnYVTgS5WRciVMn7

💫 Class Details

Starting Date 🔹27.6.2026
Class Date 🔹 Saturday, Sunday
Time 🔹 7:30 PM - 9:00 PM
Duration 🔹 2.5 months
Fee. 🔹 200,000 MMK
Teaching platform 🔹Zoom (Live Section)

29/05/2026

လူတွေရဲ့နေ့စဉ်ဘဝမှာ အမြဲတမ်း အသုံးပြုလာကြတဲ့ App တခုဖြစ်တဲ့ ChatGpt အကြောင်းလေး အတွက် Quiz လေး ဖြေသွားကြပါဦးနော် 🍀🍀❤️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon