Aung Ko Ko

Aung Ko Ko

Share

The Nature Journey !!! We trust you !

13/09/2025

ဒီလို ရေချိုးခန်းလေးကြိုက်လား 😁

07/06/2023

Protecting Your Money Episode - 2

05/06/2023

Protecting Your Money Episode - 1
ဆရာဖူးနဲ့ ဒီလိုဆွေးနွေးဖို့ ဖြစ်လာခဲ့တဲ့ အကြောင်းရင်း ...

#ရှာစုကာပွား

02/05/2023

လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းများကို ကျန်းမာရေးအာမခံ ထားရှိပေးခြင်းအားဖြင့် ရရှိလာစေနိုင်သော အကျိုးကျေးဇူး (၉) ချက်

(၁) အလုပ်ရှင်များအနေနှင့် ကိုယ့်လူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြောင်း ပြသရာရောက်ခြင်း။

(၂) ဝန်းထမ်းများအနေဖြင့် မမျှော်လင့်ထားဘဲ ကြုံတွေလာရနိုင်ခြေရှိတဲ့
ကျန်းမာရေးနဲ့ပတ်သက်သော ကြီးမားတဲ့ကုန်ကျစရိတ်များကြောင့်
ငွေကြေးအခက်အခဲဖြစ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရစေနိုင်ခြင်းကို
မဖြစ်ပေါ်ရစေအောင် မားမားမတ်မတ် ကူညီပေးနိုင်ခြင်း။

(၃) ထိုအားသာချက်ကြောင့် အရည်အသွေးမြင့်မားသော လူကောင်းများကို ဆွဲဆောင်နိုင်ခြင်း။ ဝန်ထမ်းကောင်းများကို အလုပ်မြဲစေနိုင်ခြင်း။

(၄) ထို့အပြင် ဝန်ထမ်းများ၏ မိမိတို့၏အလုပ်အပေါ် စိတ်ကျေနပ်မှုနဲ့ စိတ်အားထက်သန်ခြင်းရှိမှုတို့ကို တိုးမြှင့်လာစေနိုင်ခြင်း။

(၅) ဝန်ထမ်းများသာမက ယင်းတို့၏ မိသားစုဝင်များအနေဖြင့်လည်း စိတ်လုံခြုံမှုနဲ့ စိတ်အေးချမ်းသာမှုတို့ကို အတိုင်းအတာတစ်ခုထိ ရရှိစေနိုင်ခြင်း။

(၆) အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့နဲ့ စပ်လျဉ်းပြီး ဖြစ်ပေါ်လာသော ဆေးကုသစရိတ်များမှာ အကြုံးဝင်ခြင်း မရှိတာမို့ ထိုအရာများ သုံးစွဲခြင်းအား ပိုမိုသတိကပ် ဆင်ခြင်တတ်လာစေခြင်း။

(၇) အားမခံထားရှိပေးထားခြင်း မရှိသေးသည့် မိမိတို့၏ ပြိုင်ဘက်ကုမ္ပဏီများထက် ပိုမိုကာ ဂုဏ်သတင်းမွှေးပျံစေနိုင်ခြင်း။

(၈) အာမခံထားရှိပေးထားကာမှ လက်တွဲလုပ်ကိုင်နိုင်မည့် တချို့ Foreign Investment များနှင့် လက်တွဲနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေနိုင်ခြင်း။

(၉) ဝန်ထမ်းများထမ်းဆောင်နေရသည့် ဝင်ငွေခွန်ကို အနည်းငယ်သက်သာစေနိုင်ခြင်း။

အောင်ကိုကို @ ကိုဆွိ

#ရှာစုကာပွား

07/10/2022

ကိုယ့်အကြောင်းကိုတွေး
ကိုယ့်စိတ်ကိုဆေး ...

ဒီနောက်ပိုင်း ကိုယ့်စိတ်နဲ့ မကိုက်တဲ့ ကိစ္စတစ်ခုခုဖြစ်တိုင်းမှာ ကိုယ်ဘယ်လိုပြင်ရမလဲဘဲ စဉ်းစားဖြစ်လာတော့တယ် ...

ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး ဂျက်ကီချမ်းရဲ့ အဖြစ်အပျက်ကလေးတစ်ခုနဲ့ ဥပမာပေးရရင် ...

သူ ရှုတင်တွေမှာ တောက်တိုမယ်ရ ဘဝနဲ့ လူတစ်ကာကို လိုက်ကူညီပေးပြီး တစ်ချိန်မှာ

သူ့ကို ပထမဆုံးအနေနဲ့ ရုပ်ရှင်ထဲမှာ ထည့်ပြီးသုံးပေးတော့မည့် ရက်ကိုရောက်လာတော့သည်။
ဂျက်ကီအလွန်ပျော်သည်။

သူသရုပ်ဆောင်ရမည့် အခန်းကလည်း သူ့အတွက် မခက်ခဲ။ အကောင်းဆုံးလုပ်နိုင်မည်ဟု ယုံကြည်မှုအပြည့်အဝ ရှိနေသည်။

သူသရုပ်ဆောင်ရမယ့် အခန်းက လူသေတစ်ယောက်နေရာ 😅

ကဲ ....
အဲ့ဒီနေ့ကို ရောက်လာပြီ ...
သူပါရမည့် အခန်းကိုရောက်ပြီ ...
သူဝင်လိုက်ပြီ ...
အပီပြင်ဆုံး သရုပ်ဆောင်လိုက်ပြီ ...

စက္ကန့်ပိုင်း အကြာမှာပဲ ဒါရိုက်တာရဲ့ ဆဲဆိုသံတွေ ထွက်လာသည် ...
ဂျက်ကီ့ကို လူသေနေရာ သရုပ်ဆောင်တာတောင် သောက်ဖြစ်မရှိလေခြင်းဆိုပြီး အများရှေ့မှာ ပိုးစိုးပက်စက် ဆဲသည် ...

ဒီ နေရာမှာ ...
ဂျက်ကီ့ရဲ့ တုန့်ပြန့်မှုဟာ သူ့ဘဝကို တောက်တိုမယ်ရဘဝကနေ ဒီကနေ့လို ခမ်းနားကြီးကျယ်တဲ့ နေရာကို ရောက်ရှိလာနိုင်ဖို့အတွက် လျှောက်ရမယ့်ခရီးအတွက် ပထမခြေလှမ်းတစ်ခု ဖြစ်လာစေခဲ့တယ်။

သူ့ရဲ့တုန့်ပြန်ပုံက ရိုးရှင်းပါတယ် ...
ဒါရိုက်တာပြောတာဟာ သူလိုအပ်နေလို့ ပြောတာလို့ပဲ ရိုးရိုးလေးခံယူပြီး သူပီပြင်အောင် ပြန်သရုပ်ဆောင်ဖို့ ဆုံးဖြတ်တယ်။

အဓိကက သူရဲ့ ဝမ်းဗိုက် ...
ကင်မရာလာချိန်တဲ့အခါမှ ကွက်တိ လေရှုမိပြီးဖောင်းသွားခဲ့တယ်လေ။

အဲ့တော့ ...
နောက်တစ်ကြိမ်ပြန်ရိုက်တဲ့ အချိန်မှာတော့ ...
ကင်မရာနဲ့ တိုင်ပင်ကိုက်ပြီး အသက်ရှုရမယ် ဆိုတာကို သိရှိသွားတဲ့အတွက် အဆင်ပြေသွားခဲ့တယ်။

ဒါကြောင့်မို့
တစ်ခုခု အဆင်မပြေဖြစ်တိုင်း
အဖြေကို ကိုယ့်ဆီမှာပဲရှာသင့်ပါတယ်။
ကိုယ့်အကြောင်းကိုတွေး
ကိုယ့်စိတ်ကိုဆေးရပါတယ်။

တစ်ဖက်သူက
ကိုယ့်အပေါ်
ဆက်ဆံတဲ့ပုံစံကို
မကြိုက်ဘူးလား ...

ကိုယ်ဘာပြင်ဖို့လိုနေသလဲ
ကိုယ်ဘာမှားထားလို့လဲ
ကိုယ် အခုထပ် ပိုအောင်မြင်အောင်
ကြိုးစားဖို့ လိုနေသေးလို့လား ...

ဒီလိုပဲ တွေးရင်
အဖြေတစ်ခုခု ရကိုရပါတယ်။

အဖြေရပြီးသွားတိုင်းမှာလဲ
ဒီကိစ္စဟာ ပြီးသွားပါတယ်။

ဒီလိုမှ မဟုတ်ရင်
အမှိုက်တစ်ခုအနေနဲ့
ကိုယ့်စိတ်သန္တာန်ရဲ့
အတွင်းတစ်နေရာမှာ
ကိန်းအောင်းနေပြီး
ကိုယ့်စိတ်ကို
အဆိပ်အတောက်
ဖြစ်စေပါလိမ့်မယ်။

ကိုယ့်အကြောင်းကိုတွေး ...
ကိုယ်စိတ်ကိုဆေး နိုင်ကြပါစေ ✨🌟🙏

ကိုဆွိ
၇.၉.၂၀၂၂

03/10/2022
30/09/2022

Personal Finance က ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ကြီး ဖြစ်လာရေးအတွက်၊

ဝင်ငွေပိစိညှောင့်တောက်ကလေးကနေ လူကအိပ်နေရင်တောင် ဝင်ငွေက သူ့အလိုလို ဝင်နေတဲ့အခြေအနေကို ကူးပြောင်းနိုင်ရေးအတွက်တွေမှာ အင်မတန်မှကို အရေးပါလှတဲ့ Skill တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လူတိုင်း Personal Financial Planning သို့ Personal Finance အပိုင်းနဲ့ပတ်သက်ပြီး ပါရဂူမြောက်ကျွမ်းကျင်ထားသင့်ပါတယ်။

29/09/2022

ကျွန်တော်တို့ရဲ့ ဖန်တုံးည
✨✨✨✨✨✨✨✨✨

ဒီကာလမှာ အလုပ်ကိုဖိလုပ်နေတာက
ကျွန်တော်အနေ့နဲ့ ဒီအချိန်မှာ အရာအားလုံးအတွက် အဖြေက အလုပ်အပေါ်မှာ စိတ်နှစ်ထားပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေခြင်းကသာလျှင် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ခြင်းကြောင့် လုပ်ကိုင်ဖြစ်နေတယ် ဆိုပေမယ့်လည်း ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေကိုပါ ရရှိလာတော့လည်း အရမ်းကို လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ရပါတယ်။

ဒီအသိအမှတ်ပြု Award တွေက ကျွန်တော်တို့ကို ဘယ်လောက် Professional စစ်သလဲဆိုတာနဲ့ ဘယ်လောက်ထိ ယုံကြည်ထိုက်ကြောင်းကို လွယ်ကူမြင်သာစွာ သိရှိစေနိုင်မယ့် ခိုင်မာတဲ့မှတ်ကျောက်တွေလို့ တင်စားပြောဆိုမယ်ဆိုလည်း လွန်တယ်မဆိုသာပါဘူး။

ရရှိခဲ့တဲ့ Award များကလည်း တစ်နှစ်တာအတွင်း ...

မိသားစုပေါင်းများစွာကို ငွေရေးကြေးရေးအရ အတိုင်းအတာတစ်ခုအထိ စိတ်ချလုံခြုံနိုင်တဲ့ အကာအကွယ်တစ်ခု ဖန်တီးပေးစွမ်းခဲ့ပေးနိုင်ခြင်းအပေါ်မှာ ချီးမြှင့်ပေးခဲ့တဲ့ ဆုများ ဖြစ်တဲ့အတွက်လည်း Financial Advisor တစ်ယောက်အနေနဲ့ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ 🤩🤩🤩

ဒီနှစ်မှာ ရရှိတဲ့ဆုများက ကိုယ်ရဲ့ လုပ်ဆောင်နိုင်မှုအပေါ်မှာ ပေးအပ်ခဲ့တဲ့ ဆုများဖြစ်ပေမယ့်

နောက်နှစ်ကျရင်တော့ ကိုယ့်ရဲ့ ဒေါင်ဒေါင်မြည် Professional Team Member များအတွက် လက်ခုပ်တီးပေးနိုင်ဖို့ အခုကတည်းက လက်ခုပ်တီးသင်တန်း စတက်ထားလိုက်ပါတော့မယ် 😝

ဘယ်လိုကြီးမားတဲ့ အောင်မြင်မှုမဆို တစ်ဦးတစ်ယောက်ထဲအားနဲ့ ဖော်ဆောင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူးဆိုတဲ့ စကားအတိုင်းပဲ ကျွန်တော့်ကို အခြေအနေအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကူညီပေးခဲ့ကြတဲ့ လူပေါင်းများစွာ ရှိခဲ့ပါတယ်။

သူတို့ အကူအညီသာမပါရင် ဒီ ခရီးရဲ့ တစ်ဝက်တောင်ရောက်ဖို့ မသေချာပါဘူး ...

အမြဲတမ်းကျွန်တော့်ကိုနားလည်ပေးပြီး လိုအပ်လာတိုင်းမှာ အဆင့်သင့်ရှိနေပေးတဲ့ ကိုမိုက်ကယ်နဲ့ TKCT Team Member နဲ့ Sweet Team Member များ၊

ကျွန်တော့်ဘက်က ပျက်ကွက်မှုမှန်သမျှကို ဘယ်တော့မှ မငြိုငြင်ဘဲ အကူအညီပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဂန္တဝင် Ma Grace နဲ့ AIA မှ Super Hero များ၊
ကျွန်တော်နဲ့ တစ်ခါမှ စကားများများမပြောဖူးပေမယ့် အမြဲတမ်းနွေးထွေးပျူဌာတဲ့ အပြုံးလေးနဲ့ နှုတ်ဆက်ပေးတဲ့ CEO Vivek ✨

ကျွန်တော့်ရဲ့ မိတုတ်၊ မိသားစုဝင်များ နဲ့ မိသားစုဝင်တစ်ယောက်လိုကို Support အကြီးကြီး အမြဲပေးတဲ့ မသက်ထား၊ မစန္ဒာသိန်း၊ ကိုကျော်ကြီး၊ ကိုနေဝင်းမြင့်၊ ကိုဝဏ္ဏ၊ မဖြူ၊ နီနီ၊ ဝေယံ၊ မသီရိ၊ မကြည်ပြာ၊ Bruno၊ Sue (Su Myat Soe)၊ Chris၊ Emily၊ Stella၊ Kittra၊ ကိုလင်းထက်၊ ကိုဂျင်မီ၊ မမေမိုး၊ မစန္ဒာလင်းရှိန် တို့ကိုလည်း ရင်ထဲကနေ လှိုက်လှဲစွာ အသိအမှတ်ပြုအပ်ပါတယ် ❤️❤️❤️

* ပုံထဲက Award တွေက ကိုမိုက်နဲ့ မသက်ထားဟာတွေပါ ပါပါတယ်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
10110