Kindle Together
A network of people working together with the same passion for charity
09/10/2026
မန္တလေး KT တို့နဲ့တူတူ “မျိုးဆက်နှစ်ခု၊ မေတ္တာတစ်ခု” ဆိုတဲ့ မေတ္တာခရီးစဉ်လေးကို တူတူလျှောက်လှမ်းကြရအောင် 🩵
မေတ္တာဆိုတာ လူကြီးလူငယ် အရွယ်သုံးပါးမရွေး လိုအပ်ကြတဲ့ အနွေးဓာတ်လေးပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့လူငယ်တွေက နေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာတွေကြားမှာ လှုပ်ရှားရုန်းကန်နေကြရင်း သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားတို့အပေါ် မေတ္တာတွေ ဝေမျှဖို့ မသိမသာလေး မေ့သွားတတ်တဲ့ အချိန်တွေလည်း ရှိတတ်ပါတယ် ။
ဒါကြောင့်မို့ ဒီတစ်ခါ project လေးမှာတော့ ကျွန်တော်တို့ မန္တလေးကေသီတို့က “မျိုးဆက်နှစ်ခု၊ မေတ္တာတစ်ခု” ဆိုတဲ့ ခေါင်းစဉ်လေးအောက်ကနေ သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားတို့ထံ မေတ္တာတွေဝေမျှကြမဲ့ ခရီးစဉ်လေးကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။ 👏
ဆိုတော့ ဒီတစ်ခါ project လေးမှာ မန္တလေးကေသီတို့က “ချမ်းမြသုခ လူမှုကူညီရေးအသင်း” မှာရှိတဲ့ ဘိုးဘိုးဘွားဘွားတို့ဆီ သွားရောက်ပြီး
-အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း
-အချိန်ပေး စကားပြောခြင်း
-လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းခြင်း စသည်ဖြင့် မေတ္တာနဲ့ ဂရုစိုက်မှုတို့ကို မျှဝေကြမဲ့အပြင်
-ဘိုးဘိုးဘွားဘွားတို့နဲ့တူတူ သီချင်းလေးတွေဆို၊ ပျော်စရာ activities လေးတွေပြုလုပ်ကြရင်း အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေကို အတူတူဖန်တီးကြမှာပဲဖြစ်ပါတယ်။
ဒီမေတ္တာခရီးစဉ်လေးမှာတော့ ကေသီတို့က Volunteer အသစ် (၁၀) ဦးတိတိကို ခေါ်ယူသွားမှာဖြစ်ပြီး မကျန်ခဲ့ရလေအောင် မြန်မြန်လေး စာရင်းပေးလိုက်တော့နော် 👇
Application form - https://docs.google.com/forms/d/1wVF2REPHyosdLuWJk247GB44k4CZS0Y93Nyz_9HCsxE/viewform
ရွေးချယ်ခံရတဲ့ volunteer လေးတွေကိုတော့ ရက်အနည်းငယ်အတွင်း email မှတစ်ဆင့် အကြောင်းပြန်ပေးသွားမှာဖြစ်ပြီး interview လေးလည်းရှိပါမယ်နော်။
အခြေအနေအမျိုးမျိုးကြောင့် မလိုက်နိုင်တဲ့မိတ်ဆွေတို့လည်း စိတ်မကောင်းမဖြစ်ရလေအောင်….
📌
• 09757671493 (Shoon Pyae Pyae Han)
အထက်ဖော်ပြပါ နံပါတ်လေးတွေကနေလည်း Kpay မှတစ်ဆင့် တတ်အားသရွေ့ပါဝင်လှူဒါန်းပြီး မေတ္တာခရီးစဉ်လေးမှာ တူတူပါဝင်နိုင်ပါတယ်နော် 🫶🏻
📅 နေ့ရက် : October 15, Thursday, 2026
📍 နေရာ : ချမ်းမြသုခ လူမှုကူညီရေး၊ မန္တလေးမြို့
🗣️ Dress code လေးအနေနဲ့ကတော့ KT တို့ရဲ့ ထုံးစံအတိုင်း ကေသီကိုယ်စားပြု အပြာ သို့မဟုတ် အဖြူ ပါတာလေးတွေ ဝတ်လာနိုင်ပါတယ်ခင်ဗျာ။
နောက်ထပ် Project လေးတွေအတွက်လည်း Kindle Together လေးကို follow ထားပြီး စောင့်ကြည့်ပေးကြပါဦးနော် 🩵
#မျိုးဆက်နှစ်ခုမေတ္တာတစ်ခု
Let’s embark on a journey of love and kindness with Mandalay KT under the theme “Two Generations, One Love” 🩵
Love and kindness are warmth that everyone needs, regardless of age or generation. Sometimes, as young people, we get so caught up in our daily routines and responsibilities that we may unintentionally forget to share our love and care with the elderly.
That’s why Mandalay Kindle Together (KT) is excited to launch a heartwarming project under the theme “Two Generations, One Love,” bringing love, care, and companionship to the elderly. 👏
As part of this project, we will be visiting the elderly at the Chan Mya Thukha Social Support Association in Mandalay to share our love and kindness through activities such as:
• Providing nutritious meals for the elderly
• Spending quality time with them and having meaningful conversations
• Donating essential items they may need
But that’s not all! We’ll also be singing songs together, taking part in fun activities, and creating precious memories with our beloved grandparents. After all, the simplest moments shared with love can become the most unforgettable ones. 🩵
For this heartwarming journey, KT is recruiting exactly 10 new volunteers! Don’t miss this opportunity to be part of something meaningful. Sign up now! 👇
📋 Application Form: https://docs.google.com/forms/d/1wVF2REPHyosdLuWJk247GB44k4CZS0Y93Nyz_9HCsxE/viewform
Successful applicants will be notified via email within a few days. Please note that there will also be a short interview as part of the selection process.
For those who may not be able to join us in person for various reasons, don’t worry! You can still be part of this journey by supporting our project through a donation. 🫶🏻
📌 KPay Donation Contacts:
• 09757671493 (Shoon Pyae Pyae Han)
Any contribution, no matter how small, is greatly appreciated and will help us spread more love and kindness to the elderly. Every little bit counts! 💙
📅 Date: Thursday, October 15, 2026
📍 Location: Chan Mya Thukha Social Support Association, Mandalay
🗣️ Dress Code: As always, we encourage everyone to wear something blue or white to represent KT!
Stay tuned and follow Kindle Together for more upcoming projects and opportunities to make a difference together. 🩵
29/09/2026
Long-Term Collaboration Announcement 🤝🏻✨
Kindle Together (KT) နဲ့ Kelly ( Content Creator) တို့ဟာ ရေရှည်အတူတူ လက်တွဲပြီး Community အတွက် meaningful impact တွေ ဖန်တီးသွားမယ့် Long-term Collaboration တစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။ 🫶🏻
ဒီ Collaboration က Campaign တစ်ခု၊ Event တစ်ခုအတွက်ပဲ မဟုတ်ဘဲ KT ရဲ့ Community Projects တွေ၊ Fundraising Activities တွေနဲ့ Donation Projects တွေမှာ ရေရှည်အတူတူ ပါဝင်ပေးသွားမယ့် Collaboration တစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် Content Creation နဲ့ Awareness ပေးခြင်းကနေတစ်ဆင့် လိုအပ်နေတဲ့ Community တွေရဲ့ အသံတွေကို ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေဖို့ အတူတူလုပ်ဆောင်သွားမှာပါ။ 📣🌱
အတူတူလုပ်ဆောင်သွားမယ့် အဓိကအပိုင်းတွေကတော့
- KT ရဲ့ Fundraising Projects တွေမှာ Content & Awareness ပိုင်းကနေ အားဖြည့်ပေးခြင်း
- KT ရဲ့ Community Projects တွေကို ပိုမိုသိရှိလာစေဖို့ Awareness & Storytelling ပြုလုပ်ပေးခြင်း
- Donation Projects တွေမှာ ပါဝင်ပြီး လိုအပ်နေတဲ့ Beneficiaries တွေဆီ အကူအညီတွေ ပိုမိုရောက်ရှိစေဖို့ အတူတူအကောင်အထည်ဖော်ခြင်း
- Community အတွက် အကျိုးရှိစေမယ့် meaningful content & campaigns တွေကို အတူတူဖန်တီးခြင်း
ဒါကြောင့် အခုကနေစပြီး KT ရဲ့ Projects တွေနဲ့ Community Activities တွေမှာ Kelly ရဲ့ Voice & Creativity တွေကိုလည်း တွေ့မြင်ရတော့မှာပါ။ 🤍
Different strengths, one shared purpose.
Together, we’ll create content that doesn’t just reach people
but inspires them to care, connect, and take action. 🌱
Welcome to the KT family, Kelly! 🫶🏻
28/09/2026
🍱 YKKO — Meal Sponsor for Kindle Together Yangon Gathering Event 🤍
Kindle Together Yangon Gathering Event မှာမနက်ပိုင်းကနေညနေအထိအတူတူပါဝင်အချိန်ပေးခဲ့ကြတဲ့ KTတို့တွေအတွက် အရေးကြီးတဲ့ နေ့လည်စာကို YKKO မှ Meal Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးခဲ့ပါတယ်။ 🫶🏻
Event တစ်ခုကို အတူတူဖန်တီးတဲ့အခါ Program နဲ့ Activities တွေအပြင် တက်ရောက်သူတွေအတွက် အဆင်ပြေစေမယ့် အရာလေးတွေကိုပါ စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီထဲက နေ့လည်စာအတွက် လူ ၅၀ စာ ကို ပံ့ပိုးပေးခဲ့တဲ့ YKKO ရဲ့ ပါဝင်မှုကလည်း Event ကို ပိုမိုပြည့်စုံစေခဲ့ပါတယ်။ 🍱✨
စက်တင်ဘာလ ၂၀ရက်မှာ ကျင်းပခဲ့တဲ့ Kindle Together Yangon Gathering Event အတွက် အခုလို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခဲ့တဲ့ YKKO ကို Kindle Togetherဘက်ကအထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🤍
Thank you, YKKO, for being a part of our Kindle Together journey. 🫶🏻
# KT
24/09/2026
🌱Kindle Together × ဖောင်တော်ဦး-NTTC 🌱
ပြီးခဲ့တဲ့ ၁၂ ရက်နေ့နဲ့ ၁၈ ရက်နေ့ မှာ မန္တလေးက ကေသီတို့ ဘာတွေလုပ်ခဲ့ကြလဲ?
ကေသီတို့က ဖောင်တော်ဦး-NTTC နဲ့ Collaborate လုပ်ပြီး Volunteer ပိုင်းနဲ့ပတ်သက်တဲ့ Knowledge Sharing လေးတွေ ပြုလုပ်ခဲ့ကြပါတယ်။ 💙
ဒါဆို ဘယ်လိုမျိုး လုပ်ခဲ့ကြတာလဲ?
ကေသီတို့က Day 1 နဲ့ Day 2 ဆိုပြီး နှစ်ရက်ခွဲပြီး ပြုလုပ်ခဲ့ကြပါတယ်။
Day 1 မှာတော့ ရန်ကုန်က Kindle Together မှာ တကယ့်အတွေ့အကြုံရှိတဲ့ Volunteer တွေက သူတို့ရဲ့ Volunteer အတွေ့အကြုံတွေ၊ သင်ယူခဲ့ရတာတွေနဲ့ Volunteer လုပ်ရာမှာ သိထားသင့်တဲ့ အရာတွေကို မျှဝေပေးခဲ့ကြပါတယ်။
ဒါနဲ့တင် မဟုတ်ဘဲ ပျော်စရာကောင်းတဲ့ Activities တွေနဲ့ Games တွေကိုလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ပြီး ပျော်ရွှင်စရာအချိန်လေးတွေ ဖြတ်သန်းခဲ့ကြပါတယ်။
ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ဖောင်တော်ဦး-NTTC က ကလေးတွေနဲ့ Groups တွေဖွဲ့ပြီး Activities တွေကို အတူတူလုပ်ဆောင်ခဲ့ကြတာပါ။
Activities တွေပြီးတဲ့နောက်မှာတော့ အဖွဲ့လိုက်ဆွေးနွေးမှုလေးတွေ ပြုလုပ်ခဲ့ကြပြီး “ဘယ်လိုနေရာမျိုးတွေမှာ Volunteer လုပ်ချင်လဲ?” ဆိုတဲ့ မေးခွန်းလေးကို အခြေခံပြီး... သူတို့ရဲ့ စိတ်ဝင်စားမှုတွေ၊ Volunteer လုပ်ချင်တဲ့ နယ်ပယ်တွေကို အတူတူ ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် ကေသီက Volunteers တွေက ဖောင်တော်ဦးက ကလေးလေးတွေနဲ့အတူတူ Project လေးတစ်ခုလုပ်ဖို့ ရှိသွားမှာပါ။
ဒီလိုမျိုး Project အသစ်တွေလုပ်ဖို့ ဆွေးနွေးပြီးတဲ့အခါ အမှတ်တရတွေဖြစ်ဖို့ group photo တွေလည်း ရိုက်ခဲ့ကြပါတယ်။
#ဖောင်တော်ဦး-NTTC & Kindle Together
22/09/2026
ကိုယ့်ကို လိုအပ်တဲ့နေရာမှာ အများအကျိုးအတွက် ပါဝင်အားဖြည့်ချင်တဲ့သူတွေအတွက် Kindle Together ရဲ့ Mandalay Long term volunteer အခွင့်အရေးလေး ရောက်ရှိလာပါပြီ🙌
Kindle Together ဆိုတာ လူမှုအသိုင်းအဝိုင်း ပိုမိုတိုးတက်စေဖို့၊ အကူညီလိုအပ်တဲ့နေရာတွေမှာ ပါဝင်အားဖြည့်ပေးဖို့ အမြဲအသင့်ရှိနေတဲ့ Charity Network တစ်ခုပဲ ဖြစ်ပါတယ်။
အခုဆိုရင် တိုးတက်ပြောင်းလဲမှုတွေကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်စေဖို့ Kindle Together ရဲ့ တစ်ထောက်တစ်နေရာကနေ ပါဝင်ပေးကြမဲ့ မန္တလေးကေသီလေးတွေကို လိုအပ်နေပါတယ်နော်။ 🩵
ဘယ်လိုနေရာတွေမှာ ပါဝင်ကူညီပေးနိုင်လဲဆိုရင်
🤝 Human Resources (HR) - ၃ ဦး
ဒီ position လေးမှာတော့ Long-term နဲ့ Short-term volunteer စာရင်းတွေ၊ အချင်းချင်း အချိတ်ဆက်မိအောင် ကြည့်ရှုစီမံပေးရမှာဖြစ်ပါတယ်။
ထပ်ပြီးတော့ အကုန်စုပေါင်းပြီး လုပ်ကြတဲ့ project တွေမှာ အဓိက ဦးဆောင်ပေးရမှာဖြစ်ပြီး project အတောအတွင်း Volunteers တွေ လိုအပ်တာကို အဓိက တာဝန်ယူပေးရမှာဖြစ်ပါတယ်။
🔍Community Outreach Coordinator (COC) - ၁ ဦး
Project တွေလုပ်ဖို့အတွက် ဘယ်နေရာတွေက အမှန်တကယ် လိုအပ်နေသလဲ၊ ဘာတွေ လိုအပ်နေသလဲ အစရှိသဖြင့် Background ကို သေချာစီစစ်ပေးနိုင်ဖို့တော့ လိုပါမယ်နော်။
ဒါ့အပြင် ကိုယ်က Project လုပ်ဖို့အတွက် လိုအပ်တဲ့ နေရာတွေကို ဆက်သွယ်ချိတ်ဆက်ပေးနိုင်ပြီး Community Outreach Activities တွေကို တာဝန်ယူဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ဒီ position လေးကို လျှောက်ထားနိုင်ပါတယ်။
⚠️ ဒီ position လေးက On ground Project တွေမှာ လူကိုယ်တိုင် မဖြစ်မနေပါဝင်ဖို့တော့ လိုအပ်ပါတယ်နော်။
🪄 Editor - ၁ ဦး
Kindle Together ကပြုလုပ်တဲ့ project တွေ၊ activities တွေကို ကြည့်ရှူမဲ့သူတွေ ကြည့်ချင်လာအောင်၊ စိတ်ပါဝင်စားလာအောင် Video Content လေးတွေကို edit လုပ်ပေးရမှာ ဖြစ်ပါတယ်။
🎨 Graphic Designer - ၂ ဦး
Kindle Together ရဲ့ project တွေကို ကြေညာဖို့ content နဲ့ လိုက်ဖက်မဲ့ ပုံလှလှလေးတွေဆွဲပေးနိုင်မယ်၊ဆိုရင်တော့ လာလျှောက်သင့်ပါတယ်နော်။
✍️ Script Writer - ၃ ဦး
Project တွေမှာ presenter တွေပြောရမဲ့ script တွေကို KT ရဲ့ tone နဲ့ ကိုက်ညီမှုရှိပြီး သဘာဝကျကျလေး ရေးပေးရပါမယ်။
Trending ဖြစ်နေတာလေးတွေကိုသိထားပြီး စိတ်ဝင်စားဖို့ ကောင်းအောင်ရေးနိုင်ရင် အကောင်းဆုံးပါပဲ။
ဒါဆို Kindle Together ရဲ့ Volunteer အနေနဲ့ ဘာတွေအကျိုးရှိနိုင်မလဲ ဆိုတော့…
✔️ ကိုယ့်ရဲ့ နဂိုရှိပြီးသား skill တွေကို အများအတွက်ထုတ်သုံးနိုင်တာကြောင့် အတွေ့အကြုံတွေ ရလာမယ်။
✔️ အများနဲ့ ပူးပေါင်းလုပ်ရမှာဆိုတော့ ကိုယ့်ရဲ့ Network circle ပိုမိုကျယ်ပြန့် လာမဲ့အပြင် Communication skill လိုမျိုး အခြားသော Soft Skill တွေလည်း တိုးတက်လာဦးမှာပါ။
✔️ KT ကနေပြုလုပ်တဲ့ Project တွေ၊ Activities တွေသာမက Community Opportunities တွေမှာပါ ပါဝင်ခွင့်ရပါဦးမယ်။
✔️ Project တစ်ခုပြီးမြောက်တိုင်း Project Certificate ရရှိမဲ့အပြင် တက်တက်ကြွကြွပါဝင်ထားတဲ့ Long Term တွေကို Recommendation Letter ပါ ပေးသွားမှာပါနော်။
ဒီလိုဆိုတော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးပဲ ဖြစ်ပါတယ်နော်။ ဒါဆို ကိုယ်ကရော ဘာတွေ ပြန်လုပ်ပေးနိုင်ရမလဲ 🤔
Volunteer တစ်ယောက်အနေနဲ့ ကိုယ်တာဝန်ယူထားတဲ့ position မှာ သေချာလေး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးဖို့ လိုပါတယ်။
ရေရှည် ၂ နှစ်လောက်အထိ ပါဝင်ဆောင်ရွက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ Volunteer အသစ်တွေအနေနဲ့ Trial Period ဖြစ်တဲ့ ပထမသုံးလကို ကျော်ဖြတ်ရပါမယ်နော် 🫶
ကိုယ်နဲ့ကိုက်ညီတဲ့ position လည်းရှိတယ်၊ ပါဝင်ကူညီအားဖြည့်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ Form လေးကို ဖြည့်ပေးပြီး လျှောက်ထားနိုင်ပါတယ်။
Form link : https://docs.google.com/forms/d/e/1FAIpQLScYDClCcnfU7YQiDCuRJKreU_IP4et7GlCGDtHajHzlm5jb-g/viewform?usp=publish-editor
07/09/2026
🪄 Kindle Together မှာ Yangon Long Term Volunteer အဖြစ် ပါဝင်လိုသူများအတွက်
Kindle Together ဟာ လူငယ်တွေဦးဆောင်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း တိုးတက်ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် လေ့လာ၊ ပူးပေါင်း၊ လက်တွေ့လုပ်ဆောင်နေတဲ့ Charity Network တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာတော့ မတူညီတဲ့စွမ်းရည်တွေကို အသုံးချပြီး Kindle Together ရဲ့ Project တွေမှာ ပါဝင်ကူညီပေးနိုင်မယ့် Yangon-based Volunteer တွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။
ခေါ်ယူသွားမယ့် Position တွေက —
✏️ Community Outreach Coordinator — ၄ ဦး
အလှူငွေ Project များအတွက်လိုအပ်သည့် နေရာများနှင့် Beneficiary များကို Background check စီစစ်ပြီး ရှာဖွေဖော်ထုတ်ပေးနိုင်မည့်သူ ၊ Project လုပ်ဖို့လူမှုအသိုင်းအဝိုင်းတွေနဲ့ ချိတ်ဆက်ပြီး Community Outreach Activities တွေကို စီစဉ်ဆောင်ရွက်ပေးနိုင်မယ့်သူများ လျှောက်ထားနိုင်ပါတယ်။
💡 Grant & Partnership Team Member — ၃ ဦး
Kindle Together ရဲ့Project တွေအတွက် လိုအပ်တဲ့ Grant Opportunities တွေကို ရှာဖွေလေ့လာတာကစလို့ Grant-related Tasks တွေမှာ ပါဝင်ဆောင်ရွက်ပေးနိုင်မယ့်သူများအတွက် ဖြစ်ပါတယ်။
📊Admin & Data Officer ( HR ) - ၁ ဦး
Volunteer နှင့် Team Members အချက်အလက်များကို စီမံထိန်းသိမ်းပြီး Recruitment၊ Onboarding၊ Attendance နှင့် HR ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်မည့်သူများလျှောက်ထား နိုင်ပါတယ်။
📝 Content Writer — ၁ ဦး
Kindle Together ရဲ့ Projects တွေနဲ့ လှုပ်ရှားမှုတွေကို လူအများ နားလည်လွယ်ပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် စာအရေးအသားနဲ့ ဖော်ပြပေးနိုင်သူများ လျှောက်ထားသင့်ပါတယ်။
🎨 Graphic Designer — ၂ ဦး
Kindle Together ရဲ့ Projects နဲ့ Content တွေအတွက် လိုအပ်တဲ့ Visual တွေကို ဖန်တီးပေးနိုင်မယ့်သူများအတွက် ဖြစ်ပါတယ်။
✍️ Editor — ၁ ဦး
Kindle Together ရဲ့ Activities တွေအတွက် Video Content တွေကို စိတ်ဝင်စားဖို့ကောင်းအောင် Editing ပြုလုပ်ပေးနိုင်မယ်လို့ယုံကြည်ထားရင် လာရောက်လျှောက်ထားနိုင်ပါတယ်။
‼️မှတ်ချက် — COC position က On ground Projectတွေမှာ ပါဝင်အားဖြည့်ရမှာဖြစ်ပြီး ကျန်တဲ့ position တွေကတော့ Project တွေမှာ ကိုယ်တိုင်ပါဝင်ဖို့ မဖြစ်မနေမလိုအပ်ပါဘူး။
🪄 Kindle Together မှာ Volunteer အဖြစ် ပါဝင်ရင် ဘာတွေရရှိနိုင်မလဲ?
⭐️ကိုယ့်ရဲ့ Position နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေအပြင် Soft Skills တွေ တိုးတက်လာနိုင်မယ်။
⭐️KT Network အတွင်း Projects, Activities တွေနဲ့ Community Opportunities တွေမှာ ပါဝင်ခွင့်ရနိုင်မယ်။
⭐️Project တစ်ခုချင်းစီမှာ ပါဝင်ပြီးမြောက်ရင် Project Certificate ရရှိမယ့်အပြင် စိတ်အားထက်သန်စွာ ရေရှည်ဆောင်ရွက်ထားသူများအတွက် Recommendation Letter ရရှိနိုင်မယ်။
⭐️မတူညီတဲ့နယ်ပယ်အသီးသီးက လူငယ်တွေနဲ့အတူ လက်တွဲလုပ်ကိုင်ရင်း Network အသစ်တွေ တည်ဆောက်နိုင်မယ်။
🪄 Commitment ဘာတွေပေးရမလဲ။
Volunteerတွေအနေနဲ့ ရေရှည် ၂ နှစ်တာ ပါဝင်ဆောင်ရွက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ Volunteer အသစ်တွေအတွက် ပထမ ၃ လကို Trial Period အဖြစ် သတ်မှတ်ထားပါတယ်။
📩 ပါဝင်ဖို့စိတ်အားထက်သန်တယ်ဆိုရင် ခုပြထားတဲ့ Form လေးကိုဖြည့်ပြီး လာရောက်လျှောက်ထားနိုင်ပါပြီ။
Form link - https://docs.google.com/forms/d/e/1FAIpQLScZ2xaNC9d-0vVDr9P6vyOVCy_PnrnQfE9sTqNS0tmAAQa9Ew/viewform?usp=publish-editor
ဒီတစ်ခေါက်မှာလည်း အသစ်ရောက်ရှိလာမယ့် Volunteer တစ်ဦးချင်းစီကို Kindle Together Team က နွေးထွေးစွာ ကြိုဆိုနေပါတယ်နော်။
31/08/2026
ရန်ကုန်KTတို့ကြိုးစားခဲ့ကြတဲ့ "ရင်တွင်းပဲ့တင်သံ" Project 3 လေးရဲ့ အမှတ်တရ ဒိုင်ယာရီ 🍃✨
"ငါ အဆင်ပြေပါတယ်" ဆိုတဲ့ စကားနောက်မှာ မြိုသိပ်ထားခဲ့ရသမျှတွေကို လွတ်လပ်စွာ ရင်ဖွင့်ခဲ့ကြတဲ့ "ရင်တွင်းပဲ့တင်သံ" Project 3 လေး အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။🤍
မနက် ၁၀:၃၀ လောက်ထဲက စုရပ်မှာ အတူတူစုပြီး ပြည်သူ့ရင်ပြင်လေးထဲ ရယ်ရယ်မောမောနဲ့စတင်ဝင်ရောက်ခဲ့ကြပါတယ်။
✨ မစိမ်းရအောင် စတင်ခဲ့တဲ့ စကားဝိုင်း
ပထမဆုံး ရင်းနှီးမှုရသွားအောင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရင်း "1 Truth, 2 Lies" Mini Game လေးနဲ့ Ice Breaking စလုပ်ခဲ့ကြတယ်။ ဘယ်အရာက Truth လဲဆိုတာကို လိုက်ခန့်မှန်းရင်း ရယ်မောသံလေးတွေနဲ့ ပွဲလေးက စတင်နွေးထွေးလာခဲ့တာပေါ့။ အဲ့ဒီနောက် "Choose Your Side" Game လေး ထပ်ဆော့ပြီး တစ်ယောက်အကြောင်းတစ်ယောက် ပိုသိခွင့်ရခဲ့ကြပါတယ်။
💬 စိတ်ချင်းဆက်ခဲ့ကြတဲ့ Group Discussion
ဂိမ်းလေးတွေ ဆော့အပြီးမှာတော့ တူညီတဲ့ အခြေအနေနဲ့ စိတ်ဝင်စားမှုအလိုက် မိသားစု၊ ပညာရေးနဲ့ အချစ်ရေးဆိုပြီး Topic (၃) ခုအတွက် Group (၃) ခု ခွဲလိုက်ကြပါတယ်
Family- မပြောဖြစ်ခဲ့တဲ့ ရင်တွင်းခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခွင့်ရခဲ့ကြတယ်။
Education- ကြုံတွေ့နေရတဲ့ ဖိအားတွေကို အပြန်အလှန် ရင်ဖွင့်ရင်း အကောင်းဆုံး အဖြေတွေကို တိုင်ပင်ခဲ့ကြတယ်။
Relationship - စိတ်ဒဏ်ရာတွေကို ဘာ Judgement မှမပါဘဲ စာနာနားလည်မှုအပြည့်နဲ့နားထောင်ပေးခဲ့ကြပြီး adviceတွေ ပေးခဲ့ကြပါတယ်။
နေ့လည်စာ အတူတူစားရင်း ခဏတာ Break ယူခဲ့ကြတာမို့ အရင်က ထက် ပိုပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြပါတယ်။ 🌿
📸 ကလေးဘဝဆီ ပြန်လည်ထွက်ခွာခြင်း
နောက်ဆုံး အစီအစဉ်လေးကတော့အပျော်ဆုံးနဲ့ အလွမ်းဆုံးပါပဲ! တက်ရောက်လာသူတွေ ကြိုပို့ထားတဲ့ ငယ်ဘဝဓါတ်ပုံလေးတွေကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး "ဒါ ဘယ်သူ့ပုံလေးလဲ" ဆိုတာ ခန့်မှန်းခဲ့ကြတာပါ။ ပုံလေးတွေကိုကြည့်ပြီး ကလေးဘဝရဲ့ အေးချမ်းမှုကို ပြန်လည်ခံစားရင်း ရယ်မောပျော်ရွှင်ခဲ့ကြပါတယ်။
အဆုံးမှာတော့ အမှတ်တရ Group Photo လေးတွေ ရိုက်ပြီး ပေါ့ပါးတဲ့ စိတ်ကလေးတွေနဲ့ အိမ်ပြန်ခဲ့ကြပါတယ်ရှင်။
ဒီနေ့မှာ ရင်ထဲက လေးလံမှုတွေကို ခဏချထားပြီး Safe Space လေးထဲမှာ စိတ်ဓာတ်ခွန်အားတွေ အပြည့်အဝ ဖြည့်တင်းသွားနိုင်ကြမယ်လို့မျှော်လင့်ပါတယ်နော် 🤍
ဆုံတွေ့ခဲ့ကြသူများအားလုံးနဲ့ ကူညီပေးခဲ့သူ တစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ✨
နောက်ထပ် ဘယ်လို Project လေးတွေနဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ လာဦးမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်!
#ရင်တွင်းပဲ့တင်သံ
The Memory Diary of Yangon KT’s “Echoes Within” Project 3
The “Echoes Within” Project 3, where participants were given a safe space to freely express everything they had been holding inside behind the words “I’m fine,” has successfully come to an end.
At around 10:30 in the morning, we gathered at the meeting point and happily made our way into People’s Park together, filled with laughter and excitement.
A Conversation to Break the Ice
To get to know one another and feel more comfortable, we first introduced ourselves and started with a mini game called “1 Truth, 2 Lies.” Everyone had fun trying to guess which statement was the truth, and the event gradually became warmer with laughter and cheerful conversations. After that, we played another game called “Choose Your Side,” which gave us a chance to learn more about each other.
Group Discussions That Connected Our Hearts
After the games, we divided into three groups based on shared interests and chose three topics: Family, Education, and Relationships.
Family, Participants had the opportunity to openly share feelings and thoughts that they had never been able to express before.
Education, We shared the pressures we were experiencing and discussed possible solutions together while supporting one another.
Relationships — We listened to each other’s emotional wounds with empathy and understanding, without any judgement, and shared our thoughts and advice.
We then took a short break to have lunch together, which gave us even more time to connect and become closer as friends.
A Journey Back to Childhood
The final activity was probably the most fun yet the most nostalgic part of the day! The participants had previously submitted their childhood photos, and we divided into two teams to guess, “Whose childhood photo is this?”
Looking at those precious photos brought back memories of the peacefulness of childhood, allowing everyone to laugh, reminisce, and enjoy those beautiful moments once again.
Finally, we took some memorable group photos before heading home with lighter hearts and brighter smiles.
We hope that everyone was able to put down their emotional burdens for a while and recharge themselves with positive energy and encouragement within this safe space.
A huge thank you to everyone who joined us, as well as to every single person who helped make this project possible.
Stay tuned and keep an eye out for what kinds of exciting projects and meaningful activities we, KT, will be bringing to you next.
ပျော်ရွှင်မှုတွေကို ပြန်လည်သတိရရင်း… 🩵
ဒီနေ့မှာတော့ မန္တလေးက ကေသီတို့တွေက ကလေးလေးတွေနဲ့အတူ ပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရ Memories လေးတွေကို ပြန်လည်ကြည့်ရှုကြရအောင်နော်။ 🩵🫶🏻
တစ်နေ့တစ်နေ့ ကစားလိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ ရိုးရှင်းစွာ ဖြတ်သန်းနေကြတဲ့ ကလေးလေးတွေရဲ့ ဘဝအစိတ်အပိုင်းလေးထဲကို ကေသီတို့တွေက ဝင်ရောက်ပြီး ပျော်ရွှင်မှုလေးတွေ ဖန်တီးပေးခဲ့ကြပါတယ်။ 🤍
တစ်နေ့တာလုံး ကလေးလေးတွေရဲ့ အပြုံးတွေ၊ သူတို့ရဲ့ ချစ်စရာစကားသံလေးတွေ၊ ကေသီတို့တွေနဲ့ ကလေးလေးတွေအကြား ဖြစ်ပေါ်လာခဲ့တဲ့ ရင်းနှီးနွေးထွေးမှုလေးတွေကတော့ မေ့လို့မရနိုင်တဲ့ အမှတ်တရလေးတွေအဖြစ် ကျန်ရှိနေခဲ့ပါတယ်။
ရာသီဥတုရဲ့ အပူဒဏ်ကိုတောင် အန်တုပြီး ကလေးလေးတွေရဲ့ အပြုံးတွေနဲ့အတူ ပျော်ရွှင်အေးချမ်းနေခဲ့ကြတာကတော့ ကေသီက Volunteers တွေပဲ ဖြစ်ပါတယ်။ ☀️🫶🏻
ဒီလိုနဲ့ အလှူရှင်တွေနဲ့ ကေသီတို့အားလုံးရဲ့ စုပေါင်းအားထုတ်မှု၊ စေတနာနဲ့ မေတ္တာတွေကြောင့် “မေတ္တာမိုးစက် ရွာသွန်းရာ” Project လေးကို အောင်မြင်စွာ ဖန်တီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီ Memories Recap လေးကတော့ ကေသီတို့ Volunteer တွေနဲ့ ကလေးလေးတွေအတွက် အချိန်တွေဘယ်လောက်ကြာသွားပါစေ မမေ့နိုင်မယ့် အမှတ်တရလေးတစ်ခု ဖြစ်နေမှာပါ။
“မေတ္တာမိုးစက် ရွာသွန်းရာ” ဆိုတဲ့ Project လေး ပြီးဆုံးသွားပေမယ့် ဒီနေ့လေးမှာ ဖန်တီးခဲ့ကြတဲ့ ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေနဲ့ အပြုံးလေးတွေကတော့ အမြဲတမ်း ကျန်ရှိနေမှာပါ။
ဒီ Video လေးထဲမှာ သိမ်းဆည်းထားတဲ့ အခိုက်အတန့်လေးတွေကို အတူတူ ပြန်လည်ခံစားရင်း “မေတ္တာမိုးစက် ရွာသွန်းရာ” ရဲ့ လှပတဲ့ Memories လေးတွေကို အားလုံးနဲ့အတူ အမှတ်တရအဖြစ် သိမ်းဆည်းထားလိုက်ကြရအောင်နော်။ 🩵
#မေတ္တာမိုးစက် ရွာသွန်းရာ
Reminiscing the Happiness We Shared… 🩵
Today, let’s take a look back at the precious memories we shared, KT Mandalay, created together with the children, filled with laughter, happiness, and unforgettable moments. 🩵🫶🏻
Stepping into the simple little world of these children, where each day is spent playing, eating, sleeping, and enjoying the little things in life, we had the chance to create moments of happiness and joy together. 🩵
Throughout the day, their bright smiles, adorable little voices, and the warm connection that grew between the children and our volunteers became precious memories that we will never forget.
Even under the warmth of the summer sun, our KT volunteers continued to share laughter and happiness with the children, finding warmth and peace in their beautiful smiles. ☀️🫶🏻
And so, through the collective efforts, kindness, and love of our donors and everyone involved, we were able to successfully bring “Where Raindrops of Love Fall” to life.
This Memories Recap will always remain a special memory for both our volunteers and the children , one that we hope will stay in our hearts no matter how much time passes.
Although “Where Raindrops of Love Fall” has come to an end, the happiness, warmth, and smiles we created together on this special day will always remain with us.
As we relive the little moments captured in this video, let’s cherish and keep the beautiful memories of “Where Raindrops of Love Fall” close to our hearts. 🩵
27/08/2026
August 21 က အားလုံးအတွက် သာမန်နေ့လေးတစ်ရက်ဆိုပေမယ့် မန္တလေးက KT တို့အတွက်တော့ ထူးခြားတဲ့ ရက်လေးတစ်ရက်ပါ။ 🩵
ဒါဆို ဘာကြောင့် ထူးခြားတာလဲဆိုတာ ပြောပြပေးသွားမှာမို့ အတူတူ လိုက်ကြည့်ပေးကြပါဦးနော်။ 🫵🥰
ပထမဆုံးအနေနဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းမှာရှိတဲ့ ဘုန်းကြီးကျောင်းက ကလေးလေးတွေဆီကို ကေသီတို့တွေ ပျော်ပျော်ပါးပါးနဲ့ အတူတကွ စုပေါင်းပြီး သွားရောက်ခဲ့ကြပါတယ်။
ကေသီတို့ ကလေးတွေဆီရောက်သွားတဲ့အခါ ဘာတွေလုပ်ခဲ့ကြလဲဆိုတော့...
ကလေးလေးတွေနဲ့အတူ Games တွေဆော့ခဲ့ကြတယ်၊ Activities လေးတွေအတူတူလုပ်ခဲ့ကြတယ်၊ သီချင်းတွေနဲ့ ကဗျာတွေလည်း အတူတူဆိုခဲ့ကြပါသေးတယ်။ ကလေးတွေရဲ့ စကားသံလေးတွေကိုလည်း ကေသီတို့ နားထောင်ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ တစ်နေ့တာအကြောင်းတွေ၊ သူတို့ကြိုက်တဲ့အရာလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောပြနေကြတဲ့ ကလေးတွေရဲ့ အပြုံးလေးတွေဟာ ကေသီတို့အတွက် ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်ခဲ့ပါတယ်။ 🤍
နောက်ပြီး Sexual Education နဲ့ပတ်သက်တဲ့ အသိပညာလေးတွေကိုလည်း မျှဝေပေးခဲ့ကြပါသေးတယ်။ စကားနဲ့ပဲ အသိပညာမျှဝေပေးခဲ့တာမဟုတ်ဘဲ ကေသီတို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြပြီး ကလေးလေးတွေ နားလည်လွယ်အောင် အသိပညာပေးခဲ့ကြတာပါ။
ဒါတင်မကသေးပါဘူး...
ကေသီတို့ ဘုန်းကြီးကျောင်းမှာ တရားနာပြီး ရေစက်ချခဲ့ကြပါသေးတယ်။ ကလေးလေးတွေအတွက် အရုပ်လေးတွေနဲ့ အအေးဘူးလေးတွေကိုလည်း ဝေမျှပေးခဲ့ကြသလို အာဟာရဖြစ်စေမယ့် နေ့လယ်စာလေးတွေကိုလည်း လှူဒါန်းပေးခဲ့ကြပါတယ်။
ဒါ့အပြင် ကေသီတို့ Volunteer တွေကလည်း အချင်းချင်း ပိုမိုရင်းနှီးလာစေဖို့ Activities လေးတွေအတူတူလုပ်ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့ကြပါတယ်။ 🫶🏻
ဒီနေ့လေးကို ပိုပြီး အဓိပ္ပာယ်ရှိစေခဲ့တာကတော့ ကလေးလေးတွေအတွက် လိုအပ်တဲ့အရာလေးတွေကို လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တစ်ဦးချင်းစီရဲ့ စေတနာနဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အားလုံးရဲ့ ပါဝင်ကူညီပေးမှုတွေကြောင့် ကလေးလေးတွေအတွက် အရုပ်လေးတွေ၊ အအေးဘူးလေးတွေနဲ့ အာဟာရဖြစ်စေမယ့် နေ့လယ်စာလေးတွေကို မျှဝေပေးနိုင်ခဲ့သလို သူတို့လေးတွေရဲ့ မျက်နှာပေါ်မှာလည်း အပြုံးလေးတွေ ပေါ်လာအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 🥰
ဒီလိုနဲ့ ကလေးလေးတွေအတွက် ပျော်ရွှင်မှုနဲ့ အမှတ်တရကောင်းလေးတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ August 21 ရက်နေ့လေးမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်များအားလုံးကို ကေသီတို့ Volunteer Team မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 💗
အားလုံးရဲ့ စေတနာ၊ မေတ္တာနဲ့ ပံ့ပိုးကူညီပေးမှုတွေဟာ ကလေးလေးတွေအတွက် အမှတ်တရကောင်းလေးတစ်ခု ဖြစ်စေခဲ့ပါတယ်။ နောင်လည်း ဒီလိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေမှာ အတူတူ ဆက်လက်ပါဝင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ 🩵🫶🏻✨
ဒါဆိုရင်တော့ “မေတ္တာမိုးစက် ရွာသွန်းရာ” ဆိုတဲ့ Project လေးဟာ အကောင်းဆုံးသော အမှတ်တရလေးတွေနဲ့အတူ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။ 🩵
ကလေးလေးတွေနဲ့ ကေသီတို့ အတူတူဖန်တီးခဲ့ကြတဲ့ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ၊ ရယ်မောခဲ့ကြတဲ့အချိန်လေးတွေက အချိန်တွေဘယ်လောက်ကြာသွားပါစေ မမေ့နိုင်တဲ့ အမှတ်တရကောင်းလေးတွေအဖြစ် ကျန်ရှိနေမှာပါ။ 🫶🏻
ဒါကြောင့် အားလုံးနဲ့အတူ “မေတ္တာမိုးစက် ရွာသွန်းရာ” Memories Recap လေးကို အတူတူကြည့်ရှုရင်း ဒီနေ့လေးမှာ အတူတူဖန်တီးခဲ့ကြတဲ့ အမှတ်တရလေးတွေကို ပြန်လည်သိမ်းဆည်းလိုက်ကြရအောင်နော်။ 🥰🩵✨
#မေတ္တာမိုးစက် ရွာသွန်းရာ
August 21 may have been just an ordinary day for many people, but for KT Mandalay, it was a truly special one. 🩵
So, what made this day so special? Come along with us as we take you through the memories we created together. 🫵🥰
Our journey began with a cheerful visit to the children at a monastery in Ngwe Taw Kyi Kone, Pyigyitagon Township. We came together as a team, ready to spend a meaningful and joyful day with them.
So, what did we do when we arrived?
We played games, took part in fun activities, sang songs, and recited poems together. Most importantly, we took the time to listen to the children. They happily shared stories about their daily lives and talked about the things they loved.
The sound of their little voices and the smiles on their faces became precious memories that we will always cherish — memories that cannot be replaced by anything else. 🤍
We also shared some basic knowledge about Sexual Education with the children. Rather than simply explaining things through words, our volunteers took part in role-plays and demonstrations to make the lessons easier for the children to understand and remember.
And that wasn’t all…
We also had the opportunity to listen to Dhamma and share merit together at the monastery. We distributed toys and cold drinks to the children and donated nutritious lunches for them to enjoy. 🥰
Beyond our time with the children, our volunteers also spent time doing fun activities together. These moments helped us get to know one another better, strengthen our connections, and create even more joyful memories as a team. 🫶🏻
What made this day even more meaningful was the kindness and generous support of every donor who contributed to providing the things the children needed.
Because of everyone’s support, we were able to share toys, cold drinks, and nutritious lunches with the children — and, most importantly, put smiles on their faces. 🥰
To all the generous donors who supported and took part in making August 21 a day filled with happiness and beautiful memories for these children, the entire KT Volunteer Team would like to extend our heartfelt gratitude. 💗
Your kindness, love, and support have become a beautiful memory in the lives of these children. We sincerely hope that we can continue to come together and take part in more meaningful initiatives like this in the future. 🩵🫶🏻✨
And with that, our project,”Where Raindrops of Fall”,
has come to a successful end, leaving us with countless beautiful memories. 🩵
The joyful moments we shared with the children, the laughter we had together, and all the little moments we created will remain as precious memories that we will never forget, no matter how much time passes. 🫶🏻
So, let’s look back on those beautiful moments together through our “Where Raindrops of Love Fall”Memories Recap and relive the memories we created together on this special day. 🥰🩵✨
26/08/2026
Kindle Together (Main Partner)
✨“လှူရင်းကူ၊ ကူရင်းယူ” ✨
ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း ကိုယ့်အတွက်လည်း အခွင့်အရေးတစ်ခု ရယူကြမယ် 🤍
Dream Education ရဲ့ "လှူရင်းကူ၊ ကူရင်းယူ" Campaign လေးမှာ ကျွန်တော်တို့ Kindle Together မှ Main Partnership အနေနဲ့ အားတက်သရော ပါဝင်အားဖြည့်ထားပါတယ်။ 🤩
🌱 “လှူရင်းကူ၊ ကူရင်းယူ” ဆိုတာဘာလဲ?
ဒီ Project လေးကတော့ Give & Take ပုံစံနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။
ကိုယ်တတ်နိုင်သလောက် လှူဒါန်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးနိုင်သလို၊ ကိုယ်တိုင်လည်း ပညာသင်ယူခွင့်၊ Skill Development အခွင့်အရေးတွေနဲ့ Discount Benefits တွေကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ကူညီတဲ့အရာက တစ်စုံတစ်ယောက်ရဲ့ ဒီနေ့ကို ကယ်တင်ပေးနိုင်သလို၊ ကိုယ်ရရှိမယ့်အခွင့်အရေးက ကိုယ့်ရဲ့မနက်ဖြန်ကိုလည်း ပိုကောင်းစေနိုင်ပါတယ်။ ✨
—
📌ပါဝင်လှူဒါန်းမယ့်သူတွေက…
Dream Education, Charity with Dream ရဲ့ Page Messenger သို့လည်းကောင်း…
စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိတဲ့ သူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့် ပါ၀င်လှူဒါန်းနိုင်ပါတယ်။
Benefit တွေ မယူဘဲ သီးသန့်ပါဝင်လှူဒါန်းချင်တဲ့သူ တွေရှိရင်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ ♥️
တစ်ယောက်ရဲ့ Share တစ်ချက်က
တစ်စုံတစ်ယောက်ဆီကို အကူအညီတစ်ခု ရောက်ရှိစေနိုင်တာမလို့
အလှူငွေမထည့်ဝင်နိုင်ရင်တောင် သတင်းတစ်ခုကို မျှဝေပေးခြင်းကလည်း ကူညီမှုတစ်ခုပါပဲ ✨
ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း
သူတို့ရဲ့ ဒီနေ့ကို ကူညီပေးပြီး
ကိုယ့်ရဲ့ မနက်ဖြန်အတွက်လည်း သင်ယူကြရအောင်။ 💙
#လှူရင်းကူကူရင်းယူ
Category
Website
Address
Alerts
Be the first to know and let us send you an email when Kindle Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.