Say4U

Say4U

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Say4U, Pharmacy / Drugstore, Yangon.

20/03/2025

ပါလက်စတိုင်းတွေဟာ နှစ်များစွာကြာအောင် "ဖရ်ဿွ် ကိဖာယဟ်" (မွတ်စလင်မ်တိုင်းရဲ့ တာဝန်တစ်ခုကို သူတို့က ကိုယ်စားထမ်းဆောင်ပေး) နေခဲ့ကြတာ ဖြစ်တယ်။ သူတို့ဟာ အစ္စလာမ်ရဲ့ တတိယ အမြင့်မြတ်ဆုံး နယ်မြေဖြစ်တဲ့ "မက်စ်ဂျိဒ် အလ်-အက်ဆွာ" ကို နှစ်ပေါင်းများစွာကြာအောင် သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ စတေးပြီး ကာကွယ်နေခဲ့၊ ခုထိလည်း ကာကွယ်နေဆဲဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ ကမ္ဘာအနှံ့က မွတ်စလင်မ်တွေ အားလုံး အနေနဲ့ ပါလက်စတိုင်းတွေကို ကူညီဖို့ တာဝန်ရှိတယ်။ မြန်မာပြည်က မွတ်စလင်မ်တွေ အနေနဲ့လည်း ပါလက်စတိုင်းတွေကို မိမိတို့ တတ်စွမ်းနိုင်သလောက် ကူညီကြဖို့ လိုအပ်ပါတယ်။ ပါလက်စတိုင်း ညီအစ်ကို မောင်နှမတွေကို ဘယ်လိုကူညီကြမလဲ? မွတ်စလင်မ်တိုင်း လုပ်နိုင်လောက်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတချို့ကို ချပြပေးသွားပါမယ်။

၁) ဒုအာဆုမွန်တောင်းခံပေးခြင်း။
ပါလက်စတိုင်းက ညီအစ်ကိုတွေ မတရား ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်ဖို့၊ သူတို့ရဲ့ တော်လှန်ရေး အောင်မြင်ဖို့၊ ကျဆုံးသွားသူတွေကို အလ္လာဟ်အရှင်မြတ် ဂျန္နသ်သုခဘုံရဲ့ အမြင့်ဆုံးမှာ ထားဖို့ ဒုအာဆုမွန်တောင်းပေးကြပါ။

၂) ပါလက်စတိုင်းအကြောင်း မိမိအနီးရှိ မိသားစုနှင့် မိတ်ဆွေများကို ပြောပြခြင်း။
ပါလက်စတိုင်းတွေ ကျူးကျော်ခံခဲ့ရတဲ့ သမိုင်းကြောင်း၊ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်ခံနေရခဲ့ရကြောင်း၊ ပါလက်စတိုင်းကလေးများ အရှင်လတ်လတ် သတ်ဖြတ်မီးရှို့ခံနေရကြောင်း၊ ကိုလိုနီနယ်ချဲ့အနောက်နိုင်ငံတို့၏ မြေစာပင် ဖြစ်နေကြောင်း မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အမြဲတစေပြောပြပါ။ သူတို့ကိုလည်း ပါလက်စတိုင်းတွေအတွက် ဒုအာဆုမွန်တောင်းကြဖို့ သတိပေးပါ။ ပါလက်စတိုင်းလွတ်မြောက်ရေးမှာ တတ်နိုင်သလောက်ပါဝင်ဖို့ တိုက်တွန်းပါ။

၃) ပါလက်စတိုင်းအကြောင်း စာအုပ်စာပေများနှင့် ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခြင်း။
ဒီနေ့ခေတ်မှာ လူတိုင်း နေ့စဉ်ဆိုရှယ်မီဒီယာကို သုံးနေကြတာပါပဲ။ ဆိုရှယ်မီဒီယာမှာ ပါလက်စတိုင်းတွေ အကြောင်းကို ဆောင်းပါးများ၊ ဓာတ်ပုံ၊ ဗီဒီယိုများနဲ့ လူအများသိအောင် ဖြန့်ဝေပေးပြီး ကူညီလို့ရပါတယ်။ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတဲ့ ဇီယွန်နစ်တွေရဲ့ လူမဆန်တဲ့ ညှင်းပန်းမှုတွေကို လူတွေသိအောင် ဝေမျှလို ရပါတယ်။ ပါလက်စတိုင်းအရေးနှင့် ပတ်သက်သည့် စာပေများကို စာအုပ်ထုတ်၍ဖြစ်စေ၊ လက်ကမ်းစာစောင်များထုတ်၍ ဖြစ်စေ၊ E-book အနေနှင့် ဖြစ်စေ ထုတ်ဝေခြင်းဖြင့် လူအများသိအောင် ကူညီပေးလို့ ရပါတယ်။

၄) အစ္စရေး ဇီယွန် အကြမ်းဖက်သမားတို့၏ ပစ္စည်းများကို ဘွိုင်ကော့ (Boycott) သေချာလုပ်ခြင်း။
ဒီအချက်က အင်မတန် အရေးကြီးပြီး ထိရောက်ပါတယ်။ အစ္စရေးကုမ္မဏီတွေနဲ့ အစ္စရေးကို ထောက်ပံ့နေတဲ့ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို မဝယ်ယူ အားမပေးဘဲ သပိတ်မှောက်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ကစပြီး boycott တွေကြောင့် Cocacola, starbucks, McDonald စတဲ့ အစ္စရေးကို ထောက်ပံ့တဲ့ကုမ္မဏီတွေ ရောင်းအားတွေ ထိုးကျသွားကြောင်း စာရင်းဇယားတွေ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၂၅ရာခိုင်နှုန်းဖြစ်တဲ့ မွတ်စလင်မ်တွေအားလုံး တစ်ယောက်မကျန် အစ္စရေးကို သပိတ်မှောက်မယ်ဆိုရင် သူတိုအနေနဲ့ ပါလက်စတိုင်းတွေကို ဒုက္ခပေးတဲ့နေရာ၊ သတ်ဖြတ်တဲ့ နေရာမှာ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။

၅) ပါလက်စတိုင်း လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် အချင်းချင်း စည်းလုံးညီညွတ်ခြင်း။
ကုရ်အာန် (၃:၁၀၃) မှာ အလ္လာဟ်အရှင်မြတ် မိန့်ထားတော်မူတယ်။
"အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကြိုးကို တစ်ညီတစ်ညွတ်တည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ထိုပြင် အသင်တို့သည် အချင်းချင်း မကွဲပြဲကြလေနှင့်။" မွတ်စလင်မ်တွေဟာ အချင်းချင်း စည်းလုံးညီညွတ်ကြရမယ်။
ဘယ်လို နိုင်ငံတွေကွဲပါစေ၊ အတွေးအခေါ်တွေပဲကွဲပါစေ ပါလက်စတိုင်းအရေးနဲ့ ပတ်သက်လာရင် ကမ္ဘာအဝှမ်းက မွတ်စလင်မ်တွေအားလုံးက ညီညွတ်ကြရမယ်။ ဒီလောက်ပါလက်စတိုင်းတွေ ကလေးငယ်တွေ အမျိုးသမီးတွေပါမကျန် ရက်ရက်စက်စက် သတ်ဖြတ် ခံနေရတယ်။ နေ့တိုင်းဗုံးကြဲခံနေရတယ်။ ကမ္ဘာကြီးက ဘာလုပ်နေလဲ? လူတွေငိုယိုကြတယ်၊ ကန့်ကွက်ကြတယ်။ အကူအညီတွေ ပို့ကြတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး လုပ်ကြဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ မွတ်စလင်မ်နိုင်ငံတွေအားလုံး ပါလက်စတိုင်းညီအစ်ကို မောင်နှမတွေဖက်က တညီတညွတ်တည်း ရပ်တည်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မယ်လို့ ထင်ပါတယ်။
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို စမ်းသပ်နေတာ ဖြစ်တယ်။ အရှင်မြတ်တစ်ပါးတည်း အစ္စရေးကို ကျဆုံးအောင်လုပ်လိုက်လို့ရတယ်။ ကျွန်တော်တို့ရဲ့ အကူအညီ မလိုအပ်ဘူး။ ဒါပေမယ့် တမန်တော် မုဟမ္မဒ်(ဆွ)ရဲ့ ဟဒီးဆ်မှာလို မွတ်စလင်မ်တွေဟာ ခန္ဓာကိုယ်တစ်ခုတည်းလို စည်းလုံးရမယ်။ တစ်နေရာထိခိုက်ရင် တစ်ကိုယ်လုံးက ခံစားရသလိုပေါ့။
ဒါကြောင့် မွတ်စလင်မ်တိုင်းအနေနဲ့ ဖော်ပြထားတဲ့ အချက်တွေကို လက်တွေ့ကျင့်သုံးပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် ပါဝင်ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်။

ပါလက်စတိုင်း-မြန်မာ-Palestine in Myanmar

09/01/2024

Hepatitis B Vaccine (rDNA)

Adult & Paediatric

09/01/2024

Gardasil 9 Seasonal Sale!!!!

Photos from Say4U's post 09/11/2021

ကျွန်တော့် ပိုက်ဆံ လိမ်သွားလို့ပါ Ensure 5ဖာဖိုး ပိုက်ဆံ 2,100,000 ကို လိမ်သွားပါတယ်။

ဂရုစိုက်ကြပါ အားလုံး။

များများ ရှယ်ပေးကြပါဗျ။

01/08/2021

Remdesivir 100mg ဒီနေ့ တစ်စုံရပါသည်။

6လုံး တစ်စုံ 750,000 instock.

Photos from ဒေါပုံမြို့နယ် နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေးအသင်း's post 29/07/2021
Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon
11161