MTSI Integrated Services
*❣* Taxation Service *❣* Accounting Service
*❣* Auditing Service *❣* DICA Service
*❣* Licensing Service
*❣* Accounting & Taxation On Job Training
21/05/2026
💯အခွန်ကြေညာလွှာအမျိုးအစားများနှင့် တင်သွင်းရမယ့်အချိန်💯
#အခွန် #အခွန်ကြေညာခြင်း #ကြေညာလွှာ #ခုနှိမ်ခြင်း #ကသခ-၂ #မှတ်ပုံတင်ခြင်း -Registation #ကုန်သွယ်လုပ်ငန်းခွန် Tax #အခွန်ဆောင်ခြင်း #အခွန် #ဝင်ငွေခွန် (IT) #အခွန်နှုန်း #ဥပဒေ #နည်းဥပဒေ #စည်းမျဉ်းများ #အခွန်ကြေညာခြင်း Deduction Exemption #အခွန်ပြန်အမ်းငွေ #ကိုယ်စာလှယ်လွှဲစာ #ပတခ(ကသခ)-၀၁-၀၁ #ကသခ-၁ #ကသခ-၃ #ကသခ-၃၁ #ကသခ-၃၂ #ကသခ-၃၃
19/05/2026
📱 ဖုန်းဝယ်ယူတော့မယ်ဆိုရင် အခွန်ကိစ္စကို သတိပြုသင့်လား❓
ကျွန်တော်တို့တွေ နေ့စဉ်အသုံးပြုဖို့ မိုဘိုင်းလ်ဖုန်း အသစ်ဝယ်ယူတဲ့အခါ တရားဝင်တင်သွင်းထားခြင်းမရှိတဲ့၊ ဘာအခွန်မှ ဆောင်ထားခြင်းမရှိတဲ့ (Grey Market) ဖုန်းတွေကို မသိဘဲ ဝယ်ယူမိတတ်ကြပါတယ်။
အကယ်၍ အဲဒီလို အခွန်မဆောင်ထားတဲ့ ဟန်းဆက်တွေကို မိမိတို့ဘက်က မသိဘဲ ဝယ်ယူမိသွားခဲ့ရင် ရေရှည်မှာ ဖုန်းလိုင်းပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပြီး ပြန်လည် ဆက်လက်အသုံးပြုနိုင်ဖို့အတွက် အောက်ပါအခွန်နဲ့ ဒဏ်ကြေးတွေကို ပြန်လည်ပေးဆောင်ရမှာ ဖြစ်ပါတယ် 👇
🔹 အကောက်ခွန် (Customs Duty) — 5%
🔹 ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) — 5%
🔹 ဒဏ်ကြေး (Redemption Fine) — 25%
အောက်ဖော်ပြပါ ဥပမာအရဆိုရင် သိန်း ၂၀ ဝန်ကျင် ဖုန်းကို ဝယ်တဲ့အခါ အခွန်နဲ့ ဒဏ် ၇ သိန်းဝန်းကျင်း ထပ်ပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် နောင်တစ်ချိန်မှာ မလိုအပ်ဘဲ အပိုကုန်ကျစရိတ်တွေ မရှိရအောင် ဖုန်းဝယ်ယူခါနီးတိုင်းမှာ / ဝယ်တဲ့အခါမှာ တရားဝင်အခွန်ဆောင်ပြီးသား အာမခံပါတဲ့ (Official Warranty) ဟန်းဆက် ဟုတ်မဟုတ်ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူကြဖို့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ✨
#ဖုန်းအခွန် #နည်းပညာမျှဝေခြင်း #ဖုန်း #အခွန် #အခ
18/05/2026
📝 ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းအရ ထားရှိရမယ့် အရောင်း ပြေစာ (Sales Invoice) ❓
ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းအရ လုပ်ငန်းရှင်တိုင်းက အရောင်းပြေစာ (Sales Invoice) တစ်စောင်မှာ အလွှာ ၃ ခု (၃ စောင်တွဲ) ပါဝင်ရမှာ ဖြစ်ပြီး
📄မူရင်း (Original) ကို 👉 Customer ထံသို့ လည်ကောင်း
📑 မူရင်းခွဲ (၁) ကို 👉 Finance or Account Dept စသဖြင့် သက်ဆိုင်ရာဌာနသို့ လည်ကောင်း
📁 မူရင်းခွဲ (၂) ကို 👉 သက်သေခံအထောက်အထားအဖြစ် လည်ကောင်း
💡 ဒီလို စနစ်တကျ ခွဲဝေ ထားရှိရမှာ ဖြစ်ကြောင်း ပြဌာန်းထားသည်ကို မျှဝေပေးလိုက်ပါတယ်ဗျ
#ပြေစာ #မူရင်း #မူရင်းခွဲ #သက်သေခံ #အထောက်အထား
16/05/2026
🚨 ကုမ္ပဏီ နှစ်စဉ်အစီရင်ခံစာ (Annual Return - AR)🚨
MyCO တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေဖြင့် နစ်နာဆုံးရှုံးမှုမရှိစေဖို့နဲ့ ဥပဒေနှင့်အညီ ဖြစ်စေဖို့ AR (Annual Return) အလုပ်လုပ်ပုံလေးကို မျှဝေလိုက်ပါတယ်ဗျ 👇
📅 သတ်မှတ်ရက်အတွင်း တင်ပြခြင်း (ပုံမှန်ကြေး)
လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ကုမ္ပဏီ Profile မှာ ဖော်ပြထားတဲ့ AR နောက်ဆုံးတင်ပြရမည့်ရက် မတိုင်ခင် AR တင်ဖို့ လိုအပ်ပါတယ်။ AR Fee က
၅၀,၀၀၀ ကျပ်ပဲ ပေးသွင်းရမှာ ဖြစ်ပါတယ်။
⚠️ သတ်မှတ်ရက် ကျော်လွန်ခြင်း (နောက်ကျကြေး)
AR တင်ပြရမည့်ရက် ကျော်လွန်ပြီဆိုတာနဲ့ (၂၈) ရက်အတွင်း ဖြစ်ပါက နောက်ကျကြေး (Late Fee) ၁၀၀,၀၀၀ ကျပ်ကိုပါ ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။
❌ (၂၈) ရက်ထက် ကျော်လွန်ခြင်း (ဆိုင်းငံ့ခံရခြင်း - Suspended)
AR တင်ပြရမယ့် ရက်ထက် (၂၈) ရက် ကျော်လွန်သွားရင်တော့ ကုမ္ပဏီက Suspended (ဆိုင်းငံ့) ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။
ကုမ္ပဏီကို Register ပြန်ဖြစ်ဖို့ ဆိုင်းငံ့စာရင်းမှ ပြန်လည်ပယ်ဖျက်ပေးဖို့ ပုံစံ I-9D ဖြင့် တင်ပြရမှာ ဖြစ်ပြီး၊ မှတ်ပုံတင်ကြေး ၁၀၀,၀၀၀ ကျပ် ထပ်မံပေးသွင်းရမှာ ဖြစ်ပါတယ်။
🚫 ဆိုင်းငံ့ပြီး (၆) လအထိ တင်ပြမှုမရှိခြင်း (မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း - Struck Off)
Suspended ဖြစ်ပြီး (၆) လအထိ AR တင်ပြခြင်းမရှိရင်တော့ ကုမ္ပဏီကိုမှတ်ပုံတင်စာရင်းမှ Struck Off (ပယ်ဖျက်) သွားမှာ ဖြစ်ပါတယ်။
⚖️ Struck Off ဖြစ်ပြီးမှ ကုမ္ပဏီကို ပြန်လည်အသက်သွင်းခြင်း
Struck Off ဖြစ်သွားသော ကုမ္ပဏီအမည်ကို ပြန်လည်အသက်သွင်းမယ်ဆိုရင်တော့ ကုမ္ပဏီမှ တရားရုံး ကင်းလွတ်ခွင့်အမိန့် ရယူရမှာဖြစ်ပြီး၊ MyCO တွင် ပြန်လည်တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။
💡 အထူးသတိပြုရန် တိုက်တွန်းချက်
Struck Off ဖော်ပြခြင်းခံရပါက တရားရုံးကင်းလွတ်ခွင့်ရရှိဖို့ လျှောက်ထားရမယ့် ကုန်ကျစရိတ်က များပြားတာနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ ပုံရိပ် (Reputation) ကျန်ရှိနေမှာ ဖြစ်ပါတယ်။
✨ ဒါကြောင့် ကျွန်တော်တို့ရဲ့ မိတ်ဆွေ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုမ္ပဏီရဲ့ AR တင်ပြရမည့်ရက်ကို သေချာစွာ စစ်ဆေးပြီး အချိန်မီ ဂရုပြုလိုက်နာ ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဗျ။
#မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ #ကုမ္ပဏီမှတ်ပုံတင် #နှစ်စဉ်အစီရင်ခံစာ #ကုမ္ပဏီ #အခွန် #အခ
15/05/2026
📌 SAS စနစ် 🆚 OAS စနစ်
⚖️ ဘာတွေကွာခြားလဲ?
💡 ဘယ်စနစ်က ပိုအဆင်ပြေလဲ?
#အခွန် #အခွန်ဌာန #စည်းကြပ်မှု #စနစ် #
14/05/2026
💯နှစ်ချုပ် ဝင်ငွေကြေညာလွှာ💯
#ဝင်ငွေခွန်ကြေညာလွှာ #အခွန် #အခွန်ကြေညာခြင်း #ကြေညာလွှာ #ခုနှိမ်ခြင်း #ကသခ-၂ #မှတ်ပုံတင်ခြင်း -Registation #ကုန်သွယ်လုပ်ငန်းခွန် Tax #အခွန်ဆောင်ခြင်း #အခွန် #ဝင်ငွေခွန် (IT) #အခွန်နှုန်း #ဥပဒေ #နည်းဥပဒေ #စည်းမျဉ်းများ #အခွန်ကြေညာခြင်း Deduction Exemption #အခွန်ပြန်အမ်းငွေ #ကိုယ်စာလှယ်လွှဲစာ #ပတခ(ကသခ)-၀၁-၀၁ #ကသခ-၁ #ကသခ-၃ #ကသခ-၃၁ #ကသခ-၃၂ #ကသခ-၃၃ #ဖြည့်နည်း See less
13/05/2026
🎯အခွန်ထမ်း၏ လက်မှတ် မှတ်တမ်း🎯
E-Filing ဖြင့် အခွန်ကြေညာလွှာများ တင်သွင်းရာတွင် သက်ဆိုင်ရာ တာဝန်ခံ အရာရှိများ (အထူးသဖြင့် SAS စနစ်ဖြင့် အခွန်စည်းကြပ်မှု ပြုလုပ်နေသည့် အခွန်ရုံးများ) မှ လက်ခံအတည်ပြုပေးနိုင်ရန် နှစ်စဉ် ပေးပို့ထားရမည့် အခွန်ထမ်း၏ လက်မှတ် မှတ်တမ်း
12/05/2026
🌱အခွန်ရုံးပြောင်းတဲ့အခါ ဘာတွေ လိုအပ်မလဲဆိုတာ သိထားဖို့🌱
🎯အခွန်ရုံး ပြောင်းလဲစည်းကြပ်ခံယူခွင့်ပြုပါရန် သတ်မှတ်လျှောက်လွှာ
🎯အခွန်ထမ်းမှတ်ပုံတင်လက်မှတ် [ပတခ(ဝင)-၀၁-၀၂]
🎯ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
🎯ကုမ္ပဏီ Extract Form
🎯အခွန်စည်းကြပ်မှုပြီးပြတ်သည့်ကာလအထိ အခွန်ပေးသွင်းပြီးကြောင်း အထောက်အထား
🎯ယခင်နှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများ
🎯မည်သည့်အတွက်ကြောင့် ပြောင်းလဲစည်းကြပ်ခံယူလိုကြောင်း ခိုင်လုံသော အကြောင်းပြချက် အပြည့်အစုံ
#အခွန်ရုံး #ဝင #ကသခ-၂ #မှတ်ပုံတင်ခြင်း -Registation #ကုန်သွယ်လုပ်ငန်းခွန် Tax #အခွန်ဆောင်ခြင်း #အခွန် #ဝင်ငွေခွန် (IT) #အခွန်နှုန်း #ဥပဒေ #နည်းဥပဒေ #စည်းမျဉ်းများ #အခွန်ကြေညာလွှာ Deduction Exemption #အခွန်ပြန်အမ်းငွေ #ကိုယ်စားလှယ်လွှဲစာ #ပတခ(ကသခ)-၀၁-၀၁ #ကသခ-၁ #ကသခ-၃ #ကသခ-၃၁ #ကသခ-၃၂ #ကသခ-၃၃ #ကုမ္ပဏီ
05/05/2026
🚗 ကုမ္ပဏီအမည်နဲ့ ကားအမည်ပေါက်နှင့် ဘာတွေလိုအပ်မလဲ
လုပ်ငန်းသုံး မော်တော်ယာဉ်တွေကို ကုမ္ပဏီအမည်နဲ့ ပြောင်းလဲမှတ်ပုံတင်ခြင်းက လုပ်ငန်းရဲ့ ခိုင်မာမှုနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်တွေအတွက် အလွန်အရေးကြီးပါတယ်။ အမည်ပေါက် လျှောက်ထားတဲ့အခါ အချိန်မကုန်ဘဲ အဆင်ပြေချောမွေ့စေဖို့ ပုံပါအချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း မျှဝေလိုက်ပါတယ်ဗျ။
လုပ်ငန်းရှင်ကြီးတို့အနေနဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အခွန်ဆိုင်ရာ၊ စာရင်းကိုင်ဆိုင်ရာနဲ့ လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စရပ်တွေကို စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးလိုပါက MTSI Integrated Services မှ အမြဲအသင့်ရှိနေပါတယ်။
📞 ဆက်သွယ်ရန်
Address: အမှတ် (၇၄)၊ သီရိလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
#မော်တော်ကား #ယာဉ်သက်သေခံလက်မှတ် #ကုမ္ပဏီမှတ်ပုံတင်လက်မှတ် #လျှောက်လွှာ #ဝန်ခံကတိပြုလွှာ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon