Studio Zenith

Studio Zenith

Share

Live Streaming Service, Photography and Videography Service - all in one place

10/05/2026
24/04/2026

𝐏𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐲 ကို လေ့လာတဲ့အခါ ဘယ်တော့မှ မမေ့သင့်တဲ့ အချက် (၅) ချက်။

ဒီနေ့တော့ ဓာတ်ပုံတွေ ရိုက်ရတာ ဝါသနာပါသူတွေ၊ တကယ့်အစစ်အမှန် Photography အနှစ်သာရကို ဖန်တီးချင်သူတွေအတွက် ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ ကင်မရာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံတွေရိုက်တဲ့အခါ အမြဲတမ်း သတိရသင့်တဲ့ အချက်လေးတွေကို Studio Zenith မှ မျှဝေပေးလိုက်ပါတယ်။

1. ဓာတ်ပုံအနုပညာ အမြင်ရှိအောင် လေ့ကျင့်ပါ။

ဓာတ်ပုံတွေ ရိုက်ရတာ ကြိုက်နှစ်သက်သူတစ်ယောက်အနေနဲ့ မြင်တတ်တဲ့ မျက်လုံးကောင်းရှိဖို့ လေ့ကျင့်ဖို့လိုအပ်ပါတယ်။ ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့ ကိုယ့်မျက်စိရှေ့က မြင်ကွင်းတစ်ခုကို ကြည့်ပြီး ကိုယ်သာ ဓာတ်ပုံရိုက်မယ်ဆိုရင် ဘာတွေလုပ်နိုင်မလဲဆိုတာ စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ။

ဓာတ်ပုံရိုက်တယ်ဆိုတာ ခလုတ်တစ်ချက် နှိပ်လိုက်တာထက် အများကြီးပိုပါတယ်။ ကိုယ့်မျက်စိရှေ့က အရာတွေကို အနုပညာတစ်ခုအဖြစ် ဖန်တီးပုံဖော်တာက ဓာတ်ပုံပညာရဲ့ အစစ်အမှန် အနှစ်သာရဖြစ်ပါတယ်။

2. အလင်းရောင် (Lighting) ကို နားလည်အောင် လုပ်ပါ။

Lighting ဆိုတာ ဓာတ်ပုံပညာမှာ အဓိကအရေးပါတဲ့ မိခင်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သဘာဝအလင်းရောင်တွေကို အသုံးပြုပြီး လှပဆန်းကြယ်တဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်ပေမဲ့လည်း အ ဆိုပါအလင်းရောင်ကို အသုံးချတတ်ဖို့က အင်မတန် အရေးကြီးပါတယ်။

ဒါကြောင့် နူးညံ့နွေးထွေးတဲ့ အလင်းရောင် ရတဲ့နေရာတွေမှာ ရှာဖွေရိုက်ကူးပါ။ အိမ်မှာဆိုရင်လည်း Subject ကို ပြတင်းပေါက်အနီးနားမှာ ထားပြီးရိုက်ပါ။ ဒါပေမယ့် ပြင်းထန်တဲ့ အလင်းရောင်ကိုတော့ ရှောင်ရှားပါ။

3. ဖွဲ့စည်းပုံ (Composition) ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပါ။

Composition က ကိုယ့်ရဲ့ ရုပ်ပုံ Frame အတွင်းမှာ Elements တွေကို ဘယ်လိုနေရာချပြီး ရိုက်ကူးမှာလဲဆိုတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ Composition များစွာရှိတဲ့အထဲမှ Rule of Thirds ကတော့ အသုံးများဆုံး ဖွဲ့စည်းပုံတစ်ခုဖြစ်ပါတယ်။

Rule of Thirds ဆိုတာကတော့ ဟန်ချက်ညီညီနဲ့ ကြည့်ရှုသူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်မယ့် ဓာတ်ပုံတွေ ဖန်တီးနိုင်ဖို့အတွက် အလျားလိုက် မျဉ်းနှစ်ကြောင်းနှင့် ဒေါင်လိုက် မျဉ်းနှစ်ကြောင့်ဖြင့် အညီအမျှ (၉) ပိုင်းခွဲထားတဲ့ Frame ထဲမှာ Subject တွေကို မျဥ်းတစ်ကြောင်းနဲ့ တစ်ကြောင်းဖြတ်တဲ့နေရာမှာ ထားရှိပြီး ရိုက်ကူးတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။

4. Subject ကို အာရုံစိုက်ပါ။

Subject က ဓာတ်ပုံတစ်ပုံမှာ အဓိက Focal Point တစ်ခုဖြစ်တာမို့လို့ Subject ကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးဖော်ပြနိုင်ဖို့ Depth of Field ကို သေချာဂရုစိုက်ပြီး အသုံးချပါ။ နောက်ပြီး ပုံတစ်ပုံမရိုက်ခင် Subject ကို Focus ပြတ်မပြတ် Screen ပေါ်မှာ အာရုံစိုက်ပါ။ ဘာလို့လဲဆိုတော့ ရိုက်ပြီး ပုံတွေပြန်ကြည့်တော့မှ Subject က Focus မပြတ်တာမျိုးတွေလည်း ကြုံရတတ်လို့ပါ။

5. များများရိုက်ပြီး များများဆက်လေ့လာပါ။

ဓာတ်ပုံပညာကို လေ့လာနေသူတစ်ယောက်အနေနဲ့ မတူညီတဲ့ ရှုထောင့်တွေနဲ့ Setting တွေကို အသုံးပြုပြီး စမ်းသပ်ရိုက်ကူးကြည့်ဖို့ မကြောက်ပါနဲ့။ ဓာတ်ပုံပညာဆိုတာ ဖန်တီးမှုတစ်ခုဖြစ်ပြီး အကောင်းဆုံး ပုံရိပ်တွေ ရိုက်ကူးနိုင်ဖို့ဆိုတာ အသစ်အဆန်းတွေ စမ်းလုပ်ကြည့်ခြင်းမှ လာတတ်ပါတယ်။ ဒါကြောင့်မို့ ဓာတ်ပုံများစွာ ရိုက်ပါ။ ပြီးတော့ ရိုက်ခဲ့တဲ့ ပုံတွေကို ပြန်သုံးသပ်ပြီး တစ်ပုံချင်စီမှ ပြန်သင်ယူပါ။

ဒီအချက်လေးတွေကတော့ ဓာတ်ပုံပညာကို လေ့လာနေသူတွေအတွက် ပုံတစ်ပုံရိုက်မယ်ဆိုတာနဲ့ ဘယ်တော့မှ မမေ့သင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးခဲ့တာဖြစ်လို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

☎️ နောက်ပြီး သင့်ရဲ့ လုပ်ငန်းမှာ (ဒါမှမဟုတ်) Personal အတွက် ဓာတ်ပုံ၊ ဗီဒီယိုတွေ ဖန်တီးရိုက်ကူးဖို့၊ Studio ငှားရမ်းဖို့ လိုအပ်ခဲ့မယ်ဆိုရင် Studio Zenith ကိုသာ ဆက်သွယ်ဖို့ သတိရလိုက်နော်…

𝗦𝘁𝘂𝗱𝗶𝗼 𝗭𝗲𝗻𝗶𝘁𝗵
Ph - 01 2308115
မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ - ပိတ်ရက်မရှိ
ကြိုတင် Booked ပြုလုပ်ပြီးမှသာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်နော်။
94/96, 7th Floor, Phone Gyi Street (Middle Block), Lanmadaw Township, Yangon. (Lift no.7)
- အနော်ရထာလမ်းနှင့် ဗန္ဓုလလမ်းကြား - ဗန္ဓုလဘလောက်မှ ဝင်ရန်

ミ★ 𝓦𝓮'𝓻𝓮 𝓨𝓸𝓾𝓻 𝓒𝓻𝓮𝓪𝓽𝓲𝓿𝓮 𝓟𝓪𝓻𝓽𝓷𝓮𝓻 ★彡

25/03/2026

နွေဦးရဲ့ အငွေ့အသက်တွေနဲ့အတူ … 💛

09/01/2026

ရုပ်ရှင်တွေ နဲ့ တီဗီတွေမှာ အသုံးများဆုံးဖြစ်တဲ့
ဒိုင်ယာလော့ မြင်ကွင်း တင်ဆက်မှုနည်းပညာ အရေးပါတဲ့ပုံစံတွေ ကို အောက်ပါ Videoထဲမှာ ပြသပေးထားပါတယ်။

ပညာရှင်တွေက ဒါတွေကို နားလည်ထားကြပါတယ်၊၊

ဒါပေမဲ့ ရိုက်ကူးနည်းကို နားလည်ထားခြင်းတင်
မလုံလောက်ဘဲ၊ ကင်မရာ၊ မှန်ဘီလူး၊ blocking နဲ့ timing တွေကို အလွန်တိကျစွာ လုပ်ဆောင်နိုင်မှုက ရုပ်ရှင်မြင်ကွင်းရဲဲ့ အရည်အသွေးကို အမှန်တကယ် ကွာခြားသွားစေတဲ့ အချက်ဖြစ်ပါတယ်။
---------------------------------------------

အမှန်တကယ် ကွာခြားမှု ဖြစ်စေတဲ့အရာဆိုတာက
အသေးစိတ်အထိ တိကျစွာ လုပ်ဆောင်နိုင်မှုပဲ ဖြစ်ပါတယ်။

အနုပညာပိုင်းနဲ့ နည်းပညာပိုင်း နှစ်ဘက်လုံးကနေ ခွဲခြမ်းစိတ်ဖြာကြည့် ရအောင် 👇 🎬

---------------------------------------------

🎥 ပခုံးပေါ်မှ ရိုက်ကူးသည့် ရိုက်ချက် (Over-the-Shoulder / OTS)

ဇာတ်ကောင်တစ်ယောက်ရဲ့ ပခုံးပေါ် ကနေ
အခြားဇာတ်ကောင်ကို မြင်ရအောင် ရိုက်ကူးတဲ့ နည်းလမ်းဖြစ်ပါတယ်။

🔹 ဇာတ်ကောင်တွေကို သီးခြားခွဲမရိုက်ဘဲ ဒိုင်ယာလော့ မြင်ကွင်းအတွင်းမှာပဲ ဆက်ထားနိုင်စေပါတယ်
🔹 အမှန်တကယ်ဖြစ်နေသလို ခံစားရစေပြီး Visual Continuity ကို ထိန်းထားပေးပါတယ်
🔹 အသေးစိတ်လေးတွေကတောင် အကျိုးသက်ရောက်မှုကြီးမားနိုင်ပါတယ်၊၊

အရေးကြီးတဲ့ အချက်တွေကတော့—
• ကင်မရာရဲ့ ရှုထောင့်
• မှန်ဘီလူး အနိမ့် အမြင့်
• ဇာတ်ကောင်နှစ်ဦးကြား အကွာအဝေး

📌 အကွာအဝေး သို့မဟုတ် ရှုထောင့်မှာ အနည်းငယ်ပဲ မှားယွင်းသွားရင်တောင်
မြင်ကွင်းရဲ့ စိတ်ခံစားမှုကို လုံးဝ ပျက်စီးသွားစေနိုင်ပါတယ်။

---------------------------------------------

👁️ အမြင်ကဏ္ဍ ရိုက်ချက် (Point of View / POV)

ဒီနည်းလမ်းမှာ ကင်မရာကို ဇာတ်ကောင်ရဲ့ မျက်လုံးအဖြစ် အသုံးပြုပါတယ်။

🔹 ကြည့်ရှုသူက ဇာတ်ကောင်ကို မမြင်ရဘဲ
ဇာတ်ကောင်မြင်နေတာကိုပဲ တိုက်ရိုက် မြင်နေရတာဖြစ်ပါတယ်
🔹 ကြည့်ရှုသူကို ဇာတ်ကောင်နေရာမှာ တိုက်ရိုက် ထည့်သွင်းခံစားစေဖို့ အသုံးပြုပါတယ်

ဒီရိုက်ချက်က—
• စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု
• ခံစားချက်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်မှု
• အာဏာရှိခြင်း သို့မဟုတ် အားနည်းခြင်း
တို့ကို ပြသနိုင်စေပါတယ်။

📌 ဒီလိုရိုက်ကူးမှုမျိုးမှာ—
• ဒါရိုက်တာ
• DOP
• သရုပ်ဆောင် (အထူးသဖြင့် မျက်လုံးနဲ့ ဦးခေါင်း လှုပ်ရှားမှု)
တို့ကြား အလွန်မြင့်မားတဲ့ ညှိနှိုင်းမှု လိုအပ်ပါတယ်။

---------------------------------------------

👤 ဘေးတိုက်ရိုက်ချက် (Profile Shot)

ဘေးဘက်မှ ရိုက်ကူးခြင်းက အလှအပ အတွက်သာမက
အဓိပ္ပါယ်ပေါင်းစည်းမှုကိုပါ ဖော်ပြပေးပါတယ်။

🔹 အောက်ပါအခြေအနေတွေကို ပြသဖို့ အသုံးများပါတယ် —
• ပဋိပက္ခ
• စိတ်ပိုင်းဆိုင်ရာ အကွာအဝေး
• ဇာတ်ကောင်နှစ်ဦးရဲ့ ပင်ကိုယ်စရိုက် ဆန့်ကျင်မှု

🔹 အောက်ပါအချိန်တွေမှာ မကြာခဏ အသုံးပြုတတ်ပါတယ်—
• မျက်လုံးချင်း မဆုံတဲ့အခါ
• ဒါရိုက်တာက ဒိုင်ယာလော့ကို ရိုးရိုးတမ်းတမ်း ပုံစံမဟုတ်ဘဲ ကွဲပြားစေချင်တဲ့အခါ

-------------------------------------------

🎞️ ကင်မရာအများသုံး ဖုံးလွှမ်းရိုက်ကူးနည်း (A – B – C)

ဒီစနစ်မှာ—

🔹 ကင်မရာ A နှင့် C
• ဇာတ်ကောင်တွေကို အလယ်အလတ် သို့မဟုတ် အနီးကပ် ရိုက်ကူးခြင်း
• တုံ့ပြန်မှုနဲ့ လုပ်ဆောင်ချက်တွေကို ဖမ်းယူခြင်း

🔹 ကင်မရာ B
• Master Shot
• Safety Shot
• Visual Continuityကို ထိန်းသိမ်းခြင်း

📌 ဒီစတိုင်လ်ကို—
• ဒိုင်ယာလော့အခြေခံ ဒရာမာများ
• တီဗီပရိုဂရမ်များ
• စိတ်ခံစားမှု ပြင်းထန်တဲ့ မြင်ကွင်းများ
မှာ အသုံးများပါတယ်။

လိုအပ်ချက်များကတော့—
• 180° စည်းမျဉ်းကို တိကျစွာ ထိန်းသိမ်းခြင်း
• မှန်ဘီလူးတွေကြား မြင်ကွင်းညီညွတ်မှု
• Shot fragments များကို ကြိုတင် စိတ်ထဲမှာတည်းဖြတ်ပြီး စီစဉ်ထားခြင်းတို့ ပြုလုပ်ထားရမှာ ဖြစ်ပါတယ်၊၊

-------------------------------------------

Before we begin, the following video show the most essential dialogue presentation techniques used in cinema and television. Professionals may understand them, but it’s the precision of ex*****on that truly makes the difference.

Let’s break them down—both technically and artistically 👇 🎬

🎥 Over-the-Shoulder Shot (OTS)

This shot is framed based on an indirect event seen from within the other character’s frame.

🔹 It keeps the scene within the dialogue without isolating characters into separate shots.
🔹 It provides realism and visual continuity.
🔹 Even very small details can have a big impact.

Key elements:
• Camera angle
• Lens elevation
• Distance between the two characters

📌 Even a tiny mistake in angle or spacing can completely break the emotional impact.

👁️ Point of View Shot (POV)

Here, the camera becomes the character’s eyes.

🔹 The audience doesn’t see the character—they see what the character sees.
🔹 Used to place the viewer directly inside the character.

It emphasizes:
• Psychological pressure
• Emotional immersion
• Control or vulnerability

📌 This type of shot requires very high coordination between:
• The Director
• The Director of Photography
• The Actor (especially eye and head movement)

👤 Profile Shot

A side-angle shot is not just aesthetic—it is symbolic.

🔹 Used to express:
• Conflict
• Emotional distance
• Contrast between two personalities

🔹 Commonly used when:
• Characters avoid eye contact
• Or when the director wants to break conventional dialogue patterns

🎞️ Multi-Camera Coverage (A – B – C)

In this setup:

🔹 Camera A & C:
• Medium / close shots of characters
• Reactions and actions

🔹 Camera B:
• Master shot
• Safety coverage
• Maintains scene continuity

📌 This style is commonly used in:
• Dialogue-driven dramas
• TV programs
• High-intensity emotional scenes

It requires:
• Precise control of the 180° axis
• Visual consistency across lenses
• Advance planning of shot fragments (editing in the mind)

For more effective learning, you can explore further
🎬 STUDIO ZENITH – Basic to Pro: Photo & Video Masterclass

🎥 Turn Your Passion Into Profession
Learn Photography & Videography the real way — through hands-on studio practice, lighting setup, and real project experiences.

🗓️ 5 Days a Week | 3 Hours per Day | 3 Months Program
👥 Small Group (2–3 Students per Batch) – 1,500,000 Ks per Student
👤 Private One-on-One Training – 2,000,000 Ks per Student
📍 Studio Zenith, Lanmadaw, Yangon. 0943034274, 01-2308115

သင်တန်းလေးလည်း ဖွင့်ထားပါတယ်ခင်ဗျ။
လူအနည်းငယ်နဲ့ လုပ်ငန်းခွင် သင်တန်းလေးပါ။
ဓာတ်ပုံအတွက်ပဲ လာလာ ၊ Video အတွက်ပဲလာလာ အခြေခံပိုင်နိုင်အောင် လုပ်ငန်းခွင်ဝင်နိုင်အောင် အာမခံပါတယ်။
ပညာရပ်တစ်ခုအပေါ် ခြေခြေမြစ်မြစ် တတ်မြောက်ချင်ရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

01/01/2026

ကျွန်တော်တို့ Studio Zenith ရဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံး Happy New Year ပါခင်ဗျာ 🥳🥳 !!

၂၀၂၆ ခုနှစ် နှစ်သစ်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး စီးပွားလာဘ်လာဘတွေ ဆထက်တမ်းပိုး တိုးပါစေကြောင်း နှင့် နေ့ရက်တိုင်းကို ကံကောင်းမှုတွေနဲ့အတူ ရေလိုအေးချမ်း၊ ပန်းလိုလန်းဆန်းစွာ ဘေးအန္တရာယ်ကင်းကင်း ဖြစ်သန်းနိုင်ကြပါစေလို့ Studio Zenith အဖွဲ့သားများမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ် 🥰

ပျော်ရွှင်စရာ နှစ်သစ်ချိန်ခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Studio ငှားရမ်းမှုအပြင် အခြားဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ထပ်ပြီး အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ Messenger (သို့) ဖုန်း 012308115 ကိုဆက်သွယ်လိုက်ပါ။

ミ★ 𝘞𝘦'𝘳𝘦 𝘠𝘰𝘶𝘳 𝘊𝘳𝘦𝘢𝘵𝘪𝘷𝘦 𝘗𝘢𝘳𝘵𝘯𝘦𝘳 ★彡

27/12/2025

ကျွန်တော်တို့ Team ရဲ့ အကောင်းဆုံးကြိုးစားမှု💪👏🏻🎬

Comfy Ideas ရဲ့ ဒုတိယမြောက် 𝒔𝒉𝒐𝒓𝒕 𝒇𝒊𝒍𝒎...

"ကောင်းကင်သို့ အနမ်း"

27/12/2025

Sony Cinema Line ကင်မရာအသေးတွေရဲ့ ပထမဆုံး 90 degree Viewfinder ပါဝင်တဲ့ Netflix Approved - Sony FX2 ကင်မရာ နဲ့ ဓါတ်ပုံ/ဗီဒီယို (၂)မျိုးသုံး လုပ်ငန်းအတွေ့အကြုံများ

Sony Showroom by TMW Enterprise Limited
Miracle Post Studio Zenith

Photos from Studio Zenith's post 13/12/2025

International Water Association က ကြီးမှူးပြီး ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Water Development Congress & Exhibition 2025 ပွဲကြီးမှာ Studio Zenith နဲ့ Miracle Post Media Production တို့ ပူးပေါင်းပြီး ထောင်နဲ့ချီတဲ့ မှတ်တမ်းဓာတ်ပုံကောင်းတွေကို ရိုက်ကူးပေးခဲ့ပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီလို ကမ္ဘာ့အဆင့်မီပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဦးဆုံးသော Official Media Production Team အဖြစ် ရွေးချယ်ခံရပြီး တာဝန်ယူခွင့်ရတာ ကျွန်တော်တို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါ..

ကျွန်တော်တို့ရဲ့ လက်ရာမွန် ပုံရိပ်တွေကိုတော့ အောက်က IWA ရဲ့ LinkedIn လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 👇
https://www.linkedin.com/company/international-water-association/posts/?feedView=images





—————————

Studio Zenith and Miracle Post Media Production are capturing thousands of stunning photos for the Water Development Congress & Exhibition 2025 in Bangkok, organized by the International Water Association. This global congress is hosted annually, and we are proud to represent Myanmar as the first official media production team for the event.

You can browse our photo highlights on the IWA LinkedIn:
�https://www.linkedin.com/company/international-water-association/posts/?feedView=images

17/11/2025

ထီးယူလာတဲ့နေ့ကျရင် မိုးက မရွာဘူး… 😏

08/11/2025

🎬 STUDIO ZENITH – Basic to Pro: Photo & Video Masterclass

🎥 Turn Your Passion Into Profession
Learn Photography & Videography the real way — through hands-on studio practice, lighting setup, and real project experiences.

🗓️ 5 Days a Week | 3 Hours per Day | 3 Months Program
👥 Small Group (2–3 Students per Batch) – 1,500,000 Ks per Student
👤 Private One-on-One Training – 2,000,000 Ks per Student
📍 Studio Zenith, Lanmadaw, Yangon. 0943034274, 01-2308115

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Relocation
Yangon