MCF: Myanmar Computer Federation

MCF: Myanmar Computer Federation

Share

Myanmar Computer Federation
… leading the digital transformation towards Myanmar 4.0 …

Photos from MCF: Myanmar Computer Federation's post 11/06/2026

" ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း"

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ MSME နေ့ (World MSME Day) အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေဂျင်စီ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ တာဝန်ရှိသူများနှင့် MSME ဆက်စပ်ပုဂ္ဂလိက အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကမ္ဘာ့ MSME နေ့ အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Photos from MCF: Myanmar Computer Federation's post 10/06/2026

"အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပိုစတာပြိုင်ပွဲ အကဲဖြတ်ရွေးချယ်ခြင်း ကျင်းပ"

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပိုစတာပြိုင်ပွဲ၏ အကဲဖြတ်ရွေးချယ်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အကဲဖြတ်ရွေးချယ်ခြင်းကို ကွန်ပျူတာပိုစတာရွေးချယ်ရေး အကဲဖြတ်အဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိ အကဲဖြတ်ဒိုင်များ၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး (ဗဟို) မှ တာဝန်ရှိအကဲဖြတ်ဒိုင်များနှင့် ပြင်ပပန်းချီပညာရှင် အကဲဖြတ်ဒိုင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စနစ်တကျ အကဲဖြတ်ရွေးချယ်ခဲ့ကြသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Photos from MCPA's post 10/06/2026

"နိုင်ငံ(၇)နိုင်ငံ အသိအမှတ်ပြု ITPEC Exam Question Formulation Meeting တွင် မြန်မာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး"

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ AMARA Hotel တွင် ကျင်းပလျက်ရှိသည့် နိုင်ငံ(၇)နိုင်ငံ အသိအမှတ်ပြု ITPEC Exam အတွက် Question Formulation Meeting (QFM) ကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးအေးသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၊ စာမေးပွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်သဲစုဝေ တို့ တက်ရောက်လျက်ရှိပါသည်။

သုံးရက်ကြာ ကျင်းပမည့် အစည်းအဝေးအတွင်း ITPEC စာမေးပွဲနှင့် သက်ဆိုင်သည့် မေးခွန်းများ ရေးဆွဲခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးလျက်ရှိပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

Photos from MCF: Myanmar Computer Federation's post 08/06/2026

"မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အဆိုပြုတင်သွင်းထားသော စံချိန်စံညွှန်း (၁၁) ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်နိုင်ရေး ဆပ်ကော်မတီအစည်းအဝေး ကျင်းပ"

သတင်းအချက်အလက်နည်းပညာနှင့် ဉာဏ်ရည်တုအဆင့်မြင့်နည်းပညာအသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ မြန်မာစာစံချိန်စံညွှန်းအဆိုပြုလွှာပုံစံနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းခြင်း အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန်လ (၂) ရက်နေ့၊ နေ့လယ် (၃:၀၀) နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ မြန်မာနိုင်ငံ၏ IT Industry ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်တင်ရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စံသတ်မှတ်ချက်များ ချမှတ်နိုင်ရေးအတွက် အဆိုပြုတင်သွင်းထားသော စံချိန်စံညွှန်း (၁၁) ခု၏ အရေးပါမှုနှင့် မျှော်မှန်းအကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

တက်ရောက်လာသော ကော်မတီဝင်များကလည်း အဆိုပါ စံချိန်စံညွှန်းများအား မြန်မာစံချိန်စံညွှန်းများအဖြစ် သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးအတွက် သဘောတူထောက်ခံခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အောက်ပါ စံချိန်စံညွှန်း (၁၁) ခု တို့အား အဆိုပြုတင်သွင်းခဲ့ပါသည်။

၁။ ISO/IEC 29110-4-3:2018
စနစ်နှင့် ဆော့ဖ်ဝဲ အင်ဂျင်နီယာ — အလွန်သေးငယ်သော အဖွဲ့အစည်းများ (Very Small Entities (VSEs)) အတွက် ဘဝဖြစ်စဥ်လည်ပတ်မှု ပရိုဖိုင်များ — အပိုင်း (၄-၃) ဝန်ဆောင်မှု ပေးအပ်ခြင်း — ပရိုဖိုင်သတ်မှတ်ချက်
ISO/IEC 29110-4-3:2018
Systems and software engineering — Lifecycle profiles for very small entities (VSEs)
Part 4-3: Service delivery — Profile specification

၂။ ISO/IEC 25000:2014
စနစ်နှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ — စနစ်နှင့် ဆော့ဖ်ဝဲအရည်အသွေး လိုအပ်ချက်များနှင့် အကဲဖြတ်ခြင်း (SQuaRE) — SQuaRE အတွက်လမ်းညွှန်
ISO/IEC 25000:2014
Systems and software engineering — Systems and software Quality Requirements and Evaluation (SQuaRE) — Guide to SQuaRE
၃။ ISO/IEC 25010:2023
စနစ်နှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ — စနစ်နှင့် ဆော့ဖ်ဝဲအရည်အသွေး လိုအပ်ချက်များနှင့် အကဲဖြတ်ခြင်း (SQuaRE) — ထုတ်ကုန်အရည်အသွေးမော်ဒယ်
ISO/IEC 25010:2023
Systems and software engineering — Systems and software Quality Requirements and Evaluation (SQuaRE) — Product quality model

၄။ ISO/IEC/IEEE 27032:2023
ဆိုက်ဘာလုံခြုံရေး — အင်တာနက်လုံခြုံရေးအတွက် လမ်းညွှန်ချက်များ
ISO/IEC/IEEE 27032:2023
Cybersecurity — Guidelines for Internet security

၅။ ISO/IEC 27701:2025
သတင်းအချက်အလက်လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာကာကွယ်မှု — ကိုယ်ရေးကိုယ်တာအချက်အလက် စီမံခန့်ခွဲမှုစနစ်များ — လိုအပ်ချက်များနှင့် လမ်းညွှန်ချက်များ
ISO/IEC 27701:2025
Information security, cybersecurity and privacy protection — Privacy information management systems — Requirements and guidance

၆။ ISO/IEC/IEEE 24748-1:2024
စနစ်နှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ — ဘဝဖြစ်စဥ်လည်ပတ်မှုအား စီမံခန့်ခွဲခြင်း — အပိုင်း (၁) ဘဝဖြစ်စဥ်လည်ပတ်မှုစီမံခန့်ခွဲရန် လမ်းညွှန်ချက်များ
ISO/IEC/IEEE 24748-1:2024
Systems and software engineering — Life cycle management
Part 1: Guidelines for life cycle management

၇။ ISO/IEC/IEEE 29119-1:2022
ဆော့ဖ်ဝဲနှင့်စနစ်အင်ဂျင်နီယာ — ဆော့ဖ်ဝဲ စမ်းသပ်ခြင်း — အပိုင်း (၁) အထွေထွေ အယူအဆများ
ISO/IEC/IEEE 29119-1:2022
Software and systems engineering — Software testing
Part 1: General concepts
၈။ ISO/IEC/IEEE 12207:2026
စနစ်နှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ — ဆော့ဖ်ဝဲဘဝဖြစ်စဉ်လည်ပတ်မှု လုပ်ငန်းစဉ်များ
ISO/IEC/IEEE 12207:2026
Systems and software engineering — Software life cycle processes

၉။ ISO/IEC/IEEE 24765:2017
စနစ်နှင့် ဆော့ဖ်ဝဲ အင်ဂျင်နီယာ - ဝေါဟာရများ
ISO/IEC/IEEE 24765:2017
Systems and software engineering — Vocabulary

၁၀။ ISO/IEC/IEEE 90003:2018
ဆော့ဖ်ဝဲ အင်ဂျင်နီယာ — ကွန်ပျူတာ ဆော့ဖ်ဝဲတွင် ISO 9001:2015 ကို အသုံးချရန် လမ်းညွှန်ချက်များ
ISO/IEC/IEEE 90003:2018
Software engineering — Guidelines for the application of ISO 9001:2015 to computer software

၁၁။ ISO/IEC 20000-10:2018
သတင်းအချက်အလက်နည်းပညာ — ဝန်ဆောင်မှုစီမံခန့်ခွဲမှု — အပိုင်း 10- အယူအဆများနှင့် ဝေါဟာရများ
ISO/IEC 20000-10:2018
Information technology — Service management — Part 10: Concepts and vocabulary

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Photos from MCIA - မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း's post 01/06/2026

📣 Software ပို့ကုန်နှင့် Outsourcing လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း 📣

Photos from MCPA's post 30/05/2026

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၆) ရက်တွင် ကြီးမှူးကျင်းပစစ်ဆေးခဲ့သည့် Information Technology Professionals Examination Council (ITPEC) စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာအပ်ပါသည်။

22/05/2026

"PREPARING STUDENTS AND PARENTS FOR THE AI-DRIVEN FUTURE"

[*ကျောင်းသားလူငယ်များနှင့် မိဘများအတွက် AI ခေတ်ဦး လမ်းညွှန် ဆွေးနွေးပွဲ* 🧠✨]
AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ... ကိုယ့်ရဲ့ သားသမီးတွေ၊ ကျောင်းသားလူငယ်တွေ အနာဂတ်မှာ နောက်ကောက်မကျန်ရစ်ဘဲ အောင်မြင်မှုတွေ ရရှိဖို့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ပေးကြမလဲ❓ 🤔

မွန်ပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးကျင်းပမယ့် "PREPARING STUDENTS AND PARENTS FOR THE AI-DRIVEN FUTURE" ဆိုတဲ့ ICT Forum ဆွေးနွေးပွဲကြီး လာပါပြီ! 📣

ဒီပွဲလေးမှာ နည်းပညာနယ်ပယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ Expert တစ်ဦးဖြစ်တဲ့...
👨‍💻 *ဦးခိုင်အာကာမင်းကို*
(BSc (Hons) BIT, IDCS, IADCS Diploma)
• Founder, Scorpio Mobile Training Center
• Founder, DK Legend Co., Ltd.

မှ ကျောင်းသားလူငယ်တွေနဲ့ မိဘတွေအတွက် AI ခေတ်ကြီးကို ဘယ်လိုရင်ဆိုင် အသုံးချရမလဲဆိုတာ လက်တွေ့ကျကျ အသေးစိတ် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ အနာဂတ် ပညာရေးနဲ့ Career လမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင်ပေးနိုင်မယ့် အခွင့်အရေးကောင်းပါပဲ။ 💯

📌 ပွဲအသေးစိတ် အချက်အလက်များ
📅 ရက်စွဲ - ၂၃. ၅. ၂၀၂၆ (စနေနေ့)
⏰ အချိန် - နံနက် ၁၀:၀၀ မှ နေ့လယ် ၁၂:၀၀ နာရီအထိ
📍 နေရာ - Strand Hotel, Mawlamyine 🏢

🌐 ဘယ်နေရာကမဆို တက်ရောက်နိုင်ဖို့ Hybrid စနစ်ဖြင့် ပြုလုပ်သွားမှာပါ
👉 လူကိုယ်တိုင် လာရောက်ချင်သူများအတွက် - Strand Hotel (မော်လမြိုင်)။
👉 အဝေးကနေ တက်ရောက်ချင်သူများအတွက် - Zoom Meeting 💻 နှင့် YouTube Live Streaming 🔴 တို့ကနေလည်း တိုက်ရိုက် တက်ရောက်လေ့လာနိုင်ပါတယ်။
(ပိုစတာမှာပါတဲ့ QR Code လေးကို Scan ဖတ်ပြီးတော့လည်း လွယ်ကူစွာ Join နိုင်ပါတယ်)

📞 နေရာထိုင်ခင်း ကန့်သတ်ချက်ရှိလို့ အခုပဲ စာရင်းပေးသွင်း လိုက်ရအောင်နော်... 👇
• RSVP: 09-262291177, 09-5067174

သားသမီးတွေရဲ့ အနာဂတ်အတွက် AI နည်းပညာရဲ့ အခန်းကဏ္ဍကို ကြိုတင်ပြင်ဆင် သိရှိနိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ ပွဲနေ့မှာ ဆုံကြမယ်နော်... 😉📱

20/05/2026

JOB VACANCY: PROJECT COORDINATOR
Myanmar Computer Federation
Yangon, Myanmar
Type: Contract-based (with possibility of extension)
Application Deadline: [29th May 2026]
Send Your CV: [email protected]

20/05/2026

IT Industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်လိုသည့် စံများတောင်းခံခြင်း

၁။ အထက်ပါအကြောင်းအရာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ် အနေဖြင့် မြန်မာနိုင်ငံ၏ IT Industry ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းဆိုင်ရာအရည် အသွေး မြှင့်တင်ရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စံသတ်မှတ် ချက်များ ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ IT Industry ကဏ္ဍ၏ လက်တွေ့လိုအပ်ချက်များနှင့် ကိုက်ညီသော စံသတ်မှတ် ချက်များ ချမှတ်ရာတွင် ပုဂ္ဂလိက၏ အမြင်များ၊ အတွေ့အကြုံများနှင့် အကြံပြုချက်များသည် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

၃။ ထို့ကြောင့် IT Industry အတွက် ဖွံဖြိုးတိုးတက်မှုအတွက် စံအဖြစ် သတ်မှတ် ပြဋ္ဌာန်းသင့်သည်ဟု ယူဆသော စံသတ်မှတ်ချက်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ နှင့် အကြံပြုချက်များအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ [email protected] သို့ (၃၁-၅-၂၀၂၆) ရက်နေ့ နောက်ဆုံး ထား၍ ပြန်လည်ပေးပို့နိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Photos from MCF: Myanmar Computer Federation's post 16/05/2026

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကွန်ပျူတာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက် နေ့လယ် (၁:၀၀) နာရီတွင် MICT Park Conference Hall ၌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကွန်ပျူတာလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ ဒီဂျစ်တယ်အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကွန်ပျူတာလုပ်ငန်းရှင်အသင်းများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ကွန်ပျူတာအသင်းချုပ်အနေဖြင့် IT Industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် Import နှင့် Export လိုင်စင်များ ရရှိနိုင်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအတွင်း AI နည်းပညာများအား ထိရောက်စွာအသုံးချနိုင်ရေးနှင့် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ MSME လုပ်ငန်းများ၏ Digital အသွင်ကူးပြောင်းရေးအတွက် ပံ့ပိုးကူညီမှုအစီအစဉ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးထင်အောင်ခိုင်နှင့် ဒေါ်ချောခင်ခင်တို့မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်လာသော ကွန်ပျူတာလုပ်ငန်းရှင်အသင်းများ၏ တာဝန်ရှိသူများက သက်ဆိုင်ရာဒေသများတွင် ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး IT Industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Building (9), Ground Floor, MICT Park, Universities' Hlaing Campus
Yangon
11052