Tour 24

Tour 24

Share

We arrange for your leisure trip with our best.
- Outbound Tour Package
- Inbound Tour Package
- FAM Trip
- Corporate Travel Arrangements

Photos from Tour 24's post 11/06/2026

ခရီးလည်းထွက်ချင်တယ် အချိန်လည်း သိပ်မရှိဘူးဆိုတဲ့ Traveller တို့ရေ---

ချင်းမိုင်မြို့ကနေ ချင်းရိုင်မြို့ကို နေ့ချင်းပြန် ခရီးသွားချင်သူတွေအတွက် day trip plan လေး ဆွဲပေးလိုက်ပါတယ်နော်---။

Photos from Tour 24's post 11/06/2026

ချင်းမိုင်မြို့ကိုတော့ သွားလည်ချင်တယ် ၊ ဘယ်နေရာတွေကို သွားလည်ရမလဲ မသိဘူး ဖြစ်နေလား?? ဒါဆိုရင်တော့ ဒီ Post လေးကို ကျော်မသွားနဲ့နော်?

ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိပြီး ယဉ်ကျေးမှုအငွေ့အသက်တွေ၊ သဘာဝအလှတရားတွေနဲ့ အေးချမ်းလွန်းတဲ့ မြို့လေးတစ်မြို့အကြောင်း ပြောပါဆိုရင် ချင်းမိုင်မြို့လေးကိုပဲ ပြေးမြင်ကြမှာပါ။

ထိုင်းနိုင်ငံ မြောက်ပိုင်းရဲ့ ယဉ်ကျေးမှုအချက်အချာဒေသဖြစ်ပြီး နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းများစွာလည်း တည်ရှိပါတယ်။

ချင်းမိုင်မြို့လေးကို တောင်တန်းများ ဝန်းရံထားပြီး ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝအလှများ ပေါင်းစပ်တည်ရှိနေသောကြောင့် ခရီးသွားတွေ အလွန်လူကြိုက်များတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

ဘန်ကောက်မြို့ထက် ပိုမိုစိမ်းလန်းစိုပြည်ပြီး တိတ်ဆိတ်အေးချမ်းသည့် ရာသီဥတုရှိတာဖြစ်လို့ ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိတဲ့ မြို့လေးတစ်မြို့ ဖြစ်သည်။

ကဲ ဒါဆိုရင်တော့ ချင်းမိုင်မြို့ကို ရောက်ရင် မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာတွေအကြောင်း ပုံလေးတွေကို နှိပ်ပြီး အသေးစိတ်ဖတ်ကြည့်လိုက်ပါနော်။

Photos from Tour 24's post 09/06/2026

ဒီနေ့မှာတော့ Mae Wang ဆိုတဲ့ ဒေသလေးဆီကို အလည်သွားကြရအောင်!!!

Mae Wang ဆိုတာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်ထဲက ခရိုင်တစ်ခုဖြစ်ပြီး ချင်းမိုင်မြို့ရဲ့ အနောက်တောင်ဘက် ၄၅ ကီလိုမီတာ (ကားနဲ့ မောင်းရင် ၁ နာရီခန့်) အကွာမှာ တည်ရှိပါတယ်။ ထူးခြားတဲ့ သဘာဝအလှအပတွေကြောင့် ဒေသခံတွေရော နိုင်ငံတကာခရီးသွားတွေပါ နှစ်သက်ကြတဲ့ သဘာဝအခြေပြု Natural Escape နယ်မြေတစ်ခု ဖြစ်ပါတယ်။

Mae Wang လို ပြောလိုက်တာနဲ့ လူတိုင်းပြေးမြင်ကြတာကတော့ ဝါးဖောင်စီးခြင်း (Bamboo Rafting) ပါပဲ။ ဒေသခံတွေ ကိုယ်တိုင် လက်နဲ့ သေချာချည်နှောင်ထားတဲ့ ဝါးဖောင်အရှည်ကြီးတွေပေါ်မှာ ထိုင်ပြီး ကြည်လင်အေးမြတဲ့ Mae Wang မြစ်ရေစီးကြောင်းအတိုင်း မျှောလိုက်ရတာ တကယ့်ကို စိတ်ကြည်နူးစရာကောင်း ကောင်းလှပါတယ်။

Mae Wang မြစ်ကို ပိုပြီး နာမည်ကြီးစေတာကတော့ Mae Wang မြစ်ကြောင်းတစ်လျှောက်မှာရှိနေတဲ့ ဆင်စခန်းတွေပဲ ဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ တောတွင်းလမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ Mae Wang Waterfall ကို သွားတဲ့လမ်းမှာလည်း Jungle trekking လုပ်လိုရသလို National Park ထဲမှာလည်း လုပ်လို့ရပါတယ်။ နေရာပေါ်မူတည်ပြီး Vibes လေးတော့ ကွာခြားမှုရှိပါတယ်။

နောက်ထပ်နာမည်ကြီးတာကတော့ မဲဝမ်ခရိုင်ရဲ့ စိမ်းစိုနေတဲ့ တောနက်ကြီးထဲမှာ သဘာဝအတိုင်း ဆိတ်ငြိမ်အေးချမ်းစွာ တည်ရှိနေတဲ့ လှပတဲ့ Mae Wang ရေတံခွန်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ဖာချော (Pha Chor) ကျောက်ဆောင်ကြီးတွေတည်ရှိတဲ့ Mae Wang National Park ပဲ ဖြစ်ပါတယ်။ တောတွင်း Camp ပါ ထွက်လို့ရလို့ adventure သွားရတာ ကြိုက်တဲ့သူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

Mae Wang မြို့ရဲ့ အထင်ကရ နေရာတွေအကြောင်း အသေးစိတ်သိချင်ရင်တော့ ပုံလေးတွေအောက်မှာ အသေးစိတ်ဖတ်ကြည့်လိုရပါတယ်နော်။

Day Trip အနေနဲ့ သွားလို့လည်း ရတာမလို့ ချင်းမိုင်မြို့ကို ရောက်ရင် Mae Wang ဒေသလေးဆီ သွားလည်ဖို့ အကြံပြုလိုက်ရပါတယ်။

Photos from Tour 24's post 08/06/2026

ထိုင်းနိုင်ငံရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာများ

ထိုင်းနိုင်ငံကို အလည်အပတ်ခရီးသွားတော့မှာလား ?? ထိုင်းနိုင်ငံကို ရောက်ပြီး
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အစားအစာတွေကို မမြည်းစမ်းကြည့်ခဲ့ဘူးဆိုရင်တော့ ဒီခရီးစဉ်က ပြည့်စုံမှာ မဟုတ်ပါဘူးနော် ။

Shopping ထွက်ရုံ၊ ဘုရားဖူးရုံတင်မကဘဲ ထိုင်းနိုင်ငံရဲ့ ချို၊ ချဉ်၊ ငန်၊ စပ်
အရသာ အစုံနဲ့ လျှာဖျားမှာ စွဲကျန်နေစေမယ့် ထိုင်းအစားအစာတွေထဲကမှ... အစားအသောက်အချို့ကို ဒီနေ့ sharing လုပ်ပေးသွားပါမယ်။

ပုံလေးတွေရဲ့ အောက်မှာ အသေးစိတ်တွေ ရေးပေးထားလို့ ပုံလေးတွေကို ထောက်ပြီး ဖတ်ကြည့်ပေးပါနော်။

ဒီ Post လေးကို Save ထားပြီး ထိုင်းရောက်ရင် လိုက်စားကြည့်ဖို့ မမေ့နဲ့နော်...

ဒီထဲမှာ မပါတဲ့ အခြားမျှဝေပေးချင်တာလေးတွေ ရှိရင်လည်း Comment မှာ မျှဝေပေးခဲ့လို့ရပါတယ်။

15/05/2026

🙏 မင်္ဂလာပါရှင့်

📌 လုပ်ငန်းခွင် တိုးတက်အောင်မြင်ဖို့အတွက် Corporate Business Trip တစ်ခုဖြစ်စေ | Annual Trip | Meeting Trip | Vacation ဘယ်လိုခရီးစဉ်မျိုးပဲဖြစ်ဖြစ် ယုံကြည်စိတ်ချရသော ခရီးသွားမိတ်ဖက်အဖြစ် ✈️ ခရီးသွားဝန်ဆောင်မှု အားလုံးအတွက် Tour 24 ရှိပါတယ်ရှင့် ✨

Tour 24 ရဲ့ အထူးဝန်ဆောင်မှုများ

✅ Group Package Tour
Company၊ Dealers နှင့် အသင်းအဖွဲ့များအတွက် အသက်သာဆုံးစျေးနှုန်းဖြင့် စနစ်တကျ စီမံခန့်ခွဲပေးခြင်း

✅ Air Ticket & Hotel Booking
ပြည်တွင်း / ပြည်ပ လေယာဉ်လက်မှတ်များနှင့် ဟိုတယ်အခန်းများကို တစ်နေရာတည်းတွင် အလွယ်တကူ စီစဉ်နိုင်ခြင်း

✅ Car Rental Services
Saloon, Alphard, Deluxe HiAce မှ Seater Bus ကြီးများအထိ
✔️ ကားမျိုးစုံ
✔️ စျေးနှုန်းမှန်ကန်
✔️ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု

✅ Visa & Extra Services
VISA လျှောက်ထားပေးခြင်းအပြင် ပြည်တွင်း Express Bus, Hot Air Balloon Tickets များကိုပါ လူကြီးမင်းတို့ စိတ်တိုင်းကျ စီစဉ်ပေးပါသည်

𝗧𝗼𝘂𝗿 𝟮𝟰 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗟𝗶𝗺𝗶𝘁𝗲𝗱 မှ Corporate Business Trip များ၊ Group Tour များနှင့် ခရီးသွားဝန်ဆောင်မှု အပြည့်အစုံကို One Stop Service အဖြစ် စိတ်ချယုံကြည်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ် 🤝

📞 Contact Us
📱 09 45151 2424 | 09 45 6666 441 | 09 88 6666 440
📍 No. 88, Pyay Road, 6.5 Miles, Hlaing Township, IBC, Yangon
📧 [email protected]
🔗 t.me/tour24myanmar
🌐 www.tour24myanmar.com

06/05/2026

𝐏𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐓𝐫𝐚𝐝𝐞, 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐌𝐚𝐫𝐤𝐞𝐭𝐬: 𝐌𝐀𝐈 𝐱 𝐓𝐞𝐥𝐞𝐩𝐨𝐫𝐭 𝐓𝐚𝐤𝐞 𝐂𝐚𝐫𝐠𝐨 𝐅𝐮𝐫𝐭𝐡𝐞𝐫 ✈️📦

Big news for regional connectivity!

MAI is proud to partner with Teleport to strengthen cargo capacity and keep Southeast Asia moving.

Through this strategic collaboration, MAI will add 20 tons of weekly freighter capacity between Kuala Lumpur (KUL) and Yangon (RGN), enhancing the Teleport network & unlocking smoother, faster cargo flows across key markets including Taiwan, Japan, India & China.

Together, MAI & Teleport are committed to delivering stronger connectivity, greater flexibility & seamless logistics solutions for businesses across the region.

Stronger Network. Smarter Cargo. Greater Possibilities.

06/05/2026

⚠️ 𝐒𝐂𝐀𝐌𝐌𝐄𝐑 𝐀𝐋𝐄𝐑𝐓

It has come to our attention that scammers are misusing 𝐥𝐞𝐠𝐢𝐭𝐢𝐦𝐚𝐭𝐞 𝐛𝐨𝐨𝐤𝐢𝐧𝐠 𝐝𝐞𝐭𝐚𝐢𝐥𝐬 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐌𝐀𝐈 𝐨𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐰𝐞𝐛𝐬𝐢𝐭𝐞 to deceive passengers. They may even show online-verified bookings, making their scam appear authentic.

To protect yourself:

𝐕𝐞𝐫𝐢𝐟𝐲 𝐘𝐨𝐮𝐫 𝐁𝐨𝐨𝐤𝐢𝐧𝐠: Always check your PNR on the official MAI website www.maiair.com or via MAI’s official Facebook Messenger. Do not rely solely on screenshots or confirmation numbers sent via social media.

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭𝐬 𝐎𝐧𝐥𝐲: Make payments only to Myanmar Airways International or our authorized Passenger Sales Agents. Never transfer money to personal accounts.

𝐂𝐡𝐞𝐜𝐤 𝐟𝐨𝐫 𝐅𝐚𝐤𝐞 𝐏𝐚𝐠𝐞𝐬: Scammers often create pages to impersonate MAI or authorized agents. Look for the official blue verification tick on Facebook and cross-check contact details.

20/04/2026

🌍 Discover the Best Hotel Booking!

Looking for the perfect stay anywhere in Myanmar? We’ve got you covered! 🏨✨

💼 We offer:
✔️ The best range of hotels (from budget to luxury)
✔️ Easy and fast booking
✔️ Friendly customer support

🎉 Special deals available now!
Plan your trip anywhere in Myanmar and beyond with exclusive discounts.

✨ Travel smart. Travel safe.
✈️ Tour 24 Company Limited

📞 Contact Us
📱 09 45151 2424 | 09 88 6666 440

📍 No. 527, 21st Floor, Pyay Road, Ward 8, Kamayut Township, Yangon, Myanmar.
📧 [email protected]
🔗 t.me/tour24myanmar
🌐 www.tour24myanmar.com

17/04/2026

🙏 မင်္ဂလာပါရှင့်

မြန်မာနှစ်သစ် အခါသမယမှစ၍ ပျော်ရွှင်မှု၊ အောင်မြင်မှုများနှင့်အတူ ကျက်သရေ မင်္ဂလာအပေါင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း Tour 24 Company Limited မိသားစုမှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Happy Thingyan Holidays! 🌴✨

✨ Travel smart. Travel safe.
✈️ Tour 24 Company Limited

📞 Contact Us
📱 09 45151 2424 | 09 88 6666 440

📍 No. 88, Pyay Road, 6.5 Miles, Hlaing Township, IBC, Yangon
📧 [email protected]
🔗 t.me/tour24myanmar
🌐 www.tour24myanmar.com

#မြန်မာနှစ်သစ်

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 88, International Business Center(IBC), 6. 5 Miles, Pyay Road, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00