Hashtag Events

Hashtag Events

Share

Hashtag will bring its business and clients with amazing ideas and innovations with respect to brand

31/12/2023

Happy New Year To You All ! 🤩🥳

Hashtag ကနေပြီး ၂၀၂၄မှာ ပိုမိုကောင်းမွန်ပျော်ရွှင်စရာကောင်းတဲ့ ဖန်တီးမှုတွေနဲ့အတူ အားလုံးဆီ ပြန်လည်ရောက်ရှိလာတော့မှာပါနော်..
💋💋

Stay Tuned !

Photos from Hashtag Events's post 07/06/2023

👗 QUINN
👜 👒 Thanbula

“QUINN”. စတင်ခဲ့တာ 2နှစ်ကျော်ရှိပါပြီ❤️
- Cuttingပိုင်းနဲ့ ချုပ်ရိုးချုပ်သားပိုင်းကို သေချာဂရုစိုက်ပြီး Quality လုံးဝအကျမခံတဲ့ High Quality Local Clothing Brand ဖြစ်ပါတယ်
- Fabricတွေအနေနဲ့ ပြည်တွင်းဖြစ် အင်းချည်သားလေးတွေသာမက export အသားတွေအထိသုံးပါတယ်
- Design ပိုင်းအနေနဲ့ daily ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ design တွေကနေ ပွဲတက်ဝတ်ဆင်လို့ရတဲ့ design တွေအထိ ပါဝင်ပါတယ်
- Size အနေနဲ့ XS ကနေ L အထိရှိပါတယ် တစ်ချို့ design တွေက free size တွေလည်းပါပါတယ်
- စျေးနှုန်းအနေနဲ့ 20,000 ကျော်ကနေ 40,000 ကျော်အထိအစားစားရှိပါတယ်
- Customer review အနေနဲ့ ပြည်တွင်း customer တွေသာမက ပြည်ပ customer တွေဆီကပါ feedback ကောင်းတွေအများကြီးရထားတာမို့
- Order မှာယူချင်တယ်ဆိုရင် QUINN ရဲ့ chat box ကနေလည်းမှာယူနိုင်သလို အပြင်မှာ သွားရောက်ကြည့်ရှုပြီးဝယ်ယူချင်ရင်တယ်ဆိုရင်တော့ မရမ်းကုန်း မင်းဓမ္မလမ်းမပေါ် ရွှေကမ္ဘာအိမ်ရာမှာရှိတဲ့ Local Branded Collection ဆိုင်မှာ QUINN Counter လေးရှိတာမို့ သွားရောက်ဝယ်ယူလို့ရပါတယ်

QUINN FASHION လေးမှာ ဝတ်စုံလေးတွေရဲ့အလှကို ပိုပီး ပေါ်လွင်အောင်ပံ့ပိုးထားပေးထားတာကတော့ 'သမ္ဘူလ' ရဲ့အဓိကထုတ်ကုန်‌များဖြစ်တဲ့
🎋 ဝါးလက်မှုပစ္စည်းများ
🌳 သစ်သားလက်မှုပစ္စည်းများ
🎍 နှီး၊ ကြိမ် ၊ဗေဒါလက်မှုပစ္စည်းများ
🍁 သဘာဝချည်ထည်စစ်စစ်များ
🌴 အုန်းခွံ လက်မှုပစ္စည်းများ
♻ Recycle product များဖြစ်ပါတယ်

MUA MayPhyu ArtandMe
Decoration Artificial Plants-Yangon

Photos from Hashtag Events's post 07/06/2023

Mariposa မာရီပိုစာ ဆိုတာ စပိန်လို လိပ်ပြာ လို့အဓိပ္ပါယ်ရပါတယ်။

2021 ခုနှစ်က စတင် မွေးဖွားခဲ့တာဖြစ်ပီး
Tag line ကတော့ `Butterflies inside you‘ လို့ပေးထားပါတယ်။ Mariposa အကျီလေးကို ဝတ်ထားတဲ့ သူရဲ့ရင်ထဲကော ကြည့်လိုက်တဲ့ တဖက်သူရဲ့ ရင်ထဲမှာပါ လိပ်ပြာလေးတွေ ပျံဝဲသွားစေတဲ့ အသဲယားစရာ ခံစားချက်လေးကို ပေးစွမ်းနိုင်စေဖို့ ရည်ရွယ်ပေးထား ခြင်းဖြစ်ပါတယ်။

🔰ဒီကနေ့ မှာ Mariposa Local Brand လေးကို ဝတ်ဆင်လျှောက်လှမ်း model လေးတွေရဲ့ ထူးခြားချက်ကတော့ Founder Tchel Ei Mon Khine (Miss Earth Myanmar 2014) ရဲ့ သင်တန်းကျောင်း ‘Attractiveness’ မှ သင်တန်းဆင်း လေဒီလေးတွေက ဝတ်ဆင်လျှောက်လှမ်းခြင်းဖြစ်ပါတယ်။

🔰Professional မော်ဒယ်တွေ မဟုတ်ဘဲ အိမ်ထောင်ရှင် အမျိုးသမီးများ စီးပွါးရေး လုပ်ငန်းရှင်များ ဆယ်ကျော်သက် ကျောင်းသူလေးများ အစရှိတဲ့ နယ်ပယ်အသီးသီးမှ အမျိုးသမီးလေးတွေက runway ထက်မှာ ယုံကြည်မှု ရှိရှိနဲ့ မိမိရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုများမှာ သက်တောင့်သက်သာနဲ့ ဝတ်ဆင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါတယ်။

1st collection ကနေစလို့ ထွက်ခဲ့သမျှ collection names တိုင်းကို အမျိုးသမီးလေးတွေကို ခွန်အားပေးတဲ့ women empowerment message နာမည်လေးတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

🦋တောင်ပံ တစ်စုံဖြန့် ပျံသန်းမယ့် wings collar
🦋ပြိုင်ဘက်ကင်း ထက်မြက်တဲ့ အမျိုးသမီး Ace Signal
🦋အချစ်တွေ ဖမ်းစားမယ့် နတ်သမီးလေး Love catcher Fairy
🦋စကြာဝဠာထဲက ကြယ်တစ်ပွင့် Galaxy Star
🦋သင်ယူရင်း လေ့လာရင်း ရှင်သန်ရင်း You Grow Girl
🦋မြှားနတ်မောင်လေး Fall in love
🦋ကြိုးဆွဲရုပ်လေး မဖြစ်စေနဲ့ ကောင်မလေး Not your Barbie girl
🦋မဟာဆန်အလှနဲ့ ဒေဝီ Gorgeous

အစရှိတဲ့ collection တွေ ထွက်ရှိထားပါတယ်။

Photos from Hashtag Events's post 06/06/2023

Louvre 💕

အခုတစ်ခါမိတ်ဆက်ပေးမှာက ဒီ Event မှာ Main Sponsor အဖြစ် ပါဝင်ထားတဲ့ Designer Made "LOUVRE" Brand ဘဲဖြစ်ပါတယ်။ "Louvre"ကတော့ Local Designer Made Brand တစ်ခုဖြစ်ပြီး 2020, October မှာ စတင်ခဲ့တည်ထောင်ခဲ့ကာ လက်ရှိမှာတော့ ၃ နှစ်နီးပါးထိ သက်တမ်း ရှိလာတဲ့ Local Brand တစ်ခုဖြစ်ပါတယ်။

LOUVRE မှာ Dress အမျိုးအစား အစုံအလင်ရရှိနိုင်ပြီး Casual ကနေ ပွဲတက်တွေအထိ Dress မျိုးစုံရနိုင်ပါတယ်။

Designer Made ဖြစ်တာနဲ့အညီ သေသပ်လှပပြီး ဆန်းသစ်တဲ့ Design မျိုးစုံကို ရရှိနိုင်မှာပါ။

အားသာချက်အနေနဲ့ Ready Made Size Chart နဲ့ အဆင်မပြေတဲ့ customers တွေအတွက် မိမိတို့ရဲ့ ကိုယ့်ခန္ဓာကိုယ်အတိုင်း ကွက်တိကျစေမယ့် Customized Size နဲ့ချုပ်လုပ်နိုင်တဲ့အပြင် Dress တစ်ထည်ကို Color 12 မျိုးအထိလည်း စိတ်တိုင်းကျရွေးချယ်နိုင်ပါသေးတယ်

ပျိုမေလေးတို့ ခေါင်းစားစရာမလိုဘဲ နေ့ရက်တိုင်းမှာ ပြီးပြည့်စုံအောင် ဖန်တီးပေးနိုင်တဲ့အပြင် Luxury ဆန်တဲ့ dress design တွေနဲ့ တမူထူးခြားပြီး Elegantဖြစ်နေဖို့ "LOUVRE" ကနေတာဝန်ယူပေးနေပါပြီ

Photos from Hashtag Events's post 06/06/2023

👗O & C Clothing
🩴 Thanbula

O & C ရဲ့ အဓိပ္ပယ် Outstanding & Cool ဆိုတဲ့ အတိုင်းပဲ ထက်မြက်တက်ကြွတဲ့ အမျိုးသမီး တွေ ကို outstanding ဖြစ်စေ မဲ့ Design လေးတွေကို ဦးစားပေးထုတ်ထားတာပဲ ဖြစ်ပါတယ်

Casual wear အတွက်
တစ်ရက်တစ်ရက် Casual fashion ဘာဝတ်ရင်ကောင်းမလဲ လို့ ခဏခဏ ခေါင်းစားနေတဲ့ထက်မြက်တဲ့ အမျိုးသမီး တွေ အတွက် ပေါ့ပါးသွက်လက်တဲ့ Design မျိုး ကို အရည်သွေး မြင့် ပေါ့ပါးတဲ့ Fabric သားတွေကို အဓိက သုံးပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်

ပေါ့ပါသွက်လက်တဲ့ ဒီဇိုင်းလေးး ပေါ်လွင်အောင် Thanbula ရဲ့ ဂျုံရိုးဖိနပ်လေးတွေ နဲ့ ဖော်ပြထားပါတယ် ❤️

MUA MayPhyu ArtandMe
Decoration Artificial Plannts - Myanmar

04/06/2023

Hashtag Events ရဲ့ Art & Fashion ပွဲလေးလည်း ပါဝင်ဖြစ်ခဲ့သေးတယ်နော်…
🥳😍

Photos from Hashtag Events's post 04/06/2023

👗 RouX
👜 Thanbula
RouX local clothing brand လေးကဘယ်တော့မှမရိုးသွားတဲ့ Timeless Classic fashion look ကို ဈေးအသင့်အတင့်နဲ့ provide လုပိပေးနေတဲ့ premium local clothing brand လေးဘဲဖြစ်ပါတယ်

Designer-made ချုပ်ရိုးချုပ်သားနဲ့ exclusive quality ကိုအဓိကကိုဦးစားပေးထားတဲ့ brand လေးပါ

RouX Brand Round လေးမှာ ဝတ်စုံလေးတွေရဲ့အလှကို ပိုပီး ပေါ်လွင်အောင်ပံ့ပိုးထားပေးထားတာကတော့ 'သမ္ဘူလ' ရဲ့အဓိကထုတ်ကုန်‌များဖြစ်တဲ့
🎋 ဝါးလက်မှုပစ္စည်းများ
🌳 သစ်သားလက်မှုပစ္စည်းများ
🎍 နှီး၊ ကြိမ် ၊ဗေဒါလက်မှုပစ္စည်းများ
🍁 သဘာဝချည်ထည်စစ်စစ်များ
🌴 အုန်းခွံ လက်မှုပစ္စည်းများ
♻ Recycle product များဖြစ်ပါတယ်

MUA MayPhyu ArtandMe
Decoration Artificial Plants-Yangon

Photos from Hashtag Events's post 04/06/2023

Gree’s

-Fashion ကိုစိတ်ဝင်စားပြီးမတူညီတဲ့ design လေးတွေဖန်တီးရတာကြိုက်နှစ်သက်တဲ့သူတစ်ယောက်အနေနဲ့ကိုယ့်မှာရှိနေတဲ့ fashion sense တွေနဲ့မတူညီတဲ့ရှုတောင့်အမျိုမျိုးကနေကိုယ်ဖန်တီးပေးလိုက်တဲ့အရာတစ်ခုကိုအတူတူခံစားပေးမယ့်သူတွေကို sharing လုပ်ပေးရင်းGree's ရဲ့Passion နဲ့ fashionဆိုတာဖြစ်လာပြီးအလွှာပေါင်းစုံကအမျိုးသမီးထုလေးတွေကိုပိုမိုလှပလာအောင်|ကိုယ့်ကိုကိုယုံကြည်မူရှိလာအောင်တစ်ဖက်တစ်လမ်းကနေအမျိုးသမီးများစွာကိုempowerment လုပ်ပေးချင်တဲ့စိတ်နဲ့ Gree's passion and fashion ဆိုတာဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်.

-First collection ပွဲဦးထွက်ဖြစ်တဲ့ "walk on the wide side "themeထဲမှာလည်းဂရိဒဏ္ဍာရီဆန်ဆန်၊ Lilith၊ Magdalene နှင့် Aphrodite အစရှိတဲ့အမျိုးသမီး ၃ ဦးကို ကိုယ်စားပြုသည့်အမျိုးသမီးများအားလုံး၏ကိုယ်စားပြုဇာတ်ကောင်များမှတစ်ဆင့် ပဲ့တင်ထပ်နေတဲ့အမျိုးသမီးဖြစ်ခြင်း၏ အားနည်းချက်နှင့် ခွန်အားကို ဖော်ညွှန်းထားသောကြောင့် Gree's ဝတ်ဆင်ထားသောအခါမှာ vibrational, nihilistic, rebellious energy စတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မူအပြည့်နဲ့အစရှိတဲ့စွမ်းအင်များကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်.

-second collection ထုတ်သည့်အခါမှာလည်းfashion မြို့တော်ဖြစ်တဲ့ပြင်သစ်နိုင်ငံရဲ့ street style ကို based လုပ်ပြီး extraordinary street style အဖြစ်နဲ့"uniquely me" ဆိုတဲ့ခေါင်းစဉ်အောက်မှာကိုယ့်ကိုကိုယုံကြည်မူရှိတဲ့အမျိုးသမီး character ကိုဖန်တီပေးပြီး နေ့ရက်တိုင်းမှာလှပတောက်ပပြီးယုံကြည်မူရှိစေဖို့အတွက်လည်းဖန်တီးထုတ်ခဲ့ပြီးဖြစ်ပါတယ်.

-ဒါ့အပြင်ကျန်တဲ့collectionတွေဖြစ်တဲ့ "belong to the beach" ခေါင်းစဉ်အောက်မှာနွေရာသီ seasonအတွက်hot girl summer ဖြစ်စေခဲ့တဲ့ cherie Maxi setနဲ့ Mia mini dress တွေက်ိုလည်းထုတ်ခဲ့ပြီးဖြစ်ပါတယ်.
-ယခု collection အသစ်တွေအနေနဲ့ဆက်လက်ထုတ်ထားတာလေးတွေဖြစ်တဲ့ princess top, mermaid top,tube dress အစရှိတဲ့ ဆန်းသစ်တဲ့ design တွေနဲ့အတူအမျိုးသမီးလေးတွေအားလုံးကိုလှပတောက်ပစေလိုသောရည်ရွယ်ချက်များဖြင့်အသစ်အသစ်များစွာကိုဆက်လက်ထုတ်လုပ်ထားပြီးဖြစ်ပါတယ်. စွဲမက်ဖွယ်ကောင်းသည့်အဝတ်အစားများဖြင့် အမျိုးသမီးများအားလုံးအတွက်ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတဲ့ဧဝံဂေလိတရားကိုရည်ညွန်းပုံဖော််တည်ဆောက်ထားတဲ့ brand တစ်ခုဖြစ်တဲ့Gree's local brandလေးပဲဖြစ်ပါတယ်.

MUA MayPhyu ArtandMe
Decoration Artificial Plants-Yangon

29/05/2023

🥳🥳မနေ့က Emerald Bay မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Hashtag Event : Art & Fashion ပွဲလေးကို ရာသီဥတုအခြေအနေအကြောင်းကြောင်းကြားထဲက လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Hashtag Events ကနေပြီး ကျေးဇူးအထူးပဲတင်ရှိပါတယ်...

🥳🥳နောက်များမှာလည်း အခုလို အမိုက်စား၊ ပရိသတ်တွေစိတ်တိုင်းကျစေမယ့်၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲလေးတွေ Hashtag Events ကနေပြီးထပ်မံကျင်းပစီစဉ်သွားဦးမှာမို့လို့ Page လေးကို အမြဲမပြတ်စောင့်ကြည့်ပေးနေဖို့ တိုက်တွန်းလိုက်ပါရစေ...

🥰🥰Art & Fashion ပွဲလေးရဲ့ ပုံရိပ်လေးတွေလည်း တင်ပေးဖို့ရှိသေးတယ်နော်...

Photos from Hashtag Events's post 28/05/2023

😍 Hashtag Events ရဲ့ Art & Fashion ပွဲလေးမကြာခင်မှာစတင်ပါတော့မယ်နော်…

🤩 ရာသီဥတုအခြေအနေလေးလည်းအဆင်ပြေ၊ Runway လည်းအမိုက်စားဖြစ်နေပြီမို့ Model လေးတွေရဲ့ Fashion တွေကိုခံစားဖို့ ရင်ခုန်စိတ်လှုပ်ရှားနေကြတော့မယ်ထင်ပါတယ်…

🤩 ရှူခင်းသာမြို့ပတ်လမ်းက Emerald Bay ကိုအခုပဲကြွရောက်အားပေးဖို့လည်း အားလုံးကိုထပ်မံဖိတ်ကြားလိုက်ပါတယ်နော်…

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Building (2), Room (203), Bawga Bala Housing, North Oakkalarpa Township
Yangon