MPS Myanmar

MPS Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MPS Myanmar, Photographer, No. 27/29, First Floor, 35th Street(Lower), Kyauktada Township, Yangon.

26/03/2026

ပထမ ၃လပတ်ဓာတ်ပုံပြိုင်ပွဲပိတ်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်

၂၀၂၆ ခုနှစ် ၃ လပတ် ဓာတ်ပုံပြိုင်ပွဲများ ဖိတ်ခေါ်

မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ပုံမှန်ဓာတ်ပုံပြိုင်ပွဲတခုဖြစ်သော သုံးလပတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲကို အစီအစဉ်အတိုင်း ၄ ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ကုန်တွင် အမှတ်ပေါင်း၍ ပထမ၊ ဒုတိယ ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ၃ ဆုကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ယင်းဆုများသည် အသင်း၏ ဓာတ်ပုံအနုပညာဆိုင်ရာ ဘွဲ့များတွင် အကျုံးဝင်ပါသည်။
အသင်းဝင် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြပြီး ၊ အသင်းဝင်မဟုတ်သေးသူများလည်း အသင်းဝင်အဖြစ် လျှောက်ထားပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို 8X12 in 300 dpi အရွယ်အစား email ဖြင့် ပေးပို့ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။ ပေးပို့ရမည့် email မှာ [email protected] ဖြစ်ပြီး
ပြိုင်ပွဲအစီအစဉ်နှင့် ခေါင်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပထမ ၃ လပတ်ပြိုင်ပွဲ ( 31.3.2026 ရက်နေ့နောက်ဆုံး ပေးပို့ရမည်)
ဆေးရောင်စုံကဏ္ဍ
ရှူမျှော်ခင်း (Landscape)
အဖြူအမည်း ကဏ္ဍ
Portrait (လူပုံ)

ဒုတိယ ၃ လပတ်ပြိုင်ပွဲ (30.6.2026 ရက်နေ့ နောက်ဆုံး ပေးပို့ရမည်)
ဆေးရောင်စုံကဏ္ဍ
ပန်းအလှ ( Flowers )
အဖြူအမည်းကဏ္ဍ
နေ့စဉ်ဘဝ ( Daily Life )

တတိယ ၃ လပတ်ပြိုင်ပွဲ (30.9.2026 ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်။)
ဆေးရောင်စုံကဏ္ဍ
တိုင်းရင်းသား ( Ethnic )
အဖြူအမည်းကဏ္ဍ
လူနှင့်တိရစ္ဆာန် ( Human and Animal )

စတုတ္ထ ၃ လပတ်ပြိုင်ပွဲ (31.12.2026 ရက်နေ့နောက်ဆုံးထား ပေးပို့ရမည်။)
ဆေးရောင်စုံကဏ္ဍ
ပွဲဝောာ် ( Festival)
အဖြူအမည်းကဏ္ဍ
လုပ်ငန်းခွင် ( Human and Work )

အသေးစိတ် စည်းကမ်းချက်များမှာ ယခင်အတိုင်းဖြစ်ပြီး ယခု Page တွင် ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်ပါသည်။ ပြိုင်ပွဲကျင်းပရေး ကော်မတီထံလည်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

Photos from MPS Myanmar's post 26/03/2026

ဆုချီးမြှင့်

မြန်မာနိုင်ငံဓာတ်ပုံအသင်း(၅၉)
ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်
ရာဓာတ်ပုံပြိုင်ပွဲတွင်ဆုရရှိသူမျာကို
၂၅.၃.၂၀၂၆ ရက်နေ့လည် ၂ နာရီက
Junction City မှာကျင်းပပြုလုပ်သည်၊
နာယက ဒါရိုက်တာပန်းချီစိုးမိုး ၊ဦးဖေမြင့်ဦး၊ဥက္ကဌဦးသန်းထွန်းဦး(တက်နေဝင်း)တို့မှအမှာစကားပြောကြားပြီး တာဝန်ရှိသူများမှဆုရရှိသူများကိုဆုများချီးမြှင့်လိုက်ပါသည်။

Photos from MPS Myanmar's post 26/03/2026

ကိုကြည်မိုး ငှက်အကြောင်း ဟောပြော

မြန်မာနိုင်ငံဓာတ်ပုံအသင်း(၅၉)ကြိမ်မြောက်မြန်မာနိုင်လုံးဆိုင်ရာဆုရဓာတ်ံံပုံပြပွဲ ဆုပေးပွဲ ဟောပြောပွဲကို ၂၅.၃.၂၀၂၆ နေ့က Junction City တွင် ကိုကြည်မိုး ဟောပြောစဉ်။

26/03/2026

နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် ဆုချီးမြှင့်ပွဲ ဖိတ်ကြားခြင်း

မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၉.၀၃.၂၀၂၆ ခုနှစ် နေ့လည် ၁၂ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အသင်းခန်းမတွင် ကျင်းပပြုလုပ်မည့် ယင်းအခမ်းအနားတွင် ဓာတ်ပုံအနုပညာဆိုင်ရာ ဘွဲ့တံဆိပ်များ၊ ၃ လပတ်ပြိုင်ပွဲ ဆုတံဆိပ်များ ၊ သင်တန်းသားပြိုင်ပွဲဆုများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ရာ ဘွဲ့ရရှိသူများ၊ ဆုရရှိကြသူများအား တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစည်းအဝေးနှင့်အတူ အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲကိုလည်း ကျင်းပမည်ဖြစ်ရာ အသင်းသူ၊ အသင်းသားများ တက်ရောက်ကြပါရန် အသိပေး ဖိတ်ကြားအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

Photos from MPS Myanmar's post 24/03/2026

မြန်မာနိုင်ငံဓာတ်ပုံအသင်း(၅၉)ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာဓာတ်ပုံပြိုင်ပွဲဆုရအနုပညာဓာတ်ပုံပြပွဲကို၂၄.၃.၂၀၂၆နေ့လည် ၂ နာရီက
Junction City ‌မှာဟောပြောပွဲပြုလုပ်ရာ အောင်ပြည့်စိုး ဟောပြောစဉ် ။

Photos from MPS Myanmar's post 24/03/2026

မြန်မာနိုင်ငံဓာတ်ပုံအသင်း ၅၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲ ဆုချီးမျှင့်ပွဲနှင့်ဟောပြောပွဲကို ၂၃.၃.၂၀၂၆ ၊ နေ့လည် ၂ နာရီက
Junction City အောက်ထပ်တွင် ပြုလုပ်ရာ အောင်ချမ်းသာ မှဟောပြောစဉ်။

Photos from MPS Myanmar's post 24/03/2026

ဓာတ်ပုံပြပွဲ၊ဆုပေးပွဲ၊ဟောပြောပွဲ‌၊ဈေးရောင်းပွဲ ကို ဖဲကြိုးဖြတ်ဤဖွင့်

မြန်မာနိုင်ငံဓာတ်ပုံအသင်းဥက္ကဌ ဦးသန်းထွန်းဦး(တက်နေဝင်း)နှင့် နာယကများ အလူရှင်များကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

24/03/2026
21/03/2026

(၅၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြပွဲတွင် ဟောပြောမည့် အစီအစဉ် ။

17/03/2026

ဓာတ်ပုံပြပွဲ ၊ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ဆုရဓာတ်ပုံအနုပညာ လက်ရာများပြပွဲ ၊ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၂၃ ၊ ၂၄ ၊ ၂၅ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ရန်ကုန်မြို့ Junction City Shopping Mall ရှိ Promotion Area တွင် ကျင်းပပြုလုပ်မည့် ယင်းအခမ်းအနား၌
(၅၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကြီး၏ ဆုရဓာတ်ပုံရာများ ၊ ၃ လပတ်ပြိုင်ပွဲ ၊ သင်တန်းသားပြိုင်ပွဲ များ၏ ဆုရဓာတ်ပုံရာများကို ချိတ်ဆွဲပြသသွားမည် ဖြစ်ပါသည်။
ပြပွဲနှင့်အတူ ဓာတ်ပုံပညာဆိုင်ရာ ဟောပြောပွဲများကို နေ့စဥ် နေ့လည် ၂ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
ဆုပေးပွဲကို လာမည့် မတ်လ၂၅ ရက်နေ့ နေ့လည် ၂ နာရီတွင် ယင်းအခမ်းအနား၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဆုရရှိသူများ ကြိုတင်သိရှိစေရန် ဖိတ်ကြားအပ်ပါသည်။

ပြပွဲပြိုင်ပွဲ ကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဓာတ်ပုံအသင်း

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Address


No. 27/29, First Floor, 35th Street(Lower), Kyauktada Township
Yangon