MATS Aviation
Approved Training Organisation (ATO) by Department of Civil Aviation, Myanmar.
22/06/2026
Turbulence (လေအိတ်ထဲဝင်တာ) ဆိုတာ ဘာလဲ။ လေယာဉ်စီးရင် တကယ်ပဲ အန္တရာယ်ရှိလား။
လေယာဉ်စီးဖူးသူတိုင်းနီးပါး ကြုံဖူးကြတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး (တချို့အတွက်တော့ အကြောက်ဆုံး) အခိုက်အတန့်ကတော့ Turbulence ခေါ်တဲ့ လေယာဉ်တုန်ခါတာ (သို့မဟုတ်) လေအိတ်ထဲဝင်တာပဲ ဖြစ်ပါတယ်။
လေယာဉ် ရုတ်တရက် ဆောင့်ခနဲ ဖြစ်သွားတဲ့အခါ "လေယာဉ်များ ပျက်ကျတော့မလား" ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
၁။ Turbulence (လေအိတ်ထဲဝင်တာ) ဆိုတာ ဘာလဲ။ ဘာလို့ဖြစ်တာလဲ။
ရိုးရိုးရှင်းရှင်း ပြောရရင် လေအိတ်ထဲဝင်တယ်ဆိုတာ "လေလှိုင်းစီးတာ" ပါပဲ။
ကားမောင်းတဲ့အခါ လမ်းမချောဘဲ ချိုင့်ခွက်တွေ၊ ကုန်းအနိမ့်အမြင့်တွေကြောင့် ကားတုန်ခါသလိုမျိုးပါပဲ။
လေထုထဲမှာလည်း မျက်စိနဲ့မမြင်ရတဲ့ လေစီးကြောင်း အနိမ့်အမြင့်တွေ၊ အပူအအေး မတူတဲ့ လေပူနဲ့ လေအေး ပွတ်တိုက်မှုတွေ ရှိပါတယ်။
လေယာဉ်က အဲဒီ လေစီးကြောင်းမမှန်တဲ့ နေရာကို ဖြတ်သန်းတဲ့အခါ ကားချိုင့်ခွက်ထဲ ကျသလိုမျိုး တုန်ခါမှု ဖြစ်သွားတာပါ။ အဓိက ဖြစ်ရတဲ့ အကြောင်းရင်း ၃ ချက်ကတော့ -
မုန်တိုင်းတိမ်တိုက်တွေကို ဖြတ်ပျံတဲ့အခါ။
အမြင့်ပိုင်းမှာ တိုက်ခတ်နေတဲ့ အလွန်ပြင်းထန်တဲ့ လေစီးကြောင်းတွေကြောင့် ဖြစ်ရတဲ့ မမြင်နိုင်တဲ့ လေထုလှုပ်ခတ်မှု (Clear Air Turbulence)။
မြင့်မားတဲ့ တောင်တန်းတွေကို လေဖြတ်တိုက်ပြီး အပေါ်ကို လိပ်တက်လာတဲ့ လေလှိုင်းတွေကြောင့် ဖြစ်ပါတယ်။
၂။ ဒါဟာ တကယ်ပဲ အန္တရာယ်ရှိလား။ (လေယာဉ်ကျိုးကျသွားနိုင်လား)
အတိုဆုံးဖြေရရင် "အန္တရာယ်မရှိသလောက်ပါပဲ"။
ခရီးသည်တွေ စိတ်အေးသွားစေမယ့် အချက်အလက်အချို့ကို တင်ပြချင်ပါတယ် -
လေယာဉ်တွေက အလွန်ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာပါ: လေယာဉ်အတောင်ပံတွေဟာ ငှက်တောင်ပံလိုမျိုး အပေါ်အောက် ပျော့ပျော့ပြောင်းပြောင်း ကွေးညွတ်နိုင်စွမ်းရှိလို့ ဘယ်လောက်ပဲ လှုပ်ခတ်ပါစေ ကျိုးကျသွားဖို့ မဖြစ်နိုင်ပါဘူး။
လေယာဉ်မှူးတွေက ကြိုတင်ပြင်ဆင်ထားပြီးသားပါ: လေယာဉ်မှူးတွေဟာ (Radar) ကနေတစ်ဆင့် ဘယ်နားမှာ လေလှိုင်းရှိလဲဆိုတာ ကြိုမြင်ရပါတယ်။ ဒါကြောင့် လေအိတ်ထဲမဝင်ခင် ခရီးသည်တွေကို Seat Belt (ထိုင်ခုံခါးပတ်) ပတ်ဖို့ အချက်ပေးမီး လင်းခိုင်းလေ့ရှိပါတယ်။
၃။ Turbulence ဖြစ်ရင် ဘာလို့ ထိခိုက်ဒဏ်ရာရတာတွေ ကြားနေရလဲ။
တစ်ခါတလေ သတင်းတွေမှာ လေအိတ်ထဲဝင်လို့ ခရီးသည်တွေ ဒဏ်ရာရတယ်ဆိုတာ လေယာဉ်ပျက်ကျလို့ မဟုတ်ပါဘူး။ လေယာဉ် ရုတ်တရက် ဆောင့်ခနဲဖြစ်သွားတဲ့အချိန်မှာ ခါးပတ်မပတ်ထားတဲ့အတွက် ထိုင်ခုံကနေ လွင့်ထွက်ပြီး လေယာဉ်အမိုးနဲ့ ဆောင့်မိတာ၊ ဒါမှမဟုတ် ပစ္စည်းတွေ ပြုတ်ကျလာပြီး ထိမိတာကြောင့် ဖြစ်တာပါ။
၄။ ခရီးသည်တွေ စိတ်အေးအေးထားနိုင်ဖို့ ဆောင်ရန်/ရှောင်ရန်တွေကတော့
ခါးပတ် အမြဲပတ်ထားပါ: လေယာဉ်မောင်းနှင်နေစဉ်အတွင်း ထိုင်ခုံမှာ ထိုင်နေတဲ့အချိန်တိုင်း ခါးပတ်ကို သေချာပတ် ထားပါ။
စိတ်လျှော့ပါ: လေယာဉ်တုန်ခါတဲ့အခါ အသက်ကို ဝဝရှူပြီး ဒါဟာ လမ်းကြမ်းတဲ့နေရာကို ကားနဲ့ ဖြတ်မောင်းနေတာပဲလို့ စိတ်ထဲက မှတ်ယူထားပါ။
လေယာဉ်မှူး (လေယာဉ်မယ် / လေယာဉ်မောင်) တွေ ပြောတဲ့အတိုင်းလိုက်နာဆောင်ရွက်ပေးပါနော်🥰🥰..
Content လေးအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ရှိပါတယ်..
လေယာဥ်မောင်မယ် ဖြစ်ချင်သူများလည်း MATS မှာ လာရောက်စုံစမ်းနိုင်ပါပြီရှင် 🥰😇
15/06/2026
✈️ လေယာဉ်ပေါ်မှာ Cabin Crew တွေ
Heels အမြင့် ဘယ်လောက်စီးကြလဲ? 👠
Cabin Crew အလုပ် ဆိုတာ Professional Appearance ကိုပိုသတိထားပြီး
➡➡➡ Uniform, Hairstyle, Makeup နဲ့
Shoes အထိ Airline Standard တွေရှိပါတယ်ရှင်..
လူအများစုက အရမ်းမြင့်တဲ့ Heels တွေကို
စီးရတယ်လို့ ထင်ကြပေမယ့် အမှန်တကယ်တော့
👠 2–3 Inches ဝန်းကျင်ရှိတဲ့ Heels တွေကိုသာ သတ်မှတ်ပေးထားပါတယ်ရှင်
( Height, Weight & Airline Standard ပေါ်
မူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်ရှင်)
✅ ဘာကြောင့် Heels စီးရတာလဲ?
✔️ Professional & Elegant Appearance ရရှိစေရန်
✔️ Uniform နဲ့ လိုက်ဖက်ပြီး Airline Image ကို ကိုယ်စားပြုနိုင်ရန်
✔️ Passenger များရှေ့တွင် ယုံကြည်မှုရှိသော Professional Look ပေးနိုင်ရန် ဖြစ်ပါတယ်။
❌ ဘာကြောင့် အရမ်းမြင့်တဲ့ Heels မစီးကြတာလဲ?
Cabin Crew များသည် Flight တစ်ခုပြီးတစ်ခု အချိန်ကြာမြင့်စွာ ရပ်ရခြင်း၊ လမ်းလျှောက်ရခြင်း၊ Service ပေးရခြင်းများကို လုပ်ရပါတယ်ရှင်..
အရမ်းမြင့်တဲ့ Heels များက👠
❌ ခြေထောက်နာကျင်မှု ဖြစ်စေနိုင်ခြင်း
❌ Balance ထိန်းရန် ခက်ခဲစေခြင်း
❌ Turbulence ဖြစ်ချိန်တွင် အန္တရာယ်ပိုများစေခြင်း
❌ Emergency Situation များတွင် လျင်မြန်စွာ လှုပ်ရှားရန် အဆင်မပြေတာတိုအကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် Airline များက သတ်မှတ်ထားသော Heel Height အတွင်းသာ စီးခိုင်းလေ့ရှိကြပါတယ်။
📌 Flight အတွင်းမှာ Heels ပဲ အမြဲစီးရလား?
အဖြေကတော့ မဟုတ်ပါဘူးရှင်။
✅ Airline အချို့တွင် Passenger Boarding အချိန်နှင့် Airport Terminal အတွင်း၌ Heels စီးရပြီး
✅ Flight Operation အတွင်း သို့မဟုတ်
Long Flight များတွင် Safety Shoes , Low-Heel Shoes များ ပြောင်းလဲစီးခွင့်ပေးထားကြပါတယ်ရှင်😇🤗🤗
💡 Cabin Crew Career တွင်
လှပမှုတစ်ခုတည်းမဟုတ်ဘဲ
Safety, Comfort နှင့် Professionalism ကိုပါ
ဂရုစိုက်ရပါတယ်ရှင်
Aviation Industry အကြောင်း Knowledge Content တွေ ထပ်မံဖတ်ရှုချင်ရင် MATS Page ကို
Follow လုပ်ထားဖို့ မမေ့နဲ့နော်! ✈️💙
Cabin Crew Offline & Online Class လေးတွေ
Messager မှာ စုံစမ်းပြီး အပ်နှံနိုင်ပါပြီရှင်..
12/06/2026
လေယာဉ်ပေါ်မှာ မီးပျက်တတ်သလား။
အဖြေကတော့ "မီးပျက်တတ်ပါတယ်၊ "
ဒါပေမဲ့ အိမ်မှာ
မီးပျက်သလိုမျိုး မှောင်အတိကျသွားပြီး အန္တရာယ်ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူးနော်
လေယာဉ်ပေါ်မှာ မီးပျက်ရတဲ့ အကြောင်းရင်းနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေကို အောက်ပါအတိုင်း ခွဲခြားလို့ရပါတယ်ရှင်..
၁။ အင်ဂျင်မနှိုးခင်နဲ့ နှိုးပြီးစ (အဖြစ်အများဆုံး အခြေအနေ)
လေယာဉ်ပေါ်ကို ခရီးသည်တွေ
စတက်ခါစမှာ လေယာဉ်က ကွင်းထဲက
လျှပ်စစ်မီး (Ground Power Unit) ကို သုံးထားတတ်ပါတယ်။
အင်ဂျင်နိုးခါနီး ဒါမှမဟုတ် အင်ဂျင်စနှိုးတဲ့အချိန်မှာ လေယာဉ်ရဲ့ ကိုယ်ပိုင်အင်ဂျင်ဆီကို လျှပ်စစ်စနစ် ပြောင်းလဲလိုက်တဲ့အတွက် စက္ကန့်ပိုင်းလောက် လေယာဉ်ထဲမှာ မီးမှိတ်သွားတာ ဒါမှမဟုတ် လေအေးပေးစက် ခေတ္တရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
“ဒါဟာ ပုံမှန်ဖြစ်စဉ် ဖြစ်ပါတယ်”
၂။ လေယာဉ်ပျံသန်းနေစဉ် လျှပ်စစ်စနစ် ချို့ယွင်းခြင်း
တကယ်လို့ လေယာဉ်ပျံသန်းနေတုန်း အင်ဂျင်တစ်လုံး ပျက်စီးသွားတာမျိုး ဒါမှမဟုတ် System မှာ ပြဿနာတစ်ခုခု ရှိလာရင် မီးခေတ္တခဏ ပျက်သွားနိုင်ပါတယ်။
"ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး။"
ဘာလို့လဲဆိုတော့ လေယာဉ်တွေမှာ Back-up (အရန်) စနစ်တွေ အများကြီး ပါဝင်လို့ပါ။
✅ APU (Auxiliary Power Unit): လေယာဉ်အမြီးပိုင်းမှာ ပါတဲ့ အရန်အင်ဂျင်ငယ်လေးကနေ လျှပ်စစ်ဓာတ်အား ချက်ချင်းမောင်းနှင်ပေးနိုင်ပါတယ်။
✅ Emergency Batteries: အဓိက လျှပ်စစ်စနစ်တွေ အကုန်ပျက်စီးသွားရင်တောင် လေယာဉ်မောင်းခန်းထဲက ကိရိယာတွေနဲ့ အရေးပေါ်မီးတွေကို အလုပ်လုပ်စေဖို့ ဘက်ထရီစနစ်က အလိုအလျောက် ပွင့်လာမှာ ဖြစ်ပါတယ်။
✅ RAT (Ram Air Turbine): အဆိုးဆုံးအခြေအနေမှာ လေယာဉ်ဝမ်းဗိုက်ထဲကနေ ပန်ကာအသေးလေးတစ်ခု ထွက်လာပြီး
လေတိုက်နှုန်းနဲ့ လျှပ်စစ်ဓာတ်အား ပြန်ထုတ်ပေးတဲ့ စနစ်လည်း ပါဝင်ပါသေးတယ်။
လေယာဉ်ပေါ်မှာ လျှပ်စစ်မီးတွေ ပျက်သွားရင်တောင် ခရီးသည်တွေ လမ်းလျှောက်ရမယ့် လမ်းကြောင်းတွေနဲ့ အရေးပေါ်ထွက်ပေါက် (Exit) မီးရောင်စိမ်းစိမ်းလေးတွေကတော့ ဘက်ထရီနဲ့မို့လို့ အမြဲလင်းနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် လေယာဉ်ပေါ်မှာ မီးပျက်တာဟာ နည်းပညာအရ ဖြစ်နိုင်သော်လည်း ခရီးသည်တွေကို အန္တရာယ်မဖြစ်စေဖို့ အရန်စနစ်တွေ အထပ်ထပ် ပြင်ဆင်ထားတဲ့အတွက် စိတ်ပူစရာမလိုပါဘူးနော် 😇😇🤗
09/06/2026
Air Asia Background & Requirements
Air Asia သည် မလေးရှားနိုင်ငံမှ စတင်တည်ထောင်ခဲ့သော လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး၊၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ကာ ၁၉၉၆ ခုနှစ်တွင် တရားဝင်လေကြောင်းလုပ်ငန်းများကို စတင်ခဲ့ပါတယ်
"Now Everyone Can Fly" ဆောင်ပုဒ်နဲ့အညီ
လူတိုင်းခရီးသွားနိုင်ရေးကို ရည်ရွယ်ထားပါတယ်
Air Asia သည် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ စသောနိုင်ငံများတွင် နှင့်
အာရှတစ်ဝန်းလုံးတွင် အကြီးဆုံးအခြေခံလေကြောင်းလိုင်းတစ်ခုဖြစ်လာပါတယ်ရှင်
Air Asia အားသာချက်များ
• ခရီးစျေးနှုန်းသက်သာခြင်း – ခရီးစဉ်များအတွက် စျေးနှုန်းသက်သာပြီး လူတိုင်းအတွက် အဆင်ပြေခြင်း
• ခရီးစဉ်များပြားခြင်း – တောင်အာရှနှင့်အခြားနိုင်ငံများသို့လည်း ချိတ်ဆက်ပေးသောလေကြောင်းလိုင်းအနေနှင့် လူကြိုက်များသော
Airline တစ်ခုဖြစ်ပါတယ်။
• ဆုရရှိမှုများ – Skytrax မှ World’s Best Low-Cost Airline ဆုကို အကြိမ်ကြိမ် ဆွတ်ခူးထားပါသေးတယ်
• ပတ်ဝန်းကျင်ထိခိုက်မှုလျော့ချပြီး Branding
မြင့်မားခြင်း – စီးပွားရေးဈေးကွက်တွင် လူသိများပြီး မူပိုင်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်ထားပါတယ်
၂၀၂၅ ခုနှစ်အတွက် Cabin Crew ဝန်ထမ်းလိုအပ်ချက်များ
အခြေခံလိုအပ်ချက်များ
• အသက်အနည်းဆုံး – ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည်
• ပညာအရည်အချင်း – အနည်းဆုံး အထက်တန်းအောင်မြင်ထားသူ
• ဘာသာစကား – အင်္ဂလိပ်ဘာသာပြောဖတ်ရေးနိုင်ရမည် (အခြားဘာသာစကားတတ်မြောက်ပါက ပိုအဆင်ပြေပါတယ်)
• အရပ်အမြင့် – မိန်းကလေးများအတွက် ၁၅၇ စင်တီမီတာ၊ ယောကျာ်းလေးများအတွက် ၁၇၀ စင်တီမီတာ (ဖိနပ်မစီးဘဲ)
• လိုအပ်သောSkills များ - Personality ကောင်းမွန်ပြီး Team Work နဲ့လုပ်ကိုင်နိုင်ရမည်
• (ရေကူးကျွမ်းကျင်သူဖြစ်ရပါမယ်)
Details Update လေးများကိုတော့ Air Asia Website ကနေ လေ့လာနိုင်ပါတယ်ရှင်🥰🥰
https://www.airpaz.com/en/airlines
Cabin Crew အိပ်မက်ပန်းတိုင်သို့အမြန်ဆုံးလျှောက်လမ်းနိုင်ကြပါစေရှင်🤗🤗
ဒီကာလမှာလည်းအစစအရာရာဂရုစိုက်ကြပါရှင်💞✨️
#2025
03/06/2026
"Cabin Crew " ( Offline Class)"
- June Intake
လေယာဥ်မောင်မယ်ဖြစ်ချင်တဲ့သူများအတွက်
MATS Aviation ကနေပြီး
Cabin Crew Offline Class ( Weekend) အတန်း လေး
ပြန်ဖွင့်လှစ်လိုက်ပါပြီနော်✈️✨️
📝 Airline နဲ့ပတ်သတ်သော English Usage များ
📝 လေယာဥ်မောင်မယ် အခြေ ခံ ဗဟုသုတ
📝 လေယာဥ်မောင်မယ် တစ်ဦး၏ တာ၀န်များ
📝 လေယာဥ်မောင်မယ် ရှိထားသင့်သော "Skill & Knowledge "
✅ လေယာဥ်မောင်မယ် ဆောင်ရန်ရှောင်ရန်များ
✅ Mentor ကောင်းနဲ့ သင်ကြားနိုင်မယ့်အခွင့်အရေး
✅ သင်တန်းပြီးရင်လည်း Networking သေချာတည်ဆောက်နိုင်မှာဖြစ်ပြီး
Aviation Knowledge
များကို အချိန်တိုအတွင်း အခြေခံမှစပြီး သင်ကြားပေးမှာဖြစ်ပါတယ်ရှင်🥰🥰💞
ခုဘဲ အိပ်မက်များအကောင်အထည်ဖို့ MATS ကို လှမ်းလာလိုက်တော့နော်..
အသေးအစိတ်အချက်အလက်များကိုတော့ Page Messenger မှဆစ်ဆင့်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်✈️
29/05/2026
Ground Operation Team ဟာလည်း
Airline Operation ကိုလွယ်ကူချောမွေ့ရန်အတွက်
နဲ့ Passenger တွေ Safety အတွက်
အရေးကြီးပါတယ်နော်✅️💞
Ground Operation မှာ
ဘယ် Postion များရှိလဲဆိုတာ
ဖော်ပြပေးလိုက်ရပါတယ်ရှင်😇🤗
1) Ground Operation Manager
2) Ramp Agent ( Bagge Handler)
3) Passenger Service Agent
4) Aircraft Dispatcher
5) Load master
6) Aircraft Fueler
7) Ground Support Equipment Operator
8) Catering Coordinator
9) Sercrity Officer
10) Ground Support
11) Customer Service Supervisor
12) Station Operation Controller
13) Aircraft Cleaning Crew
Structure နဲ့ Postion တွေကတော့
Airline Size နဲ့ လိုအပ်ချက် ပေါ်
မူတည်ပြီးကွဲပြားနိုင်ပါတယ်ရှင့်😇💞
✅️Ground Staff အတွက်
ပြင်ဆင်နေသူများအတွက်လည်း
MATS Aviation ကနေလည်း
Ground Staff Operation Course
လေးတွေဖွင့်ထားပါတယ်
အသေးစိတ်လေးကို Messenger မှာစုံစမ်းနိုင်ပါတယ်ရှင်
26/05/2026
MATS ရဲ့သင်တန်းသားဟောင်းတွေ
အတွက် Interview Preparation Free Class✅
MATS ရဲ့သင်တန်းသားဟောင်းတွေ
၂၆/၂၇ May လမှာ ဖွင့်မယ့်
ipc online လေးကို
Free တက်လို့ရပါပြီနော်
"Interview Preparation Course Online Class"
MATS Aviation မှ လေယာဥ်မောင်/မယ်
အလုပ်လျှောက်ရာတွင် အရေးကြီးသော
Interview Preparation Course လေး
ပြန်လည်ဖွင့်လစ်လိုက်ပါပြီရှင်✨️ ✈️
👩💼
အတန်းလေးကနေတစ်ဆင့်
✅️ Metor ကောင်းတစ်ယောက်နဲ့ သင်ကြားခွင့်ရမှာဖြစ်တဲ့အတွက် Interview အတွက်အကြံကောင်းများရရှိမှာပါ
✅️ Networking တစ်ခုလည်းရရှိမှာဖြစ်သလို
ကိုယ်သိလိုသော Interview ေမးခွန်းများကို
အချိန်တိုတွင်းသိရှိခွင့်ရမှာဖြစ်ပါတယ်
✅️ CV ပြင်ဆင်ပုံ ၊ Grooming အတွက်လိုအပ်သော Tips များ ၊ Interview အတွက်ဆောင်ရန်ရှောင်ရန်အချက်များ
Interview အတွက်စိတ်ပူနေရတာမျိုးရှိရင် ကူညီ ဖြေရှင်းပေးနိုင်မယ့် IPC အတန်းလေးကို
လာရောက်အပ်နှံပြီး
လေယာဥ်မောင်/မယ် အိပ်မက်တွေကိုအကောင်အထည်ဖော်လိုက်ကြရအောင်နော်🥰😇
အသေးစိတ်လေးကိုတော့
MATS Aviation Messenger မှတစ်ဆင့်
စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်🫶✨️
25/05/2026
✈️Korean Air Background & Cabin Crew Requirements
ကိုရီးယားရဲ့ ပထမဆုံး လေကြောင်းလိုင်း
- Korean National Airlines (KNA) ကို
၁၉၄၆ မှာ တည်ထောင်ပြီး ၁၉၄၈ ကစပြီး
ပြေးဆွဲခဲ့ပါတယ်
-၁၉၆၉ မှာ Hanjin Group ကို ရောင်းချကာ
Korean Air အဖြစ် ပြောင်းလဲခဲ့ပြီး
လက်ရှိမှာတော့ Korean Air ဟာ ကိုရီးယားရဲ့
အကြီးဆုံး လေကြောင်းလိုင်းအဖြစ်
ရပ်တည်နေပါတယ်ရှင်✨️
Korean Air လေယာဉ်မယ်လိုအပ်ချက်များ
ကိုရီးယားလေကြောင်းလိုင်းမှာ လေယာဉ်မယ်လုပ်ဖို့ အဓိကလိုအပ်ချက်တွေကတော့-
✅️ အသက်/ပညာအရည်အချင်း: အနည်းဆုံး အသက် ၂၀ ပြည့်ပြီး အထက်တန်းအောင်မြင်ထားသူ ဖြစ်ရပါမယ်။
✅️အမြင့် (Height): အမျိုးသမီး – အနည်းဆုံး 162cm, အမျိုးသား – 172cm ဖြစ်ရမည်
✅️ ဘာသာစကား: အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရပါမယ်။ ကိုရီးယား
(ဒါမှမဟုတ် ) တခြားဘာသာစကား တတ်ရင် ပိုပြီး အခွင့်အရေးရနိုင်ပါတယ်။
✅️ ရုပ်ပိုင်းဆိုင်ရာ: ကျန်းမာကြံ့ခိုင်ပြီး သင့်တော်တဲ့ အရပ်အမောင်းရှိရပါမယ်။ အမြင်အာရုံနဲ့ ကိုယ်ကာယ ကြံ့ခိုင်မှု စစ်ဆေးချက်တွေ အောင်မြင်ရပါမယ်ရှင်
✅️အတွေ့အကြုံ: Customer Service အတွေ့အကြုံရှိရင် အားသာချက်ရှိပါတယ်။
✅️BMI (Body Mass Index) သတ်မှတ်ချက် တိတိကျကျ မရှိပေမယ့် ခန္ဓာကိုယ်အချိုးအစား သင့်တင့်မျှတမှု ရှိရပါမယ်ရှင်။
✅️ရွေးချယ်ခံရပါက လေကြောင်းလိုင်းမှ ပေးတဲ့ လေယာဉ်မယ်သင်တန်း (ပုံမှန်အားဖြင့် ၄ လခန့် ကြာမြင့်နိုင်) ကို တက်ရောက်ရမှာ ဖြစ်ပါတယ်ရှင်
✨️International Airlines မှာလုပ်ချင်တဲ့ရည်မှန်းချက်များလည်း
အမြန်ဆုံးပြည့်၀ပါစေလို့ MATS Aviation မှ
ဆုတောင်းပေးလိုက်ရပါတယ်ရှင်✈️
19/05/2026
✈️ Cabin Crew အိပ်မက်ကို စတင်ဖို့
အကောင်းဆုံးပြင်ဆင်မှုတစ်ခုလိုနေပြီလား? 🌟
MATS Aviation မှ ဖွင့်လှစ်လိုက်တဲ့
“EngCourse Online Class” လေးနဲ့
လေယာဉ်မောင်/မယ်
Interview တွေအတွက်
ယုံကြည်မှုအပြည့်နဲ့
ပြင်ဆင်လိုက်ပါ..
ဒီအတန်းလေးမှာတော့ ✨
✅ Experienced Mentor တစ်ယောက်နဲ့ သင်ကြားခွင့်ရမှာဖြစ်ပြီး
Interview အတွက် လိုအပ်တဲ့ Tips & Techniques တွေကို သိရှိနိုင်မှာပါ
✅ Cabin Crew Interview မေးခွန်းများ၊
ဖြေဆိုပုံများနဲ့ Confidence တိုးစေမယ့် Guidance တွေ ရရှိနိုင်မှာပါ
✅ CV Preparation, Grooming Tips,
Interview Do’s & Don’ts များကိုလည်း အသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်
✅ Networking အတွေ့အကြုံအသစ်တွေ
ရရှိနိုင်ပြီး Aviation Career အတွက် ပိုမိုအဆင်သင့်ဖြစ်လာစေမှာပါ ✨
Interview အတွက် စိတ်ပူနေတယ်ဆိုရင်တော့
ဒီ IPC Online Class လေးက သင့်အတွက် အကောင်းဆုံးအကူအညီတစ်ခုဖြစ်မှာပါနော် 🫶
အိပ်မက်ထဲက Cabin Crew Career ကို
MATS Aviation နဲ့အတူ အကောင်အထည်ဖော်လိုက်ကြရအောင် 💙✈️
📩 အသေးစိတ်သိရှိလိုပါက
MATS Aviation Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်✨
✈️ Cabin Crew ဖြစ်ဖို့ အိပ်မက်ရှိနေပြီလား?
အောင်မြင်တဲ့ လေကြောင်းဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ Confidence, Communication Skill နဲ့ Professional Training က အရေးကြီးပါတယ် 💙
MATS မှာ
🗣️ Interview Preparation
🌍 English Communication
✨ Customer Service &
Aviation Knowledge
တွေကို စနစ်တကျ သင်ကြားပေးနေပါပြီ။
သင့်ရဲ့ Aviation Dream ကို အခုကနေ စတင်လိုက်ပါ ✈️
📩 Cabin Crew Class အတွက် အခုပဲ စုံစမ်းအပ်နှံနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon International Airport Road (within Civil Aviation Training Institute Compound), Mingalardon Township
Yangon
11021
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |