Groovy Cinderella

Groovy Cinderella

Share

Your shoes tell story of your life

27/01/2019

လေဒီရူးလေးတွေ
အသားကာလ ကြိုက်တာ ပြောလို့ရနေပါပြီ

တချို့ခြေထောက်အဆင်မပြေလို့ စီးရတာ ခက်ခဲနေသူတွေ အတွက်လဲ ကြိုးသိုင်ထပ်တတ်ပေးပီး အဆင်ပြေအောင်လုပ်ပေးပါတယ်

ခြေပုံပြပီး ဖိနပ်ဆရာကို အဆင်ပြေအောင် လုပ်ခိုင်းလို့လဲ ရနေပါပြီ

jeans ( မိုးပြာ ဂျင်းအနီမှိုတက် ဂျင်းအနီရင့်ရင့်
အပြာရောင် ပန်းရောင်တို့ရပါပြီ
အနီက အရောင်စိုလွန်းလို့ မကိုင်ကြည့်ရင် ဂျင်းမှန်းသိပ်မသိသာပါဘူး

ယိုးဒယားဂျင်းသားမို့ ဆေးသားတွေခိုင်ပီး အရောင်ကျွတ်တာ မရှိပါဘ )

စိန်ကတ္တီပါသားနဲ့လိုချင်ရင်လဲ colour စုံရပါပြီ

ဈေးကတော့ - 15000 ပါ
messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါပီ

Groovy Cinderella Shoes ,slipper order made Send a message to learn more

01/01/2019

လက်ရှိ USA ပို့နေတဲ့အိတ်လေးတွေပါ
လယ်သာအမှုန်လေးတွေနဲ့ချုပ်ထားတာ
ကော်ကပ်မဟုတ်ပဲ စက်ချုပ်မို့ ကြာကြာသိမ်းလဲ ဘာမှမဖြစ်ပါ
ဈေးကတော့ ၁၂၀၀၀ ပါ

( ပြထားတဲ့
ပုံထဲကရုပ်ထွက်နဲ့ အပြင်ကရုပ်ထွက်နဲ့ဟာ တူတူပါ )

ဖိနပ်လေးကတော့
ဘရိုကိတ်အသားနဲ့ချုပ်ထားတာပါ
အသား ဒဇိုင်းဆင်တူတော့ ကုန်သွားပါပြီး
တခြားအသားဒဇိုင်းတွေရပါမယ်

ဖိနပ်က ၁၀၀၀၀
အိတ်က ၁၅၀၀၀ ပါ

ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ကြိုက်တဲ့ကာလာ ကြိုက်တဲ့အသားနဲ့ မှာလို့ရနေပါပြီ

ကိုယ်လိုချင်တဲ့ ဒီဇိုင်း ကာလ ဆိုဒ် အမြင့်ကိုပြောပီး

ဈေးနှန်းလေးတွေကို messenger မှာ စုံစမ်းနိုင်ပါပြီ


-made

Photos from Groovy Cinderella's post 26/12/2018

မင်္ဂလာပါ ……

ဂျင်းအနီနဲ့ မှာထားတဲ့သူတွေအတွက် ဂျင်းအနီဆွဲသားနဲ့ မှာလို့ရပါပြီ
တခြား ဂျင်းမိုးပြာ ဂျင်းအနီမှိုတက် ဂျင်းအနီရင့်ရင့်
အပြာရောင် ပန်းရောင်တို့ရပါပြီ
အနီက အရောင်စိုလွန်းလို့ မကိုင်ကြည့်ရင် ဂျင်းမှန်းသိပ်မသိသာပါဘူး

ယိုးဒယားဂျင်းသားမို့ ဆေးသားတွေခိုင်ပီး အရောင်ကျွတ်တာ မရှိပါဘူး

ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ကြိုက်တဲ့ကာလာ ကြိုက်တဲ့အသားနဲ့ မှာလို့ရနေပါပြီလို့
သတင်းကောင်းပါးလိုက်ရပါတယ်

messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါပီ

(မှာမယ်ဆိုရင် ပြုလုပ်ချိန် သုံးပါတ်ပေးရမှာ ဖြစ်ပါတယ် နော် )


-made

21/12/2018

ဖိနပ်ပေါက်ခြင်း ( ကုစားနည်း )
-----------------------------------

ဒေါက်ဖိနပ်ပဲစီးစီး ခြေညှပ်ဖိနပ်ပဲစီးစီး ရူးဖိနပ်ပဲစီးစီး
ဖိနပ်ဝယ်ခါစမှာ အသားမကျဘဲ ကြပ်နေတတ်တဲ့အတွက်ကြောင့် ဖိနပ်ပေါက်တဲ့ဒါဏ်ကို လူတိုင်းနီးပါ ခံစားဖူးကြမှာပါ ။ အဓိကတော့ ခြေမနှစ်ခုကြား၊ ခြေဖမို၊ ခြေဖိနောင့်လိုနေရာမျိုးတွေမှာ ပွတ်တိုက်ဒါဏ်ကြောင့် ရေကြည်ဖုတွေထပီး အပူလောင်သလိုမျိုး ခံစားရတတ်ပါတယ်။ဒါဟာ သိပ်ကြီးမားတဲ့ ဒါဏ်ရာမျိုးမဟုတ်ပေမဲ့ လမ်းလျှောက်စဉ်နဲ့ လှုပ်ရှားသွားလာမှုတွေပြုလုပ်တိုင်းမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ပူလည်းပူ နာလည်းနာနဲ့ အရမ်းခံစားရခက်တဲ့ဝေဒနာမျိုးပါပဲ။

ဒါကြောင့် ဖိနပ်ပေါက်လာခဲ့ရင် အိမ်တွင်းပစ္စည်းလေးတွေနဲ့
ထိရောက်ပီး အလွယ်ကူဆုံး ကုစားနည်းလေးတွေ
သိသလောက်လေး ပြောပြပါရစေ

( 1 ) ဆန်အနည်းငယ်ကို ထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေ အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။ ဆန်မှုန့်ကိုလည်း အသုံးပြုနိုင်သည်။ ထို့နောက် ရေအနည်းငယ် ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် လုပ်ကာ ဖိနပ်ပေါက်နေသော နေရာပေါ်တွင် အုံပေးပါ။

ခြောက်သွားလျှင် ရေခပ်နွေးနွေးလေးနှင့် ဆေးလိုက်ပါ။ တနေ့သုံးလေးကြိမ်းလောက်လုပ်ပေးရင် အနာကျက်မြန်စေပါတယ် ။

( 2 ) ပျားရည်နှင့် နှမ်းဆီကို အချိုးတူရောစပ်၍ အရေပြားပေါ်တွင် သုတ်လိမ်းပေးပါ။ ခြောက်သွားလျှင် ရေခပ်နွေးနွေးနှင့် ဆေးပါ။ ( ပျားရည် သီးသန့် သုတ်လိမ်းလို့လဲ အဆင်ပြေသည်။ )

( 3 ) ရှားဇောင်းလက်ပတ် အနှစ်ကိုလည်း အရေပြားပေါ်တွင် သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခြေထောက်ကို ရေခပ်နွေးနွေးနှင့် ဆေးပေးပါ။ တစ်နေ့ သုံးလေးကြိမ်း ပြုလုပ်ပေးလျှင် အနာကျက်မြန်ပီး
နေလောင်ထားသော အသားအရေများလဲ တင်းရင်း စိုပြည်နုညံ့လာစေနိုင်ပါတယ် ။

( 4 ) တမာရွက်ကို ထုထောင်း၍ဖြစ်စေ မွှေစက်နှင့်ဖြစ်စေ ကြိတ်ခြေပီး နနွင်းမှုန့် ထမင်းစားဇွန်း ၁ဇွန်းနှင့် ရေအနည်းငယ်ထဲ့၍ ခပ်ပျစ်ပျစ် အနေအထား ရအောင်ပြုလုပ်ပါ။
ဖိနပ်ပေါက်သောနေရာတွင် ယင်းကို သုတ်လိမ်းပေးနိုင်သည်။ ထို့အပြင် မီးလောင် ဒါဏ်ရာများအတွက်လည်း အသုံးပြုနိုင်သည်။

( 5 ) သွားတိုက်ဆေး အနည်းငယ်ကို ဒါဏ်ရာပေါ်တွင် သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ် ကြာပြီးနောက် ရေစိုအဝတ်ဖြင့် သုတ်၍ဆေးလိုက်ပါ။ ပြီးလျှင် အုန်းဆီ အနည်းငယ် လိမ်းထားလိုက်ပါ။

( 6 ) ရေခဲတုံးဖြင့် ဖိနပ်ပေါက်နေသော အရေပြားပေါ်တွင် ပွတ်တိုက်ပေးပါ။( ဒီနည်းက ပွတ်တိုက်မှုကြောင့်ဖြစ်တဲ့ နာကြင်မှုဒါဏ်ကို သက်တော့သက်သာစေပါတယ်။ အနာတော့ မပျောက်ကင်းစေပါဘူး ။ )

**** အနာနဲ့ အပြင်သွားမယ်ဆိုရင် ဖိပန်ပေါက်တဲ့နေရာကို အနာကပ်ပလားစတာ ကပ်ထားသင့်ပါတယ် ။ဘာဖြစ်လို့လဲဆို မသန့်ရှင်သောလမ်းတွေပေါ်ကနေ မေးခိုင်ပို့ဝင်တတ်တာမို့လို့ပါ ။

ကြိုတင်ကာကွယ်ချင်းသည် အကောင်းဆုံးသောဆေးပါ …………

ဖိနပ်ပေါက်တယ် ဆိုတာ လူတိုင်းဖြစ်လေ့ဖြစ်ထရှိတာမို့
အကယ်၍များ ဖြစ်ခဲ့တယ် ဆိုရင်လည်း အထက်ဖေါ်ပြပါ နည်းလမ်းများ အလွယ် တကူအသုံးပြု ပြီး မိမိကိုယ်ကို ဂရုစိုက်နိုင်ကြပါစေ။

( Groovy Cinderella ကတော့ ဖိနပ်ပေါက်တာမျိုးမဖြစ်အောင် အသေးစိတ် ပြင်ဆင်ဆန်းစစ်ထားပီး customer စိတ်ကြိုက်ဖြစ်အောင် ဖန်တီးပေးပါတယ် )

19/12/2018

''ဘယ်လောက်ပဲ လှပပီး ဘယ်လောက်ပဲ ဖက်ရှင်ကျနေပါစေ
ခိုင်ခန့်မှုမရှိရင်
အဲ့ပစ္စည်းဟာ အပေါ့စားပဲ ……… ''

တကယ်ပါပဲ ………
လူငယ်ဘာသာဘာဝ
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့ အခါမျိုးမှာ
နောက်ဖေးပေါက်က ခုန်ချပီး ခိုးရာလိုက်ပြေးမယ်ဆိုရင်တောင်
ချစ်လမ်းခရီးဖြောင့်ဖြူးသာယာဖို့ ဖိနပ်ကောင်းတစ်ရံတော့ မရှိမဖြစ် လိုကိုလိုအပ်ပါတယ်

ဒီတစ်ခေါက် gvc - 016 လေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီ gvc - 016 ဟာဆိုရင်တော့
Thai နှိင်ငံထုတ် jeans ဆွဲသားအကောင်းစားကို သုံးထားပီးတော့
jeans သားဟာ ------ရာသီဥတု သုံးခုလုံးနဲ့
လိုက်လျောညီထွေဖြစ်ချင်း
ဆေးသားခိုင်ခြင်း အကြမ်းခံခြင်း
free style နေထိုင်ချိန်တိုင်းတွေမှာ အသုံးအတည်းဆုံးပစ္စည်းပါ
တခြား satin, synthetic leather .တို့ကိုလဲ မိမိလိုချင်တဲ့ကာလာအတိုင်း မေးမြန်မှာယူနိုင်ပါတယ်

ပေါ့ပါးကျစ်လှစ်ပီး
လှပ သေသပ် ချုပ်ရိုးပျောက်ချုပ်ထားပါတယ်
ငဝlဝပr အနေနဲ့ - ဂျင်းမိုးပြာ ဂျင်းအပြာနက် ဂျင်းအနီ
ဖိနပ်ကျိုးကြေခြင်း ခေါက်ချိုးဖြစ်ခြင်းတွေမရှိဘဲ
အောက်ခံပြားပါးခြင်းတို့အတွက်safeဖြစ်အောင် အကောင်းဆုံး ဖန်တီးထာပါတယ်
synthetic leatherခင်းပေးထားပါတယ်
ဒေါက်နဲ့လိုချင်ရင်တော့
( တကယ်တော့ ဒီဒဇိုင်းတွေဟာ အနိမ့်လေးနဲ့ပဲ ပိုလှပါတယ် )
ပလပ်စတစ်ဒေါက် ၁ လက်မ ၂ လက်မတတ်ပေးလို့တော့ရပါတယ်
ဒေါက်ချောတာ
ဖနောင့်နာတာ အသံကျယ်တာမျိုး လုံးဝမရှိပါဘူး

ဈေးနှန်း - 15000 ks
#(မှာယူချင်တယ်ဆိုရင် cb မှာ နာမည် , လိပ်စာ, ဖုန်းနံပါတ် အပြည့်အစုံ ပို့ပေးကြပါ )

order မို့ customer စိတ်ကြိုက် အကောင်းဆုံးပြုလုပ်ပေးပါတယ်

16/12/2018

လိုက်ဖက်ညီ ရွေးချယ်မှု
-------------------------------------------------------

အရောင်အသွေးမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံနဲ့ ခေတ်ပေါ်ဖက်ရှင်တွေ များလှတဲ့ ခေတ်ကြီးထဲမှာ များပြားလှတဲ့ ဖိနပ်တွေပိုင်ဆိုင်ထားရင်တောင် ကိုယ်နဲ့လိုက်ဖက်ညီတဲ့ ဖိနပ် တစ်ရံကို ရွေးချယ်တတ်ဖို့ဆိုတာ အလွန်တရာအရေးပါပါတယ် ။ခုပြောချင်တာကတော့ ဘယ်လိုနေရာမျိုး၊ ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးမှာ ဘယ်လိုဒီဇိုင်းကာလာအနိမ့်အမြင့်မျိုးကို ရွေးချယ်သင့်လည်း ဆိုတာကို သိသလောက်မှတ်သလောက်လေး အကြံပေးချင်လို့ပါ ။

( #1 )အဝတ်အစားနဲ့ ဖိနပ်ကာလာကိုက်ညီမှု

အကယ်၍ သစ်လွင်တောက်ပခေတ်ဆန်နေတဲ့ အရောင်တောက်တောက် အဝတ်အစားတွေ ဝတ်ဆင်လိုက်တဲ့အခါ သင်၏ဖိနပ်အရောင်ကို အနက် (သို့) အနီရောင်တောက်တောက် ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။ သို့မဟုတ်ပဲ မီးခိုးရောင်တို့ အညိုတို့ အရောင်မွဲမွဲတွေ ဝတ်ဆင်မယ်ဆိုလို့ရှိရင် သင်ဝတ်စားထားတဲ့ အဝတ်အစားဖက်ရှင်တွေအကုန် မြောင်းထဲရောက်သွားပါလိမ့်မယ် ။
ဒါဟာ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် မအပ်ဆပ်တာမျိုးပါ

( #2 )အရောင်တောက်တောက် ဖိနပ်ဝတ်ဆင်သောအခါ

အရောင်တောက်တောက် ဖိနပ်ဝတ်ဆင်သောအခါမျိုးမှာ ပထမဆုံး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့တော့ လိုအပ်ပါလိမ့်မယ် ။ပီးမှာ အခြေအေနပေါ်မူတည်ပီး ရွေးချယ်တာမျိုး
ဥပမာ - အနီရောင်ဖိနပ်ကို ဝတ်ဆင်သောအခါမျိုးမှာ သင့်အနေဖြင့် အဝတ်အစားကို အနက်ရောင် အညိုရောင် အနီရောင်ကဲသို့ ကာလာခပ်ရင့်ရင့်တို့ကို ရွေးချယ်ဝတ်စားသင့်ပါတယ် ။

( #3 )သမာရိုးကျ ကာလာနဲ့အဝတ်အစားကို ဝတ်ဆင်သောအခါ

အဖြူရောင်၊ပန်းရောင်နုနု ၊မိုးပြာနုနုကဲသို့ ရုပ်အကျီ င်္များကိုဝတ်ဆင်သောအခါ ခရမ်းရောင်ရင့်ရင့် ပန်းရောင်ရင့်ရင့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ် ။

( #4 )ကန့်သတ်ကာလာရှောင်ရှားဝတ်ဆင်ခြင်း

ခေါင်းမှခြေအထိ တစ်ပုံစံတည်းအရောင်နုနုကိုရှောင်ပါ ။အဖြူ သို့မဟုတ်
အနက်တို့လိုမျိုး အကျီ င်္အနက်၊ ဘောင်းဘီအနက်တို့ကိုဝတ်ဆင်တဲ့အခါ ဖိနပ်အနက်ကိုစီးတာ ကိစ္စမရှိပေမယ့် ဥပမာ - အပြာရောင် အကျီ င်္၊ အပြာရောင်စကပ်ကို ဝတ်ဆင်သောအခါမျိုးမှာ အပြာရောင်ဖိနပ်ကို ရှောင်ရှားသင့်ပါတယ် ။

( #5 )ကွဲပြားသော ပုံစံကိုတွေးပါ

ပန်းရောင်တောက်တောက် အကျီ င်္မျိုးနဲ ဂျင်းနက်ပြာဘောင်းဘီလိုမျိုးတွေဝတ်ဆင်တဲ့အခါမျိုးမှာဆိုရင် သင်ဟာ ပန်းရောင်တောက်တောက် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ် ။
ဘာလို့ဆို သူတို့ဟာ လိုက်လျောညီထွေတဲ့ အတွဲစပ်ဖြစ်လို့ပါပဲ ။

( #6 ) ပရိုဆန်ဆန်လိုက်လျောညီထွေဖို့အတွက်

အစီးအဝေးပွဲခန်းမလိုမျိုးနေရာတွေမှာဆိုရင် သင့်ရဲ့ရင့်ကျက်မှု လူလေးစားသမှုရှိဖို့လိုအပ်တဲ့ နေရာမျိုးတွေမှာ အနီရောင်ကဲသို့ အရောင်တောက်တောက်တွေ မိုးပြာကဲသို့ အရောင်နုနုတွေထက်
အနက်ရောင်တောက်တောက် မီးခိုးရောင်တောက်တောက်ကဲသို့ ရိုးရှင်းသော ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။

သင်ဝတ်ဆင်ထားတဲ့ဖိနပ်သည် ခေတ်အပေါ်သင့်၏အမြင်ဖြစ်သည်

( order hand made ဖိနပ်လေးတွေပါ )
Gvc - 003 ဟာဆိုရင်တော့ satin, synthetic အကောင်းစား အသားနဲ့ ပြုလုပ်ထားပီး
အမြင့်အနေနဲ့ 4 " plastic heel ကို အသုံးပြုထားပီး
ကိုယ်လိုချင်သလောက်အမြင့်ကို မှာယူလို့ ရပါတယ်
( 4" လက်မ အောက်ကို ပြောတာပါ )
colour ကိုတော့ မိမိကြိုက်နှစ်သက်ရာ ကာလာကို ရွေးချယ်မှာယူနိုင်ပီး
မိမိခြေအတိုင်းနဲ့ မှာယူနိုင်ပါပီ

order မှာမှ size , colour ကို စိတ်ကြိုက် ပြုလုပ်ပေးခြင်းဖြစ်သောကြောင့် အချိန်သုံးပါတ်လောက်တော့ စောင့်ပေးရမှာဖြစ်ပါတယ်

ဈေးနှန်း - 35000 ks
#(မှာယူချင်တယ်ဆိုရင် cb မှာ နာမည် , လိပ်စာ, ဖုန်းနံပါတ် အပြည့်အစုံ ပို့ပေးကြပါ )

Photos from Groovy Cinderella's post 13/12/2018

Your shoes tell story of your life
----------------------------------------------------
စကားပုံလေးတခုရှိပါတယ်
သစ်လွင်တောက်ပနေတဲ့ ကြေးမှုံတစ်ချပ်ထက်
အိုဟောင်းနေတဲ့ ဖိနပ်လေးတစ်ရံကပဲ
သင့်၏အတိတ်ကို ပြည့်စုံအောင်ပြောပြနိုင်ပါလိမ့်မယ် ။

ဖန်စီ ခြေညှပ် ဖိနပ်လေးဖြစ်ချင်ဖြစ်မယ် ၊
ဒေါက်မြင့်ဖိနပ်လေးဖြစ်ချင်ဖြစ်မယ် ၊
လက်ဆောင်ရထားတဲ့ ဖိနပ်လေးဖြစ်ချင်ဖြစ်မယ် ၊
ချစ်သောသူနဲ့ ဘုရားသွားကျောင်းတက်ခဲ့တဲ့ ဖိနပ်လေးဖြစ်ချင်ဖြစ်မယ်
မိုးရေတောထဲ ပြေးခဲ့ဖူးတဲ့ ဖိနပ်လေးဖြစ်ချင်ဖြစ်မယ်
ဆောင်းတွင်းက မြူမှုံတွေနှင်းတောတွေထဲ လျှောက်လှမ်းခဲ့တဲ့ ဖိနပ်ကလေးဖြစ်ချင်ဖြစ်မယ် ၊
ပွဲလမ်းသဘင်ထဲ မင်းအလှကိုတင့်တယ်စေတဲ့ ဖိနပ်ကလေးဖြစ်ချင်ဖြစ်မယ် ။
အလုံးစုံပေါ့ ……

အရောင်တွေ ဒီဇိုင်းတွေ အမျိုးမျိုးရှိခဲ့မယ်ဆိုရင်တောင် ဖိနပ်ကလေးက မင်းဘဝရဲ့တစ်စိတ်တစ်ပိုင်းပါပဲ ။

ငယ်ငယ်ကစီးခဲ့တဲ့ ဖိနပ်ကလေးပြန်မြင်တဲ့ အချိန်မှာ
ပုံစံခပ်တုံးတုံးဆံပင်နဲ့ ရိုးသားဖြုစင်တဲ့ငယ်ဘဝလေးကို
ပြန်အမှတ်ရနိုင်သလို ၊
ကျောင်းသားဘဝ သူငယ်ချင်းတွေနဲ့ ကျောင်းပြေးခဲ့စဉ်က အမှတ်တရတချို့လိုမျိုး
စွန်းထင်းခြင်းတွေ ပွန်းပဲ့ခြင်းတွေနဲ့ သူ့ဘဝကို
မင်းအတွက် ပေးဆပ်ခဲ့ဖူးမှာပါ ။

ဒါဏ်ရာအနာတရတွေနဲ့ ဟောင်းနွမ်းကြေမွသွားခဲ့လို့
လျှော်ဖွတ်ပြီး ကုတင်အောက်ရောက်သွားခဲတဲ့ အိုဟောင်းနေတဲ့ဖိနပ်တစ်ရံဟာ တခြားသူတစ်ယောက်အမြင်မှာ
တန်ကြေးမရှိတဲ့ ဖိနပ် ၊ စွန်းထင်နေတဲ့ ဖိနပ် ၊ ပျက်စီးနေတဲ့ ဖိနပ်လို့မြင်နေပေမယ့်
အဲ့ဒီဖိနပ်လေးက သတိရခြင်းတွေ အမှတ်တရတွေ
ပိုင်ဆိုင်ခဲ့တဲ့ ပျော်ရွှင်မှုတွေ အပြုံးတွေ ကြည်နူးဂုဏ်ယူမိတဲ့အခိုက်အတန့်တွေ
အမှန်တရားနဲ့အမှတ်တရတွေ အတိတ်ရဲ့ခြေရာတွေကိုပြန်ပြောပြမယ့်
ကြေးမှုံတစ်ချပ်ပါပဲ
ဒါပေမယ့် သင်ကလွဲရင် ဘယ်သူမှမမြင်နိုင်ပါဘူး

( order hand made ဖိနပ်လေးတွေပါ )

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00