Red Star Myanmar

Red Star Myanmar

Share

ရောင်းသူ ဝယ်သူ စိတ်ချမ်းသာစေဖို့ စေတနာအမှန် ကြယ်နီဆန် �� Your Right Choice !

06/10/2025

❝ သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာများ ❞

#သီတင်းကျွတ်မီးထွန်းပွဲတော်🪔🪔🪔

ဘုရားရှင်သည် ခုနှစ်ဝါမြောက်ဝါတွင် တာဝတိံသာနတ်ပြည်၌ ဝါကပ်ဆိုပါ၏။ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အားဝါတွင်းသုံးလပတ်လုံးအဘိဓမ္မာတရားတော်ကို အကျယ်ဟောကြားတော်မူပါသည်။
ဘုရားရှင်သည် ဝါတွင်းသုံးလကုန်ဆုံး၍ သီတင်း ကျွတ်လပြည့်နေ့ညတွင်ရွှေစောင်းတန်း၊ငွေစောင်း
တန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ်အနက် အလယ်စောင်းတန်းဖြစ်သောပတ္တမြားစောင်းတန်းဖြင့်၊ ကျန်စောင်းတန်းနှစ်သွယ်မှ နတ်ဗြဟ္မာများ ဝန်းရံလျက်လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာပါသည်။ နတ်ဗြဟ္မာများက ဆီးမီးထိန်ဝါထွန်းညှိပူဇော်လိုက်ပါလာသကဲ့သို့ လူပြည့်မှ လူ
အပေါင်းတို့ကလည်း ဆီမီးများ ရောင်စုံထွန်းညှိ၍
ဆီးကြိုပူဇော်ကြလေသည်။

ထိုအဓိပ္ပါယ်ကိုယူလျက် ဗုဒ္ဓဘာသာ မြန်မာတို့သည် သီတင်းကျွတ်လပြည့်နေ့ကို ဗဟိုပြုလျက် အကြိုတစ်ရက်၊ အပိုတစ်ရက် ထည့်သွင်းကြကာ သုံးရက်တိုင်သီတင်းကျွတ်မီးထွန်းပွဲတော်ကိုမြို့ရွာရပ်ကွက်အလိုက် ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။

#ပဝါရဏာပွဲတော်

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ်အခါတစ်ပါး၌ဝါလသီတင်းကျွတ်
၍ ကောသလတိုင်းမှရဟန်းတော်များက ဘုရားရှင်အားလာရောက်ဖူးမြော်စဉ်ဘုရားရှင်ကရဟန်းတော်များအား အချင်းချင်းအဆင်ပြေပြေရှိကြရဲ့လားဟု မေးမြန်းတော်မူရာ ရဟန်းတော်များက အချင်းချင်း
အဆင်မပြေရှိမည်စိုး၍တစ်ဝါတွင်းလုံးအချင်းချင်း စကားပြောဆိုခြင်း မပြုကြဘဲ တရားအလုပ်ကိုသာ ကျင့်ကြံနေထိုင်ခဲ့ကြပါကြောင်း လျှောက်ထားကြသည်။
ဘုရားရှင်က ရဟန်းတော်များ၏ အချင်းချင်းစကားပြောဆိုခြင်းမပြုဘဲနေထိုင်ကြသည်ကို ကဲ့ရဲ့တော်မူပြီး ထိုအကျင့်မျိုးပြုကျင့်လျှင် အာပတ်သင့်စေဟုပင်ပညတ်တော်မူပြီး `ဝါတွင်းသုံးလနေထိုင်ကြပြီး ဝါကျွတ်သောရဟန်းများသည် မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း အကြောင်းသုံးပါးတို့ဖြင့် အချင်းချင်း သတိပေးပြောကြားစေရေး ပဝါရဏာကံ ပြုခြင်းကို ဆောင်ရွက်ကြစေ` ဟုလည်းပညတ်တော်မူပါသည်။ ထိုမှစ၍ ပဝါရဏာပြုခြင်း၊ ဖိတ်ကြားခြင်း ယဉ်ကျေးမှုသည် ရဟန်းသံဃာလောက၌ ပေါ်ပေါက်လာခဲ့ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် လပြည့်လကွယ် ဥပုသ်ကံဆောင်ခြင်းကဲ့သို့သံဃာတော်များသည် သိမ်အတွင်း စုရုံးကြပြီး ကြိုတင်ဆောင်ရွက်ဖွယ်
ကိစ္စများပြုပြီးနောက် သိက္ခာဝါကြီးရင့်သည့်မထေရ်ကြီးများမှစ၍ သိက္ခာဝါအငယ်ဆုံးရဟန်းငယ်အထိ ပဝါရဏာဖိတ်ကြားသည့် ပါဠိကို သုံးကြိမ်စီ တစ်ပါးချင်း ရွတ်ဆို၍ ပဝါရဏာကံဆောင် ရွက်ကြပါသည်။

#အဘိဓမ္မာအခါတော်နေ့

ဘုရားရှင်သည် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူပါသည်။ ဆွမ်းဘုဉ်းပေးချိန်တွင် နိမ္မိတရုပ် ဖန်ဆင်း၍ အဘိဓမ္မာတရားတော်ကို ဆက်လက်ဟောကြားစေပြီး ဘုရားရှင်သည် လူ့ပြည်ဆင်း၍ ဆွမ်းဘုဉ်းပေးရင်း
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား တာဝတိံ သာ နတ်ပြည်တွင် ဟောကြားသည့်အဘိဓမ္မာတရား အကျဉ်းချုပ်ကို ထပ်ဆင့် ဟောကြားပေးပါသည်။ ရှင်သာရိပုတ္တရာကလည်းတပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်အားဖြင့် ဆက်လက်ဟောကြားပါသည်။
ဝါတွင်းသုံးလပြီးမြောက်၍ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားဟောကြားခြင်း ပြီးဆုံးအောင်မြင်ပါသည်။ တာဝတိံသာ နတ်ပြည်တွင် အကျယ်ဟောကြားတော်မူသည့်အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နည်းတူ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအားဟောကြားတော်မူသည့် အဘိဓမ္မာအကျဉ်း ချုပ် နှင့် ဆက်လက်ဟောကြားသည့်မကျဉ်းမကျယ်တို့သည်လည်းထို့နေ့တွင်ပြီးဆုံးအောင်မြင်ပါသည်။သို့ဖြစ်ရာသီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာတရားအောင်ပွဲ့နေ့ ဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို သီတင်းကျွတ်မီးထွန်းပွဲတော်နည်းတူ အဘိဓမ္မာအခါတော်နေ့ အဖြစ်လည်း ကျင်းပပြုလုပ်ကြပါသည်။ဝတ်အသင်းအဖွဲ့များသည် ဘုရားစေတီများသို့ အဖွဲ့လိုက်သွားရောက်၍ အဘိဓမ္မာပါဠိတော်များ၊ပဋ္ဌာန်းပါဠိတော်များ ရွတ်ပွားခြင်း၊ အဘိဓမ္မာ အခါတော်နေ့အကြောင်း ဟောပြောခြင်း၊ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်း စသည် ဆောင်ရွက်ကြပါသည်။

#ဝါကျွတ်ကန်တော့ပွဲ

ရဟန်းသံဃာတော်များ၏ ပဝါရဏာပွဲတွင် သံဃာအချင်းချင်း ဖိတ်ကြားပန်ကြားမှု အစဉ်အလာသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုဘဝ မိသားစုဝင်များ၊ဆရာတပည့်များအတွင်း ကူးစက်ပုံဖော်ထား သည်မှာ ဝါကျွတ်ကန်တော့ပွဲ ဖြစ်ပါသည်။
ဆွေမျိုး မိသားစုတွင် ဘိုးဘွားမိဘများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းဌာန၊ ရုံးဌာနတွင် ဆရာသမားနှင့် ဌာနအကြီးအကဲတို့အား မိသားစုဝင်များ တပည့်များက သီတင်းကျွတ်လပြည့်ဝန်းကျင်တွင် မိမိတို့တတ်နိုင်သည့် ပစ္စည်းဝတ္တုများ၊ မုန့်သစ်သီး၊ စား ဖွယ်သောက်ဖွယ်များဖြင့်တစ်ဦးချင်း တစ်ဖွဲ့ခြင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကန့်တော့ကြသည်။
ဘုရားရှစ်ခိုး သြကာသကန်တော့ချိုးကို ရွတ်ဆို ၍ ဖြစ်စေ၊ ဦးသုံးကြိမ်ချ၍ဖြစ်စေ၊အများစုဖြစ်လျှင် တစ်ဦးကတိုင်ပေးသည်ကို လိုက်ဆို၍ဖြစ်စေ ကာ ယကံ၊ ဝစီကံ ၊ မနောကံ ပြစ်မှားမှုများရှိပါက ခွင့် လွှတ်ပါမည့်အကြောင်း ကန့်တော့ကြသည်။
ကန်တော့ခံ ဘိုးဘွား မိဘများနှင့် ဆရာသမားများ အကြီးအကဲများက ဦးစွာတတ်သမျှမှတ်သမျှ ဆု
ပေးကြပြီး ဆက်လက်၍ သြဝါဒ ဆုံးမစကား ချီးမြှင့်ပေးကြသည်။ ကန်တော့ပြီးပါကကန်တော့ခံသူများကလည်း မိမိတို့တတ်နိုင်သမျှ ငွေစကြေးစ ထုတ်၍ ကန်တော့ကြသူကလေးသူငယ်များအား မုန့်ဖိုးဝေငှပေးကြသည်များလည်း ရှိလေသည်။ ကန်တော့လျှင်မုန့်ဖိုးရ၍ ပျော်ရွှင်သွားသော သားငယ် သမီးငယ် မြေးငယ်လေးများအား ကြည့်၍
ဘိုးဘွား မိဘများကလည်း ပျော်ရွှင်သွားကြသဖြင့် မိသားစု စည်းလုံးမှုကို တိုးပွားစေသော ဝါကျွတ်ကန်တော့ပွဲတစ်ခုလည်း ဖြစ်ပါသည်။


#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန်🌾

04/10/2025

ဝါလကင်းလွတ်သီတင်းကျွတ် အချိန်အခါသမယလေးမှာ ချစ်ရတဲ့ဖိုးဖိုး ဖွားဖွား ဖေဖေ မေမေတို့ကိုဂါဝရပြုရင်း မိသားစုစုံလင်စွာဖြင့် ပျော်ရွှင်စရာအ မှတ်တရများဖန်တီးပြီး သာယာဖွယ်အချိန်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်းRed Star Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန်🌾

24/09/2025

သီးတင်းကျွတ် Special Promotionကြီးလာပြီဗျို့📣📣📣

*ကြယ်နီဆန် ဖြန့်ချီရေး*မှယုံကြည်စိတ်ချစွာအစဉ် မပြတ်ဝယ်ယူအားပေးလျှက်ရှိကြသော ချစ်ဖောက် သည်တော်ကြီးများအတွက် တစ်ခါမှမပေးဖူးသော
တန်မှတန် Big Promotion🎉🎉 ကြီးကို 22.9.25မှ 3.10.25 အထိ (12)ရက်တိုင်တိုင်ပြုလုပ်ပေးထားပါတယ်ရှင်✨

Promotion အစီစဉ်ထဲမှာပါဝင်တဲ့ဆန်အမျိုးအစား
လေးတွေကတော့.....

1.သီးထပ်ရှယ် polishအသစ် 24ပြည် 500အိတ်
2.သီးထပ်ရှယ် polishအဟောင်း 24ပြည် 500အိတ်
3.ဇီယာရက်90ရှယ် အသစ် 24ပြည် 500အိတ်
4..ဇီယာရက်90ရှယ် အ‌ဟောင်း 24ပြည် 500အိတ်

စုစုပေါင်းအိတ်ရေ 2000ကို သီတင်းကျွတ်ပွဲတော်အမှီ အသက်သာဆုံး စျေးနှုန်းများဖြင့် လျော့ချပေးထားပြီး ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်မြို့နယ်တွေကို ပို့ခသပ်သပ်ထပ်ပေးစရာမလိုပဲအိမ်/ ဆိုင်တိုင်ရာရောက်လာရောက်ပို့ဆောင်ပေးမှာမို့ Promotin အမှီ Orderတင်လို့ရအောင် မင်" ကသတင်းကောင်းလေး ပါးပေးလိုက်ပါတယ်ရှင်🥰

☎️09 796825725 ☎️09 260647202

#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန်🌾

19/07/2025

"19Julyမမေ့နိုင်"

19.7.2025 ရက်နေ့တွင်ကျရောက်သော ( 78 ) နှစ်မြောက် "အာဇာနည်နေ့" အား Red Star Myanmar မိသားစုမှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

လွပ်‌လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်
တကွကျဆုံးလေသော အာဇာနည်ခေါင်းဆောင် ကြီးများအားလုံးကို ရိုသေလေးစားစွာဖြင့် အလေးပြုအပ်ပါသည်။

09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏🙏🙏

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးရက်မြတ် တစ်ရက်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ မြန်မာပြည်သူ၊ ပြည်သားအားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပြီး ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း Red Star Myanmarမိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Photos from Red Star Myanmar's post 05/06/2025

🌾ကြယ်နီတံဆိပ်ဆန်များထဲမှ ရောင်းအားအကောင်း
ဆုံး ၊ Customer များအကြိုက်ဆုံး မနောသုခရှယ်ပေါလစ်ဟောင်းဆန်လေးနှင့်မိတ်ဆက်ပေးပါရစေ။
🍚မနောသုခရှယ်ပေါလစ်ဟောင်း ဆန်လေးဟာ ဆန် ကြမ်းအမျိုးအစားထဲမှာ ထမင်းမာပြီး ၊ စားလို့ကောင်း
တဲ့ဆန်အမျိုးအစားဖြစ်ပြီး ဆန်အချောများဖြင့်လည်းရောစားလို့ကောင်းတဲ့ဆန်လေးဖြစ်ပါတယ်။ အဟောင်းဖြစ်တဲ့အတွက် အိုးတက်ပြီး၊Polisher ပါပြီးသားဖြစ်လို့ ဝယ်လှောင်ချင်တဲ့သူများအတွက်လည်းအထူးသင့်လျော်ပါတယ်။
(6)ပြည် ၊ (12)ပြည် ၊ (24)ပြည် အိတ်ဆိုဒ်စုံရှိလို့ အလှူလုပ်ချင်သူများအတွက်လည်းသင့်တော်ပါတယ်ရှင်။ (108)ပေါင်ဝိတ်ချိန်ပြည့်ခြင်း၊ အရောအနှောကင်းခြင်း အာမခံဖြင့်ရောင်းချပေးပါတယ်။ရန်ကုန်မြို့နဲ့အနီးတဝိုက်မြို့နယ်လေးတွေကို မှာယူပြီး(3)ရက်အတွင်းအိမ်အရောက်ပို့ဝန်ဆောင်မှုလဲရှိလို့ အိမ်ရှင်မတွေအတွက်အဆင်ပြေသောပါရှင်။မှာယူမယ်ဆို အခုပဲ ☎️Hello လုပ်လိုက်တော့နော် 🤗
🌾ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန်🌾

Photos from Red Star Myanmar's post 04/06/2025

ဆန်အဟောင်းတွေ ရှားပါးနေတဲ့အချိန်မှာ .....
ဈေးနှုန်းသင့်တင့်ပြီး✅ထမင်းကောင်းတဲ့✅
*သီးထပ်ရှယ် polish* အဟောင်းစစ်စစ်လေးကိုမင်"တို့ရဲ့ ကြယ်နီဆန်ဖြန်ချီရေးမှာ ဝယ်ယူရရှိနိုင်ပါသေးတယ်ရှင့်🤗

Polishပါပြီး အိတ်ရေထောင်ချီကိုစနစ်တကျသို‌ လှောင်ထားရှိပေးထားတာမို့ ဆန်ဆို*အဟောင်း
မှအဟောင်းပဲ* ကြိုက်တဲ့ ချစ်ဖောက်သည်ကြီးတို့အတွက်အကြိုက်တွေ့စေမှာအမှန်ပါပဲရှင်🥰

အိတ်အရေအတွက်ပေါ် မူတည်ပြီး လက်လီ/
လက္ကားဈေးနှုန်းလေးတွေလည်းခွဲပေးထားပြီး ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်မြို့နယ်လေးတွေကို ပို့ခသပ်သပ်ထပ်ပေးစရာမလိုပဲ အိမ်အရောက်ပို့ဆောင်ပေးလျှက်ရှိလို့ အခုပဲဆက်သွယ်မှာယူလိုက်ပါရှင်🤗

#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန် 🌾

Photos from Red Star Myanmar's post 02/06/2025

🌾ကြယ်နီတံဆိပ်ဆန်များထဲမှ ဆန်သစ်လေးဖြစ်တဲ့မနောသုခသစ်ဆန်လေးနဲ့မိတ်ဆက်ပေးပါရစေရှင့်
🍚ထမင်းသားမာပြီး အသစ်ဖြစ်ပေမဲ့ စေးကပ်မှုမရှိတော့ပဲ စားလို့ကောင်းတဲ့ ဆန်ကြမ်းကြိုက်နှစ်သက်သူများအတွက်သင့်လျော်တဲ့ မနောသုခသစ်လေးပဲဖြစ်ပါတယ်ရှင်။
အရောအနှောကင်းပြီး ဝိတ်ချိန်ပြည့်အာမခံလို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်☎️
🌾ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့ စေတနာအမှန်ကြယ်နီဆန် 🌾

Photos from Red Star Myanmar's post 31/05/2025

ပေါ်ဆန်းဈေးတွေ အရမ်း‌မြောက်နေတဲ့အချိန်.... အသုံးစရိတ်လျှော့ချပြီး Budgetချွေတာချင်ကြတဲ့အိမ်ရှင်မများအတွက် ဆန်ရုပ်လှ" ထမင်းလှ" လေးကို ဈေးနှုန်းချိုချိုနဲ့ဝယ်ယူရရှိနိုင်မယ့် ဧရာဝတီပေါ်ဆန်းရှယ် ၂အသစ်လေးကို မင်"တို့ရဲ့ *ကြယ်နီဆန်ဖြန့်ချီရေး*မှာဝယ်ယူရရှိနိုင်ပါတယ်ရှင်💁

ဆန်အသစ်မို့ချက်လိုက်ရင်ထမင်းနံ့ သင်းသင်းလေးမွှေးပျံ့နေပြီး စေးကပ်နေတဲ့ ထမင်းသား‌ မဟုတ်တော့လို့ ထမင်းဝိုင်းအလယ်မှာ ပွဲလယ်တင့်စေမှာ အမှန်ပါပဲရှင့်🥰

အရောအနှောကင်းစင်ပြီး 108Lbဝိတ်ချိန်ပြည့်အထူးအာမခံ ရောင်းချပေးပါသည်။✅

#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန် 🌾

Photos from Red Star Myanmar's post 14/05/2025

ကောက်ငယ်ထဲက ဆန်ကြောမမာပဲ စားလို့‌ ကောင်းပြီး ဈေးနှုန်း‌လည်းချိုတဲ့ဆန်စလေး
ပြပေးပါဦးမင်မင်ရေ ဆိုတဲ့ချစ်ဖောက်သည်များအတွက် * သီးထပ်ဇီယာmoonအသစ် *
လေးပြန်လည်ရောက်ရှိလို့လာပါပြီရှင်🤗

ဆန် အသစ်မို့ လှောင်ထားမယ့် ချစ်Customer လေးတွေအတွက် ပိုအဆင်ပြေပြီး အိမ်စားမယ့် Customerလေးတွေအတွက်လည်း အဟောင်းလောက်တော့ စားမကောင်းပေမယ့် အဆင်ပြေသောဆန်လေးပါရှင်🥰

#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန်🌾

Photos from Red Star Myanmar's post 12/05/2025

ထမင်း‌အပျော့ဆို လုံးဝ လုံးဝမစားတက်တဲ့
ချစ် Customerလေးတို့အတွက် ဆန်ရိုးလေးရှည်ပြီး ထမင်းသားမာတဲ့ * ဇီယာရက် ( 90 ) ရှယ် အသစ်* လေးလည်းမင်မင်တို့ဆီမှာဝယ် ယူရရှိနိုင်ပါတယ်ရှင်🤗

* ကြယ်နီတံဆိပ် ဇီယာရက်( 90 ) * ဆိုမကြိုက်သူမရှိမို့ Stockများများထားရှိပေးထားပြီး အိမ်စားပဲယူယူ လှောင်ဖို့ပဲယူယူ ချစ်ဖောက်သည်တော်ကြီးတို့ လိုသလောက်ကိုစိတ်ကြိုက်မှာယူရရှိနိုင်ပါပြီရှင်✅

#ရောင်းသူဝယ်သူစိတ်ချမ်းသာစေဖို့စေတနာအမှန်ကြယ်နီဆန်🌾

11/05/2025

“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်းနှင့် ညောင်ရေသွန်း ပူဇော်ရခြင်းအကျိုး”

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေ သွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပပူဇော်လေ့ရှိကြသည်။ထိုသို့ကျင်း ပပူဇော်ရခြင်းမှာ မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်မူခဲ့ပြီး ကဆုန်လပြည့် “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို ရောက်‌ တော်မူခဲ့သည်။ထို့နောက်မြတ်ဗုဒ္ဓသည် ကဆုန် လပြည့်၊ “အင်္ဂါနေ့”၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သော ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလေး အမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။

ထို့အပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန် လပြည့်၊ဗုဒ္ဓဟူးနေ့နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်းဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -

❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ
❦သစ္စာ၄ပါး ကိုသိမြင်ရာ
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ

ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကိုရည်မှန်းပြီးမိမိတို့ကိုးကွယ် ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်” များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြပါသည်။

အဓိကရည်ရွယ်ချက်မှာ ဗောဓိပင်များမညှိုး နွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်ပါသည်။ ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်” ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိစဉ်လာမပျက်ကျင်းပပူဇော်ခဲ့ကြပေသည်။

“ညောင်ရေသွန်း ပူဇော်ရခြင်းအကျိုး”

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော်က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ဘဝဖြစ် စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကိုတွေ့ရှိကြည်ညိုရပေသည်။

“ဂန္ဓောဒကိယ ရဟန္တာမထရ်”
•••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၌ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓပွင့်တော်မူရာ “ထင်း ရှူး ဗောဓိပင်” ပူဇော်ပွဲ ပြုလုပ်သောအခါလှပဆန်း ကြယ်သောအိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘဝမှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသောနတ်ဗိမာန် ၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါ မရှိ စိုးရိမ်ပူပန်မှု့မရှိပဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစား စံစား ခဲ့ရလေသည်။

နတ်ပြည်မှစုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်‌
ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ်ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီးများပြားသောစစ်သည်ဗိုလ်ပါအင်အား ရှိသော “သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင် ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“ဗောဓိသိဉ္စက ရဟန္တာမထေရ်”
•••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်” ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး “ကိုယ်တော်တိုင် ဝဋ် ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘု ရားသည်ငါတို့ကိုလည်းဝဋ်ဆင်းရဲမှလွတ်မြောက် နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည်ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသောရေဖြင့် ဗောဓိပင်ကိုသွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် “ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်” ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ● ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ● “ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး” တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။

【အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


အမှတ်၂၅၇ အောင်သပြေလမ်း ပုလဲမြို့သစ်, မင်္ဂလာဒုံ မြို့နယ် ။, , , No. 257 , Aung Tha Pyae Street, Pearl Myo Thit (2) Yard, Mingalardon Township
Yangon
11021

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 18:30
Thursday 08:30 - 18:30
Friday 08:30 - 18:30
Saturday 09:00 - 18:30