KBZMS General Insurance
The first private insurance company in myanmar.
0095-1-2307000 , [email protected] , www.kbzms.com
KBZMS General Insurance Company Limited is a joint venture between KBZ GI Holding Company with Japanese insurance giant Mitsui Sumitomo Insurance (MSI). Established in June 2012 under the name of IKBZ Insurance Co. Ltd., the company entered into a joint venture with MSI and took on the new name of KBZMS General Insurance Co Ltd in November 2019. IKBZ is the first officially licensed private insurance provider in Myanmar. KBZMS is present in twenty (20) cities with twenty-two (22) branches including Yangon, Mandalay, Nay Pyi Taw, Taunggyi, Pyay, Pathein, Sittwe, Magway, Meikhtila, Pakokku, Monywa, Kalay, Myitkyina, Lashio, Bago, Mawlamyine, Myeik, Myingyan,Tachileik, and Hinthada. It’s products cover the full range of general insurance needs from motor comprehensive insurance to marine, fire and health insurance for individuals and groups. Starting from October 1, 2020, KBZMS expanded its product portfolio with Commercial Lines covering Industrial All Risk, Construction All Risk/Erection All Risk and Bailee’s Liability Insurance products. KBZMS is committed to providing the best service to customers, operating at international best practice standards in Operations and Corporate Governance, ably assisted by our qualified staff and professional agents. Headquartered in Yangon, KBZMS has an extensive network with thousands of insurance customers across Myanmar. Internationally recognized over multiple years as the best general insurance company in Myanmar, KBZMS continues operating to achieve its mission of improving the quality of life in Myanmar through insurance by providing insurance solutions to all.
မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေ ရောက်လာတဲ့အခါ KBZMS ရဲ့ စိတ်ဓာတ်နဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ? 💙🛡️
KBZMS ဝန်ထမ်းများအားလုံးဟာ စိတ်ဓာတ်မကျဘဲ လုပ်ငန်းစဉ်များ မပြတ်တောက်စေဖို့နဲ့ အလုပ်သုံး ပစ္စည်းများကို ဘေးကင်းရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ IT နဲ့ Operations အဖွဲ့သားများ၏ ညှိနှိုင်းဆောင်ရွက်မှု၊ စနစ်များကို ချက်ချင်း ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့မှုများကြောင့် ဝန်ဆောင်မှုများကို အမြန်ဆုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခဲ့ပါတယ်။
ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု၊ လျင်မြန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကြောင့် KBZMS General Insurance အနေဖြင့် Insurance Asia Awards 2024 မှာ -
🏆 Domestic General Insurer of the Year - Myanmar
🏆 ESG Initiative of the Year - Myanmar
ဆိုတဲ့ ဂုဏ်ယူဖွယ် ဆုတံဆိပ်ကြီး (၂) ခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်! ဘယ်လိုစိန်ခေါ်မှုတွေပဲရှိရှိ၊ ယုံကြည်အားထားရတဲ့ အာမခံစွမ်းအားအဖြစ် အမြဲတမ်း အနီးကပ် ရှိနေမှာပါ 💙✨
အလုပ်သွားခါနီး သို့မဟုတ် အရေးကြီးကိစ္စနဲ့ အလျင်လိုနေချိန်မှာ ဖုန်းဝင်လာတာ၊ အာရုံစိုက်မှု လွဲသွားတာတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားတတ်ပါတယ်။ ကားချင်း တိုက်မိလိုက်တာနဲ့ မမျှော်လင့်ဘဲ ကုန်ကျသွားနိုင်တဲ့ ကုန်ကျစရိတ်တွေက -
🔹 မိမိ၏ ကားပြင်ဆင်စရိတ်များ
🔹 တစ်ဖက်ယာဉ် သို့မဟုတ် လူ ထိခိုက်မှုအတွက် လျှော်ကြေးနှင့် ဆေးဝါးကုသစရိတ်များ
🔹 ကားသုံးစွဲရသူများအတွက် အပို ခရီးစရိတ်များ
🔹 မလိုအပ်ဘဲ စိတ်သောကရောက်ရမှုများ
ဒါပေမဲ့ KBZMS မော်တော်ယာဉ်အာမခံ သာ ရှိထားမယ်ဆိုရင်တော့ မမျှော်လင့်ဘဲ မတော်တဆမှုတွေ ဖြစ်လာခဲ့ရင်တောင် စိတ်အေးချမ်းစွာနဲ့ KBZMS ရဲ့ Call Centre သို့ ချက်ချင်း ဆက်သွယ်လိုက်ရုံပါပဲ။
ခရီးစဉ်တိုင်းမှာ KBZMS ရဲ့ မော်တော်ယာဉ်အာမခံနဲ့အတူ စိတ်အေးချမ်းစွာ မောင်းနှင်လိုက်ပါ။💙🛡
အာမခံများအကြောင်းအသေးစိတ်သိရှိလိုပါက KBZMS General Insurance Messenger (သို့) 09 950 077 000 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
29/09/2026
မုန်တိုင်းနှင့် ရာသီဥတု ဘေးအန္တရာယ်များမှ ကင်းဝေးစေရန်နှင့် ဆိုးရွားသည့် ထိခိုက်ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိသားစုတိုင်း ဆောင်ရွက်ထားသင့်သည့် ကြိုတင်ပြင်ဆင်ရန် အဓိကအချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။
မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်ရမယ့် အဓိက အချက်များ -
၁။ အရေးပေါ် အိတ် (Emergency Kit) ပြင်ဆင်ထားခြင်း
သောက်သုံးရေ၊ အစားအစာ အခြောက်အခြမ်း၊ အရေးပေါ်ရှေးဦးသူနာပြု ဆေးဝါးများ၊ ဓာတ်မီး၊ Power bank နဲ့ မှတ်ပုံတင်/အာမခံ စာရွက်စာတမ်းများကို ရေမဝင်နိုင်တဲ့ အိတ်ထဲ စနစ်တကျ ပြင်ဆင်ထားရန်။
၂။ အိမ်တွင်း၊ အိမ်ပြင် လုံခြုံရေး စစ်ဆေးခြင်း
လေပြင်းတိုက်ခတ်ချိန် ခိုင်ခံ့မှု မရှိတဲ့ ခေါင်မိုး၊ တံခါးနဲ့ ပြတင်းပေါက်များကို ကြိုတင် ပြုပြင်ထားပြီး အိမ်အနီးရှိ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားရန်။
၃။ မိုးလေဝသ သတင်းများ အမြဲမပြတ် နားထောင်ခြင်း
အစိုးရနှင့် တာဝန်ရှိအဖွဲ့အစည်းများ၏ တရားဝင် ထုတ်ပြန်ချက်များကို အမြဲမပြတ် စောင့်ကြည့် လိုက်နာရန်။
၄။ လျှပ်စစ်ပစ္စည်းနှင့် မိန်းခလုတ်များ သတိပြုခြင်း
မိုးသည်းထန်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ပါက လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန် မိန်းခလုတ်များ ကြိုတင် ပိတ်သိမ်းထားရန်။
၅။ ယာဉ်မောင်းနှင်မှု လျှော့ချခြင်း
မုန်တိုင်းတိုက်ခတ်ချိန်နှင့် မိုးသည်းထန်ချိန်များတွင် မဖြစ်မနေမှလွဲ၍ ခရီးသွားလာခြင်း မပြုလုပ်ရန်နှင့် မော်တော်ယာဉ်များကို သစ်ပင်၊ လျှပ်စစ်တိုင်များနှင့် ဝေးရာတွင် ဘေးကင်းစွာ ရပ်နားထားရန်။
📞KBZMS 24/7 Call Centre
မုန်တိုင်းနှင့် ရာသီဥတုအခြေအနေကြောင့် အာမခံဆိုင်ရာ အကူအညီများ သို့မဟုတ် အရေးပေါ် စုံစမ်းမေးမြန်းလိုသည်များ ရှိပါက KBZMS ရဲ့ Call Centre သို့ အချိန်မရွေး ၂၄ နာရီ ပိတ်ရက်မရှိ (24/7) ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ မိသားစုတိုင်း မုန်တိုင်းအန္တရာယ်မှ ဘေးကင်းလုံခြုံစွာ ကျော်လွန်နိုင်ကြပါစေကြောင်း KBZMS မှ စေတနာအပြည့်ဖြင့် ဆုမွန်ကောင်းတောင်းရင်း နွေးထွေးစွာ သတိပေး နှိုးဆော်အပ်ပါတယ်။ 💙🛡️
27/09/2026
English Below
ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများအတွက် ခရီးစဉ်တိုင်းမှာ လုံခြုံစိတ်ချရပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့အတွက် KBZMS General Insurance နဲ့ Myanmar Airways International (MAI) တို့ ပူးပေါင်းဆောင်ရွက်သည့် Partnership Agreement Signing Ceremony ကို "Myanmar Trade Partners Session" အခမ်းအနားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
KBZMS နဲ့ MAI တို့အကြား အပြန်အလှန် ယုံကြည်မှုနဲ့အတူ ခရီးသွား အာမခံဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ လျှင်မြန်စွာ ရယူနိုင်အောင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့ပြင် အခမ်းအနားအတွင်း Brand Ambassador များ ပါဝင်သည့် Panel Discussion နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား အပြန်အလှန် ရင်းနှီးစွာ ဆွေးနွေးဖလှယ်သည့် အစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။ "Myanmar Trade Partners Session" အခမ်းအနားရဲ့ အမှတ်တရ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်နော်။
ခရီးစဉ်လမ်းကြောင်းတိုင်းမှာ စိတ်အေးချမ်းစွာနဲ့ လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ဖို့ KBZMS က အမြဲ အနီးကပ် ရှိနေမှာ
ပါ။ 💙
KBZMS General Insurance and Myanmar Airways International (MAI) officially signed a Partnership Agreement during the "Myanmar Trade Partners Session," aiming to deliver seamless, reliable, and enhanced insurance coverage for both domestic and international travelers.
Through this strategic partnership, KBZMS and MAI are committing to making travel insurance products more accessible, fast, and convenient for passengers. The collaboration reflects a shared dedication to improving the overall travel experience and providing comprehensive protection throughout every journey.
The event featured the official signing ceremony alongside an engaging Panel Discussion with MAI Brand Ambassadors, as well as networking opportunities among trade partners and industry leaders.
KBZMS General Insurance remains dedicated to delivering "protection with a heartbeat," ensuring travelers enjoy complete peace of mind whenever they take to the skies.
မမျှော်လင့်ထားတဲ့ အရေးပေါ်အခြေအနေများနှင့် စိန်ခေါ်မှုများကြားမှာ လုပ်ငန်းများ ဆက်လက်တည်ငြိမ်စွာ လည်ပတ်နိုင်ရေးအတွက် KBZMS General Insurance ၏ Corporate Planning Department မှ လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ စီမံကိန်းချမှတ်ခြင်း၊ အခြေအနေများကို စောင့်ကြည့်သုံးသပ်ခြင်းနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
စိန်ခေါ်မှုများ ရုတ်တရက် ဖြစ်ပေါ်လာသည့်အခါ လုပ်ငန်းအပေါ် ဖြစ်ပေါ်နိုင်သည့် သက်ရောက်မှုများကို သုံးသပ်ကာ လိုအပ်သည့် အစီအစဉ်များကို အချိန်နှင့်တပြေးညီ ချမှတ်ဆောင်ရွက်ပြီး လုပ်ငန်းများ အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ Stakeholder များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
Corporate Planning Department ၏ စနစ်တကျ စီမံကိန်းချမှတ်မှုများ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် Customer များ၏ ယုံကြည်အားကိုးမှုတို့ကို အခြေခံ၍ KBZMS General Insurance သည်
🏆 Domestic General Insurer of the Year – Myanmar
🏆 ESG Initiative of the Year – Myanmar
ဟူသည့် ဂုဏ်ယူဖွယ်ရာ နိုင်ငံတကာအဆင့် အာမခံဆုကြီး ၂ ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။
ဤအောင်မြင်မှုသည် KBZMS General Insurance ၏ လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု၊ စိန်ခေါ်မှုများအပေါ် ထိရောက်စွာ တုံ့ပြန်နိုင်မှုနှင့် ရေရှည်တည်တံ့သော လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှုတို့၏ မှတ်တိုင်တစ်ခု ဖြစ်ပါသည်။
မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုများအတွက် ကြိုတင်စီမံ၊ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းများ ဆက်လက်တိုးတက်နိုင်ရေးအတွက် KBZMS General Insurance ၏ Corporate Planning Department မှ အမြဲအသင့်ရှိနေပါသည်။
သတင်းကောင်းလေးတစ်ခု လာတော့မယ်နော်... Ready ပဲလား? 🚪✨
KBZMS နဲ့အတူ အနာဂတ်အတွက် ခြေလှမ်းသစ်စချင်သူတွေအတွက် အခွင့်အလမ်းကြီးတစ်ခု လာနေပြီနော်!
အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပါဝင်မယ့် အစီအစဉ်လေးတစ်ခုရောက်လာတော့မှာမို့ အားလုံးပဲ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုမယ်နော်။
အသေးစိတ်ကို Page မှာ ဆက်လက် တင်ပေးသွားမှာမို့ စောင့်ကြည့်ပေးကြပါဦး။
23/09/2026
ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် မေးခွန်းလေးတစ်ခု! 🧳✈️
ခရီးမထွက်မီ ဒါလေးကို ကြိုတင်ပြင်ဆင်ထားရုံနဲ့ လေယာဉ်နောက်ကျတာ၊ အိတ်ကျန်ခဲ့တာနဲ့ မထင်မှတ်ထားတဲ့ ဆေးဝါးကုသစရိတ်တွေအတွက် လုံးဝ စိတ်အေးချမ်းသွားစေမယ့် အရာတစ်ခု က ဘာဖြစ်မလဲ? 🤔💭
A) Extra Travel Bag 🎒
B) KBZMS Travel Protect Insurance 🛡️✈️
C) Portable Charger 🔋
👇 Comment မှာ အဖြေမှန်လေးခန့်မှန်းကြည့်ပေးကြပါဦး 👇
21/09/2026
လုပ်ငန်းများအတွက် ကုန်စည် ခရီးစဉ်တိုင်းမှာ အပြည့်အဝ အကာအကွယ်ပေးမည့် Marine Cargo Insurance 🌊📦
ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ချိန် (ပြည်တွင်း/ပြည်ပ) တွင် ဖြစ်ပေါ်လာနိုင်သော မတော်တဆမှုများနှင့် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးနိုင်ခြေများမှ လုံခြုံစေရန် KBZMS ရဲ့ Marine Cargo Insurance က အပြည့်အဝ အကာအကွယ်ပေးထားပါတယ် 📦🛡
💡 အဓိက အကျိုးကျေးဇူးများ
မထင်မှတ်ထားသော ကုန်ပစ္စည်း ပျက်စီး/ပျောက်ဆုံးစရိတ်များကို အကာအကွယ်ပေးခြင်း
ပြည်တွင်း/ပြည်ပ ပို့ဆောင်မှုများအတွက် စိတ်အေးချမ်းခြင်း
ခိုင်မာသော အာမခံစနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုများကို စိတ်ချရစေခြင်း
မထင်မှတ်ထားတဲ့ ရေကြောင်းဆိုင်ရာ အန္တရာယ်တွေကိုကာကွယ်ပေးဖို့ KBZMS ကအမြဲ အသင့်ရှိနေမှာပါ💙🚢
👉 အသေးစိတ် စုံစမ်းလိုပါက KBZMS Page Messenger သို့မဟုတ် Call Center 📱09 9500 77000 သို့ ဆက်သွယ်နိုင်ပါတယ်နော်။
အာမခံဝယ်တော့မယ်ဆိုရင် ဘာတွေကို အရင်စဉ်းစားသင့်လဲ? 🤔
အာမခံတစ်ခုကို ရွေးချယ်ရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။
အာမခံဆိုတာ မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့ ရွေးချယ်ရတဲ့အရာတစ်ခုပါ။ မဝယ်ယူခင်မှာ သိထားသင့်တဲ့ အချက်အချို့ကို လေ့လာထားခြင်းက ပိုမိုသင့်တော်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် အာမခံ မဝယ်ယူမီ ကြိုတင်စဉ်းစားရမယ့် အရေးကြီးအချက် (၅) ချက်ကို ဒီဗီဒီယိုလေးထဲမှာ အလွယ်တကူ လေ့လာနိုင်အောင် မျှဝေပေးထားပါတယ်။
ဒီအကြောင်းအရာလေးက အသုံးဝင်တယ်ဆိုရင်တော့ လိုအပ်နေသူတွေအတွက်ပါ Share လေး လုပ်ပေးသွားဖို့ မမေ့နဲ့နော်။
Category
Contact the business
Telephone
Website
Address
No. 53, Strand Square Building, Strand Street, Pabedan Township
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when KBZMS General Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.