Raid - 5 Technology

Raid - 5 Technology

Share

Professional ICT Services & Trainings Professional ICT Services

pfSense Plus version 22.01 and pfSense CE version 2.6.0 Software are Now Available 16/02/2022

pfSense 22.01 အသစ်ထုတ်လိုက်ပြီး

အတန်းသစ်အတွက် Inquires ရှိရင် တတန်းလောက် ပြန် စကြမယ် 🔥

pfSense Plus version 22.01 and pfSense CE version 2.6.0 Software are Now Available This is a regularly scheduled release of pfSense Plus software and pfSense CE software including new features, additional hardware support, and bug fixes.

29/11/2021

မေ့နေကြပီလား

မနက်ဖြန်အမေ့ကိုအမိန့်ချမယ့်နေ့နော်

Photos from Raid - 5 Technology's post 07/09/2021

👑👑👑
D- Day ဆိုသည်မှာ.....

ကိုယ်တိုင် D day ဆိုတာ ဘာမှန်းမသိလို့ ရှာပြီးတင်ပေးလိုက်ပါတယ်။

D-Day ဟာ #အာဏာရှင်ဟစ်တလာပြုတ်ကျဖို့အဆုံးအဖြတ်ဖြစ်ခဲ့တဲ့နေ့ အဖြစ်မှတ်တမ်းပြုကြပါတယ်။
ဒီ-ဒေး ဆိုတာ “Deployment Day” #ပြိုင်တူတိုင်ပင်ကိုက်ထတီးတဲ့နေ့ကိုခေါ်တာ။
ဗိုလ်ချုပ်အောင်ဆန်းက မတ်လ ၂၇ ရက်နေ့ကိုဖက်ဆစ်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့သလိုမျိုးပေါ့။
ဒီဒေးအကြောင်းပြောရရင် အဓိကက တိုင်ပင်ကိုက်အချိန်နဲ့နေရာကအသက်ပဲ။
ဒီဒေးနဲ့ပတ်သက်လို့ IKE – Count Down to D-Day ဆိုတာလေးကိုကြည့်သင့်တယ်။ ဒီရုပ်ရှင်က ကျနော့်ရဲ့ Life Lessons collection ထဲမှာသိမ်းထားတာကြာပြီ။
အဲ့ဒီ ဒီဒေးနဲ့ပတ်သက်လို့သင်ခန်းစာယူစရာလေးတွေကိုပြန်မျှဝေလိုက်ပါတယ်။
အားလုံးကထတိုက်ဖို့လက်ယားနေကြပေမယ့် #အချိန်မတိုင်မီမလုပ်သင့်ခြင်း။
ပြင်သစ်မြေအောက်တော်လှန်ရေးသမားတွေက မဟာမိတ်တပ်တွေကိုတစ်မိနစ်တောင်မဆိုင်းပဲလာစေချင်လှပြီ။ မလာရင်ကိုယ့်ဘာသာကိုယ်ထချချင်ပြီ။

အချိန်မတိုင်မီထချမိတော့ သူတို့တွေလုံးပါးပါးကုန်ပါတယ်။ မဟာအမှားကြီးပါ။
မဟာမိတ်တပ်တွေကလည်း အင်္ဂလန်မှာစုရုံးပြီး နက်ဖြန်လားသန်ဘက်ခါလား ပြင်သစ်နော်ဒီကမ်းခြေကိုတက်သိမ်းချင်နေလှပြီ။
ဒါပေမယ့် အမေရိကန်စစ်ဗိုလ်ချုပ်ကြီးအိုင်အိုက်ဆင်ဟောင်ဝါက “အချိန်-နေရာ-အဆင်သင့်ဖြစ်မှု” ဤသုံးပါးကိုအသေအချာချိန်ဆပါတယ်။
“အချိန်-နေရာ-အဆင်သင့်ဖြစ်မှု” တစ်ခုခုချွတ်ချော်တာနဲ့ တစ်သက်မှတစ်ကြိမ်ပဲရမယ့်အခွင့်အရေးကြီးဆုံးရှုံးသွားနိုင်ပါတယ်။
🐃 #တစ်နေရာတစ်ကောင်ကထခတ်လို့ကျားမသေပါ။ ကျားကတစ်ကောင်ချင်းသတ်စားသွားပါလိမ့်မယ်။
#အားလုံးပြိုင်တူအဆင်သင့်ပြင်ပြီးဝိုင်းခတ်မှကျားသေမှာကိုသိထားဖို့လိုပါတယ်။
D-Day ဘယ်နေ့လဲနဲ့ ဘယ်နေရာလဲကို #သတင်းလုံးဝအပေါက်ကြားခံလို့မရပါ။
အချိန်နဲ့နေရာကိုသိသွားတာနဲ့ ရန်သူကအဲ့နေရာကိုအသင့်ပြင်ထားမှာဖြစ်ပြီး ကိုယ့်ဘက်ကအကျအဆုံးအလွန်များသွားပါနိုင်ပါတယ်။
ပါးစပ်ယားမှုကြောင့် တန်ဖိုးရှိတဲ့အသက်သွေးတွေအများကြီးပေးဆပ်ဆုံးရှုံးလိုက်ရနိုင်ပါတယ်။
အဲ့ဒီမှာ အမေရိကန်ဗိုလ်ချုပ်ဟင်နရီမေးလားက အရက်မူးပြီးဟော်တယ်စားသောက်ခန်းထဲမှာ နောက် ၄-၅ ရက်နေလို့ရှိရင် ပဲရစ်မှာဝိုင်ကောင်းကောင်းသောက်လို့ရပြီလို့ အာချောင်မိပါတယ်။
ဗိုလ်ချုပ်ဟင်နရီဟာ ဗိုလ်ချုပ်ကြီးအိုင်စင်ဟောင်ဝါရဲ့ West Point တုန်းကစစ်တက္ကသိုလ်အခန်းဖော်ဖြစ်ခဲ့သူပါ။

ဒါပေမယ့် အရေးကြီးတဲ့ကိစ္စမှာအာချောင်မှုနဲ့ နောက်တန်းကို ဒုဗိုလ်မှူးကြီးအထိရာထူး ၃ ဆင့်ချပြီးပြန်ပို့ခံရပါတယ်။
အာမချောင်မိရင် အခုလိုအရှက်တကွဲအကျိုးနည်းမဖြစ်ပဲ အနည်းဆုံး ကြယ် ၄ ပွင့်ဗိုလ်ချုပ်ကြီးဘဝနဲ့ ဆွေစဉ်မျိုးဆက်ဂုဏ်ရှိစွာအနားယူခွင့်ရမှာပါ။
သတင်းပေါက်ကြားခြင်း- အာချောင်ဂုဏ်ဆာခြင်းတို့ဟာ ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ကိစ္စပါ။
တော်လှန်ရေးအောင်မြင်ဖို့အတွက် #သွေးကွဲမယ့်စကားကိုမပြောမိဖို့လိုတယ်။ တခါတလေမကြိုက်ပေမယ့်အောင့်ကာနမ်းတတ်ဖို့လိုပါတယ်။
ဗိုလ်ချုပ်ကြီးဂျော့ပက်တွန်းဆိုတာ ကျနော်အင်မတန်သဘောကျတဲ့သူပါ။ သူကရဲစွမ်းသတ္တိရှိပြီးစစ်တိုက်တာတော်တဲ့သူပါ။
ပြဿနာက #ရုရှားကိုမကြိုက်တဲ့ကိစ္စကိုလူသိရှင်ကြားထုတ်ပြောခြင်းပါပဲ။
သူ့တပည့်ဖြစ်ဖူးတဲ့အိုင်ဆင်ဟောင်ဝါက ဆရာဖြစ်ဖူးသူဂျော့ပလက်တွန်းကို ပြင်းပြင်းထန်ထန်ခေါ်ကြိမ်းကာ နောက်ဆုံးဝမ်နင်အဖြစ်သတိပေးခဲ့ရပါတယ်။
တော်လှန်ရေးဟာရပ်ကွက်ထဲမှာရန်ဖြစ်တဲ့အဆင့်မဟုတ်ပါ။ ဆဲရေးရုံ၊ haha လုပ်နေရုံနဲ့တော်လှန်ရေးမအောင်မြင်ပါ။
နိုင်ငံနဲ့ချီပြီးအလုပ်လုပ်ရတဲ့ကိစ္စမှာ မြွေလိမ္မာလိုကျင့်တတ်ရပါတယ်။ “ရုရှားကိုမုန်းတယ်၊ တရုတ်ကိုမုန်းတယ်” လို့ #မအောင်မြင်ခင်မှာအော်နေလို့မရပါ။
စစ်ပွဲတစ်ခုအောင်မြင်ရေးအတွက် သံတမန်ရေး၊ စစ်ရေးဘက်စုံသုံးပြီး #ကိုယ်ဖက်ကနိုင်ဖို့ပဲအာရုံတစ်ခုတည်းစိုက်ပြီးလုပ်ရပါတယ်။
အကြီးဆုံးအဓိကရန်သူကိုတိုက်နေချိန်မှာ ရန်သူထပ်တိုးအောင်၊ ရန်သူအချင်းချင်းပေါင်းမိသွားအောင်မလုပ်ရပါ။
အဆုံးအဖြတ်မြို့သိမ်းတိုက်ပွဲကြီးကျင်းပကာနီးမှာ #ငါဗိုလ်လုပ်ချင်သူတွေပေါ်လာတတ်ပါတယ်။
မတူတဲ့လူတွေအားလုံးစုပေါင်းလုပ်ရတဲ့အခါမှာ ဘယ်သူဗိုလ်လုပ်မလဲဆိုတာနဲ့ သွေးကွဲတတ်တာကိုသတိထားပါ။
အိုင်စင်ဟောင်ဝါက ဝင်စတန်ချာချီကို အလုံးစုံအာဏာရှိတဲ့ Supreme Commander အဖြစ်တောင်းပါတယ်။ကြည်းရေလေတပ်တွေအားလုံးကိုသူဩဇာသြောင်းမှ D-Day မှာ သူအမိန့်ပေးထိန်းချုပ်နိုင်မှာပါ။

အင်္ဂလိပ်ဗိုလ်ချုပ်ကြီးမောင်ဂိုမရီက အင်္ဂလန်ကအခြေပြုတပ်စုပြီးထွက်မှာမို့ သူ့ကိုယ်သူ Supreme Commander အဖြစ်မှန်းထားသူ။
ပြင်သစ်က ချားလ်ဒီဂေါကလည်း သူ့မြေပေါ်တက်သိမ်းမှာမို့ သူ Supreme Commander လုပ်ချင်နေတာ။
ဒီအခြေအနေမှာ အင်္ဂလန်ဝန်ကြီးချုပ်ချာချီက အမေရိကန်သမ္မတနဲ့တိုင်ပင်ပြီး အိုင်စင်ဟောင်ဝါကို Supreme Commander ရာထူးပေးပါတယ်။
ကမ္ဘာ့သမိုင်းမှာအများဆုံးသောတပ်တွေကို တစ်သွေးတစ်သံတစ်မိန့်နဲ့ ထိန်းချုပ်ခွင့်ရတဲ့ Supreme Commander ရာထူးပါ။
ပြန်ပြောပါမယ်။ “ #ညီညွတ်ရေးကအသက်” ဆိုတာကို အားလုံးသိဖို့လိုပါတယ်။ ငါမင်းသားမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်လို့လုပ်တာနဲ့ အားလုံးခွေးဖြစ်သွားမယ်ဆိုတာကို သိထားကြပါ။
#တိုက်ပွဲအောင်မြင်ရေးကအဓိကဆိုတာကိုအမြဲသိထားဖို့လိုပါတယ်။
စစ်ရေးကမ်ပိန်းကြီးတစ်ခုမှာ အားလုံးကိုစုစည်းနိုင်မယ့် #ဗိုလ်ချုပ်အောင်ဆန်းလိုထက်မြက်တဲ့ခေါင်းဆောင်တစ်ယောက်လိုပါတယ်။
စစ်ရေးအောင်မြင်ဖို့က #လက်ထဲသေနတ်ရှိနေတိုင်းမအောင်မြင်ပါ။
#ထောက်ပို့ကအသက်ပါ။ ငါ့လက်ထဲမှာ M16 ရှိတယ်ထချမယ်လုပ်လို့မရပါ။ #ကျည်ဆံကုန်သွားရင်သေနတ်ဟာဒုတ်ထက်ပိုအသုံးမကျပါ။
တပ်ကူပေးဖို့အခွင့်မသာရင် တိုက်ပွဲကျရှုံးလေ့ရှိပါတယ်။ တပ်ကူအားလုံးပြင်ဆင်ချိတ်ဆက်ပြီးမှတိုက်ရပါတယ်။

စစ်ရေးအောင်မြင်ဖို့အားလုံးကိုချိန်ဆရပါတယ်။
ကမ်းတက်မယ့်ရာသီဥတုကို အိုင်စင်ဟောင်ဝါသေသေချာချာရွေးချယ်ပါတယ်။ မိုးလေဝသဗိုလ်ကြီးဆီကသတင်းကို ညသန်းခေါင်လည်းအိပ်ရာကနေထနားထောင်ပါတယ်။

ရာသီဥတုက မိုးအရမ်းမရွာဖို့လိုသလို တိမ်ကင်းစင်ပြီး မြင်ကွင်းရှင်းလင်းနေလို့မဖြစ်ပါ။
သဘောကစစ်ရေးကမ်ပိန်းကြီးတစ်ခုစီမံတဲ့အခါမှာ ချချင်တာတစ်ခုတည်းနဲ့မရပါ။ အချိန်အရေးကြီးမှန်းသိပေမယ့် အောင်မြင်ဖို့အားလုံးစီမံရတယ်ဆိုတာသိဖို့လိုပါတယ်။
“အချိန်-နေရာ-အဆင်သင့်ဖြစ်မှု” ဤသုံးပါးကိုမမေ့ပါနဲ့။
🎖️တရားသောစစ်အောင်မြင်ပါစေ။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြသူများအားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

#ခမ်းပါတ်တိုင်းမ်
Crd-Richard Myo Thant
#အရေးတော်ပုံအောင်ရမည်

Photos from Raid - 5 Technology's post 24/04/2021

ပွင့်ပွင့်လင်းလင်းရှင်းအောင်
ပြောရမယ်ဆိုရင်တော့ သူတို့ ပေးသုံးတဲ့
Website တွေကိုပဲ သုံးရတော့မှာပါ
သူတို့ ခွင့်ပြုထားတဲ့ Website တွေအပြင်
တခြား မည်သည့် Website ကိုမှ
ဘယ်နည်းနဲ့မှ သုံးလို့ရမှာ မဟုတ်ပါဘူး
ရှင်းတမ်း၊
အင်တာနက်ကို ပိတ်တဲ့နေရာမှာ Whitelist နဲ့
Blacklist ဆိုပီး နှစ်မျိုးရှိပါတယ်။ လက်ရှိ
ကျွန်‌တော်တို့ကိုပိတ်ထားတာ Blacklist နဲ့
ပိတ်ထားတာပါ။
Backlist သဘောတရားသည်
ပိတ်စေချင်တာကို ရွေးရတာပါ။
ဥပမာ PornHub ပိတ်မယ်၊ Facebook
ပိတ်မယ်၊ အဲ့ ၂ ခုကလွဲလို့ ကျန်တာ
အကုန် ပွင့်‌နေဆဲပါ။
Whitelist ကတော့ Blacklist နဲ့ပြောင်းပြန်ပါ။
ပွင့်စေချင်တာကိုရွေးရတာပါ။
ဥပမာ ပွင့်ချင်တဲ့ Military Website တွေကိုပဲ
ရွေးဖွင့်ထားပြီး ကျန်တဲ့ တစ်ကမ္ဘာလုံး
ကဟာတွေ အကုန်ပိတ်သွားမှာပါ။

ဒါက ဆိုးလားဆိုတော့ တော်တော်ကိုဆိုးပါတယ်။
ကျနော်တို့ Blacklist သည် သာမာန်နည်းနဲ့
ကျော်လို့ရနိုင်ပါတယ်။ ဘာလို့ဆို Blacklist သည်
အရာအားလုံးကို လိုက်မပိတ်နိုင်ပါဘူး။
ဥပမာ VPN Software တစ်ခု အစက
သုံးလို့ရပြီး နောက်ကျမရတော့တာကို
ကြုံဖူးကြမှာပါ။
ဒါသည် Blacklist နဲ့ လိုက်ပိတ်နေလို့
ဖြစ်ပါတယ်။ အစပိုင်းမှာ မပိတ်ထားပေမဲ့
နောက်ကျ လိုအပ်သလို အဲ့ VPN ကို
Blacklist ထဲ ထည့်ပြီး ပိတ်လိုက်တာ
ဖြစ်ပါတယ်။
Whitelist နဲ့ ဆိုရင်တော့ အပေါ်မှာ
ပြောခဲ့သလိုပဲ ပွင့်စေချင်တာ သီးသန့်ကိုပဲ
ဖွင့်ထားတာဆိုတော့ VPN ကျော်လို့လည်း
မရတော့ပါဘူး။
ပြီးတော့ အောက်မှာပါတဲ့ SS က ပြောထားတဲ့
Intranet(အင်ထွာနက်) ကတော့
အလွယ်ရှင်းပြရရင် အင်တာနက်ရမှ
သုံးလို့ရမှာတွေကို အင်တာနက်မရဘဲနဲ့
သုံးလို့ရအောင်လုပ်တာပါ။ ဥပမာ
အင်တာနက်မရရင်တောင် Mobile Data
ဖွင့်ပြီး Telenor App ကို သုံးလို့ရအောင်
Telenor က လုပ်ထားပါတယ်။
ါကသူ့ Telenor App သည် သူ့
Telenor Local Network အတွင်းမှာပဲမို့
ရနေတာဖြစ်ပါတယ်။ ဒီသဘောနဲ့ပဲ
Mobile Banking App တွေကိုလည်း
လုပ်လာဖို့ဖြစ်နိုင်ပါတယ်။
သိရသလောက် တချို့ ISP တွေမှာ
အင်တာနက်မရရင်တောင် ရုံးချုပ်နဲ့
ရုံးခွဲတွေ အချင်းချင်းဆက်သွယ်နိုင်ဖို့ဆိုပြီး
Intranet ကို စရောင်းနေပါပြီ။
ဒီတော့ အာဏာသိမ်းစစ်ကောင်စီဟာ
Banking App တွေကို Intranet နဲ့
ရအောင်လုပ်မယ်။ အင်တာနက်ကိုလည်း
Whitelist နဲ့ လုပ်မယ်ဆိုရင်တော့
အရာအားလုံးဟာ ပိတ်သွားမှာဖြစ်ပါတယ်။
မသိသေးတဲ့လူတွေကို ရှင်းပြတာပါ။
(IT Field က မဟုတ်တဲ့လူတွေအတွက်ပါ)
crd

28/02/2021

ယနေ့ ကျဆုံးသွားသည့် အာဇာနည်များ

မြိတ် = ၇ ဦး
ထားဝယ် = ၅ ဦး
လှည်းတန်း = ၂ ဦး
သင်္ကန်းကျွန်း = ၁ ဦး
တောင်ဒဂုံ = ၁ ဦး
ပဲခူး = ၃ ဦး
ပခုက္ကူ = ၁ ဦး
မန်းလေး = ၂ ဦး
လားရှိုး = ၁ ဦး
ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံးသည် ကျဆုံးသွားသည့် မိသားစုများနှင့်အတူထပ်တူထပ်မျှဝမ်းနည်းရပါသည်။ အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
အရေးတော်ပုံအောင်ရမည်။

16/02/2021

''သန်းချီစုဝေး ပြည်သူ့လွတ်မြောက်ရေး''


#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ

17.2.2021

10/02/2021

မနက်ဖန်အဆင်ပြေတဲ့ ညီကိုတို့ Join ကြပါ

Photos from Raid - 5 Technology's post 07/02/2021

Dear World,

Myanmar has gone dark.

Just 6 days after Myanmar military has seized control of the country in a coup and detaining the country's leader Aung San Suu Kyi and the democratically-elected leaders while making up charges to hold them, Myanmar has now gone dark. First, the military stopped the use of Facebook where Myanmar civilians have been sharing news and Civil Disobediemce Campaigns. Now, the military has completely shut down the internet, cutting off the country from the rest of the world.

I cannot contact my parents, relatives and friends. My friends have not been able to contact their families either.

Civil disobedience campaigns have spreaded across the country, with health professionals being at the forefront of it. Myanmar civilians are fighting peacefully for the end to military dictatorship once and for all. We are all fighting peacefully for democracy.

The pans and pots bearing campaign is still going on every night at 8 pm to show rejection to the coup. In Myanmar tradition, pots and pans are banged to drive evil from your home.

May the World know that we are resisting the coup and fighting back peacefully.

Please help Myanmar by calling your Govenrment and your representatives to take immediate and swift actions toward these military junta.

01/02/2021

ဒီလို မတရားလုပ်ခံနေရတဲ့ အခြေနေကာလ မျိုးမှာ ဖြစ်နိုင်ရင် ဒီထက်ပို ဝန်းရံချင်ပါတယ် ။ ဓမ္မ ကိုအဓမ္မ က အနိုင်ကျင့်နေချိန် ကျွန်တော်တို့သည် အမေဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို အပြည့်အဝ ထောက်ခံပါသည်။ စစ်တပ်​၏လုပ်ရပ်ကို အားပေးတာပဲဲဖြစ်ဖြစ် ထောက်ခံနေတဲ့သူများ ကျွန်တော်တို့ Page ကို Unfollow လုပ်သွားပါ ။ နောက်နောင်လည်း ဆက်ဆံစရာမရှိသလ်ို မည်သည့် Service တာဝန်များလည်း ထိုသူတို့ နှင့် လုပ်ဆောင်စရာအကြောင်းမရှိတော့ပါ ။

🇲🇲
🇲🇲
!!!
!!!
, !!!

01/02/2021

စစ်တပ်က ယနေ့ ၁ ၊ ၂ ၊ ၂၀၂၁ မနက်ပိုင်းမှာ လူထုခေါင်းဆောင် ( နိုင်ငံတော် အတိုင်ပင်ခံ ) ဒေါအောင်ဆန်းဆုကြည် နှင့်တကွ အစိုးရ ဆိုင်ရာ ဝန်ကြီးများကို ခေါ်ဆောင်ထိန်းသိမ်း ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏အနာဂတ်အတွက် ကျွန်တော်တို့မြန်မာ နိုင်ငံ အ နေ နဲ့ အားလုံးရဲ့ အကူအညီကို လိုအပ်ပါတယ်။

We urge your urgent attention as our democratically elected leaders including State Counsellor Aung San Suu Kyi, President Win Myint along with senior government officials, and the elected members of parliament have now been detained by the military. Please kindly assist our country by stopping this military coup as it is happening right now in Myanmar( Burma).

Aung San Suu Kyi’s party won a landslide victory in the recent election and the new parliament is due to start in the next few hours.

We need your urgent appropriate action and intervention to stop this military coup to protect the people of Myanmar (Burma) and the democratically elected National League for Democracy Government.

Kami mendesak perhatian mendesak Anda karena para pemimpin kami yang terpilih secara demokratis termasuk Penasihat Negara Aung San Suu Kyi, Presiden Win Myint bersama dengan pejabat senior pemerintah, dan anggota parlemen yang terpilih sekarang telah ditahan oleh militer. Mohon bantu negara kami dengan menghentikan kudeta militer ini seperti yang terjadi sekarang di Myanmar (Burma).

Partai Aung San Suu Kyi menang telak dalam pemilihan baru-baru ini dan parlemen baru akan dimulai dalam beberapa jam ke depan.

Kami membutuhkan tindakan dan intervensi Anda yang mendesak untuk menghentikan kudeta militer ini untuk melindungi rakyat Myanmar (Burma) dan Liga Nasional untuk Pemerintah Demokrasi yang terpilih secara demokratis.

เราขอให้คุณให้ความสนใจอย่างเร่งด่วนในฐานะผู้นำที่มาจากการเลือกตั้งตามระบอบประชาธิปไตยของเราซึ่งรวมถึงที่ปรึกษาแห่งรัฐอองซานซูจีประธานาธิบดีวินมินต์พร้อมด้วยเจ้าหน้าที่ระดับสูงของรัฐบาลและสมาชิกรัฐสภาที่มาจากการเลือกตั้งได้ถูกควบคุมตัวโดยทหารแล้ว โปรดช่วยประเทศของเราด้วยการหยุดการรัฐประหารครั้งนี้ซึ่งกำลังเกิดขึ้นในเมียนมาร์ (พม่า)

พรรคของอองซานซูจีได้รับชัยชนะอย่างถล่มทลายในการเลือกตั้งครั้งล่าสุดและรัฐสภาแห่งใหม่มีกำหนดจะเริ่มในอีกไม่กี่ชั่วโมงข้างหน้า

เราต้องการการดำเนินการและการแทรกแซงที่เหมาะสมอย่างเร่งด่วนของคุณเพื่อหยุดการรัฐประหารครั้งนี้เพื่อปกป้องประชาชนเมียนมาร์ (พม่า) และรัฐบาลสันนิบาตแห่งชาติเพื่อประชาธิปไตยที่มาจากการเลือกตั้งตามระบอบประชาธิปไตย

アウンサンスーチー国家顧問、ウィンミン大統領、政府高官、選出された国会議員など、民主的に選出された指導者が軍に拘束されているため、早急に注意を払うことをお勧めします。現在ミャンマー(ビルマ)で起こっているこの軍事クーデターを止めて、我が国を助けてください。

アウンサンスーチーの党は最近の選挙で圧勝し、新しい議会は数時間以内に発足する予定です。

ミャンマー(ビルマ)の人々と民主的に選出された国民民主連盟を保護するために、この軍事クーデターを阻止するために、あなたの緊急の適切な行動と介入が必要です。

Aung San Suu Kyi 주 보좌관, Win Myint 대통령, 고위 공무원, 선출 된 의원 등 민주적으로 선출 된 지도자들이 이제 군에 구금 되었으니 긴급한 관심을 촉구합니다. 지금 미얀마 (버마)에서 일어나고있는이 군사 쿠데타를 막아서 우리 나라를 친절하게 도와주세요.

Aung San Suu Kyi의 정당은 최근 선거에서 압도적 인 승리를 거두었으며 새 의회는 다음 몇 시간 안에 시작될 예정입니다.

미얀마 (버마) 국민과 민주적으로 선출 된 내셔널 리그 (National League for Democracy Government)를 보호하기 위해이 군사 쿠데타를 막으려면 귀하의 긴급한 적절한 조치와 개입이 필요합니다.

Hinihimok namin ang iyong kagyat na pansin dahil ang aming mga piniling demokratikong pinuno kabilang ang State Counsellor Aung San Suu Kyi, Pangulong Win Myint kasama ang mga nakatatandang opisyal ng gobyerno, at ang mga nahalal na miyembro ng parlyamento ay nakakulong na ngayon ng militar. Mangyaring pinapayuhan na tulungan ang aming bansa sa pamamagitan ng pagtigil sa coup ng militar na ito dahil nangyayari ito ngayon sa Myanmar (Burma).

Ang partido ni Aung San Suu Kyi ay nanalo ng isang malaking tagumpay sa nagdaang halalan at ang bagong parlyamento ay dahil sa magsisimula sa mga susunod na oras.

Kailangan namin ang iyong kagyat na naaangkop na aksyon at interbensyon upang ihinto ang coup ng militar na ito upang protektahan ang mga tao ng Myanmar (Burma) at ang demokratikong nahalal na National League para sa Pamahalaang Demokrasya.

我们敦促您的紧急关注,我们的民主选举的领导人,包括国务委员昂山素季,总裁温敏与政府高级官员一起,和议会的当选成员现在已经被军方拘留。请停止缅甸发生的军事政变,以协助我们的国家。

昂山素季(Aung San Suu Kyi)的政党在最近的选举中赢得压倒性胜利,新议会定于未来几个小时内开始。

我们需要您采取紧急适当的行动和干预,以停止这场军事政变,以保护缅甸人民和民主选举产生的全国民主政府联盟。

🇲🇲
🇲🇲
!!!
!!!
, !!!

14/12/2020

Youtube Server Error

Messenger နဲ့ Facebook error တက်ပြီးနောက်မှာ google နဲ့ ပတ်သက်တဲ့ service တွေဖြစ်တဲ့ YouTube , Gmail, Google PlayStore တွေအကုန် down နေပါတယ်။

10/12/2020

လက်ရှိမှာတော့ Facebook Messenger အသုံးပြုသူတွေ စာအဝင်အထွက်မရတဲ့ပြဿနာကိုကြုံတွေ့နေရပါတယ်။ Facebook ကို ဒီပြဿနာနဲ့ပတ်သက်ပြီး သတင်းပေးပို့တင်ပြနေတဲ့ ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူတော်တော်များများရှိနေပါတယ်။ ရိုးရာလေးစာဖတ်ပရိသတ်တွေရော ဒီပြဿနာကို ကြုံတွေ့နေရတယ်မလား။

Team (ရိုးရာလေး)
Website: yoyarlay.com
Instagram: instagram.com/yoyarlayonline
Youtube: youtube.com/yoyarlayonline
Email: [email protected]

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 13 , Manpyae Street 15 , Tharkayta Township
Yangon
11231