Ma Mhone - Insurance Advisor

Ma Mhone - Insurance Advisor

Share

Life insurance is a love product 💚

17/05/2026

“ဝင်ငွေရှိတာနဲ့ မလုံလောက်ဘူး… Financial Freedom အတွက် Protection လည်းလိုတယ်”

1. Income Protection — ဝင်ငွေကို ကာကွယ်ပေးတယ်

မမျှော်လင့်ထားတဲ့ accident, illness, death တွေကြောင့် မိသားစုရဲ့ financial plan မပျက်စီးအောင် အသက်အာမခံက backup ဖြစ်ပေးပါတယ်။

👉 “သင်အလုပ်မလုပ်နိုင်တဲ့အချိန်မှာတောင် သင့်မိသားစုရဲ့ ဘဝမရပ်သွားစေဘူး”

⸝

2. Long-Term Savings — စနစ်တကျ ငွေစုနိုင်စေတယ်

အသက်အာမခံတချို့က protection ပေးရုံမက future goals အတွက် disciplined saving habit တစ်ခုလည်း ဖြစ်စေပါတယ်။

✔️ သားသမီးပညာရေး
✔️ Retirement Plan
✔️ Future Investment Goals

Financial Freedom ရဖို့ “save consistently” လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

⸝

3. Peace of Mind — စိတ်ချမ်းသာမှုရစေတယ်

Financial Freedom ဆိုတာ ငွေရှိတာတင်မဟုတ်ဘူး…
Unexpected situations တွေကြုံလာရင်လည်း “ငါ့မှာ plan ရှိတယ်” ဆိုတဲ့ confidence ရှိတာပါ။

အသက်အာမခံရှိခြင်းက
✅ Fear လျော့စေတယ်
✅ Future ကို ပိုတည်ငြိမ်စေတယ်
✅ Family ကို secure ဖြစ်စေတယ်

📩 “Financial Freedom အတွက် ဘယ်လို insurance plan က သင့်နဲ့အသင့်တော်ဆုံးလဲ သိချင်ရင် Chat Box မှာ ‘Freedom’ လို့ပို့ထားခဲ့ပါ”

16/05/2026

“မိသားစုအတွက် Financial Protection ကို
ဘယ်လိုပြင်ဆင်ထားသင့်လဲ?” 🛡️

တကယ်တော့ Financial Protection ဆိုတာ
ငွေကြေးပြည့်စုံတဲ့သူတွေအတွက်ပဲ မဟုတ်ပါဘူး။

“ကိုယ်မရှိတော့တဲ့နေ့”
“ကိုယ်အလုပ်မလုပ်နိုင်တဲ့အချိန်”
“Unexpected Health Issue ဖြစ်လာတဲ့အခါ”
မိသားစု မခက်ခဲစေဖို့ ကြိုတင်ပြင်ဆင်ထားခြင်းပါ။

ဒီအချက် ၃ ချက်က အရေးကြီးပါတယ် 👇

✅ 1. Emergency Fund ရှိထားပါ
အရေးပေါ်ဖြစ်လာတဲ့အချိန်မှာ
Loan တောင်းစရာမလိုအောင်
အနည်းဆုံး 3-6 months expenses လောက် စုထားသင့်ပါတယ်။

✅ 2. Income Protection ကို စဉ်းစားပါ
မိသားစုရဲ့ အသုံးစရိတ်အများစုက
ကိုယ့် Income ပေါ် မူတည်နေတယ်ဆိုရင်
Income မဝင်နိုင်တဲ့အချိန်အတွက် Protection ရှိထားဖို့လိုပါတယ်။

✅ 3. Life Insurance နဲ့ Family Security တည်ဆောက်ပါ
အသက်အာမခံဆိုတာ
ကိုယ့်မိသားစုကို “ငွေ” ပေးခဲ့တာထက်
“စိတ်အေးချမ်းမှု” ပေးခဲ့တာ ပိုများပါတယ် 🌱

Financial Protection က
တစ်နေ့တည်းနဲ့ မတည်ဆောက်နိုင်ပါဘူး။

ဒါပေမယ့်…
ဒီနေ့စပြီး စဉ်းစားလိုက်တာက
မိသားစုအတွက် အကောင်းဆုံး Start ပါ ✨

📌 သင်ရော —
မိသားစုအတွက် ဘာကို အရင်ဆုံး ပြင်ဆင်ထားချင်လဲ?

1️⃣ Emergency Fund
2️⃣ Insurance Protection
3️⃣ Savings & Investment

Comment မှာ မျှဝေပေးခဲ့ပါ 👇

14/05/2026

“ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေက ဖိတ်ကြားလာတဲ့ အာမခံပညာပေးပွဲကို တက်ရောက်ဖြစ်ရင်
သင့်အတွက် ဘယ်လိုအကျိုးထူးတွေ ရနိုင်မလဲ?” 🌱

တချို့လူတွေက “Insurance” ဆိုတာကို
ရောင်းဖို့ပြောတာလို့ပဲ မြင်တတ်ကြပါတယ်။

ဒါပေမယ့်…

တကယ်က အာမခံပညာပေးပွဲတစ်ခုက
💡 ကိုယ့်ဘဝအတွက် Financial Awareness တိုးစေမယ့်နေရာတစ်ခုပါ။

ဒီ Event ကို တက်ရောက်ခြင်းအားဖြင့် —

✅ မိသားစုအတွက် Financial Protection ကို ဘယ်လိုပြင်ဆင်ထားသင့်လဲ သိနိုင်မယ်
✅ Emergency ဖြစ်လာရင် ငွေကြေးပိုင်းကို ဘယ်လိုစီမံနိုင်မလဲ နားလည်လာမယ်
✅ Saving, Protection, Retirement Planning အကြောင်း Practical Knowledge ရမယ်
✅ ကိုယ့်ရဲ့ Income ကို ဘယ်လိုကာကွယ်နိုင်မလဲ သိလာမယ်
✅ Insurance နဲ့ပတ်သက်တဲ့ Misunderstanding တွေ Clear ဖြစ်သွားမယ်
✅ Financial Freedom ကို စတင်စဉ်းစားဖို့ Inspiration ရမယ်

အရေးကြီးဆုံးက —
“မဝယ်ခင် သိထားသင့်တဲ့ Knowledge” ကို ရလာတာပါ ✨

ဒီပွဲက ရောင်းဖို့ဖိအားပေးတဲ့ Event မဟုတ်ဘဲ
လူတိုင်းအတွက် အသုံးဝင်တဲ့ Financial Education Sharing Session တစ်ခု ဖြစ်ပါတယ်။

📍 Date – 17 May 2026
⏰ Time – 1:00 PM to 3:00 PM
📌 Venue – Manulife Myanmar Office

သင့်ဘဝအတွက် ပိုကောင်းတဲ့ Future ကို
ဒီနေ့ကစပြီး စီစဉ်လိုက်ရအောင် 🌿

Photos from Ma Mhone - Insurance Advisor's post 06/05/2026

"မိသားစုကိုလည်း အချိန်ပေးချင်တယ်၊ ကိုယ်ပိုင်ဝင်ငွေလေးလည်း ရှာချင်တယ်" ဆိုတဲ့ မေမေတို့အတွက် အခွင့်အလမ်းကောင်း... ❤️✨

အိမ်ထောင်မှုတာဝန်တွေကြားမှာ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ပြီး ရှေ့ဆက်ဖို့ စိတ်ကူးရှိနေပါသလား? Manulife Myanmar ရဲ့ အောင်မြင်နေတဲ့ အမျိုးသမီး ခေါင်းဆောင်တွေကနေ သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးမယ့် "အိမ်ထောင်ရှင် မေမေတိုင်း အပိုဝင်ငွေ ရှာနိုင်စေဖို့ အသက်အာမခံ အလုပ်အကိုင် အခွင့်အလမ်း မိတ်ဆက်ပွဲ" လေးကို ဖိတ်ခေါ်ချင်ပါတယ်။

ဒီပွဲမှာ
✅ မိသားစုကို အချိန်ပေးပြီး ဝင်ငွေ ဘယ်လိုရှာမလဲ?

✅ အာမခံလောကမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လို အောင်မြင်အောင် ကြိုးစားမလဲ?

✅ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ Career Woman တစ်ယောက်အဖြစ် ဘယ်လို ရပ်တည်မလဲ? ဆိုတာတွေကို လာရောက် နားထောင်နိုင်မှာပါ။

🗓 နေ့ရက်: မေလ ၁၀ ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့)
🕐 အချိန်: မွန်းလွဲ ၁:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီအထိ
📍 နေရာ: Pan Pacific Hotel

အကန့်အသတ်ရှိလို့ အခုပဲ မမှုန်ဆီမှာ Register လုပ်ထားလိုက်တော့နော်!

Wit Hmone Wai
District Director

02/04/2026

အားလုံးပဲ မင်္ဂလာပါ...

Yangon Career Opportunity Program ကို အခုတစ်ခါ “Refresh Your Future! ” ဆိုတဲ့ ခေါင်းစဥ်နဲ့ April လအတွက် အဆင်သင့်ဖြစ်နေပါပြီ...

ဒီပွဲလေးကိုတော့ “ April လ (4) ရက်နေ့မှာ၊ Online Webinar ဖြင့်ကျင်းပသွားမှာဖြစ်ပါတယ်...

ပွဲတက်ရောက်နိုင်ရန်အတွက် “Refresh Your Future! ” Invitation လေးကို အားလုံးနဲ့အတူ ဝေမျှပေးချင်ပါတယ်...

အသေးစိတ်အချက်အလက်များကိုတော့ မမှုနိကိုမေးပါရှင့်

“အထူး special အနေနဲ့ အဲ့နေ့လေးမှာ Lucky Draw အစီအစဉ်တွေအပြင် advisor application လုပ်တဲ့သူတွေအတွက် Lucky draw အစီအစဉ်တွေလည်းရှိပါတယ်။”


ရက်စွဲ - (4)ရက် ၊ April လ ၊ ၂၀၂၆ (Saturday)
အချိန် - နေ့လည် ( ၁း၀၀ )နာရီမှ (၃း၀၀ )နာရီအထိ
နေရာ - Microsoft Teams

Photos from Ma Mhone - Insurance Advisor's post 24/03/2026

အသက်အာမခံလောကထဲစဝင်ကတည်းက
နှစ်အကန့်အသတ်ရှိတဲ့အသက်အာမခံအမျိုးအစား ( Term life insurance) ကိုပဲရွေးချယ်ခဲ့တယ်

ဘာလို့လဲဆိုတော့ ကာစတမ်မာတွေအတွက်
ဒီနိုင်ငံအနေအထား ဒီလိုစီးပွားရေးအခြေအနေနဲ့
တသက်တာအသက်အာမခံအမျိုးအစားထက်စာရင်
နှစ်အကန့်အသတ်ရှိတဲ့အသက်အာမခံကပဲ ပိုအဆင်ပြေနေဦးမယ်လို့ ယူဆထားလို့။

ငွေကြေးဈေးနှုန်းတွေကျနေတယ်
ကျန်တဲ့အစစအရာရာဈေးနှုန်းတွေတက်နေတယ်
အလုပ်အကိုင်အခြေအနေတွေမတည်ငြိမ်ဘူး
ဒါတွေက အားလုံးသိနေကြတဲ့အရှိတရား
လက်မခံချင်လို့မရတဲ့ အမှန်တရား .....

ဒါ့ကြောင့်
မိတ်ဆွေတွေအပေါ် သူ့အတွက်ဖြစ်စေ သူ့မိသားစုအတွက်ဖြစ်စေ အာမခံထားဖို့အကြံပြုတဲ့အခါတိုင်း
၅နှစ် ၊၁၀နှစ် ၊ အနှစ် ၂၀ စတဲ့
အာမခံသက်တမ်းအကန့်အသက်သတ်မှတ်ပေးထားတဲ့ Term life insurance ကိုပဲ အကြံပြုပေးခဲ့တယ်

🌱ကိုယ့်ရဲ့အာမခံ သက်တမ်းပြည့်မယ့်အချိန်ကို
တိတိကျကျသိနိုင်တယ်
🌱သက်တမ်းပြည့်လို့ ကျန်းမာအသက်ရှင်နေသေးမယ် / အာမခံကလက်ခံနိုင်တဲ့အသက်မကျော်သေးဘူးဆိုရင် ထပ်ထားလို့ရသေးတယ်
🌱ကိုယ်နိုင်နင်းတဲ့ဘက်ဂျက်အနေအထားနဲ့ စတင်ပြီးထားလို့ရတယ်
( အာမခံသဘောတရားအရ အာမခံငွေနည်းရင် လျော်ကြေးခံစားခွင့်တော့နည်းပါမယ် )
🌱"ငါတသက်လုံး အာမခံငွေကိုသွင်းနေရမှာလား" ဆိုတဲ့ စိတ်ဖိစီးမှုမျိုးမရှိဘူး
🌱ကိုယ့်ရဲ့အာမခံသက်တမ်းပြည့်သွားရင် နှစ်ပြည့်ခံစားခွင့်ဟာ သွင်းထားတဲ့ပရီမီယမ်ကြေးအားလုံးပြန်ထုတ်ယူနိုင်တယ် ။ အဲဒီငွေအပေါ် ဝင်ငွေခွန်သက်သာခွင့်ရှိမယ် ။
🌱ပင်မအသက်အာမခံပေါ်မှာ
ပရီမီယမ်ကြေးအနည်းငယ်အပိုထပ်ဆောင်းသွင်းပြီး #ပြင်းထန်ရောဂါများအတွက်ပါအာမခံတွဲယူနိုင်တဲ့အတွက် ကျန်းမာရေးအာမခံပါတခါထဲယူပြီးသားဆိုတာမျိုး ထားလို့ရတယ် ။

အဓိကအားသာချက်တွေက
နှစ်အတိအကျရှိတယ်
လျော်ကြေးခံစားခွင့်များတယ်
နှစ်ပြည့်ပြန်ထုတ်ငွေရမယ်
ရောဂါအာမခံ ထပ်ဆောင်းယူလို့ရတယ်

တခုသတိထားရမှာက
သတ်မှတ်ထားတဲ့နှစ်အပြည့်ထိ ပရီမီယမ်ကြေးသွင်းနေရမယ်
( ဒါကအသက်အာမခံအားလုံးအတူတူပါပဲ )
၅နှစ် /၁၀ နှစ်/ အနှစ်၂၀ မပြည့်ခင်
အာမခံကိုရပ်ဆိုင်းမယ်ဆိုရင် သွင်းထားတဲ့ပရီမီယမ်ကြေးအားလုံးပြန်ရမှာမဟုတ်ဘဲ စာချုပ်ထဲကဇယားမှာပါတဲ့အတိုင်းပဲ ပြန်ရနိုင်တာမို့
နှစ်မပြည့်ခင်ပြန်ထုတ်ရင် ရှုံးနိုင်ပါတယ်
( ဒါကလည်း အသက်အာမခံအားလုံးအတူတူပါပဲ)

***********

ဘယ်အာမခံမဆို လူအားလုံးအတွက် တစောင်ထဲနဲ့ အကုန်ပြီးပြည့်စုံတဲ့အမျိုးအစားဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး
( ငါတို့ကုမ္ပဏီကဟာကသာ အကောင်းဆုံးပါလို့ပြောနေရင် လိမ်နေတယ်လို့မှတ်ပါ )

ဒါ့ကြောင့်
လက်ရှိအခြေအနေအရ
#နှစ်တိုအသက်အာမခံထားဖို့စိတ်ပါဝင်စားတယ်ဆိုရင်_မက်ဆန်ဂျာကနေဆက်သွယ်နိုင်ပါတယ်
မိတ်ဆွေအတွက် အကောင်းဆုံးအကြံပြုဖို့ အမြဲအဆင်သင့်ပါ✅
Crd Min Yel Kyaw Swar

23/03/2026

အသေးစားပျော်ရွှင်မှု အသေးစားပီတိတွေကို မဖန်တီးတတ်သရွေ့ မခံစားတတ်သရွေ့
ဘဝဟာ နေရတာပျော်စရာကောင်းမှာမဟုတ်ဘူး

အခုလို မွန်းကြပ်လွန်းတဲ့ခေတ်ကြီးထဲမှာ
ခွေးလေးတကောင် ကြောင်လေးတကောင် ဒါမှမဟုတ် ငှက်လေးတကောင်ကိုအစာကျွေးရင်း ပီတိကိုခံစားတတ်တာမျိုး
ကိုယ်နဲ့နီးစပ်ရာ ထိစပ်ရာလူတွေအတွက်
စိတ်အားရုပ်အားအကူအညီတခုခုပေးပြီး သူတို့ပျော်ရွှင်မှုကို ကိုယ်ကဆင့်ပွားယူတာမျိုးတွေလုပ်ကြည့်ပါ

ကိုယ်ကိုယ်တိုင်က သူများအတွက်ဘာမှမဖန်တီးနိုင်လောက်တဲ့အခြေအနေဖြစ်နေရင်လည်း အားမငယ်ပါနဲ့ သူတပါးလာကူညီမှာ သူတပါးလာနှစ်သိမ့်ပေးမှာကို(တတ်နိုင်သလောက်) မမျှော်လင့်ပါနဲ့

ကိုယ့်ဘေးနားက အလကားရှိနေမယ့် အသေးစားအရာလေးတွေကို အမိအရခံစားပါ
သေချာမြင်အောင်ကြည့်ပါ

ရာသီဥတုကြည်လင်နေတာ
နီးစပ်ရာလူတွေနေကောင်းနေသေးတာ
ဝင်ငွေရနေသေးတဲ့အလုပ်တခုရှိနေသေးတာမျိုးတွေကိုတွေးပြီး စိတ်ဖြေပါ
( ကမ္ဘာမှာ အဲဒါလေးတွေတောင်မရတဲ့သူတွေအများကြီးပါ )

သင့်မှာသင်ပဲရှိပြီး
သူတို့မှာ သင်ရှိနေသေးတယ်ဆိုတာ
အနည်းဆုံးတော့ ကျေနပ်စရာမဟုတ်လား
Crd Min Yel Kyaw Swar

18/03/2026

သိတာကို မသိသလိုနေပေးလိုက်တာက
တဖက်လူကို
ဦးစားပေးလိုက်တာ

သိပေမဲ့ နားမလည်သလိုနဲ့ ပြန်မေးတာက
တဖက်လူအပေါ်
လေးစားသမှုပြုတာပါ

နေရာတကာ ငါသိငါတတ်နဲ့
ဆရာကြီးအထာနေတတ်သူတွေအတွက်
တချို့လူတွေက နေရာဖယ်ကြဥ် ပေးထားတာ

အဲ့ဒီနေရာကို မယူချင်လို့
သီးသန့်ချန်ပေးထားတာကို
သူ့လောက်မှ နားမလည်ဘူးအထင်နဲ့
မိမိကိုယ်ကို အထင်ကြီးနေတဲ့သူ‌ တွေရှိတယ်

နေရာတော်တော်များများမှာ
ဒီလိုမျိုးလူတွေရှိပါတယ်

ဒီလိုလူတွေနဲ့ တွေ့တဲ့အခါ
ပြိုင်မငြင်းပါနဲ့ အရှုံးသာပေးလိုက်ပါ
သူတို့ပျော်သွားပါလိမ့်မယ်

တချို့အရာတွေက ခေါင်းငုံ့ခံနေရတိုင်း
လေးစားလို့မဟုတ်သလို
အရှုံးပေးလိုက်တာမဟုတ်ဘူး

မတူလို့မတုလိုက်တာပါ......

ဘဝမှာ
ညဏ်နည်းတဲ့လူက လက်စားချေတယ်
ညဏ်ရှိတဲ့လူက ခွင့်လွှတ်တယ်
အတော်ဆုံးလူက လစ်လျူရှု့လိုက်တယ်

ဒီသုံးချက်ထဲက
သင်ကဘယ်လိုလူမျိုးလည်းဆိုတာ သိပြီး
လူတွေအပေါ်ဆက်ဆံနိူင်ရင်
အကောင်းဆုံးဘဝနေထိုင်းခြင်းပါပဲ...

#အောင်သင်း
Poem Heaven

21/02/2026

ကားဘီးဆိုတာ နေ့တိုင်းပေါက်နေတာမှ မဟုတ်တာဗျာ။ ဘာလို့ ကားထဲမှာ ဘီးအပိုတွေ နေ့စဉ်အလေးခံပြီး ဆောင်ထားကြသလဲဆိုတဲ့ Concept ကို ပြန်စဉ်းစားကြည့်ရင် သိမှာပါ။

ကျွန်တော်တို့ အပြင်ထွက်ရင် ကိုယ့်အိတ်ကပ်ထဲ ထည့်သွားတဲ့ ပိုက်ဆံအကုန်သုံးဖြစ်တာမှ မဟုတ်တာ.. ဘာလို့ သုံးမယ်ဆိုတာ မသေချာတဲ့ ပိုက်ဆံအပိုတွေ အိတ်ကပ်ထဲ အလေးခံ အပျောက်ခံပြီး ထည့်သွားသေးလဲဆိုတဲ့ အချက်လည်း ပြန်စဉ်းစားကြည့်လို့ရပါတယ်။

တကယ်တော့ အသက်အာမခံဆိုတာ လူလတ်တန်းစားတွေအတွက် ပိုလိုအပ်ပါတယ်။ သူဌေးတွေက သူတို့မရှိရင် နောက်က သူ့မိသားစုအတွက် အထုပ်အထည်တွေနဲ့ မကြောင့်မကြအောင် ထားခဲ့နိုင်ပါသေးတယ်။ လူလတ်တန်းစားတွေမှာက လူကိုပဲ ရင်းပြီး မိသားစုကို ကျွေးနေရတာမို့ ကိုယ်မမျှော်မှန်းနိုင်တဲ့ဖြစ်ရပ်တွေအတွက် ကိုယ့်မိသားစုကို အကာအကွယ် ယူထားသင့်ပါတယ်။

တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အသက်အာမခံဆိုတာ မိသားစုအတွက် Family Financial Planning တစ်ခုအဖြစ်နဲ့ မထားမဖြစ်ကို ထားကြတာပါ။ သုတေသနစာတမ်းအရ အမေရိကန်နိုင်ငံမှာဆို လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း (၁၉၉၈-၂၀၁၈) သူ့နိုင်ငံသားတွေ ဝယ်ထားတဲ့ စုစုပေါင်းအသက်အာမခံပေါ်လစီ အရေအတွက်က သန်း ၆၆၀ နီးပါး ရှိတယ်။ အမေရိကန် တစ်နိုင်ငံလုံး လူဦးရေစုစုပေါင်းမှ သန်း ၃၂၈ သန်းပဲ ရှိတာမို့ လူတစ်ယောက်ကို အနည်းဆုံး အသက်အာမခံ ပေါ်လစီ ၂ ခုနဲ့အထက် ရှိတဲ့သဘောပါပဲ။ ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကဝယ်ထားတဲ့ အသက်အာမခံအရေအတွက်ကိုပဲ ထည့်တွက်ထားသေးတာပါ။ ကမ္ဘာထိပ်သီး အမေရိကန်တွေ တုံးလို့၊ မတွက်တတ်လို့ အသက်အာမခံ ထားထားကြတာမဟုတ်တာတော့ သေချာပါတယ်ခင်ဗျာ။ ပညာတတ်လေ၊ စဉ်းစားဉာဏ်ရှိလေ သူ့မိသားစုရဲ့ Family Financial Planning ကို စနစ်တကျ ချတတ်လေဆိုတဲ့ သဘောပါ။

ဆိုတော့ဗျာ
"ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် တရားဓမ္မ အားထုတ်ပါ။"
"သင့်မိသားစုကို ချစ်တယ်ဆိုရင် အသက်အာမခံ ထားထားပါ။"
Credit with THANKS: Thet Oo Shwe

25/01/2026

"အာမခံမထားဘူး"ဆိုတဲ့လူတွေကို
ထားပါလို့ပြောလို့မရပါဘူး ။
ဒါဟာသူတို့ရွေးချယ်မှုသာဖြစ်ပါတယ်။
"ဖြစ်ခါမှဖြစ်ရော ဖြစ်မှကြည့်ကျက်ရှင်းမယ်"ဆိုတဲ့လူတွေအများကြီးပါ

ကျမတို့တာဝန်က...

အာမခံကိုစိတ်ဝင်စားပါတယ်
ဘယ်လိုဟာမျိုးလဲ
ဘာတွေပေးပြီးဘာတွေပြန်ရမလဲ
ဘယ်အသက်အရွယ်အတွက်
ဘာအမျိုးအစားတွေရနိုင်ပါသလဲ
ငွေဘယ်လောက်ကုန်နိုင်သလဲ
ဒါမျိုးတွေစိတ်ဝင်စားတဲ့သူမျိုး သိချင်တဲ့သူမျိုးတွေကိုပဲ ဝန်ဆောင်မှုပေးလို့ရတာပါ။

ဒါ့ကြောင့်
အာမခံနဲ့ပတ်သတ်တဲ့သိကောင်းစရာတွေအမြဲရေးပါတယ်
ပွဲတွေရှိရင် အသိပေးဖိတ်ကြားပါတယ်
လာမေးသမျှအားလုံးကို လက်ခံဖြေကြားပါတယ်
လိုချင်တဲ့မိတ်ဆွေတွေကို ရအောင်ဆောင်ရွက်ပေးပါတယ်

ဒါဟာ အာမခံအကြံပေးတစ်ယောက်ရဲ့
နေ့စဉ်လုပ်နေတဲ့အလုပ်ပါပဲ

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay Street
Yangon
11221