Aung Pyitan
Technical Expert on -
• Construction Chemicals
• Construction Machinery
• Engineering Consultation
19/05/2026
Yangon Convention Center မှာကျင်းပပြုလုပ်ခဲ့သော Build Smart & Biggest Myanmar Production 2026 Expo ပြပွဲကြီးတွင် Aung Pyitan မှ ထုတ်ကုန်များစွာ ပါဝင်ပြသခဲ့ပြီး လာရောက်လေ့လာကြတဲ့ Business Owners, Clients, Industry အသီးသီးမှ Professionals များ အယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ် 🤝
13/05/2026
မြန်မာနိုင်ငံ၏ အကြီးမားဆုံး ထုတ်ကုန်ပြပွဲဖြစ်တဲ့ " Build Smart & Biggest Myanmar Production Expo 2026" ပွဲကြီးမှာ APT ထုတ်ကုန် ပစ္စည်းများလည်း ပါဝင်ပြသွားမှာဖြစ်ပါတယ်။
Date - 15.5.2026-17.5.2026
Location - Yangon Convention Centre (YCC)
08/05/2026
မကွေးမြသလွန် ဘုရားကြီးကို ဘယ်လိုပြုပြင်မွန်းမံခဲ့လဲ?
🔰မကွေးမြသလွန် ဘုရားကြီးတွင် ကွန်ကရိပျက်စီးမှု၊ ရေစိမ့်ဝင်မှု၊ သံချေးတက်မှုနှင့် Structural Strengthening ဆိုင်ရာ ပြုပြင်မှုများကို အောင်ပြည်တန်မှ စနစ်တကျ ပြုပြင်မွန်းမံမှုများ လုပ်ဆောင်ခဲ့ပါသည်။
🔰မကွေးမြသလွန် ဘုရားကြီး ပြုပြင် မွန်းမံရာတွင် အီတလီနိုင်ငံထုတ် MAPEI တံဆိပ် product များ အသုံးပြုခဲ့ပါသည်။
ပြုပြင်မွမ်းမံရာတွင် အသုံးပြုခဲ့သော ပစ္စည်းအသေးစိတ်မှာ
✅ဘုရားရင်ပြင်ရှိ ကွန်ကရိစလပ် မျက်နှာပြင်အား ရေစိမ့်ဝင်မှုမှ ကာကွယ်နိုင်ရန်အတွက် ဘိလပ်မြေ အခြေခံ ရေလုံဆေး အမျိုးအစား Mapelastic ကို အသုံးပြု၍ ရေလုံဆေး လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
✅ဘုရားရင်ပြင်ရှိ ပျက်စီးနေသော ကွန်ကရိ မျက်နှာပြင်အား Structural Repair Mortar အမျိုးအစား Mapegrout Patch 218 ဖြင့် ပြုပြင်ခဲ့ပါသည်။
✅သံချေးတက်နေသော သံချောင်းများအား သံချေးချွတ်၍ သံချေးတက် ကာကွယ်ဆေး Mapefer 1K သုတ်လိမ်းခဲ့ပါသည်။
✅H Beam များတွင် corrosion resistant Paint အမျိုးအစား Mapecoat SZ MY သုတ်လိမ်းခဲ့သည်။
✅Slab ၏ ခံနိုင်ရည်အား တိုးတက်စေရန် Mape Wrap Primer 1 SP, Mape Wrap 31 SP နှင့် Mape wrap C Uni AX 230 တို့ကို အသုံးပြု၍ structural strengthening လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
🔰အဆောက်အဦ ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်၍ အသုံးပြုသင့်သည့် ဆေးအမျိုးအစားနှင့် နည်းလမ်းများကို Aung Pyitan နှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅09 881 881 420
01/05/2026
အလုပ်သမားနေ့ (မေဒေး)
ယနေ့ မေလ(၁)ရက်မှာ ကျရောက်သော “အလုပ်သမားနေ့” တွင် ကာယ၊ဥာဏ အားတွေနဲ့ စွမ်းစွမ်းတမံလုပ်ဆောင်နေကြသော အလုပ်သမားများ အားလုံး ကျန်းမာဘေးကင်းပြီး အောင်မြင်ပျော်ရွှင်သောလုပ်ငန်းခွင်များရရှိ ပိုင်ဆိုင်နိုင်ပါစေကြောင်း Aung Pyitan မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်…
30/04/2026
2026ခုနစ်၊ဧပြီလ(30)ရက်နေ့တွင် ကျရောက်သည့် ‘ကဆုန်လပြည့်နေ့’ မှစ၍ မြန်မာပြည်သူပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ Aung Pyitan မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...🙏
28/04/2026
🔰စေးပျစ်အားကောင်းပြီး စွယ်စုံသုံးလို့ရတဲ့ APT Epoxy 100
✅APT Epoxy 100 သည် စေးပျစ်ပျစ် ပတ်တီးကော် ဖြစ်တဲ့အတွက် နံရံနှင့် မျက်နှာကျက်ရှိ အပေါ်ယံ အက်ကြောင်းများကို စီးကျမှုမရှိဘဲ အလွယ်တကူပြုပြင် ဖာထေးနိုင်ပါတယ်။
✅စွဲကပ်အားလည်း မြင့်မားတာကြောင့် မတူညီသော မျက်နှာပြင်များဖြစ်တဲ့ (ကွန်ကရိ၊ အလူမီနီယံ၊ ပိုက်၊ ကျောက်တုံး၊ သံထည်) များ တစ်ခုနဲ့ တစ်ခု တွဲဆက်ချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။
✅Epoxy 100 အသုံးပြုရာတွင် Part A နှစ်ဆ နှင့် Part B တစ်ဆကို သမအောင်မွှေပြီး မီးခိုးရောင်ဖြစ်၍ ဆေးတစ်သားတည်း ဖြစ်သွားချိန်တွင် ကိုင်းပြားဖြင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
For more information and Technical Datasheets, message or call us:
📞📞Phone (or) Viber
✅ 09 881 881 420
ဗုဒ္ဓပြတိုက်လိုမျိုး ရှေးဟောင်း အဆောက်အဦတွေမှာ နံရံရဲ့ မူလ လက်ရာ မပျက်စေဘဲ ရေစိမ့်မှုကို အထိုက် အလျောက် ကာကွယ်ချင်တယ်ဆိုရင် APT Water Repellent အသုံးပြုလို့ရပါတယ်။ ပိန်းကြာရွက်ပေါ်ရေမတင်သလိုမျိုး ဖြစ်တဲ့အတွက် ကွန်ကရိ အတွင်း ရေစိမ့်ဝင်မှုကို ကာကွယ်ပေးပြီး ကွန်ကရိ wall ရဲ့ Life ကို ရှည်ကြာစေပါတယ်။ လေဝင်လေထွက် ကောင်းမွန်ပြီး သံချောင်း သံချေးတက်တာနဲ့ ရေညှိတက်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် မြန်မာမှု လက်ရာပါတဲ့ အဆောက်အဦတွေနဲ့ ရှေးဟောင်း အဆောက်အဦတွေမှာ APT Water Repellent အသုံးပြုလို့ရပါတယ်။
#ရေမတင်ဆေး
17/04/2026
မြန်မာနှစ်သစ်မှ စတင်၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများ တိုးပွားပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
11/04/2026
“မြန်မာ့ နှစ်သစ်ကူး သင်္ကြန် ရုံးပိတ်ရက် ကြေညာခြင်း”
(၁၁.၄.၂၀၂၆) ရက်နေ့မှ (၁၉.၄.၂၀၂၆) ရက်နေ့ သည် မြန်မာ့ နှစ်သစ်ကူး သင်္ကြန် ကာလ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် Aung Pyitan ၏ ရုံးပိတ်ရက်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
နှစ်သစ်တွင်
💦 စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
💦 ပျော်ရွှင်စရာအချိန်များကို မိသားစု၊ မိတ်ဆွေများနှင့်အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ရေလုံဆေးမှာ Fiber Glass Mesh ထည့်သွင်း အသုံးပြုမယ်ဆို ဘယ်လို အားသာချက် အကျိုးကျေးဇူးတွေ ရနိုင်မလဲ?
27/03/2026
၂၀၂၆ ခုနှစ်၊ မတ်လ၊ (၂၇) ရက် (သောကြာနေ့) သည် “တပ်မတော်နေ့” အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသဖြင့် Aung Pyitan ၏ ဝန်ဆောင်မှုများကို ခေတ္တခဏ ရပ်နားထားပြီး (၃၀.၃.၂၀၂၆) ရက်နေ့တွင် ပုံမှန် အတိုင်း ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
54 A, Thirimingalar Street (2). Kamayut Township
Yangon
11041
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 13:30 |