PhyoNix

PhyoNix

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PhyoNix, Yangon.

Photos from ဒေါက်တာအေးကျော် ဘဝတက်လမ်းစာပေ ဖုန်း 09 5137526's post 28/03/2020
28/03/2020

အသိတရား ရှိထားဖို့လိုသည်

ကိုဗစ်ကြောင့် လုပ်ငန်းခွင်တွေမှာ စိုးရိမ်ပူပန်နေရတာတွေ၊ မိဘက စိတ်ပူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သင်္ကြန်ရက်အထိ ခွင့်ယူချင်တဲ့သူတွေ များပြားလာလို့ လိုတိုရှင်း အဓိက အချက် ၂ ချက် ပြောပါမယ်..

၁။ သင်ဟာ အသက် ၂၀ ကနေ ၅၀ ကြား ကျန်းမာသန်စွမ်းသူဆိုရင် ကိုဗစ်ကူးခဲ့ရင်တောင် အသက်ရှင်ဖို့ ၉၉% ကျော် ရှိပါတယ်။ ✅

၂။ ကိုဗစ်သည် တစ်ပါတ် ၁၀ ရက်နဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ပါဘူး။
ရေရှည်ကိစ္စပါ။
အခန့်မသင့်ရင် မြန်မာပြည်တုတ်ကွေးရာသီနဲ့ ဆက်သွားပြီး ၁၁ လပိုင်းလောက်အထိ ဆက်လက်ဖြစ်ပွါးနိုင်ပါမယ်။✅

နယ်ပြန်မယ်။ ကိုဗစ်အမြစ်ပြတ်မှ အလုပ်ပြန်လာလုပ်မယ် စဉ်းစားထားသူတွေ သေချာစဉ်းစားဖို့ လိုပါမယ်။ 🤔

••••••••••••••••••••••••••••••••••••

လက်ရှိအဆင့်က ရောဂါမပြန့်နှံ့အောင် ကာကွယ် ထိန်းချုပ်နေတဲ့ အဆင့်ပါ။
လက်ရှိပတ်ဝန်းကျင်မှာ ဆက်နေတာ အကောင်းဆုံးပါ။
မိမိရဲ့နယ်ကို သွားရာလမ်း၊ မိမိနယ်မှာ စောင့်ကြပ်ကြည့်ရှုမှုက ကင်းလွတ်နေတဲ့ ခိုးဝင် ပြည်တော်ပြန်တွေလဲ ရှိနိုင်ပါတယ်။ ‼

ဘယ်နေရာမှာနေနေ တကိုယ်ရည် ကာကွယ်ရေးနည်းလမ်းတွေကို သေချာလိုက်နာဆောင်ရွက်ရင် ရောဂါကို ကာကွယ်တားဆီးနိုင်ပါတယ်။✅

အစိုးရအနေနဲ့ တကယ်လိုအပ်လာရင် လုပ်ငန်းအားလုံး ရပ်ဆိုင်းခိုင်းတာ အိမ်ကနေ အပြင်ပေးမထွက်တာတွေ ညွှန်ကြားပါလိမ့်မယ်။
လက်ရှိလဲ လုပ်ငန်းအမျိုးအစားအချို့ကို ရပ်ဆိုင်းခိုင်းထားပါတယ်။

ဒီအချိန်မှာ လုပ်ငန်းရှင်တိုင်းကလဲ လုပ်ငန်းခွင်မှာ ရောဂါကူးစက်ပြန့်ပွါးမှု မရှိအောင်လုံလောက်တဲ့ အစီအမံတွေ သတ်မှတ်ပေးရပါမယ်။
လုပ်ငန်းစဉ်အချို့ ပုံစံပြောင်းရပါမယ်။ အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း တိတိကျကျလိုက်နာဖို့ လိုပါမယ်။

အကြောက်လွန်စရာ မလိုပါဘူး။
တည်ငြိမ်စွာနဲ့ ဝိုင်းဝန်းရင်ဆိုင်ကြရမှာပါ။

ကျော်ဆန်းဦး (ယူနစ်)
၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်

PS. သဘောတူလို့ ဝေမျှချင်ရင် ကော်ပီကူးပြီး ပိုစ့်အသစ်အဖြစ် တင်ပေးပါ။ ပိုထိရောက်အောင်လို့ပါ

Credit :

28/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၆-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲ စစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာ (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) (ဇယား-၁) ရပြီး စောင့်ကြည့်လူနာ (၄၆) ဦး (ဇယား-၂) တွင် COVID-19 ရောဂါ ပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။

COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရသော လူနာနှစ်ဦးမှာ -

(04) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ ပါသည်။ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

- အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

(05) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါ သည်။

၆။ ထို့အပြင် ကျိုင်းတုံပြည်သူ့ဆေးရုံ၊ ပျဉ်းမနားပြည်သူ့ဆေးရုံတို့တွင် အသွားအလာကန့်သတ် ထားရှိသူ (၂) ဦး၏ ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ပါ ကြောင်း သိရှိရပါသည်။

၇။ ယနေ့ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၀) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။
Credit to

Photos from ဟာသ သုတ ရသစံု's post 31/12/2019
Photos from မိသားစု Online Cooking Foodstuff's post 11/12/2019
Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon