Digital Evolve Myanmar
Digital Evolve is the full service-digital agency. We help brands stand out and succeed with our innovation, technology and digital services.
01/04/2020
Covid 19 အန္တရာယ် ကြောင့် ခုလို Crisis ဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်း အားလုံးနီးပါး အကြပ်ရိုက်ကြရတယ်။ Marketer တွေအနေနဲ့လဲ ဒီလိုရုတ်ခြည်းပြောင်းလဲလာတဲ့ အခြေအနေတွေပေါ်လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင်လုပ်ထားနိုင်မှကာ တော်ကာကျမှာပါ။
Humology Myanmar ကနေ မတ်လ ၂၇ ရက်ကကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဖြေဆိုသူတွေရဲ့ ၅၅% က အပြင်ထွက်ပစ္စည်းမဝယ်တော့ဘဲ အွန်လိုင်း ကနေပဲဝယ်လာကြပါပြီ...
အွန်လိုင်းပေါ်မှာ ဗီဒီယိုကြည့်နှုန်း ဂိမ်းဆော့နှုန်းတွေသိသိသာသာ တိုးတက်လာပြီးတော့ ၅၃% သောလူတွေကလဲ သူတို့အတွက်လိုအပ်တဲ့ အပ်ပလီကေးရှင်းတွေကို အရင်ကထက်ပိုပြီး ဒေါင်းလုဒ်ပြုလုပ်လာကြပါတယ်လို့ဆိုပါတယ်။
image - Humology page
18/11/2019
Facebook Ad တစ်ခု run တော့မယ်ဆိုရင်
Page က နေ တိုက်ရိုက် Boost လုပ်တာနဲ့
Ads Manager ထဲက နေ ဝင်ပြီး run တာနဲ့ ဘာကွာလဲဆိုတာသင်သိပါသလား ???
11/11/2019
တန်ဆောင်တိုင် ပိတ်ရက်လေးကို အကောင်းဆုံးအပျော်ရွှင်ဆုံးဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.
10/11/2019
ကိုယ့် Business မှာ ကိုယ်ချမှတ်ထားတဲ့ Goal တစ်ခုရှိနေပြီဆိုရင် goal နဲ့ ကိုက်ညီတဲ့ Facebook Ad အမျိုးအစားတစ်ခုကိုရွေးချယ်ရမှာဖြစ်ပါတယ်။
Facebook ads အမျိုးအစားတွေ အကြောင်းအရင်တစ်ခါက တင်ထားပြီးပြီဖြစ်လို့ အခု ဘယ် Ad ကို ဘယ်အချိန်မှာ ရွေးချယ်ရမလဲဆိုတာပြောပြချင်ပါတယ်။
ဥပမာ.. ကိုယ်ဟာ Website က နေ ဈေးရောင်းနေတဲ့ ecommcerce ဖြစ်ပြီး cutomer တွေ ကိုယ့် Website ကို ဝင်ကြည့်စေချင်တယ်ဆိုရင် Get More Website Visitors ad ကို ရွေးချယ်ရမှာဖြစ်ပါတယ်။
နောက် ဥပမာတစ်ခုက ကိုယ်က ရပ်ကွက်တစ်ခုမှာ Gym or Fitness Center တစ်ခုဖွင့်ထားပြီး လူတွေကို ကိုယ့် gym နေရာကို လာရောက်လေ့လာစေချင်တယ်ဆိုရင် Promote Your Business Locally ကိုရွေးချယ်ပြီး Target နေရာမှာ ကိုယ်တည်ရှိနေတဲ့Location နဲ့ Audience Interest မှာ Gym နဲ့ Fitness လိုက်စားမယ့် သူတွေလိုမျိုးကို ထည့်ပေးရမှာပါ။
09/11/2019
ပိတ်ရက်ရှည် မှာကိုယ်က အနားယူနေပေမယ့် ကိုယ့် Page ကတော့ နားနေမှာမဟုတ်ပါဘူးနော်...
ကိုယ့် Business မပိတ်ခင်မှာ Page ကို Message ပို့တဲ့ customers တွေအတွက် Chat bot ဒါမှမဟုတ် Auto Response လေးလုပ်ထားခဲ့မယ်ဆိုရင်ဖြင့် customer တွေကို ဂရုစိုက်ကြောင်းပြနိုင်မှာအမှန်ပါပဲ။
07/11/2019
Business Page တစ်ခုအနေနဲ့ ကျွန်တော်တို့ Facebook မှာ ဘယ်လိုပို့စ်တွေ တင်ကြမလဲ?
တစ်ဖက်မှာအရောင်းပို့စ်တွေရှိတယ်၊ တစ်ဖက်မှာ ဖောက်သည်ကိုဆွဲဆောင်ရတာရှိတယ်။ Content တွေကိုဘယ်လိုဖန်တီးကြမလဲ?
အထူးသဖြင့် SME တွေမှာ အစစ, အရာရာကိုယ်ပဲတာဝန်ယူနေရတဲ့အတွက် တစ်ခါတစ်လေ အလုပ်တွေအရမ်းများလာတဲ့အခါ page တွေကိုလှည့်မကြည့်အားဖြစ်တတ်ကြပါတယ်။
ဝန်ထမ်းငှားဖို့အတွက်လည်း တစ်ဖက်မှာကုန်ကျစရိတ်၊ လစာအပြင် ဒီဟာအတွက်သုံးရတဲ့ equipment တွေ, facilities တွေကပိုဝန်ပိလာတတ်ပါတယ်။
ဒီတော့ ကိုယ့် page ကိုစီမံခန့်ခွဲဖို့ Third Party ကိုအပ်ဖို့စဉ်းစားသင့်နေပြီလား ?
အကယ်၍ Third Party ကို အပ်ဖို့လိုအပ်နေပြီဆိုရင်တော့ သင့်လိုအပ်ချက်ကိုအဓိကထားပြီး ဝန်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ Digital Evolve Myanmar ကိုဆက်သွယ်လိုက်ပါ။
ဝန်ဆောင်မှုအသေးစိတ်ကို message box မှာမေးမြန်းနိုင်ပါပြီခင်ဗျာ။
31/10/2019
Facebook ads အမ်ိဳးအစားမ်ား (၂)
4. ကိုယ့်ဒေသတွင်းမှာ သတိပြုမိစေခြင်း (local awareness)
သင်ဟာ ဆိုင်ဖွင့်ပွဲလုပ်တာမျိုး ဒါမှမဟုတ် သင့်ရဲ့ဆိုင်ခွဲတွေထဲက တစ်ခုရဲ့ တည်နေရာကို သတိပြုမိစေချင်တာမျိုး ရှိတယ်ဆိုရင် local awareness ads ကိုသုံးပါ။
Local awareness ဟာ brand awareness နဲ့ဆင်တူပေမယ့် product အစား location ကို သတိပြုမိစေတာမျိုးပါ။
5. Website များဖြင့် ကြော်ငြာခြင်း
Website conversion ads တွေကတော့ သူတို့ကိုနှိပ်လိုက်ရုံနဲ့ website link ကို တိုက်ရိုက်ဖွင့်မိစေတာပါ။
ကိုယ့် page နဲ့ပတ်သက်တဲ့ newsletter တွေ sign up လုပ်စေချင်တာမျိုး free trial ကာလရှိတာကို သိစေချင်တာမျိုးနဲ့ free offer ကို download ဆွဲစေချင်တာမျိုး စတာတွေအတွက် website ads တွေကိုသုံးပါ။
6. Website များသို့ ဝင်စေခြင်း
တချို့ website တွေရဲ့ ရည်ရွယ်ချက်ဟာ သူတို့ website ကို ဝင်ကြည့်သူများဖို့ပါပဲ။
ဒီလို ရည်ရွယ်ချက်အတွက်ဆိုရင်တော့ website click ads ကိုသုံးပြီး blog posts တွေ တခြားစိတ်ဝင်စားစရာကောင်းတဲ့အရာတွေနဲ့ user တွေ ကိုယ့် website ဝင်ကြည့်လာအောင် ဆွဲဆောင်ပါ။
28/10/2019
Facebook ads အမျိုးအစားများ (၁)
1. Application ကြော်ငြာများ
Application ကြော်ငြာတွေဆိုတာ user နဲ့ application တို့ကြား ဆက်စပ်ပေးတာပါပဲ။
Application ကြော်ငြာတချို့ကတော့ user ကို download ဆွဲခိုင်းတာမျိုး install လုပ်ခိုင်းတာမျိုး မလုပ်ဘဲ အဓိက ဆွဲဆောင်နိုင်တဲ့ app feature တွေ အသုံးပြုနည်းတွေကိုပဲ ကြော်ငြာပါတယ်။
App install လို့ခေါ်တဲ့ ads တွေကတော့ တစ်ခါတည်း အရေးကြီးတဲ့ feature တွေအစား ဒီ app ရဲ့ အဓိက ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကိုပဲ ကြော်ငြာပြီး download ဆွဲစေတာပါ။
2. ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို သတိပြုမိစေခြင်း
Facebook ရဲ့ Brand awareness ads ကတော့ user တွေစိတ်ဝင်စားလောက်မယ့် content တစ်ခုခု ဖန်တီးပြီး ကိုယ့် ပစ္စည်းရဲ့ အမှတ်တံဆိပ်ကို သတိပြုမိစေတာပါ။
3. Store Visit
Store Visit ads တွေဟာ ကိုယ်သတ်မှတ်တဲ့ တည်နေရာတစ်ခုတည်းက user တွေကိုပဲ target ထားပြီး ကြော်ငြာပေးပါတယ်။
Store Visit ads တွေကို အကောင်းဆုံးအသုံးချချင်တယ်ဆိုရင် သင့်ရဲ့ page မှာ location အပြည့်အစုံ ထည့်ဖို့တော့ လိုပါမယ်။
27/10/2019
Facebook Marketing လုပ်ခြင်းရဲ့ အဓိကကျတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ Data တွေ ပြန်ရခြင်းပါပဲ။ ကိုယ့်ရဲ့ ကြော်ငြာကို ကြည့်သွားတဲ့သူတွေအကြောင်း၊ သူတို့လုပ်သွားတဲ့ Action တွေအကြောင်းကို အတိအကျ ပြန်ရနိုင်ပါတယ်။ ဒါပေမယ့် ပြန်ရတဲ့ Data ကို ကြည့်ပြီး အသုံးမချရင်လည်း အချဉ်းနှီးပါပဲ။ ဒါကြောင့် Data ကို ကြည့်ပြီး Analysis ပြန်လုပ်တတ်ဖို့လဲ လိုအပ်ပါတယ်။ ဒီလိုမျိုး ကြော်ငြာဖန်တီးတာကနေစပြီး နောက်ဆုံး Analysis နဲ့ Reporting ပိုင်းကိုပါ strategy တွေ plan တွေနဲ့ သေချာသွားချင်တယ်ဆိုရင်တော့ Digital Evolve Myanmar နဲ့ ဆက်သွယ်လိုက်ပါ။
26/10/2019
Call To Action ဆိုတာ ကျွန်တော်တို့ အင်တာနက် သုံးပြီဆိုတာနဲ့ မြင်တွေ့နေကြ အရာတစ်ခုဖြစ်ပါတယ်။
Call To Action ( CTA ) ဆိုတာ အလွယ်တကူ ပြောရရင် မိမိ Offer လုပ်တဲ့ အကြောင်းအရာတစ်ခုအတွက် လူတွေက စိတ်ဝင်စားကာ အဲ့ဒီ Offer လုပ်တဲ့ လုပ်ငန်းရဲ့ သက်ဆိုင်တဲ့ Web Page တစ်ခုခုဆီသို့ ရောက်သွားအောင်တို့ ဖုန်းတိုက်ရိုက်ခေါ်အောင်တို့ Message ပို့တာတို့စသည်ဖြင့် Click လုပ်ခိုင်းတဲ့ Button တစ်ခုပါပဲ။
ဒီလို CTA Button လေးကို Page မှာသေချာထည့်ထားပေးခြင်းဖြင့် ကိုယ့် Page ကိုလာလည်တဲ့ Customer တွေကို Action လုပ်ဖြစ်အောင်တိုက်တွန်းစေမှာပါ။
24/10/2019
Local Business Page တစ်ခုဖန်တီးတော့မယ်ဆိုရင် ကိုယ့် Page မှာ ပါဝင်သင့်တဲ့အချက်တွေကို ဖော်ပြချင်ပါတယ်
Local Business ဆိုတာကတော့ ကိုယ့်ပါတ်ဝန်းကျင်က Local Community ကို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမျိုးဖြစ်ပြီး... ကော်ဖီဆိုင်၊စားသောက်ဆိုင်၊ Gym၊ အိမ်မွေးတိရိစ္ဆာန် အစာဆိုင်၊ အအေးဆိုင် စသည်ဖြင့်ပေါ့။ ဒီလိုလုပ်ငန်းမျိုးတွေအတွက် Page တစ်ခု create လုပ်မယ်ဆိုရင် ဆိုင်ရဲ့
Contact info
Description
ဖွင့်ချိန်- ပိတ်ချိန်
စတဲ့ information တွေကတော့မထည့်မဖြစ်ထည့်ပေးရမှာဖြစ်ပါတယ်။
22/10/2019
ကိုယ့် Business ရဲ့ Digital Marketing မှာ ထည့်သွင်းအသုံးပြုသွားမည့် Media Buying ပိုင်းအနေနဲ့ Facebook Advertising, Google Adwords, Programmatic Ads, YouTube Ads နှင့် အခြားအခြားသော Digital Advertising များ နှင့် Digital Ads Strategy တည်ဆောက်ခြင်းတို့အတွက် ကျွမ်းကျင်သူတွေကို အပ်ထားချင်တယ်ဆိုရင်တော့ Message လေးချန်ထားခဲ့ပေးပါခင်ဗျာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 12, Zaya Thukha Street Thuwanna, Thin Gan Gyun Township 11072
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 11:00 - 13:00 |