FGA Gem Testing Laboratory

FGA Gem Testing Laboratory

Share

Mingalar Bar, Our Customers

22/08/2026

“ကျေးဇူးတင်လွှာ”

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့် “ပဉ္စမအကြိမ်မြောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအရောင်းပြပွဲ-၂၀၂၆”
5th Yangon International Gems & Jewellery Fair 2026 တွင် ဝယ်ယူသည့် Customer များလွယ်ကူမှန်ကန်စွာဝယ်ယူနိုင်စေရန်ရည်ရွယ်၍ အသင်းမှပညာရှင်အကြံပေးများမှ ပြပွဲ(၄)ရက်တာကာလအတွင်းအလှည့်ကျတာဝန်ယူစစ်ဆေးပေးခဲ့သည့်အတွက်ဝယ်ယူသူများအနေဖြင့်များစွာအဆင်ပြေ
ခဲ့ပါသည်။
ပြပွဲရက်များအတွင်းတာဝန်ယူစစ်ဆေးပေးခဲ့ကြသော
(၁) ဆရာဦးကျော်ဝဏ္ဏ(FGA Gem Testing Laboratory)
(၂) Dr. ကျော်သူ( S Gemmological Institute)
(၃) ဦးကျော်စွာထွန်း( AGGL)
(၄) ဦးဘုန်းဖြိုးကံညွန့် ( HGL Hphone Gem Lab)တို့အား
လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အရည်အသွေးစစ်ဆေးခြင်းနှင့်ကျောက်မျက်ဓါတ်ခွဲခန်းကော်မတီ

ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

18/08/2026

The Gemological Institute of America (GIA) recently analyzed a vivid-orangey-yellow natural diamond that displayed pe*******on growth twinning.

The 0.37-carat rough was on loan from the GIA Museum. The diamond showed the symmetrical formation of two crystals of the same mineral – a natural process, according to an article in the spring issue of the institute’s quarterly journal, Gems & Gemology.

Read more: Link below

09/08/2026

We did it!

Photos from Focal Gems Academy's post 09/08/2026
05/08/2026

August 8, 2026 — FGA Gem Testing Laboratory pleased to participate the 5th Yangon International Gems & Jewellery Fair (YGJF 2026) hosted at the Lotte Hotel, Yangon.

As an Official Supporting Contributor to the Yangon Gems and Jewellery Entrepreneurs Association (YGJEA), we remain dedicated to supporting and promoting the growth and excellence of the Myanmar’s gems and jewellery industry.

ကျွန်တော်တို့ရဲ့ FGA Gem Testing Laboratory သည်၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှာ Lotte Hotel တွင်ကျင်းပပြုလုပ်မည့် (၅) ကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် ရတနာပြပွဲ (YGJF 2026) မှာရှိနေပါမယ်

ဒီပြပွဲကြီးမှာ ကျွန်တော်တို့ FGA Gem Testing Laboratory က YGJEA (ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း) ရဲ့ Official Supporting Contributor အဖြစ် ပါဝင် အားဖြည့် ဆောင်ရွက်ပေးထားပါတယ်

လူကြီးမင်းတို့ရဲ့ကျောက်မျက်နှင့်လက်ဝတ်ရတနာများကို လာရောက်စစ်ဆေးနိုင်ပါကြောင်းအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

29/07/2026
Photos from FGA Gem Testing Laboratory's post 29/07/2026

✅ပညာရှင်များစွာ တက်ရောက်ခဲ့သည့် Focal Gems Academy ရဲ့ Grand Opening အခမ်းအနား ကျင်းပပြီးစီးခဲ့ပါပြီ… 💎✨🎉

ကျောက်မျက်ရတနာပညာကို စနစ်တကျ သင်ကြားပေးသွားမည့် Focal Gems Academy ရဲ့ Grand Opening အခမ်းအနားကို ပြီးခဲ့သည့် (၂၇.၇.၂၀၂၆) ရက်နေ့၊ နေ့လည် ၁ နာရီက Pan Pacific Hotel (Yangon) ၌ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 👏✨

အဆိုပါ မင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ဝါရင့် ကျောက်မျက်ပညာရှင်များ၊ ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များစွာ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး Focal Gems Academy ၏ သင်ကြားရေးဆိုင်ရာ ရည်မှန်းချက်များကို ဝမ်းမြောက်စွာ အားပေးခဲ့ကြပါသည်။ 📸🤝

ထို့ပြင် အခမ်းအနား အစအဆုံး အောင်မြင်စွာ ကျင်းပ
နိုင်ရန်အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော ချစ်ခင်လေးစားရပါသော မိတ်ဆွေများနှင့်တကွ ပါဝင်ကူညီကြသူ အသီးသီးကိုလည်း Focal Gems Academy မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ 🙏💎
FGA Gem Labနှင့် Focal Gems Academy တွင် ဝါရင့်ကျောက်မျက်ပညာရှင်များ၏ လက်တွေ့သင်ကြားမှုဖြင့် ကျောက်မျက်များ၏ အရည်အသွေး၊ အမျိုးအစားနှင့် တန်ဖိုးသတ်မှတ်နည်းများကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပေးသွားမည်ဖြစ်ပါသဖြင့် သင်တန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို Page Messenger မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါပြီခင်ဗျာ… 📩✨
#ကျောက်မျက်သင်တန်း

Telephone

Address


Room No. 3020, Level 2, Taw Win Center, No. 45, Pyay Road, Dagon Township
Yangon
11191

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00