Royal 9 Model Agency
Practice makes perfect
16/04/2022
မြန်မာနှစ်သစ်ကူး အခါသမယ မှ စလို့ သက်ရှိသတ္တဝါများ အားလုံး...
ကျန်းမာခြင်း ချမ်းသာခြင်း အဖြာဖြာ နဲ့ ပြည့်စုံပြီး... ကောင်းသောလိုရာဆန္ဒတွေ အားလုံး ပြည့်ဝကြပါစေ လို့ ROYAL 9 မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် 🙏
မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာအရ... မဟာသင်္ကြန်ပွဲတော်ကြီး စတင်ဖြစ်တည်လာပုံလေးကို မျှဝေပေးလိုက်ပါရစေရှင့်
ရှေးအခါက ကဝါလမိုင်းဆရာကြီး သည် လောကီဗေဒင်အရာ၌ အလွန်တတ်ကျွမ်းသောကြောင့် လူ့ပြည်၊ နတ်ပြည်တို့တွင် ကျော်ကြားလေသည် ။
သိကြားမင်း နှင့် အာသီ အမည်ရှိ ဗြဟ္မာမင်းတို့သည် တစ်နှစ်ပတ်လုံး၌ မင်္ဂလာအခါ မပြုကောင်းသောရက်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြ၏ ။ ဗြဟ္မာမင်းက သက္ကရာဇ်ကိုတည်၊ သုံးဖြင့်မြှောက်၊ တစ်ဆယ့်နှစ် ဖြင့်စား၊ ကြွင်းသော ရက်သည် အခါမပြုကောင်း သောရက် ဖြစ်သည်ဟုဆို၏ ။
သိကြားမင်းက သက္ကရာဇ်ကို တည်၊ ခုနစ်ဖြင့်စား၊ ကြွင်းသောရက်သည် အခါမပြုကောင်းသောရက် ဖြစ်သည်ဟု ဆို၏ ။
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အငြင်းအခုံ ဖြစ်ရာ ရှုံးသူက ဦးခေါင်းဖြတ်ခံမည်ဟု ကတိပြုကြပြီး လူ့ပြည်သို့ သက်ဆင်း၍ ကဝါလမိုင်း ဆရာကြီးကိုမေးမြန်းကာ ဆုံးဖြတ်စေသည်။ ဆရာကြီးပြောသည့် အတိုင်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့လည်း စကြာဝဠာ တံတိုင်းသို့ သွားကြည့်ကြရာ သိကြားမင်း၏ ဆိုစကားသည် အမှန်ဖြစ်၏ ။ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို သိကြားမင်းက စက်ဖြင့်ဖြတ်ပြီး ကြွင်းသော ဗြဟ္မာကိုယ်တွင် ပိင်္ဂလ ဆင်၏ ဦးခေါင်းကို ဖြတ်၍တပ်ကာ ရေစင်ဖြန်းသဖြင့် အသက်ဝင်လာရာ မဟာပိန်နဲနတ် ဟူ၍ ဖြစ်လာလေသတည်း ။
သိကြားမင်းဖြတ်၍ လွင့်စဉ်သွားသော ဦးခေါင်းကို ကောက်ယူကာ တာဝတိံသာ နတ်ပြည်သို့ တက်ပြီးလျှင် နတ်သမီး ခုနစ်ဖော်တို့ကို ရွေးချယ်၍ အပ်နှင်းသဖြင့် နတ်သမီး ခုနစ်ယောက်တို့သည် တလှည့်စီ ကိုင်ကာ အလှည့်ကျ စောင့်ကြရလေသည် ။ ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်စေ့သည့်အတွက် နတ်သမီး တစ်ပါးမှသည် အခြား နတ်သမီးတစ်ပါးသို့ ပြောင်းသည်ကို အစွဲပြု၍ သက္ကရာဇ်ဦးခေါင်း ပြောင်းသည် ဟု ခေါ်စမှတ် ပြုကြလေသည် ။
သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ အဓိပ္ပါယ်မှ ဆင်းသက်လာပြီး ကူးပြောင်းခြင်း ဟု အဓိပ္ပါယ် ရပါသည် ။ ထိုမှ သင်္ကရန္တိ-သင်္ကန္တြ -သင်္ကြန် ဟုရွေ့လျောလာခြင်းဖြစ်သည် ။ ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုအလေးဂရုပြု ၍ နှစ် ၊ လ ၊ရက်တို့ ကိုမှတ်သားကြ သောကြောင့် တနင်္ဂနွဂြေိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်းကို သာလျှင် "သင်္ကြန်"ဟု လည်းကောင်း ၊ "သင်္ကြန်ကြီး- မဟာသင်္ကြန်" ဟုလည်းကောင်း အလေးအမြတ်ပြုလျက် သင်္ကြန်ပွဲတော် ဆင်နွှဲကျင်းပကြပါတယ် ။
သင်္ကြန်ကျပြီဆိုလျှင် ရှေးမြန်မာမင်းများ လက်ထက်က ငွေဖလားတွင် ရေကြည်ရေအေး သို့မဟုတ် အမွေးနံ့သာ ထုံရည်များကို အပြည့်ဖြည့်၍ သပြေခက်ဖြင့် တစ်ဦးကို တစ်ဦးရေပက်ခြင်း ၊ ရေကစားခြင်း ပြုခဲ့ကြသည်။
သင်္ကြန်စာ မြန်မာပြက္ခဒိန်သည် သင်္ကြန်စာနှင့် ဆက်စပ်နေသည် ။ သင်္ကြန်စာတွင် ဖော်ပြထားသော သင်္ကြန်ကျချိန် ၊ တက်ချိန် ၊ နှစ်ဆန်းချိန် တို့အရ မြန်မာပြက္ခဒိန်တွင် ဖြည့်ရသည့်အတွက် သင်္ကြန်စာသည် အရေးကြီး၏ ။ သင်္ကြန်စာတွင် သင်္ကြန်ကျချိန် ၊ တက်ချိန်ဂြိုဟ်ခွင်များအောက် ဘယ်ဘက်တွင် နတ်သမီးတစ်ဦး ဗြဟ္မာမင်း ဦးခေါင်းကိုင်နေပုံ နှင့် ညာ ဘက်တွင် တနင်္ဂနွဂြေိုဟ်မင်း (သင်္ကြန်မင်းဟုလည်း ခေါ်ပါသည် ။ သိကြားမင်းမဟုတ်ပါ ။) စီးတော်ယာဉ် တစ်မျိုးမျိုး စီးလျှက် ဆင်းလာပုံကို ဖော်ပြထားခဲ့ဖူးပေသည်။
အတာအိုးကို သင်္ကြန်ကိုစောင့်ကြိုတဲ့ အနေနဲ့ သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင်ရပါတယ်...
ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထည့်ကြတယ်...
သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့် တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ ဆုတောင်းဆုယူ ပြုလေ့ရှိကြတယ်...
သင်္ကြန်ကျပြီးနောက် ဦးခေါင်းဆေးမင်္ဂလာပြုကြရပါတယ်...
သင်္ကြန်သည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ်...
ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရပါတယ်..
အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြရပါတယ်..
သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရပါတယ်..
(သင်္ကြန် အမျိုးအစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရဖူးတယ်)
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲကျန်နေသော အညစ်အကြေးများကို နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြသည်။
နိမိတ်ယူခြင်းပြုခဲ့ကြသည်။
ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာရောက်သည်ဟု ယူဆခဲ့ကြပေသည်။ ။
27/11/2021
Covid တိုက်ဖျက်ရေးကာလ (၂နှစ် နီးပါး) အတွင်း, Event ပွဲတွေ ရပ်နားထားရာကနေ... ပထမဆုံး ပြန်စလုပ်ဖစ်တဲ့ ROYAL 9 Event Management ရဲ့ ပွဲလေးပါ 😍
ROYAL 9 Event Management မှ တာဝန်ယူ စီစဉ်တင်ဆက်ပေးထားတဲ့ "အာမို အရောင်း ကိုယ်စားလှယ်တော်ကြီးများ အတွက် ဗလာမပါ ကံစမ်းမဲ အစီအစဉ်" ကို...
26 Nov, 2021 / ည ၇နာရီ / Armo Channel (YouTube) မှာ တိုက်ရိုက် ထုတ်လွှင့်ပေးသွားတာ ဖစ်ပါတယ်ရှင့် 😊
10/11/2019
ပျော်ရွှင်စရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်လေး ဖြစ်ပါစေ 😊
မြန်မာလူမျိုးတွေက နှစ်တိုင်း တန်ဆောင်မုန်းလဆန်း ၁၄၊ ၁၅ နှင့် တန်ဆောင်မုန်းလပြည့်နေ့၊ အားလုံး ပေါင်း ၃ ရက်ကို တန်ဆောင်တိုင်ပွဲတော် ကျင်းပကြပါတယ်. ပုံမှန်အားဖြင့် နို်ဝင်လာလတိုင်းမှာ ကျရောက်ပါတယ်.
နှစ်တိုင်းဒီအချိန်ဒီအခါဆိုရင် .....
မြန်မာလူမျိုးတွေ တန်ဆောင်တိုင် မှာ ဘာပွဲတော်တွေကို ဘယ်လိုဆင်နွှဲလဲဆိုတာရယ်, တန်ဆောင်တိုင်ပွဲတော် ဘယ်လိုဖြစ်လာလဲဆိုတာလေးရယ်ကို ပြောပြပေးမယ်နော် 😊
တန်ဆောင်မုန်းလပြည့်နေ့မှာ .....
#တန်ဆောင်တိုင်မီးထွန်းပွဲတော်
#ကထိန်သင်္ကန်းကပ်လှူပွဲတော်
#မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းပွဲတော်
#မဲဇလီဖူးသုပ်ဝေငှသောပွဲတော်
#ကျီးမနိုးပွဲတော် နဲ့
#သာမညဖလအခါတော်နေ့ပွဲတော် များကို ကျင်းပကြတယ်လို့ မှတ်သားရပါတယ်.
တန်ဆောင်တိုင်ပွဲတော်ဟာ ..... မြန်မာပွဲတော်အများစုတွေလိုဘဲ ဘာသာရေးကနေ ဆင်းသက်လာတာဖြစ်ပါတယ်. နှစ်တစ်ခုရဲ့ဒီအချိန်မှာ နတ်သားဖြစ်နေတဲ့ မယ်တော်မာယာက ဗုဒ္ဓ လူအဖြစ်မှစွန့်လွှတ်လိုက်သည့် အထိမ်းအမှတ်အနေနဲ့ သင်္ကန်းယက်ပေးတယ်. ထိုအစဉ်အလာကို ဗုဒ္ဓ၏ မိထွေးတော် မယ်တော်ဂေါတမီ က ဆက်လက်ထိန်းသိမ်းသွားတာပါ.
ထိုအစဉ်အလာအရ မြန်မာလူမျိုးတို့က တန်ဆောင်တိုင်ပွဲတော်တိုင်း မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ဘုရားမှာ ကျင်းပကြတယ်.
ထို လပြည့်နေ့မှာပဲ တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပကြပြီး မြတ်စွာဘုရားရှင်ကို ပူဇော်တဲ့ အနေနဲ့ မီးထွန်းပွဲ မီးပုံပျံပွဲတွေကို စည်ကားစွာ ကျင်းပကြပါတယ်. ဆေးပင်စောင့်နတ်တွေ မဲဇလီပင်ကို လာရောက်ခစားကြပြီး ဆေးပေါင်းခတဲ့ ညလို့ အဆိုရှိတာကြောင့် မဲဇလီဖူး ကို အိမ်တိုင်းလိုလို သုပ်စားကြတဲ့ညဟာ တန်ဆောင်တိုင်လပြည့်ညပဲ ဖြစ်ပါတယ်.
သာမညဖလ အခါတော်နေ့ကိုတော့ ကျင်းပပြုလုပ်ခြင်းကို သိပ်မတွေ့ရတော့ပါဘူး.
သာမညဖလ အခါတော်နေ့ရဲ့ အကြောင်းမှာ .....
အဖကိုသတ်ခဲ့သော အဇာတသတ် မင်းဟာ
ကျေးဇူးရှင်အဖကို ဆရာဒေဝဒတ် ကြောင့်
မပြု့အပ်သောအမှုကိုပြုမိလို့ ယခုဘဝမှာပဲ
ကြောက်မက်ဖွယ်ခြောက်လှန့်ခြင်းကို ညစဉ် ညတိုင်း
အိပ်မက်သဖွယ် ခံစားနေရတယ်.
ထိုသို့ခံစားနေရတဲ့ ကြောက်မက်ဖွယ် အိပ်မက်များကို
လွန်မြောက်ရန် ကြိုးစား၍ ကုသပါသော်လည်း ဘယ်လိုမှ
မရခဲ့ပါဘူး.
နောက်ဆုံးမှာ ဆရာဇီဝက ၏လမ်းညွှန်မှုကြောင့်
ဘုရားရှင်ထံရောက်တဲ့အခါ သာမညဖလ သုတ်တော်ကို ဟောကြားသောအခါမှာသာ သက်သာပျောက်ကင်းကြောင်း သိရပါတယ်.
(ဒါပေမဲ့ ငရဲတော့ကျခဲ့ကြောင်းမှတ်သားရပါတယ်)
ကဲ .............
ချစ်ခင်မြတ်နိုးရသောသူများ , မိသားစုများနဲ့ အတူ
ပျော်ရွှင်ဖွယ် တန်ဆောင်တိုင်ပွဲတော် အမှတ်တရ နေ့လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏
23/08/2019
23/08/2019
#မိုးယံ အကယ်ဒမီရွှေကြို ၂၀၁၈ အရောင်းပြိုင် ဆုချီးမြှင့်ခြင်း အခမ်းအနား
23/08/2019
New Product Launch
ROYAL 9 Model Agency
Dress by Designer MUYA
10/02/2018
FUSO Launch in Myanmar & 3S Showroom Opening @ Mandalay
Dress Designer ~ MUYA
10/02/2018
Mazda CX 5 New Product Launch Dinner Party @ The Yangon Restaurant
Dress Designer ~ MUYA
10/02/2018
MC day
တောင်ညွန့်၃ ရဲ့ ၃၂ကြိမ်မြောက် ကျောင်းသူဟောင်းများ၏ မိတ်ဆုံစားပွဲ နှင့် အာစရိယပူဇော်ပွဲ အခမ်းအနား
10/02/2018
day
New Year 2018 Countdown Party
26/12/2017
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ayar Chan Thar Executive Condominium
Yangon
.
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |
| Saturday | 10:00 - 17:00 |
| Sunday | 10:00 - 17:00 |