May Insurance

May Insurance

Share

အာမခံ ပညာရပ်ဖြင့် အများအကျိုးပြုမည်။

15/08/2026

3 Positions - Admin cm HR Assistant
Insurance နယ်ပယ်တွင် Manager ၏ Admin cm HR Assistant တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းလျှောက်ထားနိုင်ပါပြီး။

စနေ တပါတ်ခြား ၊ တနဂ်နွေ ပိတ်ရက်ရှိမည်။ WFH တရက်ရှိမည်။
လစ်လပ်နေရာ 3 နေရာ။
ကွန်ပျုတာ၊ Email နှင့် သွက်လက်ချက်ချာ စိတ်ရင်းကောင်းစွာ ကြိုးစားသူဖြစ်ရမည်။
18 - 35 နှစ် ။ ပညာအရည်အချင်း ဘွဲ့ရ၊ လုပ်ငန်းအတွေ့အကြုံ မလို။
ညှိုနှိုင်းလစာ။
အလုပ်နေရာ မြို့လည် Junction City Office Tower။
CV ပို့ရန်
09982288924 ,
09 789334959

23/06/2026

Switzerland နိုင်ငံအခြေစိုက် Chubb Life Insurance Myanmar Limitedနှင့်ပတ်သက်၍နစ်နာသူများ၏အကူအညီတောင်းခံမှုအားလွှတ်တော်တွင်မေးမြန်းထားချက်နှင့်ပတ်သက်၍သက်ဆိုင်ရာဝန်ကြီးဌာနမှဖြေကြားချက်အားနစ်နာထားသူပြည်သူများဖတ်ရှုနိုင်တယ်ရှင်💕

01/12/2025

အာမခံ ပညာရပ် နဲ့ သင့်ဘဝ ပြောင်းလဲဖို့ လိုအပ်နေပြီလား။

အိမ်ရှင်သန်အောင် မ ရတဲ့ အိမ်ရှင်မတွေအတွက် လုပ်ငန်းတခု အနေနဲ့ စတင်နိုင်တဲ့ အခွင့်အရေးပါ။

တောင်ကြီးသူ/ တောင်ကြီးသားတို့စုံစည်းရာ
မန်းလေးသူမန်းလေးသားများ သတင်း
ရန်ကုန် အိမ်ခြံမြေ

ချစ်ခြင်းအားဖြင့်
မေသူ
Financial Services Manager
AIA Myanmar Head Office
Junction City 22 လွှာ
Contact Manager -
May Thu @ 09256423693

01/12/2025

Happy sweet December........

17/11/2025

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

06/06/2025

Insurance Company တွေ ဒေဝါလီခံသွားရင် ဘယ်လိုလုပ်မလဲတဲ့

ဒီမေးခွန်းအရမ်းကောင်းပါတယ်

မေးလည်းမေးသင့်တယ်

ဒီမေးခွန်းကို မေးကတည်းက အနာဂတ်ကိုတော်တော်စဉ်းစားတတ်တဲ့သူလို့ပြောလို့ရနိုင်တယ်

ဒါနဲ့ စကားမစပ် ကိုယ့်အမျိုးထဲမှာ အသက် ၁၀၀ ကျော်နေရတဲ့သူ ဘယ်နှယောက်ရှိလဲမေးချင်တယ်

အသက် ၁၀၀ ကျော်နေရတဲ့သူနဲပါတယ်

ခိုင်မာတဲ့ နိုင်ငံတကာ Multinational Life Insurance Company တွေက နှစ် ၁၀၀ ကျော် သက်တမ်းရှိကြပြီဖြစ်သလို နိုင်ငံပေါင်းများစွာမှာ Globally တည်ရှိနေတဲ့ Company တွေပါ

အနာဂတ်ကို ကြိုတင်တွေးတော စဉ်းစားတတ်တယ်ဆိုရင်

Insurance Company တွေ ဒေဝါလီခံသွားရင် ဘယ်လိုလုပ်မလဲမစဉ်းစားခင်

ပိုပြီးနီးနီးစပ်စပ်ဖြစ်နိုင်တဲ့

ငါသေသွားရင် ဘယ်လိုလုပ်မလဲ?
ငါကင်ဆာဖြစ်ရင် ဘယ်လိုလုပ်မလဲ?
ငါပြင်းထန်ရောဂါတွေဖြစ်ရင် ဘယ်လိုလုပ်မလဲ?

ဒါတွေကို ပိုပြီးစဉ်းစားသင့်တယ်လို့ မထင်မိဘူးလား???

အသက်အာမခံဆိုတာ နှစ်ရှည် စုငွေနဲ့ထားရတာမျိုးရှိသလို

အသက်အရွယ်အပေါ်မူတည်ပြီး ကိုယ်သေရင် မိသားစုအတွက်ထားခဲ့ချင်တဲ့ပိုက်ဆံရဲ့ 0.5% လောက်ကနေပဲ စပြီးသွင်းရတဲ့ တစ်နှစ်ချင်းထားရတဲ့အမျိုးအစားတွေလည်း ရှိတာပဲ

Company အပေါ်မူတည်ပြီး ထားလို့ရတဲ့ အာမခံအမျိုးအစားတွေအများကြီးရှိတယ်

ဒေဝါလီခံမှာကိုမှ တအားကြောက်တယ်ဆိုရင် တစ်နှစ်ချင်းစုငွေမပါတဲ့ အသက်အာမခံတွေထားလို့ရသေးတယ်

တစ်နှစ်ချင်းသွင်းရတဲ့ ကျန်းမာရေးအာမခံတွေ၊ ကင်ဆာအကာအကွယ်တွေ၊ ပြင်းထန်ရောဂါအကာအကွယ်တွေ ထားလို့ရပါသေးတယ်

Risk ကိုမကြောက်ကြဘဲနဲ့

Risk ကို ကာကွယ်ရမှာကို ပြောင်းပြန်ကြီးပြန်မကြောက်ကြပါနဲ့ပြောချင်ပါတယ် 😄😄😄

17/04/2025

ကျမကတော့ မဟာစည် တရား၊ ရွှေတောင်ကုန်းတရား ၊ သဒ္ဓမ္မရံသီတရားတွေ နာနေကျမိုလို့ လို့ ဒီတရားမျိုး မကြိုက်တော့ဘူး။

#မနေနိုင်လို့ပြောရဦးမယ်။
#ပြောချင်နေတာ

ခုတလောမှာ စစ်တပ်လော်ဘီလို့ နာမည်ကြီးနေတဲ့ သဘာဝရိပ်သာ ဆရာတော် ရဲ့ဗီဒီယိုတွေကိုကြည့်မိတယ်။

နိုင်ငံရေး ခဏထားပြီး သူဟာ ဘယ်လိုနည်းနဲ့ သမထ ဝိပဿနာ တရား‌တွေ ပြသလဲ ဆိုတာသိချင်မိတယ်။ ဒါကြောင့် ခုလောလောဆယ် ဗီယက်နမ် မှာ တရားစခန်းမှာ ယောဂီတွေကို ဟောတာကို သွားနားထောင်ကြည့်ဖြစ်တယ်။

ဗီယက်နမ်တွေ မေးတဲ့တရားနဲ့ပတ်သက်တဲ့ အမေးတွေကို သူက ပြန်ဖြေနေတာ ကြားရတဲ့အခါ အတော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေ့ရတယ် ။

ဗီယက်နမ် အမျိုးသမီးတယောက်က ယောဂီတွေရဲ့အမေးကို ဘုန်းကြီးကို အင်္ဂလိပ်လိုပြန်လျှောက်တဲ့အခါ ဘုန်းကြီးက အင်္ဂလိပ်လိုပြန်ဖြေတယ် ။ အဲလိုဖြေတဲ့အခါ အင်္ဂလိပ်လို ရေလည်အောင် မပြောတတ်တော့ ဗမာလို အတွေးကို ကိုယ်သိသမျှအင်္ဂလိပ်စကားလုံးနဲ့ ဝါကျ မမှန် ဖွဲ့စည်းပုံမမှန်တဲ့ အင်္ဂလိပ်စကား တွေနဲ့ပြန်ဖြေတော့ ကြားရသူမှာ အဓိပ္ပါယ်ရှိတဲ့ စကားမျိုး ဖြစ်မလာတော့ဘူး။ ပြောချင်တဲ့အဓိပ္ပါယ် မရောက်တော့ဘူး။

ကျနော်ပြောချင်တဲ့အဓိက အချက်ကဒီဘုန်းကြီး အင်္ဂလိပ်လို မတတ်ပဲအင်္ဂလိပ်လို တရားဟောတဲ့အတွက် ကြားရသူ ယောဂီများက ဘာမှ အဓိပ္ပါယ် မထွက်တဲ့ မရေမရာ တောင်ရောက်မြောက်ရောက် ဟိုလိုလိုဒီလိုလို ပြောသွားတာတွေကို ဒါဟာထေရဝါဒ အနှစ်သာရ အယူလို့ ၊ ဝိပဿနာ သဘောလို့ ထင်သွားကြမှာကို စိုးရိမ်တာပါ။ ဒီဘုန်းကြီးစကားကို နားထောင်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို အလွန်အထင်သေးစရာ ဖြစ်သွားနိုင်ပါတယ် ။ သူအင်္ဂလိပ်စာ မတတ်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် မတတ်တာကို တတ်သလို လုပ်တာ ၊ မတတ်တဲ့ ဘာသာနဲ့ ဗုဒ္ဓ တရားတွေကို ပြန်ပြောပြတာကို အပြစ်တင်တာပါ ။ တကယ်ဆိုရင် ဘာသာစကား မကျွမ်းကျင်ရင်ကျွမ်းကျင်တဲ့ စကားပြန်တယောက်နဲ့သာ ဟောသင့် ပြန်ဖြေသင့်ပါတယ်။

ကျနော် ၁၉၉၈ က အမေရိကန်နိုင်ငံ ဆန်ဟိုဇေးမြို့မှာ လုပ်တဲ့ ရွှေတောင်ကုန်း ဆရာတော်ကြီး ရဲ့တရားစခန်း တလ ဝင်ခဲ့တယ် ။ ပရိတ်သတ်အများစုက အင်္ဂလိပ်စာ သိပ်မကျွမ်းတဲ့ ဗီယက်နမ်လူမျိုးတွေပါ။ ဆရာတော်ကြီးက ဗမာလို ဟောတာကို စကားပြန် ဦးမြသောင်းက အင်္ဂလိပ်လိုပြန်ပေးတယ်။ အဲဒါကို အင်္ဂလိပ် ဗီယက်နမ် ၂ ဘာသာတတ်တဲ့ ဗီယက်နမ် ယောဂီတဦးက ဗီယက်နမ်လို တခါ ပြန်ပြောပေးတယ်။ အချိန်ပိုကြာသော်လည်း မူလအဓိပ္ပါယ်ကို ထိရောက်စွာ သိသွားနိုင်တဲ့အတွက် အကျိုးများပါတယ်။ ရွှေတောင်ကုန်းဆရာတော်ကြီးက သူကိုယ်တိုင် အင်္ဂလိပ်လို အတော်ပဲ နားလည်ပြောဆိုနိုင်ပေမယ့် တရားအဓိပ္ပါယ်ကို နည်းနည်းမှ မလွဲစေချင်လို့ ကိုယ်တိုင်မပြောဘူး။ တတ်ကျွမ်းသူကိုသာ ဘာသာပြန်စေပါတယ်။ တရားစခန်းမှာ ဘာသာပြန်သူဟာ မြန်မာဘာသာ ၊ နိုင်ငံခြားဘာသာ ၂ မျိုးလုံး ကျွမ်းကျင်ရမယ့်အပြင် တရား ဓမ္မနဲ့လည်း တစုံတခုသော အတိုင်းအတာအထိ ရင်းနှီးတတ်ကျွမ်းရမယ်လို့ ဆရာတော်ကြီး မိန့်ဖူးပါတယ်။ ဘာသာပြန်မယ့်သူဟာ စာတွေလည်းအများကြီးဖတ်နေရပါတယ်။

တရားကို ဘာသာပြန်တယ်ဆိုတာ အလွန်အရေးကြီးတဲ့ တာဝန်တခုပါ။ ရိုးရိုး ထမင်းစားရေသောက် ဘာသာပြန်တာ လွဲသွားရင် သိပ်မဆိုးလှပေမယ့် ဝိပဿနာလို ကိစ္စမှာ မူလတရားကို အတတ်နိုင်ဆုံး အတိအကျ အဓိပ္ပါယ်ဖော်နိုင်ဖို့ အလွန်အရေးကြီးပါတယ် ။ မိမိရဲ့ ဘာသာပြန်မှုကြောင့် ဘာသာတရားအပေါ် အထင်သေးစရာ အထင်လွဲစရာ စိတ်ရှုပ်ထွေးစရာ ဖြစ်သွားနိုင်ပါတယ်။ နားလည်လွဲသွားလို့ ၊ ဒါမှမဟုတ် အရေးကြီးတဲ့ အဓိပ္ပါယ်မသိလိုက်ရလို့ မဂ်ဖိုလ်နိဗ္ဗာန်ကို တားဆီးမိသလိုလည်း ဖြစ်သွားနိုင်လို့ သိပ် တာဝန်ကြီးပါတယ်။

ဒုတိယတချက်အနေနဲ့ သဘာဝရိပ်သာ ဆရာတော်ရဲ့အလုပ်ပေးတရား ဝိပဿနာ တရားကို လက်လှမ်းမီသမျှ နားထောင်ကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ မရှိတာကိုတွေ့ရတယ်။ စိတ်ကိုပဲစောင့်ကြည့်၊ အစွဲကိုဖြုတ် ၊ ဘာလုပ်လုပ် attachment မပါပဲလုပ် ၊ ကုသိုလ်ကောင်းမှုလုပ် စသည်ဖြင့် သာမန် ယေဘူယျ ကျကျသာပြောသွားတယ်။

အစွဲဆိုတာဘယ်လိုစွဲတာလဲ ( တဏှာစွဲ ဒိဌိစွဲ) ၊ ဘာကိုစွဲသလဲ (ပဉ္စုပ္ပါဒါနက္ခန္ဓာ ) ဘယ်နည်းနဲ့ဖြုတ်ရမလဲ ဆိုတာမျိုးရှင်းမပြနိုင်ဘူး ။ ရုပ် နာမ်အာယတန ဓာတ် ဆိုတာတွေ တခုမှ မပါဘူး။ ဒါကတော့ မတတ်တာလည်း ဖြစ်နိုင်သလို ၊ နားထောင်သူ ရှင်းအောင်လို့ ပါဠိတွေ ထည့်မပြောတာလို့ ဆိုရင်လည်း ဆိုနိုင်ပါတယ်။ သို့ပေမယ့် ဝိပဿနာမှာ အခြေခံအနေနဲ့ ရုပ်နာမ် ဓာတ်ကြီး၄ ပါး အတွင်းအပြင် အာရုံ ၆ ပါးအတိုက်ဓာတ် အခံဓာတ် အပွင့်ဓာတ် ဆိုတာလေးတွေလောက်တော့ ‌အခြေခံလေးသိထားရင် ပိုပြီးရှင်း ပိုအဓိပ္ပါယ် ရှိတာပေါ့။

တရားထိုင်ရင် ဘယ်လိုထိုင်ရမယ် ဘယ်လိုရှုမှတ်ရမယ်ဆိုတာလည်း အသေးစိတ် ရှင်းမပြဘူး။ သူပြောတာ ခါးကို မတ် ခေါင်းကိုမတ် ကိုယ်ကိုယ်လျှော့ချ ၊ စိတ်ကိုစောင့်ကြည့် ၊ အစွဲ မစွဲအောင် သတိတချိန်လုံးထား လို့ ဆိုပါတယ်။ ဒါကတော့ ဟုတ်ပါပြီ ဘယ်အစွဲကို ဘယ်လိုရှုမှတ်မှုနဲ့ ရှုပြီး ဘယ်လို အသိအမြင် ပေါ်လာအောင်မှတ်ရမယ်ဆိုတာမျိုးရှင်းမပြနိုင်ဘူး။ ယောဂီတယောက်က သတိ mindfulness ဆိုတာကိုရှင်းပြခိုင်းတော့ ဘယ်လိုဖြေလဲသိလား။ သူဟာ အနှစ် ၂၀ ကျော် တရားကျင့် တရားပြလာတာ သူ့တရားက ကိုယ်တွေ့လက်တွေ့တရား မို့ စကားနဲ့ စာနဲ့ ပြန်ပြောမပြတတ်ဘူးတဲ့ ။ အေးရော။တရားတွေ့ထားတဲ့ တရားပြဆရာဆိုတာ what is mindfulness ဆိုတာလောက်တော့ အခြေခံပဲ ပြောတတ်ရမှာပေါ့။ ကျောင်းသားတွေတောင်ပြောပြတတ်ကြပါတယ်။

နောက်တယောက်ကမေးတယ် တရားမှတ်စဉ် အိပ်ချင်တာကို ဘယ်လို လုပ်ရပါမလဲတဲ့။ အင်မတန် အရေးကြီးတဲ့အမေးများတဲ့ မေးခွန်းပါ။ အဲဒါကို ဖြေတာက sleepy mind, not sleeping mind you should try to do kudo. တဲ့။

ဒီထက်ဆိုးတာ တခုရှိသေးတယ်။ သူဟာ နှစ်ပေါင်းများစွာ တရားကျင့်ထားတဲ့အစွမ်းကြောင့် ၂ဖက်သော နိုင်ငံရေး အုပ်စု ခေါင်းဆောင်တွေရဲ့စိတ်တွေကို သိနေတယ်တဲ့ ။ စစ်အာဏာရှင်တွေက ရတနာ ၃ပါး ကြည်ညိုတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်မှာ ဘာသာရေး အသိ ချို့တဲ့‌နေ တာတွေကို သူက သူ့တရားအစွမ်းနဲ့ သိနေပါသတဲ့။ ကဲ . . . . ။

တရားစခန်းတွေမှာ ဆရာတော်တွေကဘုရားဟောထားတဲ့ မဟာသတိပဌာန သုတ်ကိုမှီငြမ်းပြီး အဲဒီထဲက အတိုင်း ကာယ ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ ရှုကွက်များ ဟောပြောနည်းပေးကြတာ များပါတယ်။ ဒါဟာ အားလုံးလက်ခံတဲ့ စံ ပါပဲ ။

ဝိပဿနာဆိုတာ အကြောင်းအကျိုး( အာရုံ ဒွါရ ) ကြောင့်ဖြစ်လာတဲ့ (ပစ္စုပ္ပါန်မှာ ပေါ်လာတဲ့) ရုပ်တရား နမ်တရား တွေရဲ့ မမြဲ ဆင်းရဲ ကိုယ်မဟုတ်တဲ့သဘော၊ ဖြစ်ပြီးပျက်တဲ့ သဘော၊ ဒါတွေကိုအခြေခံ မြင်လာအောင်ရှုပြီးမှ တဆင့်ခြင်းတက်သွားပြီး ရုပ်နာမ်တွေကိုငြီးငွေ့စွန့်လွှတ်ပြီး ရုပ်နာမ်တို့ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်စေတဲ့ တရားလို့ နားလည်ထားပါတယ်။ ဆရာတော်များကလည်း ဒီလိုပဲဟောကြပါတယ်။

"မေး။ ။ ဝိပဿနာ ဉာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း၊

ဖြေ။ ။ စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှု၍ ဖြစ်သတည်း၊

မေး။ ။ ဘယ်အကျိုးငှာ ဘယ်အခါ မှန်စွာရှုအပ်ပါသနည်း၊

ဖြေ။ ။ မစွဲဖို့ရာ ဖြစ်ဆဲမှာ မှန်စွာရှုအပ်ပါသတည်း၊ "

( မဟာစည်ဆရာတော်ကြီး)

ခုတော့ သူဟောတာက လူပိန်းတယောက် စာဖတ်ပြောတာ သာသာပဲ ရှိတယ်။ တရားသဘောကို သူ့ထက်သာအောင် ရှင်းပြနိုင်မယ့် လူဝတ်‌ကြောင်တွေ အများကြီးရှိမယ်ထင်ပါတယ်။ ဒါလောက်နဲ့ နိုင်ငံပေါင်းများစွာမှာ ရိပ်သာတွေဖွင့်ပြီး ဘယ်လို တရားတွေပြ ဘယ်လိုကျင့်ကြပါလိမ့် လို့လည်းတွေးမိပါတယ်။ ဗမာလူမျိုးဆိုတာကလည်း သဒ္ဓါတရား ဦးစီးပြီးဘုန်းကြီးက တခုခု ပြောရင် နားလည်လည်မလည်လည် ပြန်မမေးပဲ ကုသိုလ်ရတယ်ဆိုပြီး သာဓုသာ တွင်တွင်ခေါ်တတ်သူတွေက အများသား။ နာမည်ကြီးဘုန်းကြီး ဆို သူ့ပါးစပ်ကထွက်သမျှ မျက်စိမှိတ်သာဓုသာခေါ်တော့တာပဲ။

ကျနော်ကတော့ မဟာစည် တရား၊ ရွှေတောင်ကုန်းတရား ၊ သဒ္ဓမ္မရံသီတရားတွေ နာနေကျမိုလို့ လို့ ဒီတရားမျိုး မကြိုက်တော့ဘူး။

နောက်တခုက သဘာဝရိပ်သာဆရာတော် က တခုခု မပြောခင် ( အထူးသဖြင့် အင်္ဂလိပ်လို ) စကားတလုံးနဲ့တလုံးအကြား တမိနစ် ၂မိနစ် တခါတလေ တမေ့ကြီး ရပ်နေပြီး လက်ချလိုက် ချွေးသုတ်လိုက် ယပ်တောင်ငုံ့ကြည့်လိုက်နဲ့ လုပ်နေတာ စောင့်နားထောင်သူ ငိုက်ငိုက်လာတယ်။ အိပ်မပျော်တတ်သူများ အိပ်ပျော်ချင်ရင် သူ့တရား နာကြည့်ဖို့ကောင်းတယ်။

သူက သူဟောသမျှ ၊ ကျောင်းမှာ အစည်းအဝေးလုပ်သမျှ ၊ သူ့ကျောင်းက စိတ္တဇ ရောဂါသည်တွေ ပြောသမျှ၊ သီလရှင်တွေ ပြောသမျှ ငြင်းကြခုန်ကြသမျှ အတွင်းရေးတွေပါ အကုန် တချိန်လုံး live လွှင့်နေတော့ ကိုယ့်အထုပ်ကို တပြည်လုံး တကမ္ဘာလုံး ဖြည်ပြသလို ဖြစ်တော့တာပေါ့။ live မလွှင့်ရင် တော်တော့်ဟာ လူမသိဘူးပေါ့။ ပြီးတော့လည်း တချိန်လုံး live လွှင့် ငြင်းခုန်နေလို့ ဘယ်အချိန်မှာများ တရားထိုင်ကြပါလိမ့် လို့တောင်စဉ်းစားမိတယ်။

ဘာသာရေး နဲ့ ပတ်သက်လို့ ပြောမိရင်
အငြင်းပွါး လူမုန်းများ ခံရတတ်တယ်။ ဒါမှမဟုတ် အကုသိုလ်လည်း ဖြစ်တယ်။ သို့သော် ဒီဘုန်းကြီး လုပ်ပုံကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားများ ( ဗမာတွေရောပေါ့) အထင်လွဲမှာ အထင်သေးမှာကို စိုးလို့ မုန်းချင်မုန်း ဆဲချင်ဆဲပေစေ ဆိုပြီး ဒီစာလေးရေးလိုက်တာပါ။

မူရင်းPost ပိုင်ရှင် ဆရာဦးလှဘူးကို လေးစားစွာဖြင့် Credit ပေးပါသည်။

15/11/2024

မိတ်ဆွေရဲ့အောင်မြင်မှုကို မမေသူတို့နဲ့အတူတည်ဆောက်ပါ။

အနာဂတ်သည် မိတ်ဆွေလက်ထဲ မှာပါ။

AIA တွင် ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ရန်စိတ်ဝင်စားရင် လက်တွဲဖို့ဖိတ်ခေါ်ပါတယ်။

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon