Web Dev Environment
Web Technology Content များတိုးတက်ပေါများစေရန်ရည?
22/05/2025
‼️ အရေးတကြီးကြေညာစရာလေးရှိပါတယ်
MCY ရဲ့ YouTube Channel မှာမကြာခင်ရက်အတောအတွင်းနည်းပညာဆိုင်ရာ Podcast တွေနဲ့ Trending Tech တွေအကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင့်သတင်းကောင်းလေးပါးလိုက်ပါတယ်။
ဒီမှာ MCY ရဲ့ Channel ကို Subscribe လုပ်ထားပြီးတော့သတင်းတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ပါပြီ။
🔗 YouTube Channel
https://youtube.com/
22/05/2025
📣 MCY မှာ TikTok နဲ့ YouTube Channels တွေရှိနေပါပြီ။
YouTube မှာတော့ PodCast တွေနဲ့ အဆင့်မြင့် Technical Videos တွေတင်ဖို့ရှိတာမို့လို့ Subscribe လုပ်ပေးထားဖို့တိုက်တွန်းချင်ပါတယ်။
🔗 YouTube Channel
https://youtube.com/
🔗 TikTok
https://www.tiktok.com/
20/09/2024
📣 မိတ်ဖွဲ့ရင်းလှူ Fund Raising Event Announcement
ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိရေဘေးကြောင့်လူပေါင်းနှစ်သိန်းကျော်ထိခိုက်ပျက်စီးခဲ့ရပြီးတော့အိုးအိမ်စည်းစိမ်ပေါင်းများစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒီလိုထိခိုက်ပျက်စီးမှုတွေကိုကျွန်တော်တို့ IT Field အနေနဲ့တစ်ဖက်တစ်လမ်းကနေကူညီနိုင်ဖို့အလို့ငှာ ကျွန်တော်တို့ Myanmar Cyber Youths နဲ့ Code Mal - ကုဒ်မယ် တို့ပူးပေါင်းပြီး “မိတ်ဖွဲ့ရင်းလှူ” Event ကိုကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။
ကျွန်တော်တို့ “မိတ်ဖွဲ့ရင်းလှူ” Event မှာ Software Engineering ပိုင်း၊ Artificial Intelligence (AI), Digital Transformation အပြင် Startup Business နဲ့သက်ဆိုင်တဲ့အသိပညာဗဟုသုတတွေကို နယ်ပယ်အသီးသီးမှာကျွမ်းကျင်ပြီးတော့ အောင်မြင်နေတဲ့ Speakers အစ်ကို၊ အစ်မများမှလက်ဆင့်ကမ်း Knowledge Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် Networking Sessions နဲ့ Panel Discussion လေးလည်းပါမှာဖြစ်လို့လူငယ်တိုင်းမဖြစ်မနေပါဝင်ဆင်နွှဲသင့်တဲ့ပွဲလေးတစ်ပွဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ “မိတ်ဖွဲ့ရင်းလှူ” Event လေးမှရရှိလာတဲ့ Ticket ရောင်းရငွေအားလုံးကိုရေဘေးကြောင့်ဒုက္ခရောက်နေသူတွေအတွက်ပြန်လည်ထူတောင်ရေးတွေလုပ်ဆောင်နိုင်ဖို့ရန်လှူဒါန်းသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ IT Field ကညီအစ်ကိုမောင်နှမတွေအနေနဲ့ “ကုသိုလ်လည်းရ ပညာလည်းရမဲ့” ဒီပွဲလေးကိုကိုယ်တိုင်ကိုယ်ကြပါဝင်ဆင်နွှဲခြင်းအားဖြင့် Network အပြင်အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံကနေပေးတဲ့သင်ခန်းစာတွေကိုလည်းရရှိစေမှာပဲဖြစ်ပါတယ်။
🎪 Event Details
Date: 29th Sep 2024 (Sunday)
Time: 9A.M to 5A.M
Venue: Central International School - CIS (Parami Campus)
ခုံအရေအတွက်ကတော့ Limited Seat ဖြစ်တာကြောင့်လက်မြန်မြန်နဲ့လှူရင်းပညာယူလိုက်ကြရအောင်ပါ။
🖇️ ဒီမှာလက်မှတ်ဝယ်ရင်းလှူလိုက်ရအောင်ပါ။
https://mate-phwae-yin-hlu.codemal.com
09/09/2024
MEP Engineers ရှိရင်အသိတွေကိုတချက်လက်တို့ပေးပါအုံး။ ဒီတစ်ခါလည်း Cambodia ကပါပဲ။ 🫶
ဒါကတော့ JD ပါ။ AutoCAD နဲ့ Office သုံးတတ်ရင်ရတယ်။ လစာကတော့ Nego in Dollar နဲ့ပါပဲ။
[email protected] ကိုတိုက်ရိုက်ပို့ပေးပါ။ Hiring ကအကြောင်းပြန်တာနဲ့ချက်ချင်း Update ပေးသွားမှာပါ။
ဒါတွေကအဓိကတာဝန်ယူလုပ်ပေးရမှာပါ။
- Project Coordination
- Site Operations
- Quality, Compliance and Safety
Qualifications
• Bachelor’s Degree in Electrical Engineering or Mechanical Engineering, or related field and a range of 4-6 years relevant working experience.
• Technical expertise and understanding of all mechanical and electrical systems
• Experience in designing MEP systems for high rise, factory and housing projects.
• Experience of MEP T&C works is an advantage.
• Ability to manage and execute all the essential duties, good communication skills, organizational ability, and proficiency with computer applications such AutoCAD and MS Office
07/09/2024
Introduction to Myanmar Dev Space
ကျွန်တော်ကိုယ်တိုင်တက်တက်ကြွကြွနဲ့ဦးဆောင် Contribute လုပ်ထားတဲ့ Software Engineering Field နဲ့ ကျွန်တော်ကိုယ်တိုင် Founded လုပ်ထားတဲ့ Groups တွေကို Contributions လုပ်တာကိုရပ်ထားတာ ၆လကျော်လောက်ရှိပါပြီ။ ၆လအတွင်းမှာအပြောင်းအလဲသိပ်မရှိတာကြောင့် Community အသစ်တစ်ခုအနေနဲ့ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ပြန် Run ဖို့စိတ်ကူးထားပါတယ်။
အရှေ့မှာမအောင်မြင်ခဲ့တဲ့ Plan တွေ၊ မှားခဲ့တဲ့အမှားတွေကိုသင်ခန်းစာယူပြီးတော့ ကျွန်တော့်လိုအရွယ်လူငယ်တွေ၊ ကျွန်တော့်ထက်ငယ်တဲ့ညီလေး၊ ညီမလေးတွေအတွက်တစ်ထောင့်တစ်နေရာကနေ Support ပေးဖို့အတွက် Dev Space ကို ကျွန်တော်တို့ Myanmar Cyber Youths နဲ့ Tee Htwin - CSR ပေါင်းပြီးတော့ Initiatives လုပ်လိုက်ပါတယ်။ကျွန်တော်တို့ Dev Space ကိုလူငယ်တွေကသာဦးဆောင် Drive မှာဖြစ်တာကြောင့် အမှားတွေကနေသင်ယူပြီးတော့ Support ပေးသွားမှာပါ။
ကျွန်တော်တို့ Dev Space မှာ Software Engineers တွေချည်းမဟုတ်ဘဲ၊ Development ပိုင်းကိုချဥ်းကပ်ဖို့စီစဥ်ထားပါတယ်။ Development ပိုင်းမှာIT Field ရဲ့အကြီးဆုံးဖြစ်တဲ့ Software Development and AI Sector, Product Development Sector, Networking, Security နဲ့ Operations Sector တွေကိုအဓိက Focus ထားပြီးတော့ Drive ပေးသွားဖို့ရှိပါတယ်။
ဒါ့အပြင်ကျွန်တော်တို့ Engineer တွေအတွက်ကြီးမားတဲ့အားနည်းချက်ဖြစ်တဲ့ Business နဲ့ဆိုင်တဲ့ Knowledge တွေကိုလည်းကျွန်တော့်ရဲ့ Partner တွေကကူညီပြီးတော့ Workshop တွေနဲ့ Contribute လုပ်သွားပေးသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့မိမိနဲ့မိမိရဲ့အသိမိတ်ဆွေတွေကဒီအပိုင်းမှာရှိနေတယ်ဆိုရင်၊ Contributes ချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ Collaborate လုပ်ပြီးတော့ Community ရဲ့လိုအပ်ချက်တွေကို Contributions လုပ်ပေးသွားနိုင်မယ်လို့ကျွန်တော်ကတော့တထစ်ချယုံကြည်ပါတယ်။
ကျွန်တော်တို့ Dev Space မှာစာချည်းသက်သက်မဟုတ်ဘဲနဲ့ Mini Workshop လေးတွေ၊ Intensive Conference လေးတွေကိုဆက်တိုက်ဆိုသလိုလုပ်သွားမှာဖြစ်လို့စိတ်ဝင်စားတဲ့သူတွေကိုလည်း Share ပေးဖို့၊ Group ကို Invite ပေးဖို့တိုက်တွန်းလိုပါတယ်။
Facebook Group Banner ကိုတော့ Tee Htwin ရဲ့ Founders ထဲကတစ်ယောက်ဖြစ်တဲ့ Kaung Hlyan Soe ကဆွဲပေးထားတာဖြစ်ပါတယ်။
Group Join ရန်
https://www.facebook.com/share/g/6e8TiAtfMfJSJELq/?mibextid=K35XfP
လူငယ်မှလူငယ်ဆီသို့ 🫶
Junior MERN အတွက် CV လက်မခံတော့ပါဘူးနော်။နောက်ပိုင်းထပ်လိုချင်ရင်လည်း ခုပို့ပေးထားတဲ့သူတွေကိုပဲဦးစားပေးရွေးပေးသွားပါမယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
05/09/2024
ကျွန်တော့်အသိ Company အတွက် Junior MERN stack developer ရှာနေပါတယ်ဗျ။
React and Next, Node.js, MongoDB ရရင်ရပါတယ်။
Socket.io ရရင်ပိုကောင်းပါတယ်။ မရလည်းရပါတယ်။
ပိတ်ရက်က Sat alternate ပါ။
Myanmar (or) Thai ရပါတယ်။ Fully WFH Fulltime ပါ။ မီးမှန်လက်တော့ရှိရင်ရပါတယ်။
Socket.IO In most cases, the connection will be established with WebSocket, providing a low-overhead communication channel between the server and the client.
05/09/2024
ကျွန်တော့် Network ထဲကဆိုရင်တော့ Subject မှာ [AMM] လို့ရေးပြီးပို့ပေးပါဗျ။
အလုပ်ကတော့ကျွန်တော်နဲ့အတူတူလုပ်ရမှာပါ။
အကုန်လုံးက WFH + Hybrids ပါ။
Mid (or) Senior UX/UI Designer - 1 Post
Salary: 5 lakhs and above
- 2+ years
- Figma နဲ့ Web and Mobile Design ကို Familiar ဖြစ်ရပါမယ်။
- Prototype Demo အထိ Mobile App ကိုထုတ်ပေးနိုင်ရပါမယ်။
- Mobile App and Admin Dashboard ကိုဆွဲနိုင်သူဦးစားပေးပါမယ်။
- HTML and CSS ကိုအခြေခံသဘောတရားနားလည်သူကိုဥိီးစားပေးပါမယ် (Code ရေးရန်မလိုပါ)
WFH ရန်ကုန်မြို့ထဲဖြစ်ရပါမယ်။ တစ်ပတ် နှစ်ရက်၊ သုံးရက်လောက်ပဲရုံးတက်ရပါမယ်။
ပြည်ပမှသူများလည်းလျှောက်ထားနိုင်ပါတယ်။ လစာကလည်းမြန်မာငွေနဲ့ပဲပေးမှာပါ။
Mid (or) Senior React Native Engineer - 1 Post
Salary: Negotiable
- 3yrs+
- React နှင့် React Native ရရပါမယ်။Website ရေးရန်မလိုပါ။
- Expo Router နဲ့ Expo Cloud ကို Familiar ဖြစ်ရပါမယ်
- Typescript, Zod and React Hook Form ကိုရထားရပါမယ်
- Flux Design Pattern ကိုနားလည်ပြီးတော့ Redux (or) State Management ကိုကောင်းကောင်း Handle လုပ်နိုင်ရပါမယ်
- Cross Platform Development လုပ်ဖူးရမှာဖြစ်သလို Production Deployment အထိရတဲ့သူကိုဦးစားပေးပါမယ်
- React ကိုတော့သေသေချာနားလည်ထားဖို့လိုသလို HoC လို Design Pattern တွေကိုလည်းနားလည်ထားရပါမယ်။
- XCode ကိုလည်း IOS App Deployment လုပ်ဖို့သိထားဖို့လိုပါတယ်
Mid (or) Senior Software Engineer (React + PHP Laravel) - 2 Posts
- PHP and Laravel ရရပါမယ်
- ORM သိထားရမယ်
- React Inertia ရထားရပါမယ်
- Filament ရထားတဲ့သူဦးစားပေးပါမယ်
- API Development ကိုရကိုရထားရပါမယ်
- Laravel မှာသုံးတဲ့ Design Pattern တွေနဲ့ React မှာသုံးတဲ့ Design Pattern တွေသိထားရပါမယ်
- SoA and Microservices နှင့်ရင်းနှီးရင်ပိုကောင်းပါတယ်
အပေါ်က Roles အကုန်လုံး
- Agile and Scrum
- Mentorship
- Task Management
- Report to CTO
ကိုရထားရမှာဖြစ်ပါတယ်။
ကျွန်တော်နဲ့အတူတူလုပ်ရမှာဖြစ်ပါတယ်။ [email protected] ကို Email ပို့ထားနိုင်ပါတယ်။ Shortlist Candidates ကိုအမြတ်ဆုံးဆက်သွယ်ပေးသွားမှာပါ။ GitHub Link ပါပို့ပေးထားပါ။
01/09/2024
Job Fair မှာသွားလျှောက်ပြီးတော့အလုပ်ရသွားတာကကောင်းပါတယ်။ ဒါပေမဲ့အမြဲသတိထားစရာတစ်ခုရှိပါတယ်။ Quality Control ပိုင်းပါ။ ဒီမှာရသွားလို့နောက်ဒီ့ထက်ပိုအဆင့်မြင့်တဲ့ Comp ကိုလွယ်လွယ်ကူကူပြောင်းနိုင်လား၊ ဒီမှာပဲ ဒီ Position မှာပဲ Stuck နိုင်လား။ ဘာတွေ Learning လုပ်နိုင်မလဲ။ သူတို့ချိတ်ပေးတဲ့ Company မှာရောက်သွားရင်လစာအပြည့်ရမှာလား။ ကြားဖြတ်ခံရတာမျိုးရှိမှာလားဆိုတာကိုသေချာစဥ်းစားပါ။
ကြားခံလစာပေးတာဆိုရင်ရှောင်ပြီးတိုက်ရိုက်လျှောက်ဖို့အားပေးတယ်။ OJT ဆိုတာက QC မြင့်မှရတာပါ။ တာဝန်ယူမှုတယဝန်ခံမှုမရှိဘဲ Offer ရတာနဲ့တန်းယူတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ရဲ့ Career က ၁ နှစ်မှ $30 လောက်တိုးတာမျိုးဖြစ်သွားနိုင်ပါတယ်။
Short Term ပဲနေပါ။ Contract and Legal သေချာဖတ်ပါ။ Overtime, Accommodation ကအစသေချာမေးပါ။
31/03/2024
ညကတင် xz Backdoor ပါလာလို့ ပြဿနာထတက်နေကြတာတွေ့လိုက်သေးတယ်။ ဒီနေရာမှာသတိထားရမှာက OSS တိုင်းကလည်း ပြဿနာဖြစ်နိုင်တယ်ဆိုတာပါပဲ။
အဲ့ OSS ကို Contribute တဲ့သူကလည်း Vuln ဖြစ်အောင်လုပ််နိုင်လို့ပါ။ ခုဖြစ်ရတဲ့ပုံစံကလည်း PR Review မှာ Issue မရှိလို့ပါ။ ဒါကပုံမှန်လို့ပဲပြောလို့ရတယ်။ နောက် PR Merge လိုက်တဲ့သူကလည်း Security Engineer ပဲမို့လို့ပါ။
စိတ်ဝင်စားမိတာက Backdoor ကို Testing Lib ထဲမှာထည့်ထားလိုက်တာပါပဲ 🤣
Vuln ကဖြစ်ကိုဖြစ်မှာပဲ။ Vuln မဖြစ်တဲ့ Software ဆိုတာမရှိဘူး။ Low Level Surveity မို့လို့ဘာမှမလုပ်ကြတာမျိုးပဲရှိတာ။ ဒီလိုကိစ္စတွေကို Cover နိုင်ဖို့ကြိုးစားသင့်တယ်။ ဘာလို့ဆို End User သုံးတဲ့ Wallet App တွေ၊ Website တွေမှာခဏခဏ SQL Injection ဖြစ်တယ်။ လုပ်တိုင်းလည်းပေါက်တယ်။ တချို့ဆို ဘာမဟုတ်တဲ့ XSS လေးနဲ့တင်တိုင်ပတ်နေတာမျိုးတွေရှိတယ်။ ဒါတွေကို Developer တွေတင်မဟုတ်ဘဲနဲ့ End User တွေပါ Aware လုပ်ဖို့လိုအပ်တယ်။
ဒီလိုမျိုးကောင်တွေကို Cover ဖိို့ဆိုရင် Emergency Response မျိုးရှိရင်လုံလောက်တယ်။ ဒါမျိုးဆိုရင် Ahead of Time မှာမသိနိုင်တဲ့ကိစ္စတွေကို Cover လို့ရတယ်။
GitHub - google/oss-fuzz: OSS-Fuzz - continuous fuzzing for open source software. OSS-Fuzz - continuous fuzzing for open source software. - google/oss-fuzz
31/03/2024
Server-Sent Event (SSE)
Real Time ဖြစ်ဖို့အတွက်က Web Socket (or) Pub Sub ကိုလွယ်လွယ်ကူကူသုံးလို့ရနိုင်ပေမဲ့ SSE ကိုလည်းသုံးလို့ရတယ်။ Websocket လိုကောင်တွေကြတော့ Bi-Direcitonal သွားကြတာ။ Server-Sent Event တွေကြတော့ HTTP Based တွေ။ ဒါကြောင့်သုံးရတာပိုပြီးတော့ Flexible ပိုဖြစ်တယ်။ Server Side မှာ PHP File လေးတစ်ဖိုင်လောက်နဲ့တင် PoC Realtime တွေလုပ်လို့ရနိုင်သွားတာပေါ့။ Backend ကတော့ကြိုက်တာသုံးလို့ရတယ်။ အဲ့လောက်အရေးမကြီးဘူး။
Limit ရှိနေတာက Browser နဲ့ HTTP Connection တွေပါ။ ပုံမှန် HTTP 1.1 မှာ HTTP Connection 6 ခုစာပဲချိတ်လို့ရနေတာပဲ။ ဒီတော့ Browser Tab 6 ခုထက်ပိုပြီးတော့ဖွင့်လို့မရဘူးပေါ့။ အဲ့ကြရင် Realtime Connection ကမရတော့ဘူးဆိုတဲ့သဘောပါပဲ။ တကယ့် Realtime Usecase မှာဆိုရင်တော့ အဲ့လိုမျိုးကဖြစ်ဖို့ Chance နည်းပေမဲ့ Custom Push Notification လိုပုံစံတွေအတွက်ဆိုရင် Limt ဖြစ်နေတယ်ဆိုတာမျိုးပါပဲ။
HTTP 2.0 မှာတော့ 100 Connection အထိရတယ်။ အမြဲတမ်း Connection က Keep Alive ဖြစ်နေဖို့တော့လိုတယ်။ ပုံမှန်က Stateless Behavior ရှိပေမဲ့ သူ့ Use Case နဲ့သူသွားလို့ရတယ်ဆိုတာပါပဲ။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon