Foodz

Foodz

Share

We offer premium quality food.

15/01/2022

ဒီနေ့ပို့ပေးဖြစ်တဲ့ Foodz ရဲ့ ကြက်သားခြောက်တွေပါ

စားကောင်းတယ် ဆိုတဲ့ Feedbackလေးတွေအတွက်လည်း ကျေးဇူးတင် ဝမ်းသာရပါတယ်

Foodz ကြက်သားခြောက် တစ်ထုပ် ၅၀၀၀ ပါ
ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့
09 266 77 22 00 ကို ဟယ်လို လိုက်ဖို့မမေ့နဲ့နော်

12/01/2022

Foodz ❤️ ကြက်သားခြောက် ❤️

တစ်ကိုက်ကိုက်လိုက်ရုံနဲ့

မြေပဲဆီနံ့ မွှေးမွှေးလေးနဲ့ ကြပ်ကြွပ်ရွရွလေး

လျှာပေါ်မှာ ပျော်ဆင်းသွားပြီး

စားလိုက်တိုင်းမှာ စိတ်ကျေနပ်မှုကို

အပြည့်အဝရစေမှာပါ 😇

အသားစားရင် သွားညပ်တယ်
အသားမာရင် သွားဖုံး နာတယ်ဆိုတဲ့
ဖေဖေမေမေ ဦးဦးဒေါ်ဒေါ်
ဘိုးဘိုးဘွားဘွားတွေအတွက်လား 👵👴

ဒါမှမဟုတ်

ကိုကိုမောင်မောင်တွေ အပန်းဖြေချိန်လေးမှာပဲ မြည်းမလား 🍻🍻

အစားဂျီးများတဲ့ သားသားမီးမီးတွေကို ထမင်းပူပူလေးနဲ့ ကျွေးမလား 👶

​အဆောင်နေ မောင်လေးညီမလေးတွေအတွက်
အလွယ်တကူ စားနိုင်ဖို့ လက်ဆောင်ပေးမလား 🎁

အရွယ်စုံ လူစုံအတွက် အဆင်ပြေပါတယ်နော်

💰 ဈေးနှုန်းကတော့ 💰

Foodzကြက်သားခြောက် 80 gmတစ်ထုပ် 5000Ks

အစားကောင်းကိုမှ ကြိုက်တယ်ဆိုရင်တော့

Foodz ကြက်သားခြောက်ကို စားကြည့်ဖို့ တိုက်တွန်းပါရစေ ❤️

မှာယူချင်တယ်ဆိုရင်တော့ 09 266 77 22 00 (သို့) Foodz page messenger ကို ဆက်သွယ်မှာယူနိုင်ပါတယ်

12/01/2022

Foodz ရဲ့ ထုတ်ကုန်အသစ်ကို အဖြေရှာ ဉာဏ်စမ်းအစီအစဉ်ရဲ့ အဖြေမှန်ပြီး share ပို့စ်မှာ Like အများဆုံးသူသုံးဦးကတော့ Winners အနေနဲ့ ထွက်ပေါ်လို့လာပါပြီ။

🏆 Winners 🏆

၁) Daw Su Khaing
၂) Happy Moon
၃) Lin Lin တို့ပဲ ဖြစ်ကြပါတယ်။

Winners လေးတွေကို အမြန်ဆုံးဆက်သွယ်ပြီး Foodz ရဲ့ ပန်းကန်လုံး set လေးတွေပို့ဆောင်ပေးသွားပါ့မယ်နော်...

ကျန်တဲ့ phone bill ၁၀၀၀ တန် ဆုရှင် (၅)ဦးကိုလည်း ဆက်သွယ်ပြီး ဖုန်း bill လေးတွေပို့ပေးသွားပါမယ်။

📱Phone Bill ဆုရှင်များ

1) D Aye Mya Mya Moe
2) Thandar Swe
3) Nyima Lay
4) Edn Su Su Hlaing
5) Yoon

နောက်များမှာလည်း Foodz ရဲ့ အစီအစဉ်လေးတွေမှာ ပါဝင်ပေးကြပါဦးလို့ တောင်းဆိုရင်း...

Foodz ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ ကြက်သားခြောက်ကို မြည်းစမ်းကြည့်ပေးပါဦးနော် 😇🥰😍

07/01/2022

🧩Foodz ရဲ့ ထုတ်ကုန်အသစ်ကို အဖြေရှာ
စကားထာဖြေရင်း လက်ဆောင်ရယူပါ 🧩

အစီအစဉ်လေးလည်း ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ
Admin တို့ foodie လေးတွေကို သတိပေးချင်တာလေးတွေရှိပါတယ်

ပထမဆုံးအနေနဲ့ ပြန်စစ်ရမယ့် စည်းကမ်းချက်လေးတွေကို ထပ်မံ share ပေးပါရစေနော် 🚨

1. Foodz page ကို Like and follow လုပ်ပြီးသွားပြီလား စစ်ကြည့်ပေးပါ

2. ကိုယ့် ဝေါလ် ပေါ်မှာ public နဲ့ share ထားတဲ့ ပို့စ်မှာ ပါရဲ့လား စစ်ကြည့်ပေးဖို့လိုပါမယ်

3. Share ပို့စ် screenshot ကိုရော မူရင်းပို့စ်အောက်မှာ မန့်ထားရဲ့လား ပြန်ကြည့်ပေးပါနော် (အောက်မှာ link လေးပေးထားပါတယ်
https://www.facebook.com/481858418618084/posts/2427613984042508/?d=n)

4. အဖြေ အနေနဲ့ကတော့ ပဟေဠိ သုံးခုမို့ အဖြေ သုံးလုံးပဲရှိပါမယ်နော် (Admin ဒိထက် သဲလွန်စ ပေးလို့မရတော့လို့ပါ😁)

(စိတ်ဝင်တစားနဲ့ သေချာ အဖြေများရှာဖွေရေးသားပေးကြတဲ့သူများအတွက်ကတော့ အဖြေရေးသားရာမှာ ကိုယ်မှန်မယ်ထင်မဲ့ အဖြေတစ်ခုပဲ ချန်ထားခဲ့ပေးဖို့လိုပါတယ်နော်)

ဆုလက်ဆောင်ကိုတော့

💝အဖြေမှန်ပြီး Share ပို့စ်မှာ Like အများဆုံးရတဲ့ Foodie လေး သုံးဦးက ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ် (ချစ်ရတဲ့ အမျိုးတွေ သူငယ်ချင်းတွေကို mention ခေါ်ဖို့ မမေ့ပါနဲ့ဦးနော် 😍)

📣ဆုမဲကံထူးရှင်များကိုတော့ ၁၂ ရက်နေ့မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်📣

အားလုံးပဲ ကံကောင်းပါစေလို့ Foodz မှ ဆုမွန်ကောင်းလိုက်ပါတယ်

(ပုံ
လက်ဆောင်အရမ်းပေးချင်နေသူတစ်ဦး)

Photos from Foodz's post 03/01/2022

🧩 အဖြေမှန်ကို Like and share လုပ်ရင်း
ဆုလက်ဆောင်လေးတွေ ရယူလိုက်ကြရအောင်

ဒီအစီအစဉ်ကို January (၃)ရက်နေ့ကနေ January (၁၀)ရက်နေ့ အထိ ပါဝင်ဖြေဆိုလို့ရပါတယ်။

ဆုလက်ဆောင်တွေကတော့

အဖြေမှန်သူတွေထဲကမှ Like အများဆုံး သုံးဦးကို ရွေးချယ်ပြီး (ပုံမှာပြထားတဲ့အတိုင်း)
🎁 ကြွေပန်းကန်လုံး တစ် set ရရှိမှာ ဖြစ်ပါတယ်

နှစ်သိမ့်ဆုအနေနဲ့
💝 ဖုန်းငွေဖြည့်ကဒ် ၁,၀၀၀ တန် (၅)ကဒ်ကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်

🧩 ဘယ်လိုပါဝင်ရမလဲဆိုတော့

၁) ပထမဦးစွာ Foodz page link လေးကို နှိပ်ပြီး like and follow လုပ်ရပါမယ်။
https://www.facebook.com/Foodz-481858418618084/

၂) အခုဖော်ပြထားတဲ့ မူရင်းပို့စ်ကို Like & Share လုပ်ပေးရပါမယ်။

၃) Share လုပ်တဲ့အခါ မိမိတို့ wall မှာ လို့ ရေးသားပြီး Public နဲ့ Share ပေးရမှာ ဖြစ်ပါတယ်။

၄) မိမိတို့ Share ထားတဲ့ ပို့စ်ကို Screenshoot ပြုလုပ်ပြီး ယခုပို့စ်အောက်မှာ အဖြေမှန်နှင့်အတူ Comment မန့်ပေးရမှာ ဖြစ်ပါတယ်။

သတ်မှတ်စည်းမျဉ်းစည်းကမ်းများ

၁) အထက်ဖော်ပြပါ အချက်များနဲ့ ပြည့်စုံတဲ့ပို့စ်ကိုသာ ဆုရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။
၂) အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ရှိခဲ့ပါက Foodz ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။
၃) အဖြေမှန်သူများထဲမှ Like အများဆုံးရရှိသူကို ရွေးချယ်ရာတွင် မြင်တွေ့ရမယ့် မည့်သည့် Like reaction ကို မဆို ထည့်သွင်းရေတွက်သွားမှာဖြစ်ပါတယ်။

(မှတ်ချက်။ ။January (၁၀)ရက်နေ့၊ ညနေ(၅)နာရီအထိသာ ပါဝင်ဖြေဆိုရမည်ဖြစ်ပြီး ၎င်းနောက်ပိုင်း Like and share များကို ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။)

01/01/2022

Foodz ရဲ့ ၁၀၀% ပုစွန်ဆီဟာဖြင့်

Foodie လေးတွေရဲ့အားပေးမှုကြောင့်

ဒီတစ်ပတ်ထဲမှာပဲ ဗူး ၅၀ ပြည့်သွားပြီဖြစ်ပါတယ်။

လက်ဆောင်ဖန်ပုလင်းလေးတွေကိုလည်း

ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။

Foodz ရဲ့ ဒုတိယမြောက်ထုတ်ကုန်ကိုတော့

ဉာဏ်စမ်းပဟေဠိ 🧩 အဖြေညှိရင်း

ဆုလက်ဆောင်ရရှိမယ့် အစီအစဉ်လေးတွေရှိလို့

အားလုံးပဲ Stay Tune နော်

31/12/2021

2022 နှစ်သစ်မှစ၍

Foodz ရဲ့ စားသုံးသူ foodie လေးများအားလုံး

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း

တောင်းလိုက်ပါတယ် 🌟🎉🎊

29/12/2021

Foodie လေးတွေအားလုံးပဲ မင်္ဂလာပါနော်
ဒီနေ့မှာတော့ Foodz ရဲ့ပထမဆုံး ထုတ်ကုန်အဖြစ်နဲ့
Foodz 100% ပုစွန်ဆီစစ်စစ်လေး
ထွက်ပေါ်လို့လာပါပြီ...

Foodz ရဲ့ အသင့်စား ပုစွန်ဆီဟာဖြင့်
ပြန်လည် ချက်ပြုတ်စရာ မလိုပါဘူး
အဆင်သင့် စားသုံးရုံပါပဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင်
မြေပဲဆီသန့်နဲ့ ချက်ထားတဲ့အပြင်
တာရှည်ခံ ဓာတုဆေးဝါး ဆား အချိုမှုန့်
လုံးဝ လုံးဝ မပါဝင်တာကြောင့်
လူမျိုး ဘာသာမရွေးယုံကြည်စိတ်ချစွာ
စားသုံးနိုင်ပါတယ်

တစ်ဗူးမှာ 250 gram (15 ကျပ်သား) ပါဝင်ပြီး
ဈေးနှုန်းကတော့ 10000 ကျပ်ပါ
(delivery ခကတော့ သပ်သပ်ရှင်းပေးရပါမယ်နော်)
ရန်ကုန်မြို့တွင်း မြို့ပြင် နယ်ဝေး
delivery 🚚 ရှိပါတယ်

ပထမဆုံးဝယ်ယူသူ အယောက် ၅၀ အတွက်
Foodz ရဲ့ ဖန်ပုလင်းလှလှလေး တစ်လုံး
လက်ဆောင်ထည့်ပေးနေပါတယ်နော်

ပုစွန်ဆီစစ်စစ်ကိုမှ စားသုံးချင်တယ်ဆိုရင်တော့
Foodz ရဲ့ chat box (သို့မဟုတ်)
ဖုန်းနံပါတ် 09 266 77 22 00 ကို ဆက်သွယ်မှာယူနိုင်ပါတယ်

26/12/2021

📣Foodz ပုစွန်ဆီကို ဒီနှစ်ကုန်
စရောင်းပါမယ်နော်

🙏ကြိုပြီး မှာပေး အားပေးကြတဲ့
Foodz ရဲ့Foodie လေးတွေအားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်

🎁ပထမဆုံး ဝယ်ယူသူ အယောက် 50 အတွက်
Promotion Gift လေးနဲ့အတူ
အမြန်ဆုံး ပို့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်

အခုတော့

ပုစွန်ဆီအဆီအနှစ်တွေအပြည့်နဲ့

Foodz ရဲ့ slomo video လေးကိုကြည့်ရင်း

တူတူ သွားရည်ကျရအောင်နော် 😁😁😁

24/12/2021

Foodz Prawn Oil is coming to town.... 🦌🎅🎁 🎄 ☃️ ❄️

အစားကောင်းမှ ကြိုက်နှစ်သက်ကြတဲ့
Foodie လေးတွေအတွက်
Foodz ရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်လာမယ့်
အသင့်စား ပုဇွန်ဆီ 💯 ရာခိုင်နှုန်း စစ်စစ်နဲ့အတူ
ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်...

Foodie လေးတွေလက်ထဲကို
ဘယ်လိုအစီအစဉ်လေးတွေနဲ့
ဘယ်အချိန်မှာစတင်
ရောင်းချပေးသွားမလဲဆိုတာကို
တူတူရင်ခုန်ကြရအောင်လေနော် 😉😉

Stay Tune !!!

29/11/2021

ဟင်းခွက် ၃၀၀ မှ မပြည့်ရင်
ပွဲတော်မတည်ဘူးဆိုတဲ့
ရာဇဝင်ထဲက
နရသီဟပတေ့ဘုရင်ဆိုတာ
တကယ်က Foodz ကို မတွေ့သွားလိုက်လို့ပါ 😜

❤️ဟင်းပွဲတွေအများကြီးမလိုပါဘူး
ထိထိမိမိ Foodz ပဲလိုတယ် ❤️

25/11/2021

ငယ်ငယ်တုန်းက
ဖိုးလမင်းကြီးဆီက တောင်းဖူးတဲ့
ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းလိုမျိုး 🌙

​ချစ်ခြင်းမေတ္တာအပြည့်နဲ့
အမေနယ်ဖတ်ပြီး ပြင်ဆင်ပေးတဲ့
ထမင်း စားလိုက်ရသလိုမျိုး 🥰

ငယ်ဘဝကို အမှတ်ရစေမယ့်
ဘယ်လိုအစားအစာမျိုးကို
FOODZ ကနေ မိတ်ဆက်လာမှာလဲ 🎉

တူတူရင်ခုန်ကြရအောင်နော် ❤️

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 7, Kyauk Myaung Zayy Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00