Device Consulting Group

Device Consulting Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Device Consulting Group, Education, Building 24/26, Room 4B/C, Race Course Condo, South Race Course Street, Tamwe Township, Yangon.

Device consulting group is a prospering management consultancy company for businesses in Myanmar with systematic and practical effectiveness as a trusted advisor to top management or as a hands-on coach for front line employees.

Photos from Device Consulting Group's post 06/06/2026

𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠| 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐏𝐚𝐜𝐤𝐚𝐠𝐞 | 𝐀𝐝𝐚𝐩𝐭𝐢𝐯𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩

😖 အမြဲတမ်း အလုပ်တွေပိပြီး အလုပ်များနေတယ်... ဒါပေမယ့် တကယ်တမ်း လိုချင်တဲ့ ရလဒ် ထွက်မလာဘူး" ဆိုတဲ့ ခံစားချက်မျိုး လုပ်ငန်းခွင်မှာ ကြုံဖူးကြပါသလား။

💯လူသုံးကုန်ပစ္စည်းတွေ၊ လူမှုဘဝလိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ပံ့ပိုးပေးနေရတဲ့ ဖြန့်ချိရေးကုမ္ပဏီ (Distribution Company) တခုအတွက်တော့ နေ့စဉ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ပိုလို့တောင် မြန်ဆန်၊ ရှုပ်ထွေးလှပါတယ်။ ကုန်ပစ္စည်း ပြတ်လပ်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ ဝန်ထမ်းအင်အား ဖိအားနဲ့ ဘတ်ဂျက် ညှိနှိုင်းရမှုတွေကြားမှာ မိနစ်တိုင်းဟာ ခေါင်းကိုက်စရာပါပဲ ။

💫 ဒီလို အမြဲတစေ ပြောင်းလဲနေတဲ့ ဖြန့်ချိရေး လုပ်ငန်းပတ်ဝန်းကျင်မှာ 'ရိုးရာအစဉ်အလာ ခေါင်းဆောင်မှုပုံစံဟောင်းတွေ' နဲ့ပဲ ဆက်သွားနေမယ်ဆိုရင် "အဟောင်းအတိုင်း တွေးပြီး၊ အဟောင်းအတိုင်း လုပ်နေသရွေ့ အဟောင်းအတိုင်းပဲ ရှုံးနိမ့်နေဦးမှာပါ"။

📈 ဒါကြောင့် ရေရှည်အောင်မြင်မှုနဲ့ အပြောင်းအလဲတွေကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် Adaptive Management & Leadership (လိုက်လျောညီထွေရှိသော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု) သင်တန်းကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 က 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊 𝐏𝐨𝐰𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐂𝐨., 𝐋𝐭𝐝. စီမံခန့်ခွမှုတာဝန်ယူထားသူများအား ယနေ့ သင်ကြားပို့ချခဲ့ပါတယ်။

✅ 𝐀𝐝𝐚𝐩𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲 (လိုက်လျောညီထွေရှိခြင်း) က မိမိရဲ့ Value ကို မြှင့်တင်ပေးတယ်
ခေတ်က အမြဲတမ်း ပြောင်းလဲနေတာပါ။ ဆရာဦးတင်ဇံကျော်ပို့ချခဲ့တဲ့ John Wooden ရဲ့ ကောက်နုတ်ချက်လိုပဲ "အချိန်နှင့်တပြေးညီ ပေါ်ပေါက်လာသည့် အခြေအနေဟူသမျှကို ချိန်ညှိဆောင်ရွက်နိုင်စွမ်းသည် လိုက်လျောညီထွေရှိမှုပင် ဖြစ်သည်"။ လုပ်ငန်းခွင်မှာ Adaptability ရှိတဲ့သူတစ်ယောက်ဟာ အတွေးအမြင်သစ်တွေကို ပွင့်လင်းစွာ လက်ခံနိုင်တယ်၊ အပြောင်းအလဲတွေကို ကြိုတင်ခန့်မှန်းနိုင်တယ်၊ ခံနိုင်ရည်ရှိပြီး ဘယ်လိုပတ်ဝန်းကျင်မှာမဆို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ Team Player ကောင်း တစ်ယောက် ဖြစ်လာစေပါတယ်။

✅ Delegation (ခိုင်းစေခြင်း) နှင့် Empowerment (လုပ်ပိုင်ခွင့်အပ်နှင်းခြင်း) ရဲ့ ကွာခြားချက်
ဒီအချက်ကတော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်သူတိုင်း သတိပြုရမယ့်အချက်ပါ။
"လုပ်ငန်းတာဝန်တွေကို ရိုးရိုးခွဲဝေခိုင်းစေတာ (Delegate) က ခိုင်းတဲ့အတိုင်းပဲ လုပ်တတ်တဲ့ 'နောက်လိုက် (Follower)' တွေကိုပဲ ရရှိစေမှာဖြစ်ပြီး၊ ဝန်ထမ်းကို ပန်းတိုင်ပြပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်နဲ့ တာဝန်ယူမှုကိုပါ ယုံကြည်စွာ လွှဲအပ်ပေးခြင်း (Empower) ကသာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ 'ခေါင်းဆောင် (Leader)' တွေကို ပေါ်ထွက်လာစေမှာပါ"။

✅ Continuous Learning (စဉ်ဆက်မပြတ် သင်ယူမှု) ကသာ အနာဂတ်အတွက် အာမခံချက်အဖွဲ့အစည်းတစ်ခုမှာဖြစ်ဖြစ်၊ ကိုယ်တိုင်အတွက်ဖြစ်ဖြစ် ရေရှည်အောင်မြင်ဖို့ဆိုရင် "လေ့လာသင်ယူလိုစိတ်ရှိတဲ့ လုပ်ငန်းယဉ်ကျေးမှု (𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐮𝐥𝐭𝐮𝐫𝐞)" ရှိဖို့ လိုအပ်ပါတယ်။ အမှားတွေဆီကနေ သင်ယူရဲရမယ်၊ အကြံပြုချက် (Feedback) တွေကို လမ်းဖွင့်လက်ခံရမယ်၊ စမ်းသပ်လုပ်ဆောင်ရဲတဲ့ စိတ်ဓာတ် (𝐄𝐱𝐩𝐞𝐫𝐢𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧) ရှိရပါမယ်။ 𝐒𝐭𝐞𝐩𝐡𝐞𝐧 𝐇𝐚𝐰𝐤𝐢𝐧𝐠 ပြောသလိုပေါ့... “𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐢𝐬 𝐭𝐡𝐞 𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐭𝐨 𝐚𝐝𝐚𝐩𝐭 𝐭𝐨 𝐜𝐡𝐚𝐧𝐠𝐞.” (အသိဉာဏ် စွမ်းရည် မြင့်မားခြင်းဆိုတာ အပြောင်းအလဲကို လိုက်လျောညီထွေ ကျင့်သုံးနိုင်စွမ်း ရှိခြင်းပါပဲ)။

📌စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာပဲဖြစ်ဖြစ် 'ရိုးရာအစဉ်အလာ အဆင့်ဆင့်ဖွဲ့စည်းပုံတွေ' (Rigid Hierarchy) ထဲမှာပဲ ပိတ်မိမနေဘဲ၊ အပြောင်းအလဲကို ရဲရဲဝံ့ဝံ့လက်ခံပြီး လိုက်လျောညီထွေဖြစ်အောင် အမြဲ Modify လုပ်နေနိုင်မှသာ ကိုယ့်ရဲ့ Value ကို မြှင့်တင်နိုင်ဖို့ ကောက်နှုတ်တင်ပြပေးလိုက်ရပါတယ်။

💎DBU International College မှာ ဆရာဦးတင်ဇံကျော်သင်ကြားပို့ချမှုနဲ့အတူ 𝐀𝐝𝐚𝐩𝐭𝐢𝐯𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 သင်တန်းဖြစ်မြောက်
အောင် စီစဉ်ထားတဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊 𝐏𝐨𝐰𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐂𝐨., 𝐋𝐭𝐝. ရဲ့ ဦးဆောင်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

🤙 လုပ်ငန်းများရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ Corporate Package Training များ သင်ကြားလိုပါက DBU International College - 09 42 100 7001 ကိုဆက်သွယ်အကောင်အထည်ဖော်နိုင်ဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
#𝐃𝐁𝐔𝐈𝐂
#𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠
#𝐀𝐝𝐚𝐩𝐭𝐢𝐯𝐞𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭&𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩

Photos from Device Consulting Group's post 06/06/2026

👑𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟔 | 𝐑𝐞𝐜𝐨𝐫𝐝 𝐨𝐟 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟓

💡ယနေ့ခေတ် ပြောင်းလဲတိုးတက်နေသော စီးပွားရေးလောကတွင် မိမိတို့အဖွဲ့အစည်းကို ရေရှည်တည်တံ့စွာ ဦးဆောင်နိုင်ရန် ရိုးရာအစဉ်အလာ အထက်မှအောက်သို့ အမိန့်ပေးစေခိုင်းသည့် Traditional Top-down Authority သည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

🔷ယခုအပတ်မှာတော့ ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက် သင်ကြားပြသပေးခဲ့တဲ့ Executive Leadership Seminar တွင် အဖွဲ့အစည်းတစ်ခု၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးသို့ ဆွဲတင်ပေးနိုင်မယ့် "Collaborative Leadership (Session 5)" အကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

🔷ခေါင်းဆောင်မှုဟူသည် တာဝန်များကို ခွဲဝေပေးရုံသာမကဘဲ အဖွဲ့ဝင်အားလုံး ပွင့်လင်းမြင်သာစွာ အတူတကွ ပူးပေါင်းဆောင်ရွက်လာစေရန် တိုက်တွန်းဝေမျှပေးထားပါတယ်။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်တစ်ဦးတွင် ရှိရမည့် အခြေခံအချက် (၃) မျိုးဖြစ်တဲ့ -

🔷၁။ Shared Decision-Making: လုပ်ငန်းခွင်အတွင်း မတူကွဲပြားသော အမြင်များနှင့် ထိုးထွင်းဉာဏ်များကို စုစည်းကာ အဖွဲ့ဝင်များ၏ Collective Wisdom ဖြင့် အကောင်းဆုံး ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း။
၂။ Open Communication: တစ်ဦးကိုတစ်ဦး ယုံကြည်လေးစားမှုရှိပြီး အပြစ်တင်ဝေဖန်ခံရမှာကို မစိုးရိမ်ဘဲ မိမိတို့ရဲ့ အကြံဉာဏ်များကို လွတ်လပ်စွာ ဖော်ထုတ်ဆွေးနွေးနိုင်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုတစ်ခုတည်ဆောက်ခြင်း။
၃။ Team Empowerment: အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ ထူးခြားတဲ့ အရည်အချင်းများကို အသိအမှတ်ပြုကာ Delegate Authority ဖြင့် တာဝန်ယူစိတ်နှင့် တက်ကြွမှုကို မြှင့်တင်ပေးခြင်း။

🔷ခေါင်းဆောင်မှုပုံစံရဲ့ ထိရောက်ပုံကို ကမ္ဘာ့ထိပ်တန်း Microsoft ကုမ္ပဏီကြီး၏ CEO ဖြစ်သူ Satya Nadella ကဲ့သို့သော ခေါင်းဆောင်များက လက်တွေ့အသုံးချပြီး ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် ယဉ်ကျေးမှုအသစ်ဖြင့် အဖွဲ့အစည်းကို ပိုမိုအောင်မြင်အောင် ပြောင်းလဲမောင်းနှင်ခဲ့ကြသလို၊ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Jacinda Ardern ကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များကလည်း မတူကွဲပြားသောအမြင်များကို နားထောင်ပြီး အားလုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အကျပ်အတည်းများကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ကြောင်း မျှဝေခဲ့ပါတယ်။

🔷ယခု Seminar မှာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များနှင့် မန်နေဂျာများမှလည်း မိမိတို့၏ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် ခေါင်းဆောင်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြရာ ဆရာကြီးမှ လက်တွေ့ကျသော သာဓက၊ ဥပမာ မြောက်မြားစွာဖြင့် အသေးစိတ် လမ်းညွှန်ဖြေကြားပေးခဲ့ပါတယ်။
ခေါင်းဆောင်ကောင်းဟူသည် ရှေ့ကနေ အမိန့်ပေးသူမဟုတ်ဘဲ အားလုံးနှင့်အတူ လက်တွဲကာ အဖွဲ့အစည်း၏ အနာဂတ်ဆီသို့ ရှေ့ဆောင်လမ်းပြပေးသူ ဖြစ်ပါသည်။

🔷ဒီကနေ့ Seminar သို့ အချိန်ပေး၍ တက်ကြွစွာ တက်ရောက်အားဖြည့်ပေးခဲ့ကြသော လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် အဖွဲ့ဝင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအားလုံး စုပေါင်းအင်အားဖြင့် တိုးတက်အောင်မြင်မှု အသီးအပွင့်များ ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

💡 The 𝐋𝐄𝐀𝐑𝐍-𝐈𝐓-𝐀𝐋𝐋 will always do better than the 𝐊𝐍𝐎𝐖-𝐈𝐓-𝐀𝐋𝐋.

Photos from Device Consulting Group's post 02/06/2026

ပြောင်းလဲနေတဲ့စျေးကွက်အခြေအနေနဲ့အညီ ဖြန့်ဖြူးရောင်းချခြင်းကိုဘယ်လို စီမံခန့်ခွဲသင့်လဲ???🤔

👤ယခုလိုဖောက်သည်များရဲ့ မျှော်လင့်ချက် ယခင်ကထက်ပိုမိုမြင့်မားနေတဲ့ခေတ်ကြီးမှာ ဖြန့်ဖြူးရောင်းချ ခြင်းကအလွန်အရေးပါလှပါတယ်။ ဖြန့်ဖြူးရောင်းချသူများအနေနဲ့ မိမိတို့ရဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းများကို စားသုံးသူများထံ မှန်ကန်သောပမာဏ၊မှန်ကန်သောအချိန်နဲ့ စနစ်တကျပို့ရန်လိုအပ်ပါတယ်။ ဒါကြောင့် မိမိကုန်ပစ္စည်းများကို စနစ်တကျထိရောက်စွာ ဖြန့်ဖြူးရောင်းချ နိုင်ပြီး Raw Materials မှ Consumer သို့ ရောက်အောင်ဖြန့်ဖြူးရာတွင် ကျစ်ကျစ်လျစ်လျစ်နဲ့ အထိရောက်ဆုံးဖြစ်အောင် ဗျူဟာကျကျ စီမံခန့်ခွဲဖို့လိုအပ်ပါတယ်။

🚚📦 ပြီးပြည့်စုံတဲ့ Physical Distribution Management စနစ်တစ်ခုမှာ -

- ဖြန့်ဖြူးစီမံရာတွင် Return Process များ၊Order များ၊ Delivery များကိုအချိန်မှန်ပို့ပေးနိုင်ရန်
- ထုတ်ကုန်များ ၏ ရောင်းလိုအား၊ ဝယ်လိုအားကိုဒေတာများစုဆောင်းပြီး ခန့်မှန်းတတ်ရန်
- ကုန်စည်သိုလှောင်မှုနဲ့ရွေ့လျားမှုတို့ကို ထိရောက်စေရန် သိုလှောင်ရုံအစီအစဉ်ဆွဲခြင်း နှင့် ထိန်းချုပ်ခြင်းတို့ကို စီမံတတ်ရန်
- Distribution Management, Inventory Control, Order Processing များကိုရှုထောင့်အမျိုးမျိုးမှ စီမံခန့်ခွဲရာတွင် Enterprise Resource Planning (ERP) ကို အသုံးပြုတတ်စေရန်
- Vendor များရွေးချယ်ခြင်း၊ စျေးနှုန်းညှိနှိုင်းခြင်း တို့စနစ်တကျရှိစေရန်
- သိုလှောင်မှုစရိတ်လျှော့ချရန်အတွက် Stock ပစ္စည်းများကို စိစစ်ရာတွင် ရောင်းလိုအား၊ဝယ်လိုအား တွက်ချက်တတ်ရန်
- ဖောက်သည်များရဲ့ Orders များလက်ခံရာတွင် Recordကိုစနစ်တကျစာရင်းသွင်းတတ်ရန်
- ဖောက်သည်များရဲ့ Buying Habits များ၊ Behavior များ၊ Sales Trends များကိုနားလည် သဘောပေါက်ရန် လိုအပ်ပါတယ်။

🛒🗺️ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ်မှာ ထုတ်လုပ်မှု၊သိုလှောင်ရုံ၊ သယ်ယူပို့ဆောင်ရေး နဲ့ လက်လီရောင်းချခြင်းစတဲ့လုပ်ငန်းစဉ်များစွာပါဝင်နေပါတယ်။ ဒီလိုလုပ်ငန်းတွေမှာကုန်စည်စီးဆင်းမှုကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းများအနေနဲ့ သုံးစွဲသူများ စိတ်ကျေနပ်မှုရရှိစေပြီး ကုန်ကျစရိတ်များကို ကျစ်လျစ်စေကာ လုပ်ငန်းများကြားမှာလည်း ယှဉ်ပြိုင်နိုင်စွမ်းကို ရရှိစေနိုင်မှာဖြစ်ပါတယ်။မိမိတို့အနေနဲ့ အသေးစားလုပ်ငန်းပိုင်ရှင်ပဲဖြစ်ဖြစ်၊ Supply Chain ကို စီမံခန့်ခွဲသူပဲဖြစ်ဖြစ် လုပ်ငန်းများ အောင်မြင်မှုအတွက် ဖြန့်ဖြူးမှုစီမံခန့်ခွဲမှုရဲ့ အရေးပါပုံကို နားလည်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။

👨‍💼ဒါကြောင့် လုပ်ငန်းရှင်များ၊Supervisor များ၊ Manager များအနေနဲ့ ထုတ်လုပ်သူနှင့် ပေးသွင်းသူများထံမှ လက်လီရောင်းချသူများ ၊ နောက်ဆုံးတွင် စားသုံးသူများထံသို့ ကုန်ပစ္စည်းများကို ချောမွေ့စွာစီးဆင်းစေရန်နဲ့ ထုတ်ကုန်တစ်ခု၏ ခရီးစဉ်တစ်ခုလုံးကို ကြီးကြပ်ကာပြီးပြည့်စုံသော မဟာဗျူဟာမြောက်သော ဖြန့်ဖြူးမှုစီမံခန့်ခွဲမှုကိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ DBU International College က “𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 “ သင်တန်း ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်ကြားမည့်ခေါင်းစဉ်များ
•••••••••••••••••••••••••
Part 1 Concept of Distribution
Part 2 Council of Logistics Management
Part 3 Logistics Channel
Part 4 Transportation Management
Part 5 Inventory Control Management
Part 6 Warehousing Functions
Part 7 Order Processing
Part 8 Channel Distribution
Part 9 Channel Management
Part 10 Evaluating Channel Members
Part 11 Distributor Agreement
Part 12 Distribution Pe*******on & Master Coverage Plan
Part 13 Estimated Sale Forecast by Area by Month
Part 14 Price Escalation Guide Line
Part 15 Distribution Control and Performance Evaluation
Part 16 Organization for Physical Distribution

ဘယ်သူတွေတက်ရောက်သင့်လဲ
••••••••••••••••••••••••••••••
- Entrepreneurs နဲ့ CEOs
- Logistics Managers
- Warehouse Managers နဲ့ Supervisors
- Sales and Distribution Managers နဲ့ Supervisors
- Physical Distribution ကိုစနစ်တကျစီမံခန့်ခွဲလိုသူများ

သင်ကြားပို့ချပေးမည့်ဆရာများ
•••••••••••••••••••••••••••••
Main Speaker
••••••••••••••
ဆရာဦးတင်ဇံကျော် ( Founder & Chairman : DBU International College)

သင်ကြားမည့်ပုံစံ
••••••••••••••••••
- Interactive Discussion
- Real Case Study
- Question & Answer တို့ဖြင့် အနီးကပ် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်တန်း Facility များ
•••••••••••••••••••
- Learning Support Materials
- Refreshment (Tea Time)

သင်တန်းရက် နှင့် အချိန်
••••••••••••••••••••••
၁၂.၆.၂၀၂၆(သောကြာနေ့) နှင့် ၁၃.၆.၂၀၂၆ (စနေနေ့)
နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) အထိ

သင်တန်းကြေး
••••••••••••••
သင်တန်းသား (၁)ဦး - ကျပ် ၈၀၀,၀၀၀/-

Special Package အနေဖြင့်
••••••••••••••••••••••••••
(၁) သင်တန်းသား(၃)ဦးနှင့်အထက်တက်ရောက်သူများအတွက် ၁၀% သက်သာခွင့်
(၂) သင်တန်းသား (၅) ဦးနှင့်အထက် တက်ရောက်ပါက ၂၀% သက်သာခွင့် ရရှိမှာဖြစ်ပါတယ် ။

အထူးအခွင့်အရေး
••••••••••••••••
ဇွန်လ (၆) ရက်နေ့ နောက်ဆုံးထားအပ်နှံပါက သင်တန်းကြေး ၆၀၀,၀၀၀/- တည်းဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ် ။

အသိအမှတ်ပြုလက်မှတ် (Certificate)
••••••••••••••••••••••••••••••••••••
• သင်တန်းပြီးဆုံးပါက DBU International College ကပေးအပ်သော Certificate ကိုရရှိမှာဖြစ်ပါတယ်။

သင်တန်းသင်ကြားပို့ချမည့်နေရာ
••••••••••••••••••••••••••••••
DBU International College – DBU IC Campus
တိုက်နံပါတ် (၇) ၊ မြန်မာဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
( #သင့်အတွက်နောက်မကျပါစေနှင့် )
အသေးစိတ်သိရှိလိုပါက …
:
09 42 100 7001, 09 88 263 1717


[email protected]







[email protected]

28/05/2026

Selling ဆိုတာ
တစ်စုံတစ်ယောက်ကို ရောင်းချနိုင်ခြင်းထက်
တစ်စုံတစ်ယောက်အတွက်
ပြုလုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်။

Zig Ziglar
Salesman, Motivational Speaker

28/05/2026

🌙 𝐌𝐚𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 𝐬𝐮𝐫𝐫𝐨𝐮𝐧𝐝 𝐘𝐨𝐮 𝐓𝐨𝐝𝐚𝐲 🌟

မင်္ဂလာရှိသော 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤 မှစ၍ ဘဝလမ်းခရီးတစ်လျှောက် ကြယ်စင်များကဲ့သို့တောက်ပပြီးအောင်မြင်မှု အလင်းရောင်များနှင့် ပြည့်ဝပါစေကြောင်း 𝐃𝐞𝐯𝐢𝐜𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 𝐆𝐫𝐨𝐮𝐩 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨💖
Have a wonderful Eid Mubarak ! 🌙 ✨

Photos from Device Consulting Group's post 24/05/2026

𝐑𝐞𝐜𝐨𝐫𝐝 | 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐟𝐨𝐫 𝐌𝐚𝐫𝐤𝐞𝐭 𝐒𝐮𝐜𝐜𝐞𝐬𝐬| 𝟐𝟒𝐭𝐡 𝐌𝐚𝐲

ရောင်းတတ်ရုံနဲ့ အရောင်းသမားကောင်း ဖြစ်ပြီလား?"** 🤔💼

ယနေ့မှာတော့ DBU International College ရဲ့ 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧 & 𝐅𝐨𝐮𝐧𝐝𝐞𝐫 ဆရာဦးတင်ဇံကျော်က 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐅𝐨𝐫 𝐌𝐚𝐫𝐤𝐞𝐭 𝐒𝐮𝐜𝐜𝐞𝐬𝐬 သင်တန်းကို (၁) ရက်တာ သင်ကြားခဲ့ပါတယ် 📚✨

တစ်နေ့တာလုံးမှာ အဖိုးတန်တဲ့ ခေါင်းစဉ် (၁၂) ခုနဲ့အတူ အရောင်းပိုင်းဆိုင်ရာ မရှိမဖြစ်လိုအပ်တဲ့ လက်တွေ့အကြောင်းအရာများကို Update Trend နဲ့အညီ ဆွေးနွေးပို့ချခဲ့တာဖြစ်ပါတယ်။

ကျွမ်းကျင်သော အရောင်းသမားကောင်းတစ်ယောက်မှာ ရှိရမယ့် - 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐢𝐬𝐭𝐢𝐜𝐬 (အရည်အချင်းများ) အကြောင်းနဲ့ စတင်ခဲ့ပြီး 𝐊𝐞𝐲 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬 𝐟𝐨𝐫 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐒𝐞𝐥𝐥𝐢𝐧𝐠 ဆိုတဲ့ အောင်မြင်စွာ ရောင်းချနိုင်မယ့် လက်တွေ့အချက်များကို တစ်ဆင့်ချင်း ပို့ချပေးခဲ့ပါတယ်။

🧩 ဆက်လက်ပြီး 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐜𝐞 𝐨𝐟 𝐌𝐞𝐫𝐜𝐡𝐚𝐧𝐝𝐢𝐬𝐢𝐧𝐠 အပိုင်းပါပဲ ။ စင်ပေါ်မှာ ပစ္စည်းတစ်ခုကို ဝယ်သူ့မျက်စိအမြင့် (Eye Level) အလိုက် ဘယ်လို Facing လုပ်ပြီး စနစ်တကျ ခင်းကျင်းပြသရမလဲဆိုတာ လက်တွေ့ကျတဲ့ ဗျူဟာတွေ အပြင်

🍓ဝယ်သူ့နှလုံးသားကို ဖမ်းစားမယ့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 အကြောင်း နဲ့ ဝယ်သူတွေ ငြင်းဆန် ကန့်ကွက်လာရင် စိတ်မပျက်ဘဲ အရောင်းအချက်ပြလက္ခဏာ (Buying Signal) အဖြစ် ပြောင်းလဲကိုင်တွယ်ရမယ့် 𝐇𝐚𝐧𝐝𝐥𝐢𝐧𝐠 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐎𝐛𝐣𝐞𝐜𝐭𝐢𝐨𝐧𝐬 နည်းလမ်းတွေကို ဆရာက ဆက်လက်ပို့ချပေးခဲ့ပါတယ်

အရောင်းတစ်ခုအောင်မြင်ဖို့ ဘယ်အချက်တွေပေါ်မူတည်သလဲ။
📚Prospecting - မျှော်မှန်းမှန်းဆခြင်း။
📚Record Keeping - မှတ်တမ်းမှတ်ရာများကို ကြိုတင်စုဆောင်းထိန်းသိမ်းခြင်း။
📚Route Planning -အရောင်းလမ်းကြောင်းအစီအစဉ်ချသတ်မှတ်
ခြင်း။
📚Setting Realistic & Achievable Objectives - ဖြစ်နိုင်ချေရှိသော မီနိုင်သော ရည်မှန်းချက်များချမှတ်ဆောင်ရွက်ခြင်း စတဲ့ အခြေခံ (၄) ချက်ကို အရောင်းပိုင်းတင်မှာသာမက မည်သည့်အလုပ်မှာမဆို အသုံးချနိုင်ဖို့ ဝေမျှပေးလိုက်ရပါတယ်။

💯 အရောင်းပညာမှာ အပြန်အလှန် စကားပြောဆို နားထောင်ခြင်းဆိုင်ရာ Effective Communication Skills ရဲ့ အရေးပါမှု

💯စျေးကွက်ရဲ့ အခြေခံ သဘောတရားများ

💯ဖောက်သည်ဆီ မသွားခင် ကြိုတင်
ပြင်ဆင်ရမယ့် စနစ်တကျပြင်ဆင့်ရမယ့် အချက်များ

💯 အရောင်းရဲ့ နောက်ဆက်တွဲမှာ အရေးပါတဲ့ စနစ်တကျ မှတ်တမ်းတင်ရမယ့် Sales Administration & Related Duties တိို့ကို အသေးစိတ်ဝေမျှပို့ချခဲ့ပြီး

👨‍💼🧑‍💼နောက်ဆုံးမှာတော့ အရောင်းကို အောင်မြင်စွာ ပိတ်သိမ်းမယ့် 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬 𝐟𝐨𝐫 𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐒𝐚𝐥𝐞𝐬 ဗျူဟာတွေနဲ့အတူ အရောင်းပညာရပ်ကို အခြေခံကျကျ လေ့လာသင်ယူခဲ့ကြရတာဖြစ်ပါတယ်။

🥇ဆရာက လက်တွေ့ကျတဲ့ ဥပမာအစုံအလင်နဲ့ သေသေချာချာ သင်ကြားပို့ချပေးခဲ့တဲ့အတွက် လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချပြီး ဈေးကွက်မှာလည်း အောင်မြင်မှု ရရှိမယ်လို့ ယုံကြည်ပါတယ်။

Photos from Device Consulting Group's post 23/05/2026

𝐑𝐞𝐜𝐨𝐫𝐝| 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭| (𝟏) 𝐃𝐚𝐲 𝐂𝐥𝐚𝐬𝐬

ယနေ့ DBU International College မှာပြုလုပ်ခဲ့တဲ့ 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (၁) ရက်တာသင်တန်းမှာတော့

💯ယနေ့ခေတ် စီးပွားရေးလောကမှာ အဖွဲ့အစည်းတစ်ခု ရေရှည်အောင်မြင်ဖို့ဆိုရင် ဝန်ထမ်းတွေကို စက်ရုပ်လို မောင်းနှင်တဲ့ သမားရိုးကျစီမံခန့်ခွဲမှုတွေကနေ ရုန်းထွက်ရတော့မှာပါ။ အဖွဲ့အစည်းကို ရှင်သန်လှုပ်ရှားနေတဲ့ သက်ရှိတစ်ခုလို သဘောထားပြီး ခေတ်သစ်ခေါင်းဆောင်မှုပုံစံနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ဒီနေ့သင်တန်းကနေ ထိထိမိမိ သင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်။

✍️ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်မယ့် အဓိက Key Points (၇) ပိုင်းကို အနှစ်ချုပ်ပြီး ဝေမျှပေးချင်ပါတယ်။

၁။ စီမံခန့်ခွဲသူ (Manager) နှင့် ခေါင်းဆောင် (Leader) ဘာကွာသလဲ။

𝐌𝐚𝐧𝐚𝐠𝐞𝐫𝐬 (စီမံခန့်ခွဲသူ): လုပ်ငန်းခွင် တည်ငြိမ်မှုနဲ့ လက်တွေ့အကောင်အထည် ဖော်မှုကို အဓိကထားပြီး "အလုပ်ကို မှန်ကန်အောင် လုပ်ဆောင်ကြပါတယ်"။

𝐋𝐞𝐚𝐝𝐞𝐫𝐬 (ခေါင်းဆောင်): ရေရှည်မျှော်မှန်းချက် (Vision) နဲ့ အပြောင်းအလဲသစ်တွေကို ရှေးရှုပြီး "မှန်ကန်တဲ့အလုပ်ကို ရွေးချယ်လုပ်ဆောင်ကြပါတယ်"။

၂။ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ 𝐓𝐡𝐞 𝟓 𝐂’𝐬
လုပ်ငန်းခွင်ကို အောင်မြင်အောင် ဦးဆောင်ဖို့ ခေါင်းဆောင်တစ်ယောက်မှာ ဒီ (၅) ချက် ရှိရပါမယ်။

1. 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫 (ကိုယ်ကျင့်တရား):** ရိုးသားဖြောင့်မတ်ပြီး ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ပြတဲ့ စံပြဖြစ်ရမယ်။
2. 𝐂𝐨𝐦𝐦𝐢𝐭𝐦𝐞𝐧𝐭 (ကတိကဝတ်): ပန်းတိုင်နဲ့ အဖွဲ့သားတွေအပေါ် စူးစိုက်နှစ်မြှုပ်ပြီး ဇွဲမလျှော့တမ်း ကြိုးပမ်းရမယ်။
3. 𝐂𝐨𝐮𝐫𝐚𝐠𝐞 (သတ္တိ): ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချမှတ်ရဲပြီး တာဝန်ယူရဲရမယ်။

4. 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 (ယုံကြည်မှု): ဟန်ပြမဟုတ်ဘဲ စစ်မှန်တဲ့ အသိပညာဗဟုသုတနဲ့ ပြဿနာတွေကို တည်ငြိမ်စွာ ဖြေရှင်းနိုင်ရမယ်။

5. 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 (ဆက်သွယ်
ရေး)
အဖွဲ့သားတွေရဲ့ စကားကို အလေးအနက် နားထောင်ပြီး မိမိရဲ့ စိတ်ကူးတွေကို ရှင်းလင်းပြတ်သားစွာ ချပြနိုင်ရမယ်။

၃။ စီမံခန့်ခွဲမှုအဆင့်ဆင့်ရဲ့ အခန်းကဏ္ဍ Management Structure

✅𝐓𝐨𝐩 𝐋𝐞𝐯𝐞𝐥 (အထက်တန်း): ရေရှည်အတွက် မဟာဗျူဟာမြောက် မျှော်မှန်းချက်တွေနဲ့ မူဝါဒတွေကို ချမှတ်ပေးရပါတယ်။

✅ Middle Level (အလယ်တန်း): အထက်ကချမှတ်တဲ့ ပန်းတိုင်တွေကို လက်တွေ့ကျတဲ့ စီမံချက်တွေအဖြစ် ပြောင်းလဲပြီး ဌာနအချင်းချင်း ပေါင်းကူးညှိနှိုင်းပေးရပါတယ်။

✅ Lower Level (အောက်ခြေ): ရှေ့တန်းလုပ်ငန်းခွင်မှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စံနှုန်းနဲ့အညီ အနီးကပ် ကြီးကြပ်ကွပ်ကဲရပါတယ်။

၄။ လုပ်ငန်းခွင်တွင်း ပဋိပက္ခများကို အဖြေရှာခြင်း (𝐂𝐨𝐧𝐟𝐥𝐢𝐜𝐭 𝐑𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧)

🤔အငြင်းပွားမှုတွေဟာ ဆက်သွယ်ရေး မပြတ်သားမှု၊ အသိအမှတ်ပြုခံရဖို့ အလွန်အကျွံ ပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။
🧠 ဖြေရှင်းတဲ့အခါ အပေါ်ယံပြဿနာထက် နောက်ကွယ်က အရင်းခံအကြောင်းအရင်းကို ဘက်ပေါင်းစုံကနေ နားထောင်ပြီး၊ အတိတ်က အမှားထက် နောင်ခါ ပိုကောင်းလာမယ့် "အဖြေ (Solution)" ကို အတူတကွ ရှာဖွေရပါမယ်။

၅။ လုပ်ငန်းခွင် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ။
📚 ပြောတဲ့အတိုင်း တာဝန်ယူ လုပ်ဆောင်ပြီး ယုံကြည်မှု တည်ဆောက်ပါ။
📚 ကိုယ်ချင်းစာတရားနဲ့ အဆုံးထိ နားထောင်ပေးပါ။
📚 အသိအမှတ်ပြုပါ။
📚 ပုဂ္ဂိုလ်ရေးနဲ့ လုပ်ငန်းခွင်တာဝန်ကို Professional ဆန်ဆန် စနစ်တကျ ခွဲခြားပါ။

၆။ အမြဲအလုပ်ရှုပ်နေပေမယ့် ထိရောက်မှုမရှိခြင်းကို ပြုပြင်နည်း

✍️ ဒီနေ့အတွက် အရေးကြီးဆုံး အလုပ် (၃) ခုကိုပဲ သတ်မှတ်ပါ။
✍️ အလုပ် တစ်ခုချင်းစီအပေါ် အာရုံစိုက်ပါ။
✍️ နေ့စဉ်အလုပ်ကို မစတင်ခင် ကြိုတင်စီစဉ်ထားပါ။
✍️ အလွန်အကျွံ ပြီးပြည့်စုံချင်စိတ် (Perfectionism) ကြောင့် အချိန်မကုန်ပါစေနဲ့။

၇။ 𝐃𝐞𝐥𝐞𝐠𝐚𝐭𝐢𝐨𝐧 𝐕𝐬 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 (တာဝန်ခွဲဝေခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်း)
🔹 လုပ်ငန်းတာဝန်တွေကိုပဲ ခွဲဝေခိုင်းစေမယ်ဆိုရင်တော့ ခိုင်းတဲ့အတိုင်းပဲ လုပ်
တတ်တဲ့ "နောက်လိုက် (𝐅𝐨𝐥𝐥𝐨𝐰𝐞𝐫)" တွေကိုပဲ ရပါလိမ့်မယ်။ ဝန်ထမ်းကို ပန်းတိုင်ပြပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့် 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 ကိုပါ ယုံကြည်စွာ လွှဲအပ်ပေးမှသာ အဖွဲ့အစည်းကို ဦးဆောင်နိုင်မယ့် "ခေါင်းဆောင် 𝐋𝐞𝐚𝐝𝐞𝐫 သစ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ အမိန့်ပေးစေခိုင်းရုံတင်မဟုတ်ဘဲ ဝန်ထမ်းတွေကို ယုံကြည်မှုရှိရှိ လုပ်ပိုင်ခွင့်တွေ ခွဲဝေအပ်နှင်းပေးခြင်း (Empowerment) ကရေရှည်မှာ အောင်မြင်တဲ့ Team တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ဝေမျှလိုက်ရပါတယ်။

Photos from Device Consulting Group's post 23/05/2026

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟔 | 𝐑𝐞𝐜𝐨𝐫𝐝 𝐨𝐟 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟒

💡 သင့်အဖွဲ့အစည်းရဲ့ တိုးတက်မှုနှုန်းက သာမန်ထက် နှေးကွေးနေပြီဆိုရင်တော့ Collaboration ကို ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ ဒီနေ့ ပြုလုပ်ခဲ့တဲ့ (ELS) Season 16, Session 4 မှာ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က "Effective Collaboration" ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင်တွေ၊ C-level နဲ့ မန်နေဂျာတွေအတွက် တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ အမြင်တွေကို ဆွေးနွေးလမ်းညွှန်ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့ ဆွေးနွေးချက်တွေထဲကနေ လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချနိုင်မယ့် အဓိကအချက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

🔷 ပထမဆုံးအနေနဲ့ Collaboration လုပ်တယ်ဆိုတာ လူတွေစုပြီး အလုပ်လုပ်ရုံသက်သက်မဟုတ်ဘဲ ပြဿနာနဲ့ အခြေအနေတွေကို အတူတကွ နားလည်သဘောပေါက်အောင်လုပ်တဲ့ 'Sense Making' ကနေ စတင်ရပါတယ်။ ဒီလို နားလည်မှုရှိသွားတဲ့အခါမှသာ ဌာနအသီးသီးက ကွဲပြားတဲ့ ရှုထောင့်တွေ၊ အားသာချက်တွေကို စနစ်တကျ ပေါင်းစပ်နိုင်ပြီး အားလုံးအတွက် အကျိုးရှိမယ့် 'Win-Win Situation' ကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ဆရာကြီးမှ ဦးစွာ ထောက်ပြခဲ့ပါတယ်။

🔷 ဒီလို ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာဖို့ အဓိက အုတ်မြစ်ကတော့ "Trust" ဆိုတဲ့ "ယုံကြည်မှု" ပါပဲ။ ယုံကြည်မှုဆိုတာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် (Competence) နဲ့ အကျင့်စာရိတ္တ (Character) ဆိုတဲ့ အချက်နှစ်ချက်အပေါ်မှာ အခြေခံ တည်ဆောက်ရတာဖြစ်တယ်လို့ ဆရာကြီးက ရှင်းပြပါတယ်။ ဝန်ထမ်းတွေကြားမှာ Psychological Safety (စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု) ရှိပြီး ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်မှသာ (Open Communication) အကြံဉာဏ်သစ်တွေနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving & Innovation) တွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

🔷 အောင်မြင်တဲ့ Collaboration ဖြစ်ဖို့ဆိုရင် Senior Leadership ရဲ့ Commitment နဲ့ ပံ့ပိုးမှုက မရှိမဖြစ် လိုအပ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဌာနတစ်ခုနဲ့တစ်ခု ကြားက အတားအဆီးတွေကို ဖြိုခွဲဖို့ နည်းပညာ (Technology) တွေကို အသုံးပြုရမယ့်အပြင် အလုပ်လုပ်ရာမှာ KPI တွေ တိတိကျကျ သတ်မှတ်တိုင်းတာပြီး၊ အဖွဲ့လိုက် အောင်မြင်မှုတွေကိုပါ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးဖို့ အရေးကြီးကြောင်းကိုလည်း အထူးမှာကြားခဲ့ပါတယ်။

🔷 လုပ်ငန်းခွင်မှာ စစ်မှန်တဲ့ Collaboration Culture တစ်ခုကိုသာ တည်ဆောက်နိုင်ရင် ကုမ္ပဏီရဲ့ အမြတ်အစွန်း (Profitability) ဟာ ၂၁% အထိ ပိုမိုရရှိနိုင်တယ်လို့ Gallup ရဲ့ လေ့လာချက်တွေက သက်သေပြနေပါတယ်။ ဒါကြောင့် သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ အသုံးချနိုင်ဖို့အတွက် တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေနဲ့ မန်နေဂျာတွေဟာ သင်တန်းနောက်ဆုံးပိုင်းမှာ ဆရာကြီးနဲ့ အပြန်အလှန် မေးခွန်းများမေးမြန်း ဆွေးနွေးခဲ့ကြရင်း ဒီနေ့ရဲ့ အတန်းလေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ ✨

👉🏻 နောက်အပတ်တွေမှာလည်း မတူညီတဲ့ခေါင်းစဉ်တွေနဲ့အတူ ဆွေးနွေးပို့ချပေးသွားမှာဖြစ်လို့ မပျက်မကွက် တက်ရောက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 🌟

Photos from Device Consulting Group's post 16/05/2026

👑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐞𝐦𝐢𝐧𝐚𝐫 (𝐄𝐋𝐒) | 𝐒𝐞𝐚𝐬𝐨𝐧-𝟏𝟔 | 𝐑𝐞𝐜𝐨𝐫𝐝 𝐨𝐟 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟑

ဒီအပတ် "Collaboration at Work" Seminar (Week-3) မှာ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က "Positive Psychology for Collaboration" အကြောင်းကို အနှစ်သာရရှိရှိ ဆွေးနွေးပေးခဲ့ပါတယ်။

🌟 အကျင့်စာရိတ္တမဏ္ဍိုင် (၆) ရပ်နဲ့ Team တစ်ခုကို တည်ဆောက်ပြီး၊
အလုပ်ခွင်အတွင်း အပြုသဘောဆောင်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာဖို့
၁။ Transcendence: အချင်းချင်း ကျေးဇူးတရား သိတတ်ခြင်း။
၂။ Wisdom: အမျှော်အမြင်ရှိပြီး တီထွင်ကြံဆနိုင်ခြင်း။
၃။ Humanity: မေတ္တာ၊ စေတနာအပြည့်နဲ့ လူသားဆန်ခြင်း။
၄။ Courage: စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိခြင်း။
၅။ Temperance: ခွင့်လွှတ်တတ်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း။
၆။ Justice: အရာရာမှာ တရားမျှတခြင်း။
စတဲ့ အရည်အချင်းတွေ လိုအပ်ကြောင်း ကို ဆရာကြီးကလမ်းညွှန်ပေးခဲ့ပါတယ်။

🎯 "Social Loafing" လို့ခေါ်တဲ့ လူများပြီး အလုပ်မတွင်တာမျိုး မဖြစ်အောင် တစ်ဦးချင်းစီရဲ့ တာဝန်ကို တိတိကျကျ သတ်မှတ်ပေးသင့်ကြောင်း ပန်းတိုင်တွေကို SMART Goal နဲ့ တိုင်းတာပြီး၊ RACI Matrix ကိုသုံးပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းရှင်းလင်းလင်း ခွဲဝေပေးသင့်ကြောင်း။

⚽️ အားကစားစိတ်ပညာ (Sports Psychology) ကပေးတဲ့ သင်ခန်းစာ
အောင်မြင်တဲ့ အားကစားအသင်းတွေလိုပဲ အလုပ်ခွင်မှာလည်း Team တစ်ခုလုံးမှာ မျှော်လင့်ချက်၊ ခံနိုင်ရည်နဲ့ အကောင်းမြင်စိတ်တွေ အပြည့်ရှိနေဖို့ လိုပါတယ်။ အမှားတွေဆီကနေ သင်ခန်းစာယူရင်း မထင်မှတ်တဲ့ အောင်မြင်မှုတွေကို အတူတူ ဖန်တီးသွားရန်လိုအပ်ကြောင်း နှင့်၊

📢 ခေါင်းဆောင်ကောင်းဆိုတာ ပြဿနာကြုံမှ ရှင်းတာထက် ကြိုတင်ပြင်ဆင်တတ်ဖို့ (Proactive ဖြစ်ဖို့) လိုပါတယ်။ Team ရဲ့ အတွင်းပိုင်းစွမ်းအားကို မြင်အောင်ကြည့်ပြီး၊ ဝန်ထမ်းတွေကိုလည်း ပွင့်ပွင့်လင်းလင်း အကြံဉာဏ်ပေးခွင့်ပြုရန်လိုအပ်ကြောင်းတို့ကို ဥပမာများစွာနှင့်ရှင်းလင်းပေးခဲ့ပြီး၊

တက်ရောက်လာသူ လုပ်ငန်းရှင်များ၊ မန်နေဂျာတွေများ လက်တွေ့လုပ်ငန်းခွင်တွင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်းရင်းနှီးနှီး ဆွေးနွေးရင်း Week-3 ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

လာမယ့်မေလ (၂၃) ရက်နေ့မှာ Effective Collaboration ခေါင်းစဉ်ဖြင့် ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်က ဆက်လက်ဆွေးနွေးပို့ချပေးမယ်ဆိုတဲ့အကြောင်းကို ကြိုတင်အသိပေးအပ်ပါတယ်။

16/05/2026

🚨 𝐄𝐀𝐑𝐋𝐘 𝐁𝐈𝐑𝐃 𝐏𝐑𝐎𝐌𝐎𝐓𝐈𝐎𝐍 𝐍𝐎𝐓𝐈𝐂𝐄 🚨

“ရောင်းရတာခက်တယ်…”
“Customer မေးပြီး မဝယ်သွားဘူး…”
“Closing မပိတ်နိုင်ဘူး…”
“Product ကောင်းပေမယ့် Sales မတက်ဘူး…”

ဒီပြဿနာတွေကို နေ့တိုင်းကြုံနေရသေးလား?

ဒီခေတ်မှာ Product ကောင်းရုံနဲ့ မလုံလောက်တော့ပါဘူး။
ရောင်းတတ်တဲ့သူက ဈေးကွက်ကို ထိန်းချုပ်သွားတာပါ။

ဒီတော့ စနစ်တကျ သင်ယူပြီး Professional Sales Skills နဲ့ အရောင်းတက်ချင်လား?

🔥 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐟𝐨𝐫 𝐌𝐚𝐫𝐤𝐞𝐭 𝐒𝐮𝐜𝐜𝐞𝐬𝐬 🔥

ဒီသင်တန်းမှာ သင်ရမယ့်ခေါင်းစဉ်တွေကတော့
••••••••••••••••••••••••••••••••
✔ Characteristics of a Good Sales & Marketing Professional
✔ Product Forecast Knowledge
✔ Key Techniques for Successful Selling
✔ Importance of Merchandising in Sales
✔ Customer Service
✔ Handling Customer Questions and Objections
✔ Step-by-Step Sales Presentation Skills
✔ Effective Communication Skills
✔ Introduction to Marketing Concepts
✔ Preparing for Sales Calls
✔ Sales Administration and Related Duties
✔ Techniques for Closing Sales

💡 “ဘယ်လိုပြောရမလဲ?” မသိလို့ လက်လွတ်ခဲ့တဲ့ Sales တွေ…
💡 “Customer ကို ဘယ်လို Convince လုပ်ရမလဲ?” မသိလို့ အခွင့်အရေးဆုံးရှုံးခဲ့တာတွေ…

ဒီသင်တန်းပြီးရင် အဲ့ဒီအခြေအနေတွေ ပြောင်းလဲသွားပါလိမ့်မယ်။

👨‍🏫 သင်ကြားပေးမည့်ဆရာ
••••••••••••••••••••••••••••••••
ဆရာဦးတင်ဇံကျော်
Founder & Chairman – DBU International College

📅 သင်တန်းအသေးစိတ်
••••••••••••••••••••••
နေ့ရက် - မေလ (၂၄) ရက်နေ့ (၁ ရက်
သင်တန်း)
အချိန် - နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ
နေရာ - 𝐃𝐁𝐔 𝐈𝐂 𝐂𝐚𝐦𝐩𝐮𝐬
တိုက်နံပါတ် (၇) ၊ မြန်မာဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
📜 သင်တန်းပြီးဆုံးပါက DBU International College ကချီးမြှင့်သော Certificate ပေးအပ်သွားပါမည်။

💥 𝐄𝐀𝐑𝐋𝐘 𝐁𝐈𝐑𝐃 𝐅𝐄𝐄 💥
❌ ၁၅၀,၀၀၀ ကျပ်
✅ ၁၀၀,၀၀၀ ကျပ် ONLY!

📌 မေလ (၁၇) ရက်နေ့မတိုင်ခင် အပ်နှံသူများအတွက်သာ

⏳ Limited Seats ဖြစ်လို့

📣 ကိုယ်တိုင်တက်ဖို့ပဲဖြစ်ဖြစ်
📣 ကိုယ့် Sales Team ကို Upgrade လုပ်ဖို့ပဲဖြစ်ဖြစ်

အခုချက်ချင်းပဲ Early Bird Rate နဲ့ရယူဖို့
Register လုပ်လိုက်တော့နော်။

#သင့်အတွက်နောက်မကျပါစေနှင့်

:
09 42 100 7001, 09 88 263 1717

http://m.me/DCGMyanmar

[email protected]

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Building 24/26, Room 4B/C, Race Course Condo, South Race Course Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 05:30