Eleven Short View

Eleven Short View

Share

Different Viewpoints and Perspectives in Myanmar Society

05/06/2026

" ဒီသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းပေါ့၊ မြန်မာရယ် ထိုင်းရယ် အိန္ဒိယရယ် ခရီးစဉ်၊ ဒီလမ်းကမိုင်ပေါင်း ၈ဝဝ ကျော်လောက်ရှည်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ထိုင်းနဲ့ မြန်မာလမ်းကြောင်းတွေကတော့ အတော်များများဖွင့်နေပြီ သွားနေကြတာဖြစ်ပါတယ်။ အိန္ဒိယဘက်ခြမ်းကတော့ အရေးကြီးတာပေါ့။ အိန္ဒိယမှာလည်း အရှေ့မြောက်ဒေသနဲ့ ကျွန်တော်တို့တမူးနဲ့ မိုရေးနဲ့ ဆက်သွယ်တဲ့လမ်းပေါက်၊ ဒီဘက်ကိုသွားတဲ့လမ်းကြောင်းပေါ့။ ဒီဟာကတော့ ပိုပြီးတော့ အိန္ဒိယနိုင်ငံအတွက် ပိုအရေးကြီးပါတယ်။ အရေးကြီးတာက မြန်မာနိုင်ငံကို အိန္ဒိယထုတ်ကုန်တွေ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့်လာနိုင်ဖို့တစ်ချက်ရယ်၊ အိန္ဒိယပြည်သူ၊ ပြည်သားတွေ မြန်မာနိုင်ငံကို နယ်စပ်လမ်းပေါက် ဒီနယ်စပ်ဂိတ်ကနေပြီးတော့ မြန်မာနိုင်ငံကို ကူးလူးဆက်ဆံနိုင်ဖို့ရယ်ကို ဒီနှစ်ခုကတော့ ပိုပြီးတော့ ဦးစားပေးစဉ်းစားရမှာပေါ့လေ"

■ ဦးမင်းအောင်လှိုင် (နိုင်ငံတော်သမ္မတ)

အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့သည့်ခရီးစဉ်တွင် အိန္ဒိယနိုင်ငံ Doordarshan(DD India)သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတ၏ ဖြေကြားမှုမှ ကောက်နုတ်ချက်။

04/06/2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းတွင် အွန်လိုင်းလိမ်လည်မှုဆိုင်ရာမူခင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းလိမ်လည်တိုက်ဖျက်ရေးကြီးကြပ်မှုကော်မတီ၊ ဒေသဆိုင်ရာကော်မတီနှင့် အွန်လိုင်းလိမလ်လည်မှုတိုက်ရေးဗဟိုဌာန (Anti Scan Center) ဖွဲ့စည်းခြင်း၊ တားဆီးကာကွယ်ခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်း၊ ငွေးကြေးစီးဆင်းမှုကို ယာယီဆိုင်းငံ့ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအချက်များကို ပြည့်စုံစွာ ပြုစုရေးဆွဲထားခဲ့ပါတယ်”

■ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (ပြည်ထောင်စုဝန်ကြီး)
ပြည်ထဲရေးဝန်ကြီးဌာန

04/06/2026

"အကျိုးကျေးဇူးတွေကတော့ အများကြီးရရှိပါတယ်။ ထင်ရှားတဲ့ အကျိုးကျေးဇူးတွေကတော့ သံတမန်ရေးရာအောင်မြင်မှုနဲ့ နောက်တစ်ခါတော့ စီးပွားရေးရာပိုင်းပေါ့။"

■ ဒေါက်တာ ခိုင်ခိုင်စိုး (နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)

04/06/2026

"အဓိကတော့ ကျွန်တော်တို့ဘက်က လုပ်ရမှာ၊ အလုပ်ကိုပိုမိုလုပ်ပြီးတော့ ကုန်ထုတ်မှုတွေလုပ်ကြဖို့ပေါ့။ ဒါမှလည်းကျွန်တော်တို့ကုန်သွယ်မှုတွေကိုသွားနိုင်မယ်။ တစ်ဖက်က လည်း ကျွန်တော်တို့ ကျန်တဲ့လိုအပ်ချက်တွေလည်း ကျွန်တော်တို့ပြည်သူလူထုအပိုင်းကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လည်းရှိပါတယ်။ ကျွန်တော်တို့ဒီလိုလုပ်နိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့ကလည်း အရေးကြီးပါတယ်။ တည်ငြိမ်အေးချမ်းမှလည်း လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပထမဦးဆုံးတော့ ဒီလိုသွားတဲ့ အိန္ဒိယအပိုင်းနဲ့ပတ်သက်ပြီး အိန္ဒိယနယ်စပ်မှာရှိတဲ့သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုလို့ရှိရင် တိုင်းပြည်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အတူတူကြိုးစားဖို့လိုပါတယ်။ သူတို့ရဲ့သဘောထားတွေလည်း ပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားဖို့လိုပါလိမ့်မယ်။ ဒီလိုပဲအခြားနယ်မြေတွေမှာရှိနေတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တည်ငြိမ်မှုထိခိုက်နေတဲ့ နယ်မြေတွေမှာရှိနေတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေနဲ့ ပြန်လည်ပြီးတော့ တိုင်းပြည်ကိုပြန်လည်သုံးသပ်ပြီးတော့မှ တိုင်းပြည်ကောင်းအောင်လုပ်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ပေါ့နော်။ ပြောရရင် နိုင်ငံရေးစကားပြောရင် ဒီမိုကရေစီ နည်းလမ်းတကျပေါ့နော်။ ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတော့ တိုင်းပြည်ကဘာမှမကြာပါဘူး။ တိုးတက်ပါတယ်။ သေချာပါတယ်"

■ ဦးမင်းအောင်လှိုင် (နိုင်ငံတော်သမ္မတ)

၂၀၂၆ ခုနှစ် မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ ငါးရက်ကြာ အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၃ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး လေဆိပ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ထိုသို့ပြောကြားခြင်း ဖြစ်သည်။

03/06/2026

■ အဓိကကတော့ စုံမမှာ တစ်ကယ့်ပြဿနာဖြစ်နေပါတယ်

“အဓိကကတော့ နယ်တွေမှာ ဘာဖြစ်လို့လဲဆိုတော့ အစိုးရခွင့်ပြုထားတာက တစ်ပတ်ကို နှစ်ကြိမ် ဥပမာ ဆိုင်ကယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရှစ်လီတာရတယ်။ ရှစ်လီတာမှာဆိုရင်တော့ မလောက်ပါဘူးဗျာ့။ ဘယ်လိုမှ မလောက်ပါဘူး။ ဒါပေမဲ့ ဆီလည်း ကန့်သတ်ထားပြီးသား။ ဒါပေမဲ့ ခုနက ပြောသလိုပေါ့ အခုလည်း တွေ့မြင်ကြားသိနေရတဲ့ စုံမဂဏန်း အဲ့ဒါ တကယ့်ပြဿနာပါပဲ။ ကျွန်တော်တို့ ဒီမိဘပြည်သူတွေအတွက်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ ကျောင်းသွားပို့တဲ့အချိန်မှာ ကျွန်တော်ထင်တယ်။ တစ်ချို့အိမ်တွေဆိုရင် ဆိုင်ကယ်နှစ်စီးလည်း မရှိပါဘူးဗျာ့။ မဂဏန်း၊ စုံဂဏန်း၊ ပြီးတော့ အဲဒီ ဆိုင်ကယ်တို့ ကားတို့ဆိုတာ လိုင်စင်ရှိမှ သူက အကြုံးဝင်မှာ။ ဒါပေမဲ့ နယ်မှာဆိုရင် ကျွန်တော်တို့က လိုင်စင်မရှိတာ များပါတယ်။ အဲဒါကြောင့် ဖြစ်ပျက်နေတာကတော့ အဓိကကတော့ စုံမမှာ တစ်ကယ့်ပြဿနာဖြစ်နေပါတယ်”

“ကျွန်တော်လည်း နေပြည်တော်မှာ အစည်းအဝေးတက်ဖို့ ကျွန်တော်တို့ တက်လာတဲ့အချိန်မှာ ကျွန်တော်တို့က စုံမကြည့်ပြီးတော့ တက်လာရပါတယ်ဗျာ့။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဂိတ်မှာရောက်ပြီဆိုရင် ကျွန်တော်တို့ ကားတွေက မဂဏန်းဆိုတော့ အဲဒီမှာ စုံရက်ဖြစ်နေတော့ မော်တော်ပီကယ်လည်း ခေါ်ပြီးတော့ ကျွန်တော်တို့ နာမည်တွေ မှတ်ထားပါတယ်။ အဲဒါ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။ ဒါကတော့ ကျွန်တော် အခုတင်ပြဆွေးနွေးတာကတော့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အဲဒီ စုံမကိစ္စကို ကျွန်တော်တို့ကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ အဲဒါ ကျွန်တော် မေးချင်ပါတယ်ဗျာ့”

■ စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်
လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

(ဇွန် ၂ ရက်) ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က မေးမြန်းခဲ့သည့် ဆက်စပ် မေးခွန်းမှ ကောက်နုတ်ချက်။

01/06/2026

"မြန်မာနိုင်ငံရဲ့အခြေအနေကို ကျွန်တော် တော်တော်လေးနားလည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ပူပန်မှုမရှိပါနဲ့။ ဒီလိုပဲ စီးပွားရေးနဲ့ ပတ်သက်လို့
ရှိရင်လည်း စိတ်ပူပန်မှု မရှိပါနဲ့။ ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ဖို့အတွက် အိန္ဒိယမိတ်ဆွေတွေကို ဖိတ်ခေါ်ပါတယ်။"

ဦးမင်းအောင်လှိုင်(နိုင်ငံတော်သမ္မတ)

မေ ၃၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပတဲ့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့တဲ့
အပိတ်မိန့်ခွန်းမှ ကောက်နုတ်ချက်။

21/04/2026

"တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့ မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက
လုပ်လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား၊ နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါမယ်။"

■ ဦးမင်းအောင်လှိုင်(နိုင်ငံတော်သမ္မတ)

ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့သော အမှာစကားမှ ကောက်နုတ်ချက်။

17/04/2026

''အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက် သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်"

■ ဦးမင်းအောင်လှိုင် (နိုင်ငံတော်သမ္မတ)

25/01/2026

“ကျွန်တော်တို့ ၂၀၁၀ အခြေအနေက အခုလောက်လက်နက်ကိုင်ပဋိပက္ခ မရှိဘူး။ မရှိတဲ့အခါကျတော့ အနိုင်ရပါတီရဲ့ ဦးစားပေး အစီအစဉ်က ဖြေလျော့တာပေါ့။Liberalized လုပ်တဲ့ဟာကို ဦးစားပေးပြီး လုပ်သွားတော့ နိုင်ငံရေးအကျဉ်းသားလွှတ်တာတို့၊ ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေ ပြန်ဝင်ခွင့်ရတာတို့၊ စာပေစိစစ်ရေးရုပ်သိမ်းလိုက်တာတို့ အစရှိတဲ့ပြောင်းလဲမှုတွေအများကြီးမြင်ခဲ့ရတယ်။ နောက်ဆုံးပြောရရင် အပစ်ခတ်ရပ်စဲရေးစာချုပ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်တာတွေအစပေါ့လေ။ အခုအခြေအနေက ၂၀၁၀ နဲ့ မတူတာက ပဋိပက္ခအရှိန်မြင့်တဲ့အခါကျတော့ ဦးစားပေး အစီအစဉ်က ၂၀၁၀ နဲ့ ကွာသွားလိမ့်မယ်လို့ မြင်တယ်။ ဒါ့ကြောင့် ဒီကာလမှာတော့ ငြိမ်းချမ်းရေးကို ဦးစားပေးပြီး ဆောင်ရွက်ဖို့ လိုတယ်။ တစ်ဖက်က တွေ့ဆုံဆွေးနွေးညှိနှိုင်းတာတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်မယ့် လွှတ်တော်၊ ဆောင်ရွက်မယ့်အစိုးရ ကျွန်တော်က ဖြစ်စေချင်တယ်။ ဒါကတော့ ကျွန်တော်တို့ ရင်ထဲက ဆန္ဒပါ။”

■ ဦးကိုကိုကြီး
ပြည်သူ့ပါတီဥက္ကဋ္ဌ

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃)အတွက် လမ်းမတော်မြိုနယ် အမှတ် (၂) ရပ်ကွက်ရှိ မဲရုံအမှတ် (၂) တွင် ဇန်နဝါရီ ၂၅ ရက်မနက်ပိုင်းက လာရောက်မဲပေးခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

25/01/2026

“မဲလာမပေးခြင်းမှာ နှစ်မျိုးရှိတယ်။ တစ်ပိုင်းကတော့ သူတို့ထောက်ခံချင်တဲ့လူတွေ မပါလို့ မဲလာမပေးတာ။ တစ်ပိုင်းကတော့ လုံခြုံမှုအရ လာမပေးတာ။ လုံခြုံမှုဆိုတာ လာဖို့ပြုဖို့ အခက်အခဲရှိနေလို့။ မဲပေးတဲ့သူတွေက သူတို့ထောက်ခံချင်တဲ့သူတွေရှိလို့ မဲလာပေးတာပေါ့။ အဲဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီလည်း ပါမယ်။တခြား PPP ပါတယ်။ ကျားဖြူပါတီလည်း ပါတယ်။ ပါတီစုံပါတယ်။ ဒါကြောင့်လည်း မဲပေးတဲ့စာရင်းကိုလည်း ထုတ်ပြန်ပေးပါတယ်။ သူတို့လွတ်လွတ်လပ်လပ်မဲပေးတာပဲ။ မဟုတ်ဘူးလား။ ဒါကို နိုင်ငံခြားက အသိအမှတ်ပြုတယ်။ မပြုတယ် ကျွန်တော်တို့ နားမလည်ဘူး။ ပြည်သူက မဲပေးတာကို ကျွန်တော်တို့ အသိအမှတ် ပြုတယ်”

■ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ

ဇန်နဝါရီ ၂၅ ရက်က ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမ်းမြသာစည်မြို့နယ်အတွင်း ဆန္ဒမဲပေးမှုများအား လိုက်လံကြည့်ရှုပြီးနောက် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားမှုမှ ကောက်နုတ်ချက်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (65)/Corner Of Myamarlar Street And Myanma Gon Yi Street, Thaketa Industrial Zone, Thaketa Township
Yangon
11311