Myanmar Tourist Guide Magazine
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Tourist Guide Magazine, Media/News Company, Yangon.
13/04/2023
Memory Recall with Sorrow-1
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀-၂၅ နှစ် သာသာလောက်ရဲ့ April လစလောက်ကတည်းက မြို့ထဲဆိုင်တွေမှာမပြောနဲ့တော့ အိမ်မှာတင် ဖွားဖွားရဲ့ သင်္ကြန်မိုး album အစအဆုံးဟာ အမေက ဝယ်ပေးထားတဲ့ radio တွဲပါတဲ့ AFD တံဆိပ် tape cassette player (ပုံပါ model လေးအတိုင်း) လေးနဲ့ နေ့နေ့ညည repeated ကိုဖွင့်နေတော့တာပဲ… တကယ်က ဖွားဖွားက ဒီသီချင်းတွေဖွင့်တာ ကိုယ်သိတတ်စအရွယ် သင်္ကြန်နီးပြီဆိုဖွင့်နေခဲ့တာပါ.. ဆိုတော့ နားရေဝပြီးကို သီချင်းတွေကို ရနေတယ်ဆိုပါတော့
🎵ရွှေမန်းသူလို့ခေါ်မူ နန်းဆန်တဲ့ယဉ်သူ နန်းဆန်တဲ့ပျိုဖြူ ဒီရေနန်းက မောင့်အလာကို ကြိုစောင့်သူ🎶 (စာသားမှားရင်ပြင်ပေးပါ)
မူရင်းအဆိုရှင်တွေရဲ့ legendary genuine ဖြစ်မှုတွေနဲ့… အဲ့ရက်တွေဆို ရုပ်ရှင်တွေနေ့တိုင်းလာတယ် ဖွားဖွားအကြိုက် သင်္ကြန်မိုး၊ ဒဏ္ဍာရီ၊ ကညာပျိုနဲ့ ဇရာအို နဲ့အခြား သင်္ကြန်ရုပ်ရှင်ဟောင်းလေးတွေ ♥️ ဒါပဲလား? ထိုခေတ်က ပိတောက်တွေက သစ္စာနဲ့ပွင့်တယ် 💛 အဖွားက ဘယ်သူ့တောင်းလာဘယ်ကရလာမှန်းမသိဘူး လာလည်းပေးကြတယ် တစ်အိမ်လုံးနံရံတွေထိ ရနံ့တွေစွဲနေအောင် အီမွှေးတဲ့ ပိတောက်ပန်းတွေနဲ့ … သူဟာ ပိတောက်ပန်းလေးတွေပန်းထားပြီး သနပ်ခါးလေးလူး သင်္ကြန်ရုပ်ရှင်လေးကြည့်ပြီး လက်ဖက်ရည်လေးတစ်ခွက်နဲ့ အေးချမ်းနေတတ်သူ… (ဖွားဖွားကိုလွမ်းတယ် … )
တကယ်က မတ်လမကုန်ခင်လောက်တည်းက ပိုးက သ ေ-န္ဓတည်နေတာ… ရင်ထဲမှာ ဟာနေတာလိုလို သေချာမြိုမချနိုင်တဲ့ဟာတစ်ခုက အဆုတ်နဲ့အစာအိမ်ကြားမှာပဲခံနေတာလိုလို 🚽 ပဲပေးတက်ချင်တာလိုလို ဘာလိုလိုပါ အချစ်ရယ်ပဲ😆 အလိုလိုပျော်နေတဲ့ခံစားချက်… အဲ့နှစ်တွေက ၁၀ တန်းတောင် မအောင်သေးတော့လည်း အမေတို့အဖေတို့ ဘာစီစဉ်ကြမလဲစောင့်ရတာပေါ့ အမေကပဲစီစဉ်တာများပါတယ် …
အမေကလည်း စိတ်ချရပါတယ် အဲ့ချိန်ဆို သူငယ်ချင်းတွေနဲ့ချိန်း သူတို့သားသမီးတွေလည်းပါတယ် မဏ္ဍပ်ထိုင် ကားနဲ့လည် မုန့်လုပ်စား နှစ်တိုင်းမပူရဘူး ငယ်သေးတော့ မဏ္ဍပ်ကို အမေက သူ့သူငယ်ချင်းတွေနဲ့ကိုယ်တွေနဲ့ တူတူထိုင်ရတယ် ကားနဲ့လည်ရင်လည်း အိမ်မှာက သင်္ကြန်ရုပ်ထွက်တဲ့ကားမရှိ အလှစီးတာလေးတွေပဲဆိုတော့ ကားငှါးရတယ် မငှါးရင် အမေ့သူငယ်ချင်းတွေဆီရှိတဲ့ သင်္ကြန်မျက်နှာရ Hilux တို့ double cap တို့ Nissan Publica တို့လည်ကြဖို့ပြင်တာပေါ့လေ… အမေနဲ့အပေါင်းပါများဆိုသည်မှာလည်း တူရာစုတယ်ပြောရမလားပဲ ဟဲ့ ငါက ကားကိုစစ်ထားပြီးပြီ ငါကတော့ ဆီထည့်ပေးမယ် သင်္ကြန်စျေးတက်မှာစိုးလို့ ကြိုဝယ်ထားပြီးပြီ (ထိုခေတ်က ခုလိုဆီဆိုင်များ မရှိသေး) ငါတို့ ကားပေါ် ကန်နဲ့ မော်တာတင်ရအောင် … နေပါဟယ် ပုံးကြီးကြီးတွေနဲ့ဆိုရပါတယ် ဟဲ့ရေခဲဝယ်ရမယ် နင်တို့နား ရေခဲရောင်းတဲ့ဆိုင် နီးလား … ဘယ်နေ့ ဘယ်သူ့အိမ်မှာ နေ့ခင်းစာလုပ်ထားမလဲ အဲ့အိမ်မှာပဲပြန်နားကြမယ်လေ အကြတ်နေ့ငါ့အိမ်မှာ ခေါက်ဆွဲနဲ့ ကြာဇံကြော်ထားမယ် ငါက ရွှေရင်အေးနဲ့ မုန့်လုံးရေပေါ် အကျနေ့ကျငါ့အိမ်လာနဲ့ အိုးစုံနေတာပဲ… အတက်နေ့တော့ လူတွေကြတ်မှာစိုးလို့ ခလေးတွေနဲ့ လမ်းထိပ်က အုန်းလက်မဏ္ဍပ်မှာငါတို့ရှိမယ် အဲ့ကိုပဲလာကြပါလား အမလေးဘယ်ဖြစ်ဖြစ် အိုခေပါ 😁 ဒီက ဖိုးသိုးဖတ်သတ်တွေကဖြစ်နေ ရွနေပြီး…ဟော ပြောရင်းဆိုရင်း မိုးတွေ တအားပဲ အုံ့လာပါလား??? သင်္ကြန်မိုးလေးရွာတော့မယ် 💝
အဲ့အရွယ်က ကားနဲ့လည် အိမ်ရှေ့ထွက်ပက်တာများတယ် အဲ့တုန်းက သင်္ကြန်လား? ပြောရရင် ပြောရင်း အသက်ပါကြီးသွားလို့ရတယ် ကိုယ့်လူ… ကားနဲ့အလည်ထွက်ရင် ကလေးပေါက်စများပါခဲ့ရင် ကားရှေ့ခေါင်းမှာပဲ ဆိုတော့ ကိုယ်တွေအေးဆေးနေရတယ် 😅 ရေမွန်းမှာကြောက်တော့ မိုးကာတွေရော သဘက်တွေရော… ဟိုဘက်ကား ဒီဘက်ကား မသိလည်းစ ကြ ရေပက်ကြ ကားကျပ်လို့ကားတွေကပ်လျက်ဆို အရွယ်စုံစ တာ ခံရရော 😁 ကိုယ်က ရေခဲရေပုံးပါရင် ဆရာပဲ ေ-သဖို့သာပြင် 😈 ရေပါတဲ့ကားအချင်းချင်းဆိုလို့ကတော့ ကားပေါ်ရှိ လူကုန် အနိုင်အခံ ပက်တာ… ရန်မဖြစ်ကြဘူးနော် မူးတာကတော့ မူးကြတာပဲ… 🤡 သံချပ်တွေလေ သူပြိုင်ကိုယ်ပြိုင်အော်ရွတ် အော် စ ကြတာ … ‘ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့’ ‘သူများပျော်လို့မပျော်နိုင် ဂျူတီကျလို့မှိုင်’ ဘဲဥတွေကိုစ တာ … (သိတာတွေရှိ ထပ်ဖြည့်ပေးကြပါဦး)
ခွက်စုတ်လို့သွားမပြောနဲ့ အထာကျကျခက်စောင်းခုတ်တတ်ဖို့လိုတယ် 😎 ခွက်ရဲ့ angle ဘယ်လောက်မှာ ဘယ်လောက်အရှိန်နဲ့ လက်မောင်းပေါ် ကျော်ပေါ် အရောက် right timing လည်းဖြစ်ရမယ် ဖြောင်းခနဲတောင်မြည်တယ် ပက်တတ်ရင် 😇 အားကနဲ ပိုးကနဲများ အော်သံကြားလိုက်ရင် ကျေနပ်နေရော… ကိုယ်ကတော့ နည်းနည်းရိုင်းတယ် 😂 ပုံးထဲ ရေခဲထည့် ခွက်စောင်းခုတ်ရုံမက ဆားတွေပါထည့်တာ (ကြီးလာတော့လုပ်တာပါ) နေ့ခင်းနားပြီး ၃ နာရီလောက်ဆိုထွက်ချင်နေပြီ ရေက ၆ နာရီလောက်ဆိုပိတ်တာလေ အချိန်ကမရှိဘူး ကားကျပ်မှာထည့်တွက်ရတယ် ဖွားဖွားက ‘ပူသေးတယ် မထွက်ပါနဲ့ဦး အပူရှပ်မယ် ဖျားမယ် ရေတွေနဲ့ သေချာလဲဦး ရေသုတ်’ ဟာ စုံနေတာ သူ့မြေးကိုစိုးရိမ်တာလေ ကိုယ်တွေက teenage မရှိတရှိကိုး ရွချင်တာပဲသိ… အကြိုနေ့ဆို အိမ်က မထွက်တာများတယ် မုန့် လုပ်စား အေးဆေးနေတာ အဲ့ကျ အိမ်ရှေ့ရေပုံးချပြီးပက်ချင်တာ 😅 လှည့်ပတ်ပြောပြီး ညီမပေါက်စနဲ့ ပက်တာပဲ အိမ်နီးနားချင်းဘော်ဒါတွေကိုခေါ် (အငယ်မက ပန်းရောင် နေကာမျက်မှန်နဲ့🤣)
လည်တဲ့နေ့တွေဆို လည်ရတဲ့ရက်နဲ့တွက် နေရာစုံရောက်အောင်… ရန်ကုန် တစ်မြို့လုံးမှာ ရေအသန့်ဆုံးကတော့ မြို့တော်ခန်းမ မဏ္ဍပ်ပဲ က တဲ့ အလှမဏ္ဍပ်တွေ ရေပျက်မဏ္ဍပ်တွေနဲ့ အဲ့ကို ဝင်တန်းစီနိုင်ဖို့ကိုက မနည်းလုပ်ရတာပဲ… ပြည်လမ်း ကမ္ဘာအေးတစ်ကြောက မဏ္ဍပ်တွေ နောက် ရန်ကင်း တာမွေ ကျောက်မြောင်း ကန်တော်ကြီး ကန်တော်လေးဘက်… အင်းယားလမ်းကတော့ အဲ့ခေတ်အခါတွေက ဘယ်လိုပြောရမလဲ မရောက်ရင် လူရာမဝင်တဲ့သင်္ကြန်လို့ပြောရလောက်အောင်ပဲ… တသသဖြစ်ရတဲ့နေရာပါ မြို့တော်ခန်းမ မြို့ထဲ လမ်းမတော် လသာ တခြားလမ်းမကြီးတွေအပြင် အဲ့လိုမြို့ထဲမှာလည်း stage show တွေရှိတာပဲ ဒီလောက်ပဲပြောပြတာ… အဲ့ခေတ်က သင်္ကြန်ဆိုတာ တစ်မြို့လုံး တစ်နိုင်ငံလုံး တအုံးအုံးနဲ့ လူရောခွေးပါမကျန် အကုန်ထွက်ပျော်တာပါ ဘာသာသာသနာတရားရေးလုပ်သူများကလွဲပြီး… ရပ်ကွက်ထဲ လမ်းရှာမောင်းဦးမလား ရပ်ကွက်မဏ္ဍပ်သေး အုန်းလက်မဏ္ဍပ် ခွက်ပုံးတွေ ရေမွန်းလိုမျက်နှာကို သုတ်ချိန်မပေးဘူး အဆက်မပြတ် …
ညဘက်နားလို့ပြန်ကြတဲ့အခါ နောက်ရက် ငါဘာလေးဝတ်မယ် ဘာလေးယူသွားမှာ စိတ်ကူးရစီစဉ်ရ… လည်လို့ရေပက်လို့သာကောင်းတာ အိမ်ပြန်ရောက်လို့ ရေစိုတွေလဲရ ရေချိုးရ သိပ်ပျင်းဖို့ကောင်းတာပဲ 🥲 ညနေဘက်ပြန်မလည်ရဘူးဆို အမေတို့ကမပင်ပန်းလွန်းရင် အပြင်ပို့ပေးပါတယ် ညရေပိတ်ပြီးတဲ့အချိန် .. သိသွားတော့လည်း မပို့ပေးသေးရင် အိမ်ကိုပူဆာရတယ်😊 ညဘက် အလှပြ ကားကြီးတွေ တချို့မဏ္ဍပ်ကြီးတွေက မီးထွန်းအလှပြထားဆဲ … အလှပြကားတွေမှာ မီးရောင်စုံထွန်းလင်းနေတဲ့ ငွေငန်းဖြူကြီး ❤️🧡💛💚💙🤍💜 တရွေ့ရွေ့သွားနေပါတဲ့ အလှပြရောင်စုံကားကြီးတွေပေါ်မှာ ယိမ်းကနေကြတဲ့ င်္သကြန်မယ် မမတွေ… သူတို့ပြုတ်ကျမှာ ကိုယ်က ကြားထဲက ပူနေသေး… နောက်ပြီး သင်္ကြန် night life လေးရဲ့အသက်က သံချပ်ကားတွေပါ ❤️🔥 အလှကားသံချပ်ကားပေါ့ မောင်တစ်ကားမယ်တစ်ကားစီဖြစ်စေ အဖွဲ့လိုက်ပဲဖြစ်စေ သံချပ်ထိုးကြတာ အနှစ်ပါ… ဒီဘက်က သံချပ်စထိုးတယ်ဆို ဟိုဘက်ကတိုက်ပြီးပြန်တယ်.. def-ense ပြန်လုပ်တယ် စကားရည်တွေလုပြီး “ဟေ့စိန်လား ဟေ့မြလား ဟေလာမောင်ရို့ ဝါး…..” ဆိုပြီး အဆုံးသတ်လိုက်ကြတာ ကြည့်လို့ကောင်းလိုက်တာလေ 💟 ညမှာမီးရောင်လေးတွေ အသက်ပြန်ဝင်နေတဲ့ သင်္ကြန်လေး ထွက်ကြည့်ထွက်လည်နေကြသူလေးတွေနဲ့ သည်ခေတ်ကလေးတွေ သိပါ့မလား ကြုံဖူးကြပါ့မလားလေ
မန္တလေးသင်္ကြန်ကို ၂ ခါလားကျဖူးပါတယ် မန်းလေးဆိုတော့ မြို့မငြိမ်း ငွေငန်းဖြူတွေလေ ပိုလှတာပေါ့ ငယ်သေးလို့ အများကြီးမမှတ်မိခဲ့ပေမယ့် ကျုံးပတ်လည်မှာ မဏ္ဍပ်အပြည့်ပါ ဒီလောက်ရှိသမျှမဏ္ဍပ်ကရေစွဲနေတာကို ကျုံးရေက ကုန်မသွားဘူးဗျာ!!! ရေကလည်းသန့်နေတာဆိုတာ မန်းလေးလိုနွေပူပူမှာ ကြည်အေးသောပဲ 💦💦💦 နားထောင်ဖူးသမျှသီချင်းတွေအတော်များများမှာ မန္တလေးသင်္ကြန်ကို အမွှန်းတင်ပြီးအဆိုများကြတယ် အဖွားတို့ခေတ်သီချင်းတွေမှာ… ဆိုတော့ ပို legendary ဖြစ်တာလားပဲ…
တစ်ချိန်က သင်္ကြန်ဆိုတာ မကျခင်မှာ အိပ်မက်တွေထဲထိ ထည့်မက်ရလောက်အောင် မိန်းမောစေသလို ပြီးသွားတဲ့ အခါမှာလည်း သင်္ကြန်ကြီး ပြီးသွားလေပြီလားလို့ မယုံမကြည်နိုင် တသသကျန်နေရတဲ့ အနှစ်ပါအချစ်ပါ 🫰နောက်နှစ်သင်္ကြန်ပြန်ကျဖို့ အဝေးကြီးလိုပါသေးလား… ငါမေ့သွားမှာပါလေ ကျောင်းတွေပြန်ဖွင့်ရင်း စာတွေလုပ်ရင်း ငါနေတတ်သွားမှာပါလေလို့ ဖြေသိမ့်ရလောက်အောင် ထိုက်တန်တဲ့သူလေးပါ ငယ်တုန်းမို့ဖြစ်တာလားဆို ကြီးတဲ့အထိပါပဲ ၊ သင်္ကြန်ကိုမလည်တာကြာလှပါပြီ ၂၀၁၂ ၁၃ လောက်ထိထွက်ပါသေးတယ်၊ ခုနောက်ပိုင်းသင်္ကြန်ဆို ခရီးထွက်ဖြစ်တယ် ကိုဗစ်မစခင်ထိပေါ့ … ဘာလို့ဆို စိတ်မကောင်းစွာဘဲပြောရရင် အရှေ့မှာပြောခဲ့တဲ့ အနှစ်တွေဟာ အလွှာသိသိသာသာ ပါးလိုက်လာလို့ပါပဲ 😔 ဒါပေမယ့်ခုလို ပျော်ခဲ့ရဖူးတဲ့ လွတ်လပ်တဲ့သင်္ကြန် အန္တရာယ်ကင်းခဲ့တဲ့ သင်္ကြန်တွေကို ခုလိုပြန်လွမ်းပါတယ် သည်နှစ်တော့ ဒီလို လွမ်းချင်းလေးတွေရေးဦးမှလို့ စဉ်းစာမိပြီး sharing လုပ်လိုက်ရပါတယ်.. ချင်းဂုတို့ bro တို့ sis တို့ရဲ့ လွမ်းလောက်စရာ recall လေးတွေလည်း ပြောပြခဲ့ကြပါဦး… ခဏလောက်ဖြစ်ဖြစ် မွန်းကျပ်တာတွေ သက်သာအောင် အရင်ချိန်လေးတွေဆီ တစ်ခေါက် ကိုယ်နဲ့အတူ ပြန်သွားကြည့်ပါလား? ဒါတွေဟာ အိပ်မက်မဟုတ်ခဲ့ဘူး တကယ်ရှိခဲ့တာ .. နောက်လည်း ပိုတိုးတက်လာတဲ့ သွင်ပြင်တွေနဲ့ဒီလို အနှစ်ရှိတဲ့ သင်္ကြန်ကို ငြိမ်းချမ်းပျော်ရွှင်စရာလွတ်လပ်ခြင်းတွေနဲ့ အကောင်အထည်ဖော်နိုင်ဦးမယ်လို့ ယုံကြည်တယ် ဖြစ်လာမှာပါ 💪 ခုတော့ ကျရာနေရာတွေမှာ ကိုယ့်ပြည်သူတွေ အားတင်းထားကြရဦးမှာပေါ့.. ကိုယ်လည်း အဲ့လိုဖြစ်လာတဲ့အချိန် သေချာပေါက် ရေပက်ခံထွက် မဏ္ဍပ်တွေထိုင်နဲ့ ပျော်ပ-စ်ဦးမယ် 👍 မြန်မာပြည်သူပြည်သားတွေအားလုံး လိုအင်ဆန္ဒတွေပြည့်ဝပြီး အန္တရာယ်ကင်းပါစေ.. Memory Recall with Sorrow-2 လေးကို အသက် ၁၆-၂၀ကျော်ဝန်းကျင်ရဲ့ memory လေးတွေနဲ့ ပြန်လာခဲ့ပါဦးမယ် 🙂♥️
Admin
MMTG
၁၃/၄/၂၀၂၃
Photos credit
ဒီပေ့ချ်လေးက ပဲခူးတိုင်း ကျီးသဲမြို့ထွက် အထည်လေးတွေကို admin ရဲ့ ခင်မင်ရတဲ့ မောင်လေးညီမလေးတွေ ရောင်းတာပါ 👍 အပြင်သွားလာ ဘုရား အလှူတို့လည်း ဝတ်လို့တိုးပါတယ် … အသစ်လေးတွေလည်း မကြာခင် ထပ်ရောက်ဦးမှာပါ 🪷☘️
Local made ပြည်တွင်းဖြစ်လေးတွေ အားပေးကြပါဦး🤍!
#မြန်မာ့ချည်
ဇာတိပန်း - ချည်ထည် လက်လီလက်ကား ရိုးရာချည်ထည်များကို လက်လီလက်ကားဈေးနှုန်းချိုသာစွာ ရရှိနိုင်ပါသည်။
20/10/2021
ကျက်သရေ မင်္ဂလာရှိတဲ့ သီတင်းကျွတ် လပြည့်နေ့လေးဖြစ်ပါစေလို့ MMTG မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🌕 ပြည်သူတို့အားလုံး အမြန်ဆုံးအေးချမ်းလို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်ကို အမြန်ဆုံးပိုင်ဆိုင် ရရှိပါစေ 🙏🙏🙏
ဒါကတော့ လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်းပြီး လျှပ်စစ်မီးပူဇော်ထားတာပါ...
မိမိအိမ်မှာလည်း ဆီမီးလျှပ်စစ်မီး ပူဇာ်ထားတဲ့ပုံလေးတွေ ရှိရင်လည်း ဝေမျှသွားပေးပါဦး 🙂🙂
17/10/2021
Let’s support our local made 👏👏
16/10/2021
ချစ်စရာမြန်မာမှုလေးတွေ
ဝယ်ပြီး အားပေးကြပါဦး 💙
Coffee Mugs made in Myanmar 🇲🇲
10/07/2021
FYI for O2
အောက်ဆီဂျင် ကျန်တဲ့ပမာဏနဲ့ ဘယ်လောက်ကြာကြာ ရှူလို့ရဦးမလဲ!!!
Photo credit
09/07/2021
Oxygen ပြတ်ပြီး သေနေတာတွေဟာ
Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်ကြတာ များပါတယ်.
ခုချိန်မှာ Covid ကြောင့် Oxygen level နည်းနေတဲ့လူနာကို တစ်နေရာကနေ တစ်နေရာကို လွှဲပြောင်းတော့မယ်ဆိုရင် ခုလက်ရှိ Tank ထဲက Oxygen ဟာ ဘယ်လောက် အချိန်အတိုင်းအတာထိပဲ လုံလောက်မှုရှိမယ်ဆိုတာ တွက်ချက်ထားရပါမယ်. မတွက်ထားပေးရင် Oxygen ပြတ်ပြီး လူနာသေပါလိမ့်မယ်.
မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် Tank D လို့ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်) နဲ့ Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 600 L ဝန်းကျင်) တွေ ဖြစ်ပါတယ်.
လူနာရှူနေတဲ့ Oxygen flow rate နဲ့ ရှေ့ခရီးဆက်ရင် Tank ထဲက Oxygen ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ မြန်မြန်သိချင်ရင် သင်္ချာအခြေခံ ( နုတ်, မြှောက်, စား) ကို အခြေခံဝန်ထမ်းတစ်ယောက်အနေနဲ့ သိနေရပါမယ်.
1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI)
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI)
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါဦး (ဖြတ်လမ်းအားဖြင့် အိုးတိုအတွက်ဆို ကိန်းသေ 0.16, အိုးရှည်အတွက်ဆို ကိန်းသေ 0.28 ဆိုတာကို မှတ်ထား)
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min)
ဒီတော့ အပေါ်က Eg မှာ သယ်ရလွယ်တဲ့ အိုးတိုအတွက်ဆိုရင်
1200-200 = 1000
1000 * 0.16 = 160
160÷5 = 32 (မိနစ်) ပဲ ခံပါတော့မယ်. ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ.
ဒီတော့ ခြုံငုံပြောရရင် ခရီးအကွာအဝေးအလိုက် Oxygen ကို လူနာတင်ကားပေါ်မှာ လုံလောက်စွာ သယ်သွားရပါမယ်. Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် သေသွားနိုင်ပါတယ်.
ခုခေတ်လူတိုင်းနီးပါးရဲ့ ဖုန်းမှာ Calculator ရှိပါတယ်. တွက်ရတာ လွယ်လွန်းပါတယ်. ခက်လည်း မခက်ပါဘူး. ဒါလည်း Covid ကာလမှာ လူနာအသက်ကယ်နည်းတစ်မျိုးပါပဲ. အရေးကြီးပါတယ်. ဉာဏ်သုံးပြီး အားလုံးအဆင်ပြေကြပါစေ.
credit 🙏🙏🙏🙏🙏
09/07/2021
Self quarantine
ကိုယ်တိုင် မိမိအိမ်မှာ Q ဝင်နည်း။
******************************
-အနံ့ပျောက်မယ်
- ဖျားမယ်
- Positive သမားနဲ့ Contact
နီးနီးစပ်စပ် ရှိခဲ့မယ်၊ ၅ မိနစ်အထက် ရှိခဲ့မယ်
(Contact က အစိုးရ အပြည့်အစုံ
မလိုက်နိုင်ပါ၊ ကိုယ်သာ အသိဆုံးမို့ပါ)
ဒီလို အနေအထား တစ်ခုရှိရင် ဘာပဲဖြစ်ဖြစ်
ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။
#ဘယ်လိုQမလဲ ...
➡️အိမ်မှာ အခန်းသပ်သပ်ရှိရင် ခွဲနေပါ၊ တခြားဘယ်သူမှ အခန်းထဲ မဝင်ပါစေနဲ့။
➡️အခန်းသပ်သပ် မရှိရင် လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ကန့်ပြီးနေပါ။ ပြတင်းပေါက် အမြဲ ဖွင့်ထားပါ။ အနီးကို ဘယ်သူမှ မလာပါစေနဲ့။
➡️ကိုယ်တိုင် Mask ကို ဖြစ်နိုင်ရင် အမြဲတပ်ထားပါ။ အနားကို ဘယ်သူမှ မလာရင်၊ အလုံပိတ် အခန်းဆိုရင် မတပ်လို့ ရပါတယ်။
➡️နေ့စဥ်စားသောက်စရာကို အခန်းဝ
ချထားခိုင်းပြီး လူကို ပြန်သွားခိုင်းပါ။
လူမရှိမှ ထွက်ယူပါ။
အခြား ပစ္စည်းများ ယူလျှင်လည်း တူတူပါပဲ။
➡️စားပြီး ပန်းကန်ထည့်ရန် အခန်းဝတွင်ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ဇလုံတစ်ခုထားပေးပါ။ ဇလုံထဲသို့ စားပြီး ပန်းကန်ခွက်ယောက်များကို တန်းထည့်ပါ။ နာရီဝက်ကျော်မှာ အိမ်မှသူများ လာယူပါစေ။
➡️ဝတ်ထားသော အဝတ်များကို ထည့်ရန် နှစ်ရက်တစ်ခါခန့် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ပုံးတစ်ခုထားပေးပြီး အဆိုပါ ပုံးအတွင်းသို့ အဝတ်များ တန်းထည့်ပါ။ နာရီဝက်ကျော်မှ အိမ်မှသူများ လာယူပါစေ။
➡️အိမ်သာ ရေချိုးခန်း သွားမယ်ဆို အိမ်သားတွေကို အကုန် ရှောင်နေခိုင်းပါ။ ကိုယ်ဖြတ်သွားချိန် ဘယ်သူမှ အနား မလာပါစေနဲ့။ Mask တပ်သွားပါ။ လမ်းတွင် ဟိုကိုင်ဒီကိုင် မလုပ်ပါနဲ့။
➡️အနံ့ပျောက်ပြီး ၁၄ ရက်ပြည့်လို့ အိမ်မှာ Q နေစဥ် ဘာမှ မဖြစ်ဘူးဆိုလျှင် ထွက်လို့ ရပါပြီ။ မိမိအခန်းကို နေရောင်ပြပါ။ လေဝင်လေထွက်ကောင်းအောင် ၁ ရက်ထားပါ။ အိပ်ယာခင်း ခေါင်းအုံးစသည်ကို လျှော်ပြီး အခန်းကို Dettol စသည့် ဆပ်ပြာဖြင့် သန့်ရှင်းရေး လုပ်ပါ။ ကိုယ်တိုင်လုပ်ပါ။ အခြားသူကို မခိုင်းပါနှင့်။
အဲကွန်းရှိလျှင် အဲကွန်း လေစစ်ဇကာကို သေချာဆေးရန် အရေးကြီးသည်။
➡️ကိုဗစ်ရောဂါ ကိုယ့်ဆီကို ကူးလာခြင်းဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပေ။ ကိုယ်လည်း သိလိုက်မှာ မဟုတ်ပါ။ ဒါပေမယ့် သူများကို များများပြန်မကူးအောင် ထိန်းသိမ်းနိုင်ခြင်းက သင့်လက်ထဲတွင် ရှိပါတယ်။
Credit.. #ဒေါက်တာကျော်ကျော်စိုင်း_M.B.,B.S. IM1
Click here to claim your Sponsored Listing.
Category
Website
Address
Yangon