Remote Conyet

Remote Conyet

Share

Local Talent, Global Impact

15/05/2026

👨‍💻 အခုခေတ်နောက်ပိုင်းမှာ ခေတ်စားလာတဲ့ Solopreneur ဆိုတာဘာလဲ?

Solopreneur ဆိုတာကတော့ Solo + Entrepreneur ကို ပေါင်းထားတာပါ။ မိမိရဲ့ လုပ်ငန်းတစ်ခုလုံးကို မိမိကိုယ်တိုင် တစ်ဦးတည်း စီမံခန့်ခွဲပြီး လည်ပတ်သူကို ဆိုလိုတာဖြစ်ပါတယ်။

Freelancer နဲ့ Solopreneur ဘာကွာလဲ?
◾Freelancer တစ်ယောက်က များသောအားဖြင့် အလုပ်ရှင် (Client) တစ်ယောက်ချင်းစီရဲ့ Project တွေပေါ်မှာ အချိန်ပေးပြီး အလုပ်လုပ်ပေးရတာဖြစ်ပါတယ်။ မိမိရဲ့ဝင်ငွေကလည်း Client အလုပ်အပ်တဲ့အပေါ်နဲ့ ကိုယ်ပေးနိုင်တဲ့အချိန်ပေါ်မှာမူတည်ပြီး ရရှိမှာဖြစ်ပါတယ်။

◾Solopreneur မှာတော့ မိမိရဲ့ ကိုယ်ပိုင် Business Model တစ်ခုရှိပါတယ်။ ဝန်ဆောင်မှုတင်မကဘဲ ကိုယ်ပိုင် Branding၊ စနစ် (Systems) နဲ့ ထုတ်ကုန် (Products) တွေကိုဖန်တီးပြီး စီးပွားရေးလုပ်ငန်းတစ်ခုလို ရေရှည်တည်ဆောက်သူ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အများကြီးမခန့်ဘဲ နည်းပညာနဲ့ Automation တွေသုံးပြီး လုပ်ငန်းကို ချဲ့ထွင်တာဖြစ်ပါတယ်။

Freelancer ဘဝကနေ Solopreneur တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ခြင်းအားဖြင့်
👉 ဘယ် Project ကိုလက်ခံမလဲ၊ ဘယ်အချိန်မှာအနားယူမလဲဆိုတာကအစ ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့်ရှိလာမယ်
👉 ဝန်ထမ်းခန့်စရာမလို၊ ရုံးခန်းငှားစရာမလိုတဲ့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ စတင်နိုင်ပြီး လည်ပတ်နိုင်မယ်
👉 ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို ဝန်ထမ်းလစာ ဒါမှမဟုတ် ရှယ်ယာရှင်တွေကို ခွဲဝေပေးစရာမလိုဘဲ မိမိကိုယ်တိုင်နဲ့ မိမိလုပ်ငန်းအတွက်ပဲ ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်မှာဖြစ်ပါတယ်။

Creative Freelancer တစ်ယောက်အနေနဲ့ Project တွေ တစ်ခုပြီးတစ်ခု အပြေးအလွှား လုပ်နေရတဲ့ သံသရာကနေ ရုန်းထွက်ပြီး Business Owner စိတ်ဓာတ်နဲ့ Level Up ချင်တယ်ဆိုရင် ပြောင်းလဲရမယ့် Mindset တွေရှိပါတယ်။ 👇

​🔴 အချိန်ရောင်းစားမယ့်အစား စနစ်ကိုရောင်းပါ
​ကိုယ့်ရဲ့ အချိန်ကိုပေးပြီး ပိုက်ဆံရှာမယ့်အစား ကိုယ်မရှိလည်း လည်ပတ်နိုင်မယ့်စနစ်ကို တည်ဆောက်ပါ။ Template တွေ၊ Workflow တွေနဲ့ Process ချထားပြီး အချိန်ထက် ကိုယ်ဖန်တီးထားတဲ့ Result ကိုပဲ တန်ဖိုးဖြတ်ရောင်းချပါ။

​🔴 ကျွမ်းကျင်သူအဆင့်မှ CEO အဆင့်သို့ ပြောင်းလဲပါ
​လက်ရှိ Project ကို အကောင်းဆုံး ထိုင်လုပ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ လုပ်ငန်းရှည်ကြာဖို့ Marketing နဲ့ Strategy ချတဲ့အချိန်ကို သီးသန့်ဖယ်ထားပြီး ကိုယ့်လုပ်ငန်းရဲ့ CEO တစ်ယောက်လို တွေးခေါ်စီမံပါ။

🔴 ယုံကြည်မှုနဲ့ ဩဇာကို ရင်းနှီးမြှုပ်နှံပါ
​လူတွေက Freelancer ဆီမှာ Skill လာဝယ်ပေမဲ့ Solopreneur ဆီမှာတော့ ယုံကြည်မှုကို လာဝယ်တာပါ။ ကိုယ့်ရဲ့ ထူးခြားတဲ့ အမြင် (POV) တွေကို ချပြပြီး ကိုယ့်နယ်ပယ်မှာ ဆရာတစ်ဆူ (Authority) ဖြစ်အောင် Brand တည်ဆောက်ပါ။

🔴 နာရီအလိုက်မဟုတ်ဘဲ တန်ဖိုးအလိုက် ဈေးဖြတ်ပါ
​အလုပ်လုပ်တဲ့ နာရီပေါ်မူတည်ပြီး ဈေးမယူပါနဲ့။ ကိုယ့်အလုပ်က Client အတွက် ဘယ်လောက်အကျိုးပြုလဲဆိုတဲ့ Value ပေါ်မှာပဲ ဈေးသတ်မှတ်ပါ။ ဒါ့အပြင် Digital Products တွေဖန်တီးပြီး Passive Income ဝင်ငွေလမ်းကြောင်း ဖောက်ထားပါ။

🔴 ချဲ့ထွင်နိုင်စွမ်းကို ကြိုတွေးထားပါ
​“အလုပ်တွေ အရမ်းများလာရင် ငါဘယ်လိုလုပ်မလဲ?” ဆိုတာကို အမြဲပြင်ဆင်ထားပါ။ AI Tools တွေ သုံးမလား၊ တခြားသူကို အပ်မလား (Outsourcing) ဆိုတဲ့ နည်းလမ်းတွေနဲ့ ကိုယ်တိုင် ပင်ပန်းစရာမလိုဘဲ လုပ်ငန်းကို ချဲ့ထွင်နိုင်အောင် ပြင်ဆင်ပါ။

အနှစ်ချုပ်အနေနဲ့ Freelancer ဘဝမှာ အလုပ်ရဖို့ကိုပဲ အာရုံစိုက်နေရပေမဲ့ Solopreneur ဘဝမှာတော့ လုပ်ငန်းက ကိုယ့်အပေါ် ၁၀၀% မှီခိုမနေဘဲ ကိုယ်က လုပ်ငန်းကို အပေါ်စီးကနေ ထိန်းကျောင်းသူဖြစ်အောင် ပြောင်းလဲရတာဖြစ်ပါတယ်။

Freelancer ကနေ Solopreneur ဖြစ်လာဖို့ဆိုတာ Skill တစ်ခုတည်းနဲ့ မလုံလောက်တော့ဘဲ Mindset ပြောင်းလဲဖို့က အဓိကဖြစ်လာပါတယ်။ 💯

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

15/05/2026

🎉 ဖြည်းဖြည်းမှန်မှန်လေး တရွေ့ရွေ့ခရီးနှင်လာခဲ့တဲ့ 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ဟာ ဒီနေ့မှာတော့ Telegram Subscriber ၁ သောင်းပြည့်သွားခဲ့ပါပြီ... 🥳👏

𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို စတင်ဖြစ်ခဲ့တာကတော့ ကိုဗစ်ကာလရဲ့ အကျပ်အတည်းစိန်ခေါ်မှုတွေကြားထဲမှာပါ။ ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ ခက်ခဲလာတာကို သတိထားမိပြီး Founder ကိုယ်တိုင် အလုပ်အကိုင်တွေ လိုက်လံချိတ်ဆက်ပေးရင်းနဲ့ Telegram Channel လေးကနေတစ်ဆင့် Creative အလုပ်အကိုင်အခွင့်အလမ်းတွေကို “အခမဲ့” စတင်မျှဝေပေးခဲ့ပါတယ်။

“တစ်ဦးနဲ့တစ်ဦး ဖေးမကူညီမယ်” ဆိုတဲ့ စိတ်ရင်းလေးနဲ့ စတင်ခဲ့တဲ့ ဒီခရီးဟာ အခုဆိုရင်တော့ ခိုင်မာတဲ့ Community တစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒီကာလအတွင်း 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 အနေနဲ့ ပြည်တွင်းတင်မကဘဲ Creative Job နဲ့သက်ဆိုင်တဲ့ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကနေတစ်ဆင့်
​🔴 လုပ်ငန်းရှင်တွေကလည်း ယုံကြည်စိတ်ချစွာနဲ့ Talent တွေ ရှာဖွေဖို့ ဆက်သွယ်လာကြသလို
​🔴 ပြည်တွင်း၊ ပြည်ပက အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို နေ့စဉ် မျှဝေပေးနိုင်ခဲ့ပါတယ်။ 🤝

နောက်ပြီး 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 အနေနဲ့ ​ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် Website တစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုတွေနဲ့အတူ အမြဲရှိနေပါဦးမယ်။

​ဒီမှတ်တိုင်လေးကို အတူတူ စိုက်ထူပေးခဲ့ကြတဲ့ Subscriber တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🙏❤

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

13/05/2026

သင့်လုပ်ငန်းရဲ့ Creative Talent လိုအပ်ချက်အတွက် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ရှိပါတယ် 🎯

လုပ်ငန်းရဲ့ အမြင်ပိုင်းဆိုင်ရာ (Visual) ကို ပုံဖော်အသက်သွင်းဖို့ Creative သမားကောင်းတွေ လိုအပ်နေပြီလား?

ဒါဆိုရင်တော့ Skill ကြမ်းပြီး Creative ပိုင်းဆိုင်ရာ စိတ်ကူးစိတ်သန်းကောင်းတွေရှိတဲ့ Creative သမားတွေကို 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 မှာ အခမဲ့ ရှာဖွေချိတ်ဆက်နိုင်ပါတယ်။ 👨‍💻

ဘာကြောင့် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကနေ ရှာဖွေချိတ်ဆက်သင့်တာလဲ?
🔴 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 မှာ Creative အလုပ်အပေါ် တကယ်ရူးသွပ်ပြီး အရည်အချင်းပြည့်ဝတဲ့ Creative သမားတွေကို တစုတစည်းတည်း တွေ့နိုင်မှာဖြစ်ပါတယ်။
🔴 ဒါ့အပြင် လုပ်ငန်းရှင်တွေအတွက် အကြီးမားဆုံး အားသာချက်ကတော့ Talent ရှာဖွေဖို့အတွက် ဘာအဖိုးအခမှ ပေးစရာမလိုဘဲ အခမဲ့ ချိတ်ဆက်နိုင်ပါတယ်။
🔴 Graphic Design/ Illustration/ Motion Design စတဲ့ Creative သမားများစွာကို ကိုယ့်လုပ်ငန်းလိုအပ်ချက်အလိုက် တိုက်ရိုက်ရွေးချယ်နိုင်ပြီး အချိန်တိုအတွင်း Talent ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင့်လုပ်ငန်းအတွက် အရည်အချင်းပြည့်ဝတဲ့ Creative သမားတွေနဲ့လက်တွဲဖို့ 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို စာပို့​ပြီး “အခမဲ့” ချိတ်ဆက်ရှာဖွေလိုက်ပါ။ 📲

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

10/05/2026

လူတွေမြင်ရတာထက် ပိုလေးလံတဲ့ Creative သမားတွေရဲ့ ဖန်တီးမှုခြေလှမ်းများ 👨‍💻💭

​“ဒါလေး အမြန်လုပ်ပေးပါလား” “အိုင်ဒီယာလေး အမြန်ထုတ်ပေးပါဦး” ဆိုတဲ့ စကားတွေက Creative သမားတစ်ယောက်အတွက်တော့ တစ်ခါတလေမှာ အပ်နဲ့ထိုးခံရသလိုမျိုး နာကျင်ခံစားရစေပါတယ်။

သူများအမြင်မှာတော့ Creative အလုပ်ဆိုတာ ကော်ဖီလေးသောက်၊ သီချင်းလေးနားထောင်ပြီး အေးအေးဆေးဆေး အလုပ်လုပ်နေတာလို့ ထင်ရပေမဲ့ တကယ်တော့...
​🔴 ရလဒ်တစ်ခုရဲ့နောက်ကွယ်မှာ မအိပ်ရတဲ့ ညပေါင်းများစွာတွေ
​🔴 အိုင်ဒီယာတစ်ခုရဲ့ နောက်ကွယ်မှာ စုတ်ဖြဲပစ်လိုက်ရတဲ့ စာရွက်တွေနဲ့ ဖျက်လိုက်ရတဲ့ Draft တွေ
​🔴 အောင်မြင်မှုတစ်ခုရဲ့နောက်ကွယ်မှာ ဦးနှောက်ကို အစွမ်းကုန်ညှစ်ထုတ်ရတဲ့ ပင်ပန်းမှုတွေ အများကြီးရှိနေပါတယ်။

တကယ်တော့ ဖန်တီးမှုဆိုတာ စက်ရုံက ထွက်လာတဲ့ ကုန်ပစ္စည်းတစ်ခုလို ချက်ချင်းနှိပ်၊ ချက်ချင်းထွက်လာတာမျိုး မဟုတ်ပါဘူး။ အချိန်၊ စိတ်ကူးစိတ်သန်းနဲ့ ကြိုးစားမှုတွေ ပေါင်းစပ်ပြီးမှ ထွက်လာတဲ့ အနုပညာတစ်ခုပါ။ ဒါကြောင့် Creative သမားတစ်ယောက်ရဲ့ဖန်တီးမှုတွေကို တန်ဖိုးထားတယ်ဆိုရင် ဒီစကားလေးတွေ ရှောင်ပေးသင့်ပါတယ်။ 👇

🚫 “​ဒါလေးပဲဆိုတော့ အမြန်လုပ်ပေးပါ”
လူမြင်တာကတော့ Graphic တစ်ပုံ၊ Content တစ်ပုဒ် ဖြစ်ပေမဲ့ အဲဒီနောက်ကွယ်မှာ Market Research လုပ်ရတာ၊ Concept ထုတ်ရတာနဲ့ ရွေးချယ်စရာတွေထဲကမှ အကောင်းဆုံးကို ညှစ်ထုတ်ရတာတွေ ပါပါတယ်။ “ခဏလေး” ဆိုတာ Creative လောကမှာ မရှိပါဘူး။

🚫 “အိုင်ဒီယာလေး တစ်ချက်လောက် (Free) ကူညီပေးပါလား”
အိုင်ဒီယာဆိုတာ Creative တစ်ယောက်ရဲ့ ရောင်းကုန်ဖြစ်ပါတယ်။ ဆိုင်တစ်ဆိုင်မှာ ပစ္စည်းသွားဝယ်ရင် ပိုက်ဆံပေးရသလိုပဲ Creative တစ်ယောက်ရဲ့ ဦးနှောက်ကို အသုံးပြုရင်လည်း ထိုက်တန်တဲ့ အခကြေးငွေ ပေးရမှာက လုပ်ငန်းခွင်ယဉ်ကျေးမှုဖြစ်ပါတယ်။

🚫 “အဆင်ပြေသလိုလေး ကြည့်ကြပ်လုပ်ပေးပါ”
အဆင်ပြေသလို ဖန်တီးခိုင်းပြီးမှ တကယ်တမ်းကျတော့ “လိုချင်တာ ဒါမျိုးမဟုတ်ဘူး” ဆိုပြီး အစကနေ ပြန်ပြင်ခိုင်းတာမျိုးဟာ Creative တွေအတွက် အတော်လေး စိတ်ရှုပ်ထွေးစေပါတယ်။ ရှင်းလင်းတိကျတဲ့ Brief မပေးဘဲ စိတ်ကြိုက်လုပ်ခိုင်းတာဟာ အချိန်ဖြုန်းတီးတာနဲ့ အတူတူပါပဲ။

​🚫 “AI နဲ့တောင် လုပ်လို့ရတာပဲ”
​အခုနောက်ပိုင်း အပြောအများဆုံး စကားပါ။ AI က Data တွေကို စုစည်းပေးနိုင်ပေမဲ့ Brand တစ်ခုရဲ့ Voice၊ လူသားဆန်တဲ့ ခံစားချက် (Human Touch) နဲ့ မတူညီတဲ့ POV (Point of View) တွေကို Creative တစ်ယောက်လို မဖန်တီးနိုင်ပါဘူး။ Tools ကို အထင်ကြီးပြီး လူသားရဲ့ တီထွင်မှုကို အဖိုးမဖြတ်သင့်ပါဘူး။

🚫 “​ဒါမျိုးနဲ့တူအောင် ဖန်တီးပေးပါ”
​တခြား Brand တစ်ခု ဒါမှမဟုတ် တခြားသူရဲ့ လက်ရာကို ပြပြီး “ဒါနဲ့ ဆင်တူလေးပဲ လုပ်ပေးပါ” လို့ ပြောတာဟာ Creative တစ်ယောက်ရဲ့ Identity ကို စော်ကားသလို ဖြစ်စေပါတယ်။ Creative တွေက Copy ကူးဖို့ထက် အသစ်ဖန်တီးဖို့ပဲ ဝါသနာပါသူတွေ ဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ Creative သမားတွေရဲ့ အချိန်နဲ့ အိုင်ဒီယာကို တန်ဖိုးထားပေးတာက သူတို့ရဲ့ ဖန်တီးမှုကို လေးစားပေးတာပါပဲဖြစ်ပါတယ်။ ✍

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

07/05/2026

အလုပ်မှာ တစ်ခုခုအဆင်မပြေဖြစ်တိုင်း ပတ်ဝန်းကျင်ကိုပဲ လက်ညှိုးထိုးမိနေပြီလား❓

တစ်ခါတလေမှာ Creative သမားတစ်ယောက်ရဲ့ အကြီးမားဆုံးရန်သူက ဝေဖန်မှုတွေ၊ Deadline တွေမဟုတ်ဘဲ “ကိုယ်ကိုယ်တိုင်ရဲ့အတ္တ” ဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့အတ္တကြောင့် ကိုယ်ကိုယ်တိုင် Toxic ဖြစ်နေတာတွေကို အရင်ဆုံး ပြုပြင်မှသာလျှင် ကိုယ့်ရဲ့ Working Environment တစ်ခုလုံးကိုလည်း စိတ်ချမ်းသာစရာနေရာတစ်ခုဖြစ်လာအောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်အပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲနိုင်ဖို့ဆိုရင် ကိုယ်တိုင် Toxic ဖြစ်နေပြီလားဆိုတာကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဒီအချက် (၅) ချက်ကတော့ လုပ်ငန်းခွင်မှာ ကိုယ်ကိုယ်တိုင် Toxic ဖြစ်နေပြီလားဆိုတာကို သုံးသပ်နိုင်မယ့် အချက်တွေဖြစ်ပါတယ်။ 👇

1️⃣​ “ငါ့ Idea ကမှ အကောင်းဆုံး” လို့ အမြဲတွေးမိနေပြီလား?
​Creative သမားတစ်ယောက်မှာ ကိုယ့်အလုပ်အပေါ် ယုံကြည်ချက်ရှိတာ ကောင်းပေမဲ့ တခြားသူတွေရဲ့ ဝေဖန်ချက် ဒါမှမဟုတ် အကြံပြုချက်တွေကို လက်မခံနိုင်ဘဲ “သူတို့က နားမလည်လို့ပါ” ဆိုတဲ့အမြင်နဲ့ ပယ်ချနေမိပြီဆိုရင် ဒါဟာ အနီရောင်အဆင့်ပါ။ Teamwork မှာ ကိုယ့် Idea ထက် လုပ်ငန်းအတွက် အထိရောက်ဆုံးဖြစ်မယ့် အဖြေကို ဦးစားပေးနိုင်ဖို့ လိုပါတယ်။

​2️⃣ အမှားတစ်ခုခုဖြစ်လာရင် တခြားသူကိုပဲ အပြစ်ရှာမိနေပြီလား?
​Campaign တစ်ခု မအောင်မြင်တာ၊ Design တစ်ခုခု Reject ဖြစ်တာမျိုး ကြုံတဲ့အခါ “Client က ဂျီးများလို့”၊ “Account Executive က သေချာ Brief မပေးလို့” စသဖြင့် အမြဲတမ်း တခြားသူတွေကိုပဲ လက်ညှိုးထိုးနေမိရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်နိုင်တော့တဲ့ လက္ခဏာပါ။ ကိုယ့်ဘက်ကနေ လိုအပ်ချက်တွေ အရင်ရှာဖွေတာက Professional ဆန်တဲ့ Creative သမားတစ်ယောက်ရဲ့ အရည်အချင်းဖြစ်ပါတယ်။

​3️⃣ အလုပ်ကိစ္စထက် လူပုဂ္ဂိုလ်ရေးရာ အတင်းအဖျင်းတွေကို ပိုစိတ်ဝင်စားနေတာလား?
​Brainstorming လုပ်ရမယ့်အချိန်မှာ အလုပ်အကြောင်းထက် လုပ်ငန်းခွင်ထဲက လူတွေအကြောင်း အကောင်းအဆိုး ပြောဆိုနေတာမျိုးက ကိုယ့်ရဲ့ Creative Energy ကို အလဟဿ ဖြုန်းတီးပစ်တာပါ။ လုပ်ငန်းခွင်အတွင်းမှာ Group တွေဖွဲ့ပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေတာမျိုးမှာ ပါဝင်နေပြီဆိုရင် သင်ကိုယ်တိုင်က အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးသူ ဖြစ်နေပါပြီ။

​4️⃣ အသစ်အဆန်းတွေကို သင်ယူဖို့ ငြင်းဆန်နေတာလား?
​Creative နယ်ပယ်က အမြဲပြောင်းလဲနေတာပါ။ “ငါကတော့ အရင်ကတည်းက ဒီလိုပဲ လုပ်လာတာ၊ အဆင်ပြေနေတာပဲ” ဆိုပြီး နည်းပညာအသစ်တွေ ဒါမှမဟုတ် ခေတ်သစ် Trend တွေကို လေ့လာဖို့ ငြင်းဆန်နေတာက ကိုယ့်အတွက်တင်မကဘဲ အဖွဲ့အစည်းရဲ့ တိုးတက်မှုကိုပါ နှောင့်နှေးစေတဲ့ Toxic အပြုအမူတစ်ခု ဖြစ်လာနိုင်ပါတယ်။

​5️⃣ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ရန်လိုတဲ့တုံ့ပြန်မှုနဲ့ တုံ့ပြန်မိနေပြီလား?
​ကိုယ့်ရဲ့ အနုပညာလက်ရာ ဒါမှမဟုတ် Content တစ်ခုကို တစ်ယောက်ယောက်က ဝေဖန်လိုက်တဲ့အခါ စိတ်ထဲကနေ ချက်ချင်းခုခံချင်စိတ် (Defensiveness) ဖြစ်ပေါ်လာပြီး ရန်လိုတဲ့စကားလုံးတွေ သုံးမိနေပြီဆိုရင် ဒါဟာ ကိုယ့်အလုပ်နဲ့ ကိုယ့်ကိုယ်ကိုယ် မခွဲခြားထားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါက လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေ သင့်ဆီ လာရောက်အကြံပေးဖို့ ကြောက်ရွံ့သွားစေနိုင်ပါတယ်။

👨‍💻 Creative အလုပ်ဆိုတာ စိတ်ခံစားမှုကို ရင်းပြီး လုပ်ရတာမို့ တစ်ခါတလေမှာ ကိုယ့်အလုပ်အပေါ် ထားတဲ့ စိတ်စေတနာကနေ အစွန်းရောက်သွားပြီး မသိစိတ်ကနေ Toxic အပြုအမူတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကို သိရှိဖို့က ရှက်စရာမဟုတ်ဘဲ ပိုတော်တဲ့ Professional တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ဆိုတာ ပတ်ဝန်းကျင်ကို ပြင်ရုံနဲ့မရဘဲ ကိုယ့်အတွင်းစိတ်ကို ပြန်သုံးသပ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ 🌱

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

05/05/2026

👨‍💻လုပ်ငန်းအတွက် အကောင်းဆုံး Creative Talent တွေကို အချိန်တိုအတွင်း ရှာဖွေနိုင်ဖို့ 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 နဲ့ “အခမဲ့” ချိတ်ဆက်လိုက်ပါ။

လုပ်ငန်းရဲ့အိုင်ဒီယာတွေကို လူတွေ မြင်ရ၊ ခံစားရတဲ့အထိ လက်တွေ့ဖြစ်အောင် ဖန်တီးပေးရတဲ့နေရာမှာ အဓိကကျတဲ့ ​
✅ Graphic Designer
✅ Illustrator နဲ့
✅ Motion Designer စတဲ့ Professional Creative သမားတွေကို 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကနေပြီးတော့ “အခမဲ့” ချိတ်ဆက်ပေးနေပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကနေတစ်ဆင့် အလုပ်ချိတ်ဆက်ခြင်းအားဖြင့်
🔴 Creative ပိုင်းရော အရည်အချင်းပိုင်းပါ ယုံကြည်စိတ်ချရတဲ့ Creative သမားတွေရဲ့ Portfolio တွေကို ကိုယ်တိုင်ရွေးချယ်နိုင်မယ်
🔴 Talent တွေကို အချိန်ကုန်ခံပြီး ကိုယ်တိုင်လိုက်ရှာစရာမလိုတော့ဘဲ အချိန်တိုအတွင်း ရှာဖွေချိတ်ဆက်နိုင်မယ်
🔴 ဒါ့အပြင် လုပ်ငန်းရှင်တွေဘက်က Talent ရှာဖွေဖို့အတွက် ဝန်ဆောင်ခ “အခမဲ့” ဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ Professional Creative သမားတွေလိုအပ်ခဲ့ရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို စာပို့ပြီး ဆက်သွယ်နိုင်ပါတယ်။ 📲

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

02/05/2026

အမှားအမှန်ထက် အယူအဆ မတူညီတာတွေ ပိုများတဲ့ Creative လောကမှာ အငြင်းအခုံဖြစ်စရာလေးတွေ အမြဲကြုံရတတ်တာ သဘာဝပါပဲ 💬

Creative အလုပ်ဆိုတာ သင်္ချာတွက်သလိုမျိုး “1+1=2” ဆိုတဲ့ အဖြေတစ်ခုတည်းရှိတာမျိုး မဟုတ်ပါဘူး။ “9” ထဲကနေ “7” ကိုနုတ်ရင်လည်း “2” ဆိုတဲ့အဖြေကို ရပါတယ်။

တကယ်တော့ Creative လောကမှာ အမှားအမှန်ဆိုတာထက် အံဝင်ခွင်ကျဖြစ်မှု (Appropriateness) နဲ့ ရည်ရွယ်ချက်အောင်မြင်မှု (Effectiveness) က ပိုပြီး အရေးကြီးပါတယ်။

🔴 ကိုယ့်အယူအဆ မှန်နေရင်တောင် တစ်ဖက်လူပြောတာကို နားထောင်ပေးလိုက်ပါ။
Professional ဆန်တယ်ဆိုတာ ကိုယ်တတ်ထားတဲ့ပညာကို ပြဖို့တစ်ခုတည်းတင်မဟုတ်ဘဲ တစ်ဖက်လူရဲ့အမြင်ကို လေးစားတာကနေ စပါတယ်။ ကိုယ့်ရဲ့ Idea က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ အခြားသူရဲ့ ဝေဖန်မှုကို နားထောင်ပေးလိုက်တဲ့အခါမှာ
👉 ကိုယ်မမြင်မိတဲ့ အားနည်းချက်တွေကို မြင်လာမယ်
👉 Idea တစ်ခုကို တစ်ဖက်တည်းက မဟုတ်ဘဲ ဘက်ပေါင်းစုံကနေ ကြည့်တတ်သွားစေပါတယ်။

🔴 Professional စစ်စစ်ဆိုတာ ဝေဖန်မှုကို လက်ခံနိုင်သူပါ။
“ငါကိုယ်တိုင် သေချာလုပ်ထားတာ၊ ငါပဲ သိတယ်” ဆိုတဲ့ Mindset က ကိုယ့်ရဲ့ တိုးတက်မှုကို ပိတ်ပင်ထားသလိုပါပဲ။ ဝေဖန်တာကို နားထောင်ပေးတယ်ဆိုတာ သူပြောတာကို အကုန်လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဘာပြောပြော နားထောင်ပေးလိုက်ခြင်းကိုက အဆင့်အတန်းတစ်ခုပါ။ တစ်ဖက်လူရဲ့ စကားကို သေချာနားထောင်ပြီးမှ ကိုယ့်အယူအဆကို ပြန်လည်ရှင်းပြတာမျိုးက ပိုပြီး Professional ဆန်ပါတယ်။

🔴 Creative အယူအဆ ကွဲလွဲတာဟာ အားသာချက်ပါ။
လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ် ရှိကြပါတယ်။ Creative တစ်ယောက်အတွက် ဝေဖန်ချက်တွေ၊ မတူညီတဲ့ အမြင်တွေဆိုတာ ကိုယ့်ရဲ့ Idea ကို ပိုပြီး ခိုင်မာအောင် သွေးပေးလိုက်တဲ့ ကျောက်ပြင်တစ်ခုလိုပါပဲ။ ကိုယ့်အယူအဆက မှန်ကန်နေတယ်ဆိုရင်တောင် တစ်ဖက်လူရဲ့ Feedback ကို ယူပြီး ပိုကောင်းအောင် (Refine) လုပ်နိုင်တာကမှ တကယ့်အစွမ်းအစပါ။

အနှစ်ချုပ်အနေနဲ့ Creative ရလဒ်ကောင်းတစ်ခု ဖြစ်လာဖို့ဆိုတာ ကိုယ့်ရဲ့ “ငါစွဲ” အတ္တတွေကို ခဏဘေးဖယ်ပြီး တစ်ဖက်လူရဲ့ စကားကို စိတ်ရှည်လက်ရှည် နားထောင်ပေးနိုင်မှုကနေ စပါတယ်။ ကိုယ်လုပ်မှ မှန်တာမဟုတ်ဘဲ အများရဲ့အမြင်ကို ပေါင်းစပ်ပြီး အကောင်းဆုံးရလဒ် ထွက်အောင် လုပ်နိုင်မှ ရေရှည်မှာ Professional တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

28/04/2026

☝Creative သမားတိုင်းအတွက် “Revise” ဆိုတာ ရှောင်လွှဲမရတဲ့ အရာတစ်ခုပါ။

ဒါပေမဲ့ Creative သမားတွေ အကြောက်ဆုံးအရာက Revision အကြိမ်အရေအတွက် မဟုတ်ဘဲ Client ဆီကလာတဲ့ “လှတော့ လှတယ်... ဒါပေမဲ့ တစ်ခုခုတော့ လိုနေသလိုပဲ၊ ဘာလိုနေမှန်းတော့ မသိဘူး” ဆိုတဲ့ ဝေဝေဝါးဝါး Feedback ကြီးပါပဲ။

ဒီစကားတစ်ခွန်းက Creative သမားတစ်ယောက်ရဲ့ဦးနှောက်ကို တစ်ညလုံး အိပ်မပျော်အောင် ခြောက်လှန့်နိုင်စွမ်းရှိပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုရင် Client တွေမှာ သူတို့လိုချင်တဲ့ Feeling (ခံစားချက်) ရှိနေပေမဲ့ အဲဒီ Feeling တွေကို Creative အသုံးအနှုန်းတွေနဲ့ ဘယ်လိုဖွင့်ပြောရမလဲ မသိလို့ပါပဲ။

ဒါကြောင့် အခုလို ဘာလိုနေမှန်းမသိတဲ့ပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ ပညာရှင်ဆန်ဆန် ဘယ်လိုဖြေရှင်းသင့်လဲဆိုရင်တော့...

🔴 Client ရဲ့ Feeling ကို Fact အဖြစ် အတင်းပြောင်းလဲပါ
သူတို့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ၊ ဘာကိုကြိုက်တာလဲ၊ ဘယ်အရာကို သဘောမကျတာလဲဆိုတာတွေကို ဦးဆောင်မေးမြန်းပြီး အချက်အလက်အဖြစ် ပြန်ထုတ်ပါ။

🔴 မကြိုက်တဲ့အပိုင်းကို အရင်မေးမြန်းကြည့်ပါ
ဘာလိုချင်မှန်း ရှာရခက်နေရင် ဘာကို မလိုချင်တာလဲဆိုတာက အဖြေထွက် ပိုမြန်ပါတယ်။ အလုပ်နဲ့မဆိုင်တဲ့ အချက်တွေကို အရင်ဖယ်ထုတ်လိုက်တာက ပုစ္ဆာကို ၅၀% ဖြေရှင်းပြီးသား ဖြစ်သွားစေပါတယ်။

🔴 Reference က စကားပြောပါလိမ့်မယ်
စကားလုံးတွေနဲ့ ရှင်းပြရတာ လွဲချော်နိုင်ခြေ များပါတယ်။ နမူနာပုံစံတောင်းဆိုလိုက်တာက ခန့်မှန်းရတဲ့ အချိန်နဲ့ ပြန်ပြင်ရမယ့် အမှားတွေကို အများကြီး လျှော့ချပေးပါတယ်။

🔴 Comparison (နှိုင်းယှဉ်ချက်) နဲ့ ရွေးခိုင်းပါ
အကြံပြုချက်ပေးတဲ့အခါ ရွေးချယ်စရာတွေပေးပြီး Client ရဲ့အကြိုက်ကို မေးခြင်းအားဖြင့် Client ရဲ့ သဘောထားကို မြန်မြန်ဆန်ဆန် ဘောင်ခတ်နိုင်မှာပါ။

Creative တစ်ယောက်ရဲ့ အရည်အချင်းက အလုပ်လုပ်တတ်ရုံတင်မဟုတ်ဘဲ Client ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ကူးတွေကို လက်တွေ့အဖြစ် ဘယ်လောက် ပညာရှင်ဆန်ဆန် ပုံဖော်ပေးနိုင်သလဲ ဆိုတဲ့အချက်ပေါ်မှာလည်း မူတည်နေပါတယ်။

ဒီလို ဘာလိုနေမှန်းမသိတဲ့ Revision သံသရာကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ဆိုရင်
✅ ဖန်တီးမှုရဲ့ အဓိက Goal က ဘာလဲ?
✅ ဘယ်အချက်ကို အဓိက (Highlight) ပြချင်တာလဲ?
✅ Target Audience က ဘယ်သူတွေလဲ?
✅ လုံးဝ (လုံးဝ) မသုံးစေချင်တဲ့ ပုံစံရှိလား?
ဆိုတာတွေကို အရင်ဆုံးဆွေးနွေးမေးမြန်းသင့်ပါတယ်။

ဒီအချက်တွေကို သေချာချိတ်ဆက်နိုင်ရင်တော့ ညဘက်အိပ်ရေးပျက်တဲ့ဒဏ်ကနေ အမြန်ဆုံးလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ 💯

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

26/04/2026

🔥 ဘောင်အကျဥ်းအကျပ်ထဲ ကန့်သတ်ချက်တွေနဲ့ Creative အိုင်ဒီယာထုတ်ရတိုင်း လုံးလုံးစိတ်မညစ်သွားပါနဲ့ ‼

Creative သမားတွေ တော်တော်များများက အကန့်အသတ်မရှိတဲ့ လွတ်လပ်ခွင့်ကမှ Creative Idea ကောင်းတွေ ထွက်စေတယ်ဆိုပြီး ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အရင်က မစဥ်းစားဖူးတဲ့ Creative အိုင်ဒီယာတွေတော်တော်များများက ဘောင်အကျဥ်းအကျပ်ထဲ​ရောက်မှ ထွက်ကျလာတတ်ပါတယ်။

တကယ်တော့ လွတ်လပ်ခွင့်ဆိုတာ နယ်နိမိတ်မရှိတဲ့ ပင်လယ်ပြင်ကြီးနဲ့တူပါတယ်။ ဘယ်ဘက်ကိုကူးခတ်ရမလဲ မသိဘဲ လမ်းပျောက်ဖို့ အရမ်းလွယ်ပါတယ်။ တကယ့် Creative Block ဆိုတာ ဘောင်ခတ်ခံရလို့ ဖြစ်လာတာမဟုတ်ဘဲ ရွေးချယ်စရာတွေ များလွန်းလို့ ဘယ်ကစရမှန်းမသိတာကနေ စတာပါ။ 🔍

​ဒါကြောင့် တချို့ကန့်သတ်ချက်တွေက ဖန်တီးမှုစွမ်းအားကို ပိတ်ပင်တားဆီးလိုက်တာမျိုးမဟုတ်ဘဲ ပိုပြီးထက်မြက်လာအောင် လှုံ့ဆော်ပေးတဲ့ Creative လောင်စာတွေ ဖြစ်နေတတ်ပါတယ်။ ကန့်သတ်ချက်တွေကြောင့် -
🔴 ရွေးချယ်စရာ များလွန်းလို့ ဝေဝေဝါးဝါးဖြစ်နေတာကို ဖြေရှင်းပေးနိုင်ပါတယ်
🔴 ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ရုန်းကန်ရတဲ့အခါ မထင်မှတ်ထားတဲ့ ဖြေရှင်းနည်းအသစ်တွေကို ရှာတွေ့လာနိုင်ပါတယ်
🔴 ကန့်သတ်ချက်တွေကြောင့် မလိုအပ်တဲ့ အပိုအလှတွေကို ဖယ်ထုတ်ပြီး တကယ့်အရေးကြီးဆုံး အချက်အလက်အပေါ်မှာပဲ အာရုံစိုက်လာနိုင်ပါတယ်
🔴 တိကျတဲ့ Guideline နဲ့ Deadline တွေက Creative သမားတွေကို တုံ့ဆိုင်းမနေဘဲ အပျင်းကြီးတဲ့စိတ်ကို ကျော်လွှားနိုင်အောင် တွန်းအားဖြစ်စေပါတယ်။

ဒါကြောင့် Creative သမားတွေအနေနဲ့ ဘောင်ခတ်ခံရတာကို လုံးဝမကြောက်ပါနဲ့ 💥
တစ်ခါတလေမှာ အဲဒီဘောင်တွေကပဲ ပုံမှန်တွေးနေကျလမ်းကြောင်းကနေ ဖောက်ထွက်ပြီး အကောင်းဆုံး Idea တွေ ထွက်လာအောင် တွန်းပို့ပေးနေတဲ့ လောင်စာတွေဖြစ်နေတတ်တာကြောင့်ပါပဲ။ 💯

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

21/04/2026

❝ Creative အလုပ်ဆိုတာ နှလုံးသားနဲ့ရင်းပြီး ခံစားချက်ပါပါ ဖန်တီးရတဲ့ အနုပညာတစ်ခုပါ ❞

ဒါကြောင့်လည်း ကိုယ်အားစိုက်ဖန်တီးထားတဲ့ Creative လက်ရာတစ်ခု ဝေဖန်ခံရတဲ့အခါမှာ နှလုံးသားထဲ တည့်တည့်ထိမှန်သွားသလို ခံစားရတာ သဘာဝပါပဲ။ 💬

ဒါပေမဲ့ Professional တစ်ယောက်အနေနဲ့ Creative အလုပ်ကို ရေရှည်လုပ်ကိုင်နိုင်ဖို့ဆိုရင် “လူကိုဝေဖန်တာ” နဲ့ “အလုပ်ကိုဝေဖန်တာ” သေချာခွဲခြားမြင်တတ်ဖို့ လိုပါတယ်။ ဝေဖန်မှုတွေကို နှလုံးသားနဲ့ မခံစားခင်မှာ အရင်ဆုံးလုပ်ရမှာတွေကတော့...

🔴 လူလူချင်း အမြင်မတူနိုင်တာကို လက်ခံပါ
Creative လောကမှာ အမှား/အမှန်ထက် ကြိုက်/မကြိုက်က ပိုများပါတယ်။ ကိုယ်က အရမ်းကောင်းတယ်လို့ ယူဆပေမဲ့ Client က သဘောမကျတာမျိုး ရှိနိုင်ပါတယ်။ ဒါကို သဘောထားမသေးသိမ်ဘဲ “သူ့အမြင်က တစ်မျိုးဖြစ်နေတာပဲ” ဆိုပြီး လက်ခံပေးလိုက်တာက ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်ရော ဖန်တီးမှုအသစ်တွေအတွက်ပါ အကျိုးရှိစေပါတယ်။

🔴 Feedback တိုင်းကို Personally မယူပါနဲ့
ဝေဖန်မှုတစ်ခုရလာတဲ့အခါတိုင်း “ငါကပဲ ညံ့နေတာလား” ဆိုတဲ့ ကိုယ်ရေးကိုယ်တာဝေဖန်မှုအဖြစ် မမှတ်ယူပါနဲ့။ Feedback ဆိုတာ ကိုယ့်အရည်အချင်းကို တိုက်ခိုက်တာမဟုတ်ဘဲ Target Audience ဆီ ပိုရောက်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုသာ ဖြစ်ပါတယ်။

🔴 “ဘာကြောင့်လဲ” ဆိုတာကို တိတိကျကျမေးပါ
“မကြိုက်ဘူး” လို့ ပြောခံရရင် စိတ်မဆိုးခင် “ဘယ်လိုအချက်ကြောင့်လဲ” ဆိုတာကို အဖြေရှာပါ။ ပြင်စေချင်တာက Color လား၊ Font လား၊ Tone လား.. တိတိကျကျ ပြန်မေးတာက Professional ပိုဆန်သလို ပြင်ရမယ့်အချက်ကိုလည်း ထိထိမိမိ ပိုသိစေနိုင်ပါတယ်။

🔴 ကိုယ့်ရဲ့ Creative Energy ကို ကာကွယ်ပါ
Creative အလုပ်က စိတ်စွမ်းအင် (Energy) အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဝေဖန်မှုတိုင်းကို ခံစားချက်နဲ့ပဲ တုံ့ပြန်နေရင် Creative Burnout ဖြစ်ပြီး အလုပ်အပေါ် ငြီးငွေ့သွားနိုင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ Creative အလုပ်ကို နှလုံးသားနဲ့ ဖန်တီးရမှာ မှန်ပေမဲ့ ဝေဖန်မှုတွေကိုတော့ ဦးနှောက် (Logic) နဲ့ပဲ ခွဲခြမ်းလက်ခံဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းကို မထိခိုက်ဘဲ ပိုမိုကောင်းမွန်တဲ့ လက်ရာတွေကို ဆက်လက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 👨‍💻

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

20/04/2026

⏰ အချိန်ကို အသုံးချမှာလား? အချိန်ရဲ့အသုံးချတာကို ခံမှာလား?

အချိန်မရွေး၊ နေရာမရွေး အလုပ်လုပ်လို့ရတဲ့ Remote Work တွေ ပေါများလာတဲ့ခေတ်မှာ Flexible Hour လို့ ပြောလိုက်ရင် လူအများစုက အဆင်ပြေတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ရတယ်ဆိုတာကိုပဲ မြင်ကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ Remote ဝန်ထမ်းတွေ တော်တော်များများက Flexible Hour ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိပြီး အချိန်ရဲ့အသုံးချတာကို ပြန်ခံနေရတာမျိုး ရှိတတ်ပါတယ်။

တချို့လုပ်ငန်းရှင်တွေကလည်း Flexible Hour လို့ ပြောလိုက်တာနဲ့ “ညကြီးမင်းကြီးလည်း အလုပ်ခိုင်းလို့ရတယ်”၊ “ဘယ်ချိန် Message ပို့ပို့ Reply ပြန်ရမယ်” ဆိုပြီး အလွဲကြီး လွဲမှားနေတတ်ကြပါတယ်။

​တကယ်တော့ Flexible Hour ရဲ့ တကယ့်အနှစ်သာရက အလုပ်ရှင်က အချိန်မရွေးခိုင်းဖို့အတွက်မဟုတ်ဘဲ ဝန်ထမ်းက အလုပ်ကောင်းကောင်းလုပ်နိုင်မယ့်အချိန်ကို စိတ်ကြိုက်ရွေးချယ်ဖို့သာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ကူးစိတ်သန်းနဲ့ ခံစားချက်တွေကို အသုံးချရတဲ့ Creative အလုပ်တွေမှာ Flexible Hour အလုပ်လုပ်ချိန်က တော်တော်အရေးပါပါတယ်။ 👨‍💻

လုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့ဝန်ထမ်း နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ Flexible Hour ဖြစ်ဖို့ဆိုရင်
👉 Flexible ဖြစ်တယ်ဆိုပေမဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အချိတ်အဆက်မိဖို့တော့ လိုပါတယ်
👉 ဝန်ထမ်းက ညနက်ထိ အလုပ်ထိုင်လုပ်နေသလား၊ မနက်စောစော ထလုပ်သလားဆိုတာထက် ပေးထားတဲ့ Deadline အတွင်း အလုပ်ပြီးမြောက်မှုရှိရဲ့လား ဆိုတာကိုပဲ အဓိက တိုင်းတာသင့်ပါတယ်။

ဒါ့အပြင် Flexible Hour စနစ်မှာ အလုပ်ရှင်ဘက်က နားလည်ပေးရုံနဲ့မရဘဲ ဝန်ထမ်းဘက်ကလည်း Professional ဖြစ်ဖို့နဲ့ တာဝန်ယူမှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ Flexible ဖြစ်ခြင်းဟာ “အလုပ်ကို ပေါ့ပေါ့ပါးပါးလုပ်လို့ရတယ်” ဆိုတဲ့ သဘောမဟုတ်တာကြောင့် Result (ရလဒ်) ကို အချိန်မီ ပေးနိုင်ဖို့က ကိုယ့်ရဲ့တာဝန်ဖြစ်ပါတယ်။ 💯

အနှစ်ချုပ်အနေနဲ့ Flexible Hour ရဲ့အားသာချက်ကို မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင် လူနေမှုပုံစံကို လွတ်လပ်ပေါ့ပါးစေပြီး အလုပ်ခွင်စိတ်ဖိစီးမှုကင်းကင်းနဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 👌

=======
🔍 Remote Job ရှာဖွေနေတဲ့ Creative တွေနဲ့ ကျွမ်းကျင် Creative သမား လိုအပ်နေတဲ့ အလုပ်ရှင်တွေရှိရင် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ကို ဆက်သွယ်နိုင်ပါတယ်။ 💬

“ လုပ်ငန်းရှင်နဲ့ Creative တို့ရဲ့ဆုံမှတ် 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗼𝗻𝘆𝗲𝘁 ”

✉️ Email: [email protected]

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11051