The Origin
Our Company provides Construction, Renovation, Decorations & Furniture installation services. Please contact and build your dream with us.
" Ethics "
ဆောက်လုပ်ရေးလောက (Construction Industry) မှာ Ethics (ကျင့်ဝတ်) ဆိုတာ လုပ်ငန်းခွင်အောင်မြင်ဖို့နဲ့ နာမည်ကောင်းထိန်းသိမ်းဖို့အတွက် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် Main Contractor (ပင်မကန်ထရိုက်တာ) တစ်ဦးအနေနဲ့ Sub-contractor (အောက်ခြေကန်ထရိုက်တာ) များအပေါ် ထားရှိသင့်တဲ့ ကျင့်ဝတ်တွေကိုသိရှိသင့်ပါတယ်။
အကြမ်းဖျင်းပြောရရင် Ethics ဆိုတာ "မှန်ကန်တဲ့အရာကို လုပ်ဆောင်ခြင်း" ပါပဲ။ လုပ်ငန်းခွင်မှာဆိုရင်တော့ ရိုးသားမှုရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ကတိတည်ခြင်းနဲ့ တစ်ဖက်သားအပေါ် လေးစားမှုရှိခြင်းတို့ကို ဆိုလိုပါတယ်။ ဥပဒေကြောင်းအရ ငြိစွန်းတာမျိုးမဟုတ်ရင်တောင် ကိုယ်ကျင့်တရားအရ မလုပ်သင့်တဲ့အရာတွေကို ရှောင်ကြဉ်တာဟာ Ethics ပါပဲ။
ငွေရှာ အလုပ်လုပ်တာခြင်းအတူတူ သူတပါးရဲ့ ခွန်အား၊ ဉာဏ်အား၊ အဆက်အသွယ် စတာတွေကို တန်ဖိုးမထားပဲ ကျော်ခွတာမျိုးလဲ မလုပ်သင့်ပါဘူး။
Main Con တစ်ဦးက ကျင့်ဝတ်စောင့်ထိန်းရင် Sub-con တွေက စေတနာပါပါနဲ့ အလုပ်ကို အကောင်းဆုံး လုပ်ပေးကြပါတယ်။ ဒါ့အပြင် နောင် Project တွေမှာလည်း ယုံကြည်ရတဲ့ Sub-con ကောင်းတွေကို အလွယ်တကူ ပြန်လည် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
"နာမည်ကောင်းရဖို့ နှစ်ပေါင်းများစွာ တည်ဆောက်ရသော်လည်း၊ ပျက်စီးဖို့မှာ မိနစ်ပိုင်းသာ လိုအပ်ပါသည်။"
The Origin Deco Co.,Ltd.
09777748667
ဆိုင်တဆိုင်ရဲ့
အလှတရားပေါ်လွင်စေဖို့
The Origin နဲ့ ချိတ်ဆက်ကြပါစို့။
The Origin Deco Co.,Ltd
09777748667
31/01/2026
အပြင်က ကြည့်လိုက်တာနဲ့ အထင်ကြီး လေးစားမှု ပေးစွမ်းနိုင်တဲ့အိမ်ဆိုတာ… 🏡✨
အိမ်တွင်း Decoration တွေ ဘယ်လောက်ပဲ မိုက်နေပါစေ... အိမ်ရဲ့ မျက်နှာစာ နဲ့ ခြံဝင်းက မသပ်ရပ်ဘူးဆိုရင် အိမ်ရဲ့ Image ကို ထိခိုက်စေနိုင်ပါတယ်။
ကားထားဖို့ စင်ဝင် (Car Parking)၊ ပန်းပင်စိုက်ဖို့ Planter Box နဲ့ ခြံစည်းရိုး ဒီဇိုင်းတွေက အိမ်တစ်လုံးရဲ့ အရှိန်အဝါကို အပြည့်အဝ ပံ့ပိုးပေးနိုင်တာပါ။ ဒါကြောင့် The Origin မှာ...
🧱 မိုးတွင်း ရေမဝပ်ဘဲ ခြံဝင်းကို သပ်ရပ်လှပစေမယ့် Concrete Blocks ခင်းမလား?
🎨 နေပူဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ High Quality Exterior Paint တွေ ရှာနေလား?
🪴ခြံဝင်းအတွင်း ပန်းအလှစိုက်ဖို့ Planter Box လေးတွေ ဖန်တီးချင်တာလား
🛡️ လုံခြုံရေးအတွက် စိတ်ချရပြီး ခန့်ညားတဲ့ Gate Design တွေ လိုချင်လား?
ဘာပဲလိုလို The Origin ကနေ One Stop Service တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။ အိမ်အပြင်ရော အတွင်းပိုင်းပါ ပြည့်စုံလှပဖို့ The Origin ကိုသာ ယုံကြည်စွာ အပ်နှံလိုက်ပါ။ 🤝
📌 Office Address: No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧 Email: [email protected]
☎️ Hotlines: 09777748667
28/01/2026
"အိမ်ရဲ့ အလှတရားဆိုတာ ခြေဖဝါးအောက်က စတင်ပါတယ်" 👣✨
အိမ်တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ ပထမဆုံး ထိတွေ့ခံစားမိတာက ကြမ်းခင်းရဲ့ အထိအတွေ့ပါပဲ။ ကြမ်းခင်းလေး လှပသပ်ရပ်နေမှ အိမ်က အဆင့်အတန်းရှိပြီး နေချင်စဖွယ် ဖြစ်နေမှာပါ။ 🏡💖
ဒါပေမဲ့...
🔹 ခေတ်စားနေတဲ့ SPC ခင်းမလား?
🔹 Classic ဆန်တဲ့ ပါကေး (Parquet) ခင်းမလား?
🔹 သန့်ရှင်းရလွယ်တဲ့ ကြွေပြား (Tiles) တွေပဲ သုံးမလား?
ရွေးချယ်စရာတွေများပြီး ဘာရွေးရမှန်း ဝေခွဲမရ ဖြစ်နေပြီလား? 🤔
အိမ်ခန်းဖွဲ့စည်းပုံ၊ အသုံးပြုမယ့်နေရာ (ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင်) နဲ့ ရေငွေ့ဒဏ်ခံနိုင်မှုအပေါ် မူတည်ပြီး အသင့်လျော်ဆုံး ကြမ်းခင်းအမျိုးအစားကို ရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ ☝️
The Origin မှ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်းတို့ အိမ်နဲ့ လိုက်ဖက်ညီပြီး၊ တာရှည်ခံမယ့် ကြမ်းခင်း ဒီဇိုင်းများကို စိတ်တိုင်းကျ အကြံပြု တပ်ဆင်ပေးနေပါပြီ။ 🛠️✅
မိသားစုနဲ့အတူ လှပတဲ့ ကြမ်းခင်းထက်မှာ ခြေလှမ်းတိုင်း စိတ်ကျေနပ်မှုရရှိဖို့ The Origin ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 👨👩👧👦✨
📌 Office Address: No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧 Email: [email protected]
☎️ Hotlines: 09777748667
21/01/2026
မီးလုံးတစ်လုံးက သင့်အိမ်ရဲ့ Mood ကို ပြောင်းလဲပေးနိုင်ပါတယ် 💡✨
အိမ်အပြင်အဆင် ဘယ်လောက်လှလှ၊ မီးအလင်းရောင် ပေးပုံ မှားသွားရင် အလှတရားတွေ မှေးမှိန်သွားတတ်ပါတယ်။ Warm White လို့ခေါ်တဲ့ ရွှေရောင်မီးလေးတွေက နွေးထွေးမှုကို ပေးစွမ်းပြီး၊ Cool White ကတော့ ထွန်းလင်းတောက်ပမှုကို ပေးစွမ်းပါတယ်။
ဧည့်ခန်းမှာ ဇိမ်ကျကျနေချင်ရင် Hidden Light (မျက်နှာကြက်မြှုပ်မီး) လေးတွေ သုံးမလား၊ ထမင်းစားခန်းမှာ ခေတ်မီတဲ့ Hanging Light (မီးဆိုင်း) လေးတွေ သုံးမလား။ The Origin: Decorations & Construction မှ အခန်းနေရာအလိုက် အသင့်တော်ဆုံး Lighting System တွေကို ဒီဇိုင်းဆွဲ တပ်ဆင်ပေးနေပါတယ်။
အိမ်ကို အသက်ဝင်စေတဲ့ မီးအလင်းရောင် ဖန်တီးမှုအတွက် The Origin ရှိပါတယ်။
📌Office Address - No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧Email - [email protected]
☎️ - 09777748667
19/01/2026
“ဖုန်းဘေလ် လက်ဆောင် ကံထူးရှင်များ ထွက်ပေါ်လာပါပြီ”
📢 The Origin မှ ပြုလုပ်ခဲ့သော 🎉 “ခရစ္စမတ်လက်ဆောင် Campaign လေးမှာ ပါဝင်ပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားရင်းဖြင့် ဖုန်းဘေလ် ၅၀၀၀ ကျပ်စီ ကံထူးပါသော 🎊ကံထူးရှင်(၁၀)ဦး ကိုလည်း ကြေညာ လိုက်ရပါတယ်ခင်ဗျာ။
💯 ဖုန်းဘေလ် ကံထူးရှင်များအနေနဲ့ The Origin ၏ 💬Chat Box (Messenger) သို့ မိမိတို့ထည့်သွင်းလိုသော 📲 ဖုန်းနံပါတ်အား Page ကို Like & Follow ပြုလုပ်ထားတဲ့ Screenshot နဲ့အတူ (၅) ရက်အတွင်း လာရောက်ပြောကြားပေးကြပါခင်ဗျာ။
💁♂️နောက်ထပ်လည်း ယခုလို ကံစမ်းမဲ အစီအစဉ်များမှာ ဝင်ရောက်ပါဝင် ကံစမ်းနိုင်ဖို့ ✅The Origin : Decoration & Construction page ကို Like & Follow များ ပြုလုပ်ထားကြဖို့ကိုလည်း မမေ့နဲ့နော်။
📌Office Address - No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧Email - [email protected]
☎️ - 09777748667
" အိမ်တအိမ်ရဲ့ ခန့်ငြားတဲ့အသွင်အပြင်တင်မက လုံခြုံမှုကိုပါပေးစွမ်းနိုင်မယ့် Smart Door Lock "
ဒီဘက်ခေတ်မှာ Smart Door Lock တွေက လူနေမှုစတိုင်ကို ပိုမိုလွယ်ကူစေရုံတင်မကဘဲ အိမ်ရဲ့လုံခြုံရေးကိုပါ မြှင့်တင်ပေးနိုင်တဲ့အတွက် လူကြိုက်များလာပါတယ်။ Smart Door Lock တခုရဲ့ အရေးပါပုံကို General Knowledge အနေနဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ သော့ပျောက်မှာ မစိုးရိမ်ရတော့ခြင်း (Keyless Convenience)
Smart Lock တွေရဲ့ အဓိက အားသာချက်က သော့အိတ်ဆောင်သွားစရာ မလိုတော့တာပါ။
Fingerprint (လက်ဗွေ): စက္ကန့်ပိုင်းအတွင်း လက်ဗွေနှိပ်ရုံနဲ့ တံခါးဖွင့်နိုင်ပါတယ်။
Passcode: ကိုယ်ပိုင်နံပါတ်နဲ့ ဖွင့်နိုင်သလို၊ လက်ထဲမှာ ပစ္စည်းတွေအပြည့်နဲ့ သော့ရှာရတဲ့ ဒုက္ခကနေ ကင်းဝေးစေပါတယ်။
Face ID : မျက်နာစကန်ဖတ်ပြီး အလွယ်တကူ ဖွင့်နိုင်ခြင်း။
၂။ အဝေးကနေ ထိန်းချုပ်နိုင်ခြင်း (Remote Access)
ဖုန်းထဲက App နဲ့ ချိတ်ဆက်ထားရင် သင် အိမ်မှာမရှိပေမယ့် တံခါးကို ဖွင့်ပေးနိုင်ပါတယ်။
ဥပမာ- အိမ်ကို ဧည့်သည်ဖြစ်စေ၊ ပစ္စည်းပို့တဲ့သူဖြစ်စေ ရောက်လာတဲ့အခါ သင်က ရုံးမှာရှိနေရင်တောင် ဖုန်းနဲ့ တံခါးဖွင့်ပေးလို့ ရပါတယ်။
တံခါးပိတ်ခဲ့ဖို့ မေ့သွားရင်လည်း ဖုန်းကနေ ပြန်စစ်ပြီး ပိတ်လို့ရပါတယ်။
၃။ လုံခြုံရေး ပိုမိုမြင့်မားခြင်း (Enhanced Security)
ရိုးရိုးသော့တွေလို သော့တုလုပ်လို့ မရသလို သော့ခလောက် ရိုက်ဖျက်ဖို့လည်း ခက်ခဲပါတယ်။
Tamper Alert: တစုံတယောက်က တံခါးကို အတင်းဖွင့်ဖို့ ကြိုးစားရင်ဖြစ်စေ၊ နံပါတ်အမှားတွေ ခဏခဏနှိပ်ရင်ဖြစ်စေ ဖုန်းထဲကို ချက်ချင်း Notification ပို့ပေးပါတယ်။
Auto-lock: တံခါးပိတ်လိုက်တာနဲ့ အလိုအလျောက် သော့ပြန်ကျသွားတဲ့ စနစ်ပါဝင်လို့ ပိုစိတ်ချရပါတယ်။
၄။ ဝင်ထွက်မှု မှတ်တမ်းကို သိရှိနိုင်ခြင်း (Activity Log)
ဘယ်သူက ဘယ်အချိန်မှာ အိမ်ထဲကို ဝင်သွားလဲဆိုတာကို App ထဲမှာ ပြန်ကြည့်လို့ရပါတယ်။
ကလေးတွေ ကျောင်းက ဘယ်အချိန်ပြန်ရောက်လဲ၊ အိမ်အကူက ဘယ်အချိန်လာပြီး ဘယ်အချိန်ပြန်လဲဆိုတာကို အလွယ်တကူ စောင့်ကြည့်နိုင်ပါတယ်။
၅။ ယာယီ Passcode ပေးနိုင်ခြင်း (Temporary Codes)
အိမ်ကို ခဏတဖြုတ်လာမယ့် ဧည့်သည်တွေ ဒါမှမဟုတ် အလုပ်သမားတွေအတွက် One-time Passcode (တကြိမ်သုံး) ဒါမှမဟုတ် Time-limited Passcode (သတ်မှတ်ထားတဲ့ အချိန်အတွင်းပဲ သုံးရမယ့်နံပါတ်) တွေကို ထုတ်ပေးထားလို့ ရပါတယ်။ သူတို့ပြန်သွားရင် အဲဒီနံပါတ်က အလိုအလျောက် အသုံးမပြုနိုင်တော့တဲ့အတွက် လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။
အနှစ်ချုပ်အားဖြင့် ဆိုရင်တော့ Smart Door Lock ဆိုတာ ခေတ်မီတဲ့ အလှအပအတွက်တင် မဟုတ်ဘဲ "အဆင်ပြေမှု" နဲ့ "လုံခြုံမှု" ကို ပေါင်းစပ်ပေးထားတဲ့ နည်းပညာတခုဖြစ်ပါတယ်။ အိမ်မှာ သော့အပိုတွေ အများကြီးထားရတဲ့ အလုပ်ရှုပ်မှုကို လျှော့ချပေးပြီး အိမ်သားအားလုံးအတွက် စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။
🛠️ အလှပဆုံးနဲ့ အသပ်ရပ်ဆုံးပြုပြင်မယ် ဆိုရင်တော့ The Origin Decoration & Construction ရဲ့ Team က အချိန်မရွေး အသင့်ရှိနေပါတယ်။
ဝန်ဆောင်မှုကောင်း၊ စိတ်ချရမှုရှိတဲ့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်အဖွဲ့ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📌Office Address - No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧Email - [email protected]
☎️ - 09777748667 ၊ 09788472734
🌐 Page: The Origin : Decoration & Construction
#အိမ်အလှဆင် #အိမ်ပြုပြင်ရေး #ဆောက်လုပ်ရေး #ရေမီးဝန်ဆောင်မှု #ဆေးသုတ် #ဖုန်းဘေလ်လက်ဆောင်
12/01/2026
စိတ်အေးချမ်းမှု ရရှိစေမယ့် ကျက်သရေရှိသော ဘုရားခန်း 🙏🌸
မြန်မာလူမျိုးတို့အတွက် အိမ်တစ်အိမ်ရဲ့ အမြင့်မြတ်ဆုံးနဲ့ အရေးကြီးဆုံးနေရာဟာ ဘုရားခန်းပါပဲ။
ဘုရားခန်းဆိုတာ သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းတဲ့ အငွေ့အသက် ရှိနေဖို့ လိုအပ်ပါတယ်။ ရိုးရာမပျက် မြန်မာမှုလက်ရာတွေနဲ့ပဲ ဖွဲ့မလား၊ ခေတ်မီ Modern ဆန်ဆန် ရှင်းလင်းတဲ့ ဒီဇိုင်းနဲ့ပဲ ပူဇော်မလား?
အလင်းရောင် ပေးပုံပေးနည်း (Lighting)၊ ပန်းအိုးနဲ့ ရေချမ်းခွက်များ ထားရှိမယ့် စင် (Shelf) အနေအထား၊ တရားထိုင်ဖို့ နေရာလွတ် စတာတွေကို The Origin မှ စနစ်တကျ ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းရေးဆွဲပေးပါတယ်။ နေ့စဉ် စိတ်မွန်းကြပ်မှုတွေ ပြေပျောက်ပြီး ကုသိုလ်ပွားများနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးပေးပါရစေ။
မွန်မြတ်လှပတဲ့ ဘုရားခန်းလေး တစ်ခု ပိုင်ဆိုင်ဖို့ The Origin နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
📌Office Address - No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧Email - [email protected]
☎️ - 09777748667
07/01/2026
အဲကွန်းမဖွင့်ထားလည်း အေးမြနေမယ့် သဘာဝအိမ်ဂေဟာ 🌬️🍃
လျှပ်စစ်မီး မမှန်တဲ့အချိန်တွေမှာ အိမ်ထဲမှာ အိုက်စပ်မနေဘဲ လေဝင်လေထွက် ကောင်းနေဖို့ဆိုတာ အိမ်စဆောက်ကတည်းက ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ ပြတင်းပေါက် နေရာချထားပုံ၊ လေကြောင်းလမ်း (Wind Flow) ကို တွက်ချက်ပုံတွေ မှန်ကန်မှသာ အိမ်က နေလို့ကောင်းမှာ ဖြစ်ပါတယ်။
The Origin မှ အိမ်ဆောက်လုပ်ရာမှာ သဘာဝအလင်းရောင်နဲ့ လေဝင်လေထွက်ကို အမြင့်ဆုံး ရရှိစေမယ့် Green Building Concept တွေကို ထည့်သွင်း အသုံးပြုထားပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ မီတာခလည်း သက်သာစေမယ့် ဒီဇိုင်းတွေကို ဦးစားပေး ဆောင်ရွက်ပေးနေပါတယ်။
အဲကွန်းမဖွင့်လည်း အမြဲအေးမြနေစေမဲ့ နေအိမ်တစ်လုံး ဖြစ်လာဖို့ The Origin က တာဝန်ယူ ဖန်တီးပေးပါရစေ။
📌Office Address - No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧Email - [email protected]
☎️ - 09777748667
04/01/2026
🕊️Myanmar Independence Day🇲🇲
ယနေ့ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက်နေ့မှာ ကျရောက်တဲ့ "၇၈ နှစ်မြောက် " လွတ်လပ်ရေးနေ့အား မြန်မာ ပြည်သူ/ပြည်သား အားလုံးနှင့်အတူ The Origin မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
01/01/2026
Cheers to a fresh start! 🥂 May 2026 bring you endless joy, success, and the home of your dreams. Let’s build something amazing together this year! 🏠✨
Happy New Year from The Origin!
09777748667
#2026
27/12/2025
"ဆူညံတဲ့မြို့ပြကြားမှာ ကိုယ်ပိုင်အေးချမ်းမှုကို ရှာဖွေခြင်း" ✨
ဟန်ဆောင်မှုများတဲ့ မြို့ပြရဲ့ ဆူညံသံတွေကြားမှာ ခင်ဗျား... အမောတကောနဲ့ အေးချမ်းမှုကို ရှာဖွေနေမိလား? 🌃🎻
ကားဟွန်းသံတွေ၊ လူသံတွေနဲ့ ရှုပ်ထွေးလွန်းတဲ့ ဒီမြို့ပြကြီးဟာ တစ်ခါတလေတော့လည်း စိတ္တဇဆန်လွန်းလှပါတယ်။ ညနေစောင်းလို့ အိမ်ပြန်ရောက်တဲ့အခါ ခင်ဗျား တောင့်တမိတာက နွေးထွေးတဲ့ အလင်းရောင်ဖျော့ဖျော့နဲ့ စိတ်ကို လွှတ်ချထားလို့ရမယ့် ကိုယ်ပိုင် "ကျွန်းငယ်လေး" တစ်ခု မဟုတ်လား။ 🏠စန္ဒယားသံစဉ်တိုးတိုးလေးနဲ့ ကော်ဖီခါးခါးတစ်ခွက်ကို အရသာခံရင်း၊ မြို့ပြရဲ့ အနုပညာကို အိမ်ထဲကနေ ငေးမောကြည့်နိုင်ဖို့... ခင်ဗျားရဲ့ အိမ်ဂေဟာလေးကို အေးချမ်းတဲ့ ရိပ်မြုံတစ်ခုအဖြစ် ကျွန်တော်တို့ ပုံဖော်ပေးချင်ပါတယ်။
The Origin Decorations & Construction က စိတ်ကူးကမ္ဘာထဲက အေးချမ်းတဲ့ ရိပ်မြို့လေးကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကစလို့ အနုပညာမျက်စိနဲ့ ထုဆစ်ပေးနေပါတယ်။ 🛠️🎨
ဟန်ချက်ညီတဲ့ အရောင်အသွေး၊ စိတ်ကိုကြည်လင်စေမယ့် အတွင်းပိုင်းအလှဆင်မှုတွေနဲ့ ခင်ဗျားရဲ့ နေအိမ်ဟာ မြို့ပြရဲ့ ဆူညံသံတွေကို တံခါးအပြင်မှာ ထားရစ်ခဲ့ပါလိမ့်မယ်။
"အေးချမ်းမှု" ဆိုတာ ဘယ်လိုအရာမျိုးလဲ? 🌿
📚 သစ်သားရနံ့သင်းတဲ့ စာဖတ်ခန်းလေးလား။
🪟 မှန်ပြတင်းအပြင်ဘက်က မြို့ပြအလှကို ငေးရမယ့် ဧည့်ခန်းလေးလား။
🛏️ အလင်းရောင် ခပ်မှိန်မှိန်နဲ့ အပန်းဖြေဖို့ အိပ်ခန်းလေးလား။
ကဗျာဆန်တဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ ခင်ဗျားရဲ့ စိတ်ကူးတွေကို Comment မှာ မျှဝေခဲ့ပါဦး။ 💬✨
📌Office Address - No(12) , Kyaetine Street, 45 Ward , North Dagon , Yangon.
📧Email - [email protected]
☎️ - 09777748667
Click here to claim your Sponsored Listing.
Category
Website
Address
Yangon