Mr.Friday

Mr.Friday

Share

“We keep it real — only official subs, because your happiness is our success 💯”

14/02/2026

V Day မှာ အသည်းကွဲနေတဲ့ သူတွေအတွက်... 🥹😜

13/02/2026

ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ ဘယ်လို Mood မျိုးပဲ ရှိနေပါစေ... Mr. Friday ကတော့ မင်းတို့ဘေးမှာ ရှိနေမှာပါ။ နက်ဖလစ်ထဲက ကားကောင်းတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲဖြစ်ဖြစ်၊ တစ်ဖက်လူကို ချစ်ဖို့ပဲဖြစ်ဖြစ် ဒီ Quotes လေးတွေက motivationဖြစ်စေမှာ အသေအချာပါပဲ။ (ရန်ဖြစ်နေရင်တောင် နက်ဖလစ်အတူတူ ကြည့်လိုက်ရင် ပြန်တည့်သွားနိုင်တယ်မဟုတ်လား!)

❤️ For the Lovebirds
ချစ်သူနဲ့ နက်ဖလစ် အတူတူကြည့်ရင်း အချစ်တွေ ပိုတိုးစေဖို့ ဒီလိုလေး ကြူးကြည့်နော် 🫣(တစ်ခုတော့ရှိတယ်နော်၊ ကိုယ်က အရင်အိပ်ပျော်သွားရင်တော့ ပြန်ချော့ရမှာပဲ 😜)
"I think I’d miss you even if we’d never met."
— Purple Hearts (Netflix Original)
(မင်းနဲ့ မဆုံခဲ့ရင်တောင် ငါ့နှလုံးသားက မင်းကို တမ်းတနေဦးမှာပါ။ ဒါပေမဲ့ နက်ဖလစ် password မေ့နေရင်တော့ မင်းကို ပိုလွမ်းမိမှာ အသေအချာပဲ😜)
"I didn't need a translator to know that I love you." - Can This Be Love Translated
(မင်းကိုချစ်တယ်ဆိုတာ သိဖို့ ငါ့မှာ ဘာသာပြန်သူ မလိုပါဘူး။ ဒါပေမဲ့... ညဘက် နက်ဖလစ်မှာ ဘာကားကြည့်မလဲဆိုတာကိုတော့ တစ်ညလုံး စဉ်းစားနေရတုန်းပဲ။)
"To me, you are perfect." - Love Actually
(ကိုယ့်အတွက်တော့ မင်းက အရာရာပြည့်စုံနေသူလေးပါ။ ငါတို့နှစ်ယောက် နက်ဖလစ်အတူကြည့်နေတဲ့ အချိန်လေးတွေကအစပေါ့။)
"I just want to be around you. You're the best part of my day." - Always Be My Maybe
(ငါမင်းအနားမှာပဲ ရှိနေချင်တာ။ မင်းက ငါ့ရဲ့တစ်နေ့တာလုံးမှာ အကောင်းဆုံး အစိတ်အပိုင်းလေးမလို့။ နက်ဖလစ်မှာ ဇာတ်ကားရွေးရင်း စကားများနေရတာတောင် ပျော်စရာကြီးပါ။)
"The best love is the kind that awakens the soul and makes us reach for more." - The Notebook
(အကောင်းဆုံး အချစ်ဆိုတာမျိုးက စိတ်ဝိညာဉ်ကို နိုးထစေတာမျိုးပါ။ ဥပမာ- Series တစ်ခုပြီးသွားရင် နောက်တစ်ခု ထပ်ကြည့်ဖို့ အတူတူအားခဲကြတာမျိုးပေါ့။)

🍕 For the Proud Singles
တစ်ယောက်တည်းမို့ အထီးမကျန်ပါနဲ့။ ပန်းစည်းပေးမယ့်သူမရှိရင် ကာလာစုံတဲ့ Emily In Paris ပဲ ကြည့်လိုက်ပေါ့။ ကိုယ့်ကိုယ်ကိုယ် Date ဖို့ အကောင်းဆုံးအချိန်ပဲ မဟုတ်လား 🥲🤌
"The world is at your feet. So, don’t forget to enjoy the view." - Emily in Paris (Netflix Original)
(တစ်ကမ္ဘာလုံးက မင်းခြေဖဝါးအောက်မှာပါ။ အဲ့တော့... ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲ ကုတင်ပေါ်မှာ ဇိမ်နဲ့ နက်ဖလစ်ကြည့်ရတာလောက် ပိုကောင်းတဲ့ View ရှိဦးမလား?)
"I realized that I’m worth more than how you treat me." - Can This Be Love Translated
(မင်းငါ့အပေါ် ဆက်ဆံတာထက် ငါ့ရဲ့တန်ဖိုးက ပိုမြင့်တယ်ဆိုတာ ငါနားလည်သွားပြီ။ ဥပမာ- ငါ့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို မင်းနဲ့ စကားများနေမယ့်အစား နက်ဖလစ်က Oppa တွေနဲ့ပဲ ကုန်ဆုံးလိုက်တော့မယ်!)
"You can be mad at someone and still miss them." - To All the Boys I've Loved Before
(တစ်ယောက်ယောက်ကို စိတ်ဆိုးနေရင်တောင် လွမ်းနေလို့ ရတာပဲ။ ဒါပေမဲ့ အဲ့ဒီလူကို လွမ်းမယ့်အစား နက်ဖလစ်က Oppa တွေကိုပဲ လွမ်းလိုက်တာက ပိုပြီး Skin ထိခိုက်မှု နည်းတယ်နော်။)
"I'm also just a girl, standing in front of a boy, asking him to love her." - Notting Hill
(ကျွန်မကလည်း ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့မှာရပ်ပြီး သူ့အချစ်ကို တောင်းဆိုနေတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့ TV ရှေ့မှာရပ်ပြီး နက်ဖလစ်က ဇာတ်ကားကောင်းကောင်းလေးပဲ ရှာနေလိုက်ဦးမယ်။)
"Life doesn't have to be planned. Just roll with it." - To All the Boys I’ve Loved Before
(ဘဝဆိုတာ ကြိုတင်စီစဉ်ထားသလို ဖြစ်မလာတတ်ပါဘူး။ V-Day မှာ အစီအစဉ်မရှိဘူးလား? ထားလိုက်လေ... နက်ဖလစ်ထဲက ဇာတ်ကားတွေနဲ့ပဲ အကောင်းဆုံး ဖြတ်သန်းလိုက်ရုံပေါ့။)

Relationship ရှိတဲ့သူတွေအတွက်ရော၊ Single ဖြစ်လို့ နက်ဖလစ်ကိုပဲ အချစ်တော်လုပ်မယ့်သူတွေအတွက်ပါ Mr. Friday က Valentine’s Day လက်ဆောင်အနေနဲ့ Account တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးနေပါပြီ။
✅ Couple Screen: နှစ်ယောက်သား တစ်နေရာစီကနေ တူတူကြည့်ရင်း Romance ဆန်ဖို့။ (ရန်ဖြစ်ထားရင်တောင် Password ပြောင်းစရာမလိုဘဲ အေးဆေးကြည့်ရတာပေါ့!)
✅ Solo Screen: "ငါ့ screen ကို ဘယ်သူ့မှ မဝေမျှချင်ဘူး" ဆိုတဲ့ Single တွေအတွက်။ (ကိုယ်ကြိုက်တဲ့ Oppa မျက်နှာကို ဘယ်သူမှ လာမကွယ်စေရဘူးလေ။)
✅ Full Warranty: Account ပျက်မှာ မပူနဲ့၊ စိတ်အေးလက်အေးနဲ့ အချစ်ကားတွေပဲ အဝကြည့်! (ကိုယ့်အချစ်ရေးထက်တော့ Mr. Friday ရဲ့ တာဝန်ယူမှုက ပိုခိုင်မြဲမှာ အသေအချာပါပဲ။)
✅ Instant Mood Booster: စိတ်ညစ်နေလား? အသည်းကွဲနေလား? 4K Ultra HD နဲ့ အကြည်ဆုံး ရုပ်ရှင်တွေကြည့်ပြီး မေ့ပစ်လိုက်ဖို့ Mr. Friday က အမြန်ဆုံး Delivery လုပ်ပေးမှာပါ။
✅ Zero Distraction: အပြင်မှာ သွားတိုးနေရတာထက် အိမ်မှာပဲ နက်ဖလစ်ကို အဝကြည့်ရတာက ပိုသက်သာတယ်လေ။ လူတွေနဲ့ ဝေးဝေးနေပြီး ဇာတ်ကားတွေနဲ့ပဲ အချိန်ဖြုန်းလိုက်ရအောင်။
"Valentine’s Day မှာ ပန်းစည်းနဲ့ ချောကလတ် မရရင်တောင် နက်ဖလစ်အကောင့်လေးတော့ ရှိနေမှ ဖြစ်မှာနော်။ ပန်းက ရက်ပိုင်းအတွင်း ညှိုးသွားနိုင်ပြီး ချောကလတ်ရဲ့အချိုကလည်း ခဏပဲ ချိုနိုင်ပေမဲ့ Mr. Friday ရဲ့ တာဝန်ယူမှုကတော့ တစ်လလုံး ခံတယ်လေ!" 😉
Happy Valentine’s Day from Mr. Friday! 🌹

13/02/2026

📅 One Day – အချိန်တွေ ဘယ်လောက်ပြောင်းပါစေ... မင်းကတော့ ငါ့ရဲ့ "ဇူလိုင် ၁၅" ပါပဲ

ဒီတစ်ခေါက်မှာတော့ Feb Valentine's Days အတွက် ကြည့်လို့ရအောင် ဟိုနေ့က မင်မင်ချန်ထားတဲ့ စီးရီးတစ်ခုဖြစ်တဲ့ နက် ဖလစ် ရဲ့ Romance လောကမှာ လက်ရှိအချိန်ထိ လူပြောအများဆုံးနဲ့ မျက်ရည်အကျရဆုံးဖြစ်တဲ့ "One Day" (Limited Series) အကြောင်းကို မကြည့်ရသေးတဲ့ သူတွေအတွက် မင်မင်က ရင်ဘက်ကြီးနဲ့ ခံစားပြီး ရေးပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းက ရုပ်ရှင်ဗားရှင်းရှိပေမဲ့ အခု Series ကတော့ စာအုပ်ထဲက ခံစားချက်ကို ပိုပြီးအမိအရ ဖမ်းဆုပ်ထားနိုင်တာပါ။

ချစ်သူသက်တမ်း တစ်ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းလာတဲ့သူတွေပဲဖြစ်ဖြစ်၊ "Friendzone" ထဲမှာ ပိတ်မိနေတဲ့သူတွေပဲဖြစ်ဖြစ် ဒီစီးရီးကို ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။

ဇာတ်လမ်းအကျဉ်း
------------------
ဇာတ်လမ်းက Emma Morley နဲ့ Dexter Mayhew တို့ နှစ်ယောက်ရဲ့ ဘွဲ့နှင်းသဘင်ညမှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ "ဇူလိုင်လ ၁၅ ရက်" နေ့လေးကိုပဲ အခြေခံထားတာပါ။ နှစ်စဉ်နှစ်တိုင်းရဲ့ ဇူလိုင် ၁၅ ရက်နေ့ ရောက်တိုင်း သူတို့နှစ်ယောက် ဘာတွေဖြစ်နေလဲ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဆုံတွေ့နေကြလဲဆိုတာကို အပိုင်း ၁၄ ပိုင်းနဲ့ တင်ဆက်ထားပါတယ်။
နှစ်တွေကြာလာလေ Dexter က လူချမ်းသာ လူရှုပ်လေးဘဝကနေ ဘဝအနိမ့်အမြင့်တွေ ကြုံလာရသလို၊ Emma ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ မိန်းကလေးဘဝကနေ စာရေးဆရာမတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက "သူငယ်ချင်းထက်ပိုပြီး ချစ်သူထက်လျော့တဲ့" သံယောဇဉ်က ဘယ်လိုအဆုံးသတ်မလဲ?

ဒီစီးရီးထဲမှာ မင်းသား Ambika Mod နဲ့ မင်းသမီး Leo Woodall တို့ရဲ့ သရုပ်ဆောင်ချက်က တကယ့်ကို သဘာဝကျလွန်းပါတယ်။
သူတို့နှစ်ယောက် စကားပြောနေတာကို ကြည့်နေရုံနဲ့တင် ကြည်နူးဖို့ကောင်းသလို နာကျင်ဖို့လည်း ကောင်းပါတယ်။

ဇတ်လမ်းက သကြားလုံးလို ချိုမြိန်နေတဲ့ အချစ်ဇာတ်လမ်းမျိုး မဟုတ်ပါဘူး။ ဘဝရဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ လွဲချော်မှုနဲ့ နောင်တတွေကို ရိုးရိုးသားသား တင်ပြထားတာပါ။

1980 ကနေ 2000 ခုနှစ်ဦးပိုင်းအထိ ပြောင်းလဲလာတဲ့ ဖက်ရှင်၊ သီချင်းနဲ့ ခေတ်ကာလ အငွေ့အသက်တွေကို သေချာဖန်တီးထားတာကြောင့် ခံစားချက် ပိုရစေပါတယ်။

💡 Admin's Note

မင်မင်ပြောချင်တာကတော့ ဒီစီးရီးက ဖြည်းဖြည်းချင်း ခံစားကြည့်ရမယ့် အမျိုးအစားပါ။ အပိုင်း ၁၃ နဲ့ ၁၄ ရောက်ရင်တော့ Tissue ထုတ်လေး အနားမှာ ဆောင်ထားဖို့ အကြံပေးပါရစေ🥹။ တစ်ခါတလေမှာ အချစ်ဆိုတာ "အချိန်ကိုက်ခြင်း (Timing)" ပေါ်မှာပဲ မူတည်နေတတ်တာကို ဒီဇာတ်လမ်းက ကောင်းကောင်းကြီး သင်ပေးသွားပါလိမ့်မယ်။

Rating: ⭐⭐⭐⭐⭐ (5/5)
Genre: Romance / Drama

"ငါက မင်းရဲ့ ကယ်တင်ရှင်မဟုတ်ဘူး၊ မင်းကလည်း ငါ့ရဲ့ ကယ်တင်ရှင်မဟုတ်ဘူး။ ငါတို့က သူငယ်ချင်းတွေပဲလေ။"

နက်ဖလစ် ကြည့်ဖို့ အကောင့်မရှိသေးလို့ ယုံကြည်စိတ်ချရတဲ့နေရာ ရှာနေရင်တော့ Friday ကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ🤩

12/02/2026

ဒီနှစ် Valentine’s Day မှာ ခဏပဲချိုတဲ့ ချောကလတ်တွေထက် အချိန်တိုင်း အတူတူ Series တွေကြည့်ပြီး Chill လို့ရမယ့် နက်ဖလစ် Profile လေးကို ချစ်သူလက်ထဲ ထည့်ပေးလိုက်တာက ပိုပြီး "Romantic" ဖြစ်စေမှာပါနော်။ 🎁

ချောကလတ်တစ်ဗူးဖိုးထက်တောင် သက်သာတဲ့စျေးနှုန်းတွေနဲ့ Mr. Friday မှာ ရွေးချယ်နိုင်မယ့် Plan တွေကတော့...

📱 Mobile & Laptop ကြည့်မည့်သူများအတွက် (30 Days)
အပြင်သွားရင်းပဲဖြစ်ဖြစ်၊ အိပ်ရာထဲမှာပဲဖြစ်ဖြစ် အေးဆေးကြည့်ချင်ရင်တော့ 18,000 Ks ထဲနဲ့ Private Profile တစ်ခုကို Mr. Friday မှာ ရယူပြီး Phone, Laptop, Tablet, Desktop တို့နဲ့ ကြိုက်သလောက်ကြည့်လိုက်ပါ 🫣 (TV / Box တွေမှာတော့ ကြည့်မရပါဘူးခင်ဗျ)

📺 TV နဲ့ စတိုင်ကျကျ ကြည့်ချင်သူများအတွက် (30 Days)
TV မှာကြည့်ရင် နက်ဖလစ်ရဲ့ Security အရ Household Lock မိမှာ စိတ်ပူနေလား? Mr. Friday မှာ ဒါအတွက် အကောင်းဆုံးအဖြေ ရှိပါတယ်!
Household Plan (Primary) — 21,000 Ks ✨
အကောင့်လဲစရာမလိုဘဲ အေးဆေးကြည့်ရုံပဲ။ Lock မိရင်လည်း Code တောင်းပြီး ဆက်ကြည့်ရုံမို့ အဆင်အပြေဆုံးနဲ့ လူကြိုက်အများဆုံးပါပဲ။
Non-Household (Secondary) — 18,000 Ks
Lock မိလို့ Code တောင်းမရတော့ရင်တော့ အကောင့်လေးလဲပြီး စိတ်ရှည်ရှည်နဲ့ ဆက်ကြည့်ပေးပါ‌နော်။

👨‍👩‍👧‍👦 မိသားစုတစ်ခုလုံးအတွက် Whole Account (45 Days)
ကိုယ့် Email နဲ့ကိုယ် Profile (၅) ခုလုံး စိတ်ကြိုက်သုံးချင်တဲ့ မိသားစုတွေအတွက် 88,000 Ks ပါဗျာ။ Premium Plan ဖြစ်လို့ Ultra HD နဲ့ အကြည်ဆုံး ဇာတ်ကားကောင်းတွေကို ခံစားလိုက်ပါ။

Mr. Friday ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
✨ Full Warranty ပါဝင်လို့ အဝယ်မှားမှာ လုံးဝပူစရာမဘူး
✨ Valentine လက်ဆောင်ပေးဖို့ အတန်ဆုံးနဲ့ အသက်သာဆုံး စျေးနှုန်း
✨ အကောင့်အသုံးပြုပုံပဲဖြစ်ဖြစ်၊ တခြားသိလိုသမျှကိုပဲဖြစ်ဖြစ် အပြုံးမပျက် စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် ပြန်ဖြေပေးခြင်း
Valentine မှာ ချောကလတ်လေးစားရင်း နက်ဖလစ်တူတူကြည့်ဖို့ အခုပဲ Mr. Friday ရဲ့ Chatbox မှာ လှမ်းလာလိုက်တော့နော်! 📩

#ချစ်သူများနေ့ #လက်ဆောင်

10/02/2026

“Jeffrey Epstein အကြောင်း ဘာကြောင့် လူတိုင်းပြောနေလဲ? နက်ဖလစ် မှာ အမှန်တရားတွေကို ဖွင့်ပြထားတဲ့ limited documentary series ရှိတယ်”

🕯 Jeffrey Epstein: Filthy Rich (Netflix Documentary Series)

ပိုက်ဆံ၊ အာဏာ၊ နာမည်ကြီးမှုတွေက
အမှန်တရားကို အမြဲတမ်း ဖုံးကွယ်ပေးနိုင်မလား?

Jeffrey Epstein: Filthy Rich က
ဒါကို documentary တစ်ခုအနေနဲ့ မေးခွန်းထုတ်ထားတာ မဟုတ်ဘဲ
အဖြေတစ်ခုလို ပြထားတဲ့ စီးရီး ဖြစ်ပါတယ်။

Wall Street ဘက်ဂရောင်းရှိတဲ့ ဘီလျံနာတစ်ယောက်၊
နိုင်ငံရေးသမားတွေ၊ ကမ္ဘာ့အင်အားကြီးသူတွေကို မိတ်ဆွေထားနိုင်တဲ့ လူတစ်ယောက်ဟာ
နောက်ကွယ်မှာတော့
အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို
ပိုက်ဆံနဲ့ လှည့်စား၊ အသုံးချ၊ ဖျက်ဆီးနေခဲ့တာကို
ဒီစီးရီးက အပြစ်မတင်ဘဲ၊ အလှမပြင်ဘဲ တိတိကျကျ ဖော်ပြထားပါတယ်။

ဒီ documentary ရဲ့ အားသာချက်က
🔹 လူကြမ်းကို အဓိကထားမပြဘဲ
🔹 နစ်နာသူတွေရဲ့ အသံကို ဦးစားပေးထားခြင်း
🔹 ဥပဒေစနစ်၊ အာဏာပိုင်တွေ ဘယ်လိုပျက်ကွက်ခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြထားခြင်းပါ။

ကြည့်ရင်းနဲ့
“ဥပဒေဆိုတာ လူတိုင်းအတွက် တူညီလား?”
“ပိုက်ဆံရှိရင် အမှားတောင် လွတ်နိုင်သလား?”
ဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင် ပြန်မေးလာရပါလိမ့်မယ်။

⚠️ အကြောင်းအရာက လေးနက်ပြီး စိတ်ထိခိုက်စရာတွေ ပါဝင်တဲ့အတွက်
ဖျော်ဖြေရေးလို စိတ်ပေါ့ပေါ့နဲ့ ကြည့်လို့မရပါဘူး။
ဒါပေမယ့်
ကြည့်သင့်တဲ့ အမှန်တရားတစ်ခု ဖြစ်တာတော့ သေချာပါတယ်။

Netflix documentary တွေထဲမှာ
ဆွေးနွေးသင့်ဆုံး စီးရီးတစ်ခု လို့ ပြောလို့ရပါတယ်။

Photos from Mr.Friday's post 09/02/2026

Hola 🤚

movies and series ရီဗျူးပေးတဲ့ မင်မင်ဘယ်ပျောက်နေလဲဆိုလို့ ဘယ်မှမပျောက်ဖူးနော် reviews တွေ ရေးပေးဖို့ ရုပ်ရှင်တွေ တစ်ဝကြီးကြည့်နေလို့ပါ 🥶

ကဲ... ထုံးစံအတိုင်းပဲ ပုံတစ်ပုံချင်းစီမှာ review လေးတွေ ရေးပေးထားတာမလို့ ဖတ်ပြီးကြည့်လိုက်ကြပါဦး။
စီးရီးတစ်ခုချင်းစီမှာ ဘာကြောင့်ကြည့်သင့်လဲ ဆိုတာပါရေးပေးထားပါတယ်ဗျ။

မင်မင် ကြည့်ထားတာကတော့ စီးရီး ၄ ခုရှိတယ် ဒါမယ့် horror နဲ့ mysteryအမျိုးစား ၃ ခုပဲ ရီဗျူးအနေနဲ့တင်ပေးလိုက်ပါတယ်။

ကျန်တဲ့ ၁ ခုကိုတော့ Valentine's Day နေ့မတိုင်ခင်မှာ ငိုလို့ရအောင်ချန်ထားလိုက်ပါတယ်🫣Bye 👋

Photos from Mr.Friday's post 02/02/2026

2026 ရဲ့ Jan လ 4th Week မှာ နက်ဖလစ်ပေါ် ရောက်လာတဲ့ Movies and Series List လေးတွေကို တစ်ပုံချင်းစီမှာ ဇာတ်လမ်းအညွှန်းလေးနဲ့တကွ တင်ပေးလိုက်ပါတယ်ဗျ 🥰

02/02/2026

အမေးအမြန်း ထူသမျှ အပြုံးမပျက် ဖြေပေးမယ့် Scorpio Admin နဲ့ နက်စလစ် ဝယ်ကြမယ်!

"အစ်ကို Capricorn လား? စိတ်အရမ်းရှည်လို့..." ဆိုပြီး Customer တစ်ယောက်က လှမ်းမေးတဲ့အထိ ကျွန်တော်တို့ Mr. Friday ရဲ့ ဝန်ဆောင်မှုက Chill ဖြစ်ပြီး လူကြီးမင်းတို့ စိတ်ချမ်းသာစေမှာပါ။ ❄️

တကယ်တော့ ကျွန်တော်က Scorpio တစ်ယောက်ပါ! ဒါပေမဲ့ နက်ဖလစ်ဝယ်တဲ့ Customer တိုင်း စိတ်တိုင်းကျစေဖို့ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ရှည်လက်ရှည်နဲ့ အမောပြေအောင် ဝန်ဆောင်မှုပေးဖို့ အမြဲအသင့်ပါပဲ။

Mr.Friday မှာ နက်ဖလစ်ဝယ်ယူရင် ဘာတွေစိတ်ချရမလဲ?

✅ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်: အကောင့်ဝယ်ပြီးရင် ပစ်ထားတာမျိုး လုံးဝမရှိပါဘူး။ ဝယ်ယူထားတဲ့ သက်တမ်းတစ်လျှောက် ဘာပြဿနာပဲတက်တက် တာဝန်ယူ ဖြေရှင်းပေးမှာပါ။
✅ စိတ်ရှည်လက်ရှည် ဝန်ဆောင်မှု: အကောင့်အသုံးပြုပုံပဲဖြစ်ဖြစ်၊ တခြားသိလိုသမျှကိုပဲဖြစ်ဖြစ် အပြုံးမပျက် စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် ပြန်ဖြေပေးပါတယ်။
✅ မြန်ဆန်တဲ့ Reply: Bot နဲ့ဖြေတာမဟုတ်ဘဲ လူကိုယ်တိုင် ဂရုတစိုက် Reply ပြန်ပေးတာမို့ ပိုပြီးနွေးထွေးစေပါတယ်။
✅ ယုံကြည်စိတ်ချရမှု: "စိတ်ရှည်တယ်" ဆိုတဲ့ Customer ရဲ့ Review လေးက ကျွန်တော်တို့ရဲ့ လုပ်ရပ်အပေါ် အကောင်းဆုံး အသိအမှတ်ပြုမှုပါပဲ။

အကောင့်ဝယ်ပြီးမှ Admin က ပြန်မဖြေမှာ၊ စိတ်တိုမှာတွေကို လုံးဝ စိတ်ပူစရာမလိုဘူးနော်။ တာဝန်ယူမှုရှိတဲ့ ဝန်ဆောင်မှုနဲ့ နက်ဖလစ်ကို စိတ်အေးလက်အေး ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Scorpio အစ်ကိုရှိတဲ့ Mr. Friday ဆီကို အခုပဲ Messenger ကနေ လှမ်းခဲ့လိုက်တော့ဗျို့! 🚀

Content - Grow with yuri
Design - Hein Thant - Human Bridge
Powered by Digital Speed Up

29/01/2026

နက်ဖလစ်ကြည့်ဖို့ အကောင့်ရှာရတာ ခေါင်းခဲနေပြီလား?

သူများတွေလို ခဏခဏ Error တက်တာမျိုး မကြုံချင်ဘူးဆိုရင်တော့ Mr. Friday ရှိတယ်နော်။

ကျွန်တော်တို့ဆီမှာ ဝယ်ဖူးတဲ့ ကိုကို၊ မမတွေဆိုရင် ဝန်ဆောင်မှုကို စိတ်တိုင်းကျလွန်းလို့ တခြားသူတွေကိုတောင် Marketing ပြန်ဆင်းပေးနေကြတာနော်😉

ဘာလို့ Mr. Friday ဆီမှာ ဝယ်သင့်တာလဲ?

🍿 နက်ဖလစ် Premium Plan အစစ်ဖြစ်လို့ ရုပ်ထွက်ကြည်လင်မှုကတော့ အထူးပြောစရာမလိုဘူး။
🍿 အကောင့်ပျက်မှာ၊ ကြည့်မရမှာတွေကို စိတ်ပူစရာမလိုအောင် အကောင်းဆုံး Service ပေးထားပါတယ်။
🍿 မိတ်ဆွေတို့ အားတဲ့အချိန်သာ လာခဲ့ပါ။ ညသန်းခေါင်ကျော်ကြီးမှ လာဝယ်ရင်တောင် "နိုးနိုးကြားကြား" နဲ့ ရောင်းပေးဖို့ အသင့်ပါပဲဗျာ!
🍿 ဈေးနှုန်းတင်မကဘူး၊ ဝန်ဆောင်မှုမှာလည်း ညီအစ်ကိုမောင်နှမလို ခင်ခင်မင်မင် ရှိတာမို့ တစ်ခါဝယ်ရင် အမြဲတမ်း Customer ဖြစ်သွားစေရမယ်။

"အစ်ကို... ကျွန်တော် Marketing ဆင်းပေးထားတယ်နော်၊ ဈေးလျှော့ဖို့သာ ပြင်ထားတော့" ဆိုတဲ့ Customer လေးတွေအတွက်လည်း အမြဲတမ်း အဆင်ပြေအောင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ။ 🤝

တကယ်တော့ ကျွန်တော်တို့က ဝန်ဆောင်မှုကို အကောင်းဆုံးပေးဖို့ပဲ ကြိုးစားနေတာပါ။ ဒါကိုမှ အားနာစရာကောင်းလောက်အောင် Marketing လေးပါ ကူဆင်းပေးရင်တော့ ပိုပြီး ချစ်တာပေါ့ဗျာ 😂

ကဲ... အချိန်ဖြုန်းမနေပါနဲ့တော့! စိတ်ချရတဲ့ နက်ဖလစ်အကောင့်ကို ဈေးနှုန်းမှန်မှန်နဲ့ အမြန်ဆုံး ရယူဖို့ Mr. Friday ရဲ့ Chat Box ကို အခုပဲ လာခဲ့လိုက်တော့နော်။ 🏃‍♂️💨

Content - Grow with yuri
Design - Kyaw Zawe Han
Powered by Digital Speed Up

28/01/2026

ကိုယ့် Relationship က 80/20 Rule ထဲ ရောက်နေပြီလား? 🤔💔

Relationship ရဲ့ 80/20 Rule ဆိုတာက... ကိုယ့်ဆီမှာ ရှိနေတဲ့သူဆီကနေ 80% ပြည့်စုံမှု ရနေတာကို မမြင်ဘဲ... မရှိသေးတဲ့၊ လိုအပ်နေတဲ့ 20% လေးကို လိုက်ရှာမိရာကနေ အကုန်လုံး ဆုံးရှုံးသွားတတ်တာမျိုးပါ။

လူငယ်တော်တော်များများက ကိုယ်ချစ်သူက (green flag)လေး အဆင်ပြေနေရင်တောင် ပြဿနာ မီးထွန်းရှာသလို ရစ်တတ်ကြပါတယ်🙄

ဒါတွေဟာတစ်ဖက်လူအတွက်အချိန်ကြာလာရင် မကောင်းတော့ပါဘူး

နောက်ဆုံးအနေနဲ့တော့ “သူက ငါ့အတွက်မဟုတ်ဘူး” ဆိုတဲ့ခေါင်းစဉ်နဲ့ Break up လိုက်ကြတာများပါတယ်

ကိုယ့် ချစ်သူ ကို ရေရှည်မြဲအောင်တွဲနိုင်ဖို့ အများရီးမလိုပါဘူး ကိုယ့်ချစ်သူရဲ့ အညှာကို ကိုင်တတ်ဖို့ပဲလိုပါတယ်😆

80/20 rule theory ကို စိတ်ဝင်စားတယ် ကိုယ့်ချစ်သူရဲ့ ချုပ်ကွက်သိချင်ရင် Adolescence ဆိုတဲ့ Movie လေးကို ကြည့်လိုက်ဖို့ အကြံလေးပေးလိုက်ပါရစေဗျာ…

Content - Kimino
Design - Kyaw Zawe Han
Powered by Digital Speed Up

27/01/2026

ဘာသာပြန်လို့မရတဲ့ "အချစ်" ဆိုတဲ့ ခံစားချက်... 🌎❤️

စကားလုံးတွေကိုတော့ ဘာသာပြန်လို့ ရနိုင်ပေမဲ့ ရင်ထဲက ခံစားချက်တွေကိုရော တိတိကျကျ ဘာသာပြန်ဖို့ ဖြစ်နိုင်ပါ့မလားလို့ မိတ်ဆွေတို့ တွေးဖူးလား။

ဒီဇန်နဝါရီရဲ့ Hot အဖြစ်ဆုံးကားဖြစ်တဲ့ 'Can This Love Be Translated?' ထဲမှာတော့ အဲ့ဒီမေးခွန်းရဲ့ အဖြေကို ရင်ခုန်စရာ ဇာတ်လမ်းလေးနဲ့အတူ တွေ့မြင်ရမှာပါ။ ကိုသောကြာလည်း အလုပ်တွေကြားထဲကနေ ဒီကားကို အားရပါးရ Binge-watch ဖို့ စောင့်နေတာဖြစ်သလို၊ မိတ်ဆွေတို့လည်း လက်မလွှတ်သင့်တဲ့ကားမို့ ပြန်ညွှန်းပေးလိုက်ပါတယ်နော်…..

ဒီဇာတ်လမ်းက တခြားကားတွေနဲ့မတူဘဲ နိုင်ငံစုံ၊ ဘာသာစကားမျိုးစုံရဲ့ လှပတဲ့ အငွေ့အသက်တွေကို မြင်ရမှာဖြစ်သလို 'Hong Sisters' ရဲ့ လက်ရာပီပီ ဇာတ်လမ်းအလှည့်အပြောင်းတွေကလည်း စွဲမက်စရာကောင်းနေမှာ အသေအချာပါပဲ။ အထူးသဖြင့် Visual King & Queen လို့ ခေါ်ကြတဲ့ Kim Seon-ho နဲ့ Go Youn-jung တို့ရဲ့ Chemistry ကို နိုင်ငံတကာက ရှုခင်းလှလှလေးတွေကြားထဲမှာ မြင်ရမှာမို့ မျက်စိအစာကျွေးဖို့ အကောင်းဆုံးကားလို့တောင် ပြောလို့ရပါတယ်။

ပိတ်ရက်တွေမှာ ဒီကားကို ကြည့်ဖြစ်ခဲ့ရင် ကိုသောကြာ အကြံပေးချင်တာလေး တစ်ခုရှိပါတယ်၊ အဲ့ဒါကတော့ Subtitle လေးတွေကို ဖတ်ရင်း ဇာတ်ကောင်တွေရဲ့ လေယူလေသိမ်းနဲ့ ခံစားချက်တွေကို အကြည်ဓာတ် (4K Quality) နဲ့ သေချာခံစားကြည့်ဖို့ပါပဲ။ လကုန်ရက်ရဲ့ ပင်ပန်းမှုတွေကို ကုစားပေးဖို့ ဒီကားလေးက မိတ်ဆွေအတွက် အဖော်ကောင်း ဖြစ်မှာမို့ ကိုသောကြာနဲ့အတူ အဆုံးထိ ကြည့်လိုက်ရအောင်နော်။ 👀🍿✨

ဒီကားလေးကို အကြည်ဓာတ်အပြည့်နဲ့ အနှောက်အယှက်မရှိ ကြည့်ဖို့ Netflix Account မရှိသေးဘူးဆိုရင်တော့... စိတ်မပူပါနဲ့။

အခုပဲ ကိုသောကြာဆီကို Hi လိုက်ရုံနဲ့ စိတ်ချရတဲ့ Premium Account တွေကို အမြန်ဆုံး ဝန်ဆောင်မှုပေးသွားမှာမို့ လကုန်ရက် အပန်းဖြေဖို့အတွက် အခုပဲ လှမ်းလာခဲ့လိုက်တော့နော်! 📩🏃‍♂️💨

Content - Su Thiri Zin
Design - Kyaw Zawe Han
Powered by Digital Speed Up

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

https://t.me/mrfridaymm

Address


Yangon