Statement Architecture+ Design
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Statement Architecture+ Design, Architectural Designer, No. 5, Nagayone pagoda Street. Mayangon township, Yangon.
The STATEMENT design firm is founded and led by Architect Chaw Kalyar to deliver designs that infuse timeless aesthetics with clarity in the field of master planning, architecture, Interior design, sustainable design and conservation.
27/06/2023
မြို့တွင်းအပူချိန်လွန်ကဲခြင်း
Urban Heat Island Effect
The human comfort
ရန်ကုန်၏ အပူချိန်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပိုမြင့်မားလာသည်ကို သတိထားမိသော်လည်း ယခုနှစ်တွင် ပိုပူလာသည်ဟု ခံစားမိပါသည်။ နှစ်စဉ် အပူချိန်မြင့်မားလာမှုသည် ကမ္ဘာကြီး ပူနွေးလာမှု (global warming) ၏ အကျိုးသက်ရောက်မှုများထဲမှ ပြဿနာ တစ်ခုဖြစ်သည်။
မိုးလေဝသအချက်အလက်များအရ ယခုနှစ် ဧပြီလဝန်းကျင်တွင် ရန်ကုန်မြို့၏ အပူချိန်သည် 38 မှ 40 ဒီဂရီစင်တီဂရိတ်အထိ ရှိသည်။ ထိုအပူချိန်သည် လူသားများ၏ ခန္ဓာကိုယ် အပူချိန်နီးပါး (skin temperature) ဖြစ်နေပြီဖြစ်သည်။
လူ့ခန္ဓာကိုယ်အတွက် မျှတသော အပူချိန် (comfort temperature) သည် လူတစ်ဦးတစ်ယောက်ချင်းစီ မတူညီကြပါ။ နေထိုင်သောနေရာဒေသ၏ အပူချိန်ကိုလိုက်၍ ခန္ဓာကိုယ်မှ ထိုအပူချိန်ကို ခံနိုင်ရည်ရှိမှုသည် အချိန်ကြာလာသည်နှင့်အမျှ လိုက်လျောညီထွေရှိလာပြီး ခံနိုင်ရည်ရှိလာသည်။ ရာသီဥတုပူပြင်းသောဒေသတွင် နေထိုင်သူများသည် အေးသောဒေသတွင်နေထိုင်သူများထက် အပူချိန်မြင့်မားမှုကို ပိုမိုခံနိုင်ရည်ရှိသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီမှ ခံနိုင်ရည်ရှိသော အပူချိန်သည် မတူညီသောရာသီဥတုအလိုက် လူ့ခန္ဓာကိုယ်မှရင်းနှီးကျွမ်းဝင်မှု အခြေအနေအရ အပူအအေးဒဏ် ခံနိုင်ရည်ရှိမှုအပေါ် မူတည်၍ ကွဲပြားပါသည်။
လူသားတို့၏ ခန္ဓာကိုယ်မှ အပူဒဏ်ခံနိုင်ရည်ရှိမှု (thermal comfort) ကို သက်ရောက်စေသည့် အကြောင်းခြင်းရာများစွာရှိပါသည်။
ကျွန်ုပ်တို့ လူသားများ၏ ခန္ဓာကိုယ်သည် သဘာဝဖြစ်စဉ်တစ်ခုအနေဖြင့် အပူကို ထုတ်လုပ်ပြီးနောက် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရန်အတွက် ပတ်ဝန်းကျင်လေနှင့် အပူချိန် လဲလှယ် (heat exchange) ပေးသည်။
လူ့ခန္ဓာကိုယ်သည် အပူချိန်မြင့်လာသည့်အခါ ချွေးထွက်လာပြီး ချွေးများ အငွေ့ပြန်သွားခြင်း (evaporation)ဖြင့် ကိုယ်ခန္ဓာမှ အပူကို လျော့ကျစေသည်။ လေတိုက်ခတ်မှုသည် ချွေးအငွေ့ပြန်ခြင်းကို ပိုမိုမြန်ဆန်စေပြီး ကိုယ်ခန္ဓာအပူချိန် လျှော့ချမှုကို ပိုမိုမြန်ဆန်စေသည်။ကျွန်ုပ်တို့ ၏ ခန္ဓာကိုယ်အပေါ်ယံအလွှာသို့ လေဝင်လေထွက်ကောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုမြင့်မားသောအပူချိန်ကိုပင် ခံနိုင်ရည်ရှိနိုင်သည်။ ဆိုလိုသည်မှာ သင့်တင့်မျှတသော လေဝင်လေထွက် ရှိပါက အပူဒဏ်ကို ခံစားရတာ သက်သာမည်ဖြစ်သည်။ လေငြိမ်နေပါက ပိုပူသည်ဟု ခံစားကြရသည်။ ပတ်ဝန်းကျင်လေထု၏အပူချိန်သည် ၄၀ စင်တီဂရိတ်ခန့် ဖြစ်နေသည့် ယခုလိုအချိန်မျိုးတွင် မြို့လည်ခေါင် တိုက်တာ အဆောက်အအုံများ ထူထပ်သည့်နေရာတွင် 40C အထက် ကျော်လွန်ပူပြင်းနေသည်မှာ အားလုံးအသိဖြစ်ပါသည်။ ပြင်ပလေထု၏ အပူချိန်သည် ခန္ဓာကိုယ်အပူချိန် နီးပါးလောက် ဖြစ်နေသောအခါ ပြင်ပအပူချိန် ဒီဂရီအနည်းငယ်မျှ တိုးလာခြင်းကပင်လျှင် စိုးရိမ်စရာအခြေအနေ ဖြစ်နေပြီး လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကာ အပူဒဏ်ကြောင့် သတိလစ်မေ့မြောခြင်း (heat stroke) အန္တရာယ်ကိုပါ ကြုံတွေ့ရစေနိုင်သည်။
Heat Island effect
ပတ်ဝန်းကျင်ဒေသများထက် မြို့လည်ခေါင်နေရာများတွင် သာမာန်ထက် အပူချိန်တိုးလာခြင်းကို မြို့တွင်းအပူချိန်လွန်ကဲခြင်း (urban heat island effect) တစ်ခုအဖြစ်သက်မှတ်နိုင်ပါသည်။ မြို့တွင်းအပူချိန်လွန်ကဲခြင်း သည် နေမှလာသော တိုက်ရိုက်အပူနှင့် ပတ်ဝန်းကျင်အရာဝတ္ထုများမှ သိုလှောင်ထားသော အပူကို ပြန်လည် ထုတ်လွှတ်ပေးခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ လူများဖန်တီးထားသည့် ကွန်ကရစ်လမ်းများ၊ လူသွားစကြ များ၊ ကျောက်တုံးများ၊ အုတ်များ အစရှိသည့် အရာဝတ္ထုများသည် သစ်ပင်၊ ပန်းပင် နှင့် ရေကဲ့သို့သော သဘာဝပတ်ဝန်းကျင် အပူကို လျှော့ချပေးနိုင်သည့် သဘာဝဒြပ်စင်များလို မဟုတ်ပဲ လေထုထဲသို့ အပူများ ပြန်လည် ထုတ်လွှတ်ပေးသည်။
လူများတည်ဆောက် ထားသော အဆောက်အအုံများ များပြားစွာ တည်ရှိသည့် မြို့များတွင် ဖြစ်ပေါ်လေ့ရှိသော မြို့တွင်းအပူချိန်လွန်ကဲခြင်း သည် ရန်ကုန်မြို့တွင် တစ်စတစ်စ ထင်ရှားလာပါသည်။
လျှပ်စစ်မီး လုံလောက်ခြင်းမရှိ၍ နေရာတိုင်းတွင် အချိန်ကြာမြင့်စွာ မီးစက်အသုံးပြုမှုများ ပိုမိုများပြားလာခြင်းသည် မြို့တွင်းအပူချိန်လွန်ကဲခြင်း ကို ပိုပိုဆိုးရွားလာစေပါသည်။ Heat Island effect များသည် မြို့တွင်း မှာရော ၊ အိမ်တွင်းမှာပါ ဖြစ်ပေါ်နေသည်ကို ကျွန်ုပ်တို့ ကိုယ်တွေ့ခံစားနေကြရပါသည်။ အထူးသဖြင့် ကျနေ ထိုးသော အခန်းများ၊ လေဝင်လေထွက် မလုံလောက်သော အခန်းများသည် နံရံများ ကြမ်းခင်းများမှာ ပူနွေးနေပြီး အပူရှိန်များဟပ်နေသည်ကို သိသိသာသာ ခံစားကြရပါသည်။
မြန်မာနိုင်ငံရှိ အညာဒေသသည် နိုင်ငံ၏အခြားသောဒေသများနှင့် နှိုင်းယှဉ်ပါက နွေရာသီတွင် အပူချိန် အမြင့်ဆုံးဖြစ်သည်။ သို့သော် ယခု သတိထားမိသည်မှာ နွေလယ်ခေါင်၌ ထိုဒေသများတွင် ရန်ကုန်ရာသီဥတုလောက် ပူသည် မခံစားကြရကြောင်းကို သွားရောက်လည်ပတ်ကြသည့် ခရီးသည်များမှပြောကြသည်။ အညာဒေသကျေးရွာများတွင် မိုးလေဝသတိုင်းထွာချက်များအရ ရန်ကုန်ထက် မလျော့သော အပူချိန် ရှိနေသည်ကို တွေ့ရပါသည်။ သို့သော် သစ်ပင်များပြားခြင်း၊ မြို့ကြီးများလောက် ကွန်ကရစ်အဆောက်အအုံများ သိပ်သည်းမှု မရှိခြင်း၊ ကားလမ်းနှင့် မော်တော်ယာဉ်များနည်းပါးခြင်း တို့ကြောင့် လေဝင်လေထွက်ကောင်းပြီး မြို့ပြတွင် နေထိုင်သူများလောက် ပူပြင်းသည်ဟု မခံစားရပါ။
The causes
အဓိက Heat Island ဖြစ်စေသော အကြောင်းအရင်းများမှာ
• နေအပူရှိန်ကို စုပ်ယူသိုလှောင်ပြီး အပူပြန်လွှတ်နိုင်သော မျက်နှာပြင်များ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အဆောက်အအုံများ၊ ကားလမ်းနှင့် လူသွားလမ်းများ သိပ်သည်းစွာ ရှိနေခြင်းကြောင့် ပတ်ဝန်းကျင်သို့ အပူပြန်လွှတ်မှု (re-radiative heat) အလွန်များပြားခြင်း။
• ၎င်းအပူထုတ်လွှတ်နိုင်သော အဆောက်အုံများကြား နေရာလွတ်များ (Space between buildings) လုံလောက်စွာမရှိသည့်အတွက် လေဝင်လေထွက်နည်းပါးပြီး လေ သို့မဟုတ် ရေစီးကြောင်းနှင့်အတူ အပူရောပါသွားပြီး အပူစီးကူးစေရန်(convective heat transfer) ထေဝင်လေထွက် လုံလောက်စွာ မရရှိခြင်း။
• နေရောင်မှ တိုက်ရိုက်အပူကို ကာကွယ်နိုင်သော (to protect radiative heat) အရိပ်ရသစ်ပင်များ၊ တိုက်ရိုက်အပူစီးကူးခြင်း (conductive heat transfer) နှင့် လေ သို့မဟုတ် ရေစီးကြောင်းနှင့်အတူ အပူရောပါသွားပြီး အပူစီးကူးခြင်း (convective heat transfer) ဖြစ်စဉ်အားဖြင့် လျှော့ချနိုင်သော သစ်ပင်၊ ပန်းပင်၊ မြက်ခင်း၊ ရေကန် စသည့် (Green Infrastructure) များ လုံလောက်စွာမရှိခြင်း။
• ယခုအခါ ရန်ကုန်ကဲ့သိုလူနေသိပ်သည်းသည့် မြို့လည်ခေါင် နေရာများတွင် အပူထုတ်လွှတ်သော ပစ္စည်းများ၊ လေအေးပေးစက် (Air conditioners) များ၊ မီးစက်များ၊ ကားများ၏ မီးခိုးများ အရေအတွက် တစ်စတစ်စပိုမိုများပြားလာခြင်း တို့ကြောင့် ဖြစ်ပါသည်။ မြို့ပြ၏ အပူပိုမိုမြင့်တက်လာခြင်းကြောင့် လူများသည် လေအေးပေးစက် (Air-conditioners) များကို ပိုမိုတပ်ဆင်လာကြပြီး အချိန်ပိုမိုမောင်းကြသည်။ လေအေးပေးစက်များကို ပိုမိုမောင်းနှင်ကြရသည်။ ဤကဲ့သို့ အပူချိန်မြင့်မားလာမှုကို လေအေးပေးစက် ပိုမိုမောင်းနှင်ရုံဖြင့်သာ ဖြေရှင်းနေကြလျှင် “ဂျာအေး သူ့အမေရိုက်” သကဲ့သို့ ဖြစ်ပြီး မြို့ပြ၏ အပူချိန်များ ပိုမိုမြင့်တက်လာမည်သာဖြစ်သည်။ ထိုသို့ အပူချိန်များ ပိုမိုမြင့်တက်လာလေ ကျွန်မတို့ ယခုခံစားနေရသော အပူလွန်ကဲခြင်းကြောင့်ဖြစ်သည့် ပြဿနာများ ပိုမိုဆိုးရွားလာလေသာ ဖြစ်ပေတော့မည်။
အများသိကြသည့်အတိုင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် တစ်ခုခြင်းစီ သီးခြားရှိနေခြင်း မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်သက်ရောက်နေကြပါသည်။ ၎င်းအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့နှင့်လည်း ဆက်စပ်နေကြပါသည်။ မြို့ပြအပူချိန် လွန်ကဲခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများသည် လေထုညစ်ညမ်းမှု၊ မြေအောက်ရေခမ်းခြောက်မှု အစရှိသည်တို့အပြင် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ကို ရေတိုရော ရေရှည်တွင်ပါ သက်ရောက်မှုရှိပါသည်။ ယခုလက်ရှိကြုံတွေ့နေရသော ပြဿနာများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ မြို့တစ်မြို့နှင့်တစ်မြို့ ထပ်တူမတူနိုင်ပါ၊ သို့သော် နိုင်ငံတကာမှ ဖြေရှင်းရန်ကြိုးစားပုံ နည်းလမ်းများကို လေ့လာခြင်းဖြင့် မိမိတို့နိုင်ငံအတွက် သင့်လျှော်သည့် ဥပမာကောင်းများ တွေ့ရှိနိုင်ပါသည်။
၎င်းတို့ထဲမှ ယျေဘူယျကျသော မြို့ပြဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုအချို့ကို အောက်တွင်ဖော်ပြထားပါသည်-
• အဆောက်အအုံများ၏ အရွယ်အစား၊ အနိမ့်အမြင့်၊ အကွာအဝေး တည်နေရာတို့ကို ညွှန်ကြားပေးသည့် မြို့ပြစီမံကိန်းနှင့် ဇုန်သတ်မှတ်ချက်များ ချမှတ်ခြင်း။
• အဆောက်အဦမှ စွမ်းအင်သုံးစွဲမှု၊ အပူထုတ်လွှတ်မှု၊ Toxic gas များထုတ်လွှတ်မှု အစရှိသည် Negative impact များသက်ရောက်မှုတို့ကို လျှော့ချရန် ညွှန်ကြာပေးသည့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော အဆောက်အအုံများ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းစနစ်၊ စည်းကမ်းသတ်မှတ်ချက်များ (Green Building Regulations) ချမှတ်ခြင်း။
• အဆောက်အအုံများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်နိုင်မှု (environmental performance) များကို အကဲဖြတ်ပြီး Certificate ပေးခြင်းများ၊ ပြိုင်ပွဲများကျင်းပ၍ ဆုပေးခြင်းများ ပြုလုပ်ခြင်း။
• အများသုံးသယ်ယူပို့ဆောင်ရေးစနစ်များကို အားပေးမြှင့်တင်ခြင်း။
• မြို့တွင်း မော်တော်ယာဉ်အသုံးပြုမှုကို ထိန်ုချုပ်သည့်စနစ်များချမှတ်ခြင်း။
• စက်ဘီးစီးခြင်း နှင့် လမ်းလျှောက်ခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော သယ်ယူပို့ဆောင်ရေးပုံစံကို မြှင့်တင်ခြင်း။
• မြို့ကြီးများတွင် စိမ်းလန်းစိုပြေသော နေရာလွတ်များကို များများဖန်တီးပေးခြင်။
• ရပ်ကွက်တစ်ခုလုံးရော၊ လူတစ်ဦးတစ်ယောက်စီချင်းစီပါ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး (Urban plantation and urban farming) ပြုလုပ် လာစေရန် အားပေးခြင်း။
• နေ့စဉ်သွားလာရန် လိုအပ်သော အခြေခံနေရာများကို လမ်းလျှောက် (သို့) စက်ဘီးစီး သွားလာနိုင်ရန် ဖန်တီးခြင်း။
အစရှိသဖြင့် သဘာဝပတ်ဝန်းကျင်ပြဿနာများကို တစ်ဦးတစ်ယောက်ချင်းစီမှသည် နိုင်ငံအဆင့်၊ နိုင်ငံအဆင့်မှသည် တစ်ဦးတစ်ယောက်ချင်းစီအဆင့်အထိ တက်စွမ်းသ၍ သဘာဝနှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းနည်းလမ်းများကို ရှာဖွေကျင့်သုံးကာ ပူးပေါင်းပါဝင်ဖြေရှင်းနေကြပါသည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်သော ပြဿနာများကိုဖြေရှင်းရန် တိကျမှန်ကန်သော နည်းလမ်းရှာ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီအစဉ်များသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေသောကြောင့် ရိုးရှင်းလေ့မရှိပါ။ ယခုလက်ရှိ နေရာဒေသ၊ အချိန်အခါအလိုက် ကြုံတွေ့နေရသော ပြဿနာများ၏ ရှုပ်ထွေးမှုအတိုင်းအတာပေါ်မူတည်၍ နှစ်ပေါင်းများစွာ အချိန်ပေးစောင့်ကြည့်လေ့လာမှုများနှင့် သုတေသနပြုမှုများ လိုအပ်ပါသည်။
တစ်ဦးချင်းဆီ ဆောင်ရွက်နိုင်သော အလေ့အကျင့်ကောင်း ဉပမာများကို သီးခြား ဆက်လက်ဆွေနွေးပါဦးမည်။ စာဖတ်သူအနေနှင့် မိမိပတ်ဝန်းကျင်တွင် အပူလွန်ကဲမှုကြောင့် ကြုံတွေ့ရသော နောက်ဆက်တွဲ အတွေ့အကြုံများ၊ အပူဒဏ်ခံစားရသက်သာအောင် လုပ်သင့်သည့် ကိစ္စများကို မျှဝေလိုပါက comment တွင် ရေးပေးစေလိုပါသည်။
ချောကလျာ
1 May 2022
31/10/2021
The aesthetic and longevity of exposed clay bricks are just great in contemporary buildings as well as they were in historical buildings.
There have been controversial opinions on the environmental impact of the brick among scholars. But compared to other building materials such as concrete, aluminum, and glass, natural clay brick is still one of the most eco-friendly building materials which do not produce toxic emissions and absorb sounds and regulate temperature.
Our design team has been able to present the beauty of the exposed bricks in some of our contemporary building projects.
30/10/2020
The Article in English.
"It used to be considered that the air quality of Yangon is significantly better than highly polluted cities such as Beijing, New Delhi, Dhaka and Kathmandu, but recent AQI readings show otherwise."
"During this Stay-at-Home month, Yangon’s average AQI reading was in the green zone (Good) with the reading of just 30......."
25/10/2020
It is an 11-pages-article written based on a small research on Yangon's air quality dedicated to the World Cities day. The English version will be posted in a week.
17/10/2020
One of our completed projects!
Proud to be part of the design team for one of the most significant Heritage listed buildings.
It was a great experience working with Turquoise mountain (TM) Foundation, UK for more than 3 years since the design brief stage until completion of the project.
Harry from the TM, was an excellent project lead who pushed everyone to work extremely hard until the project achieved its quality.
Always feel grateful!
(Details about the project is in the link)
Tourist Burma Building Tourist Burma Building
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 5, Nagayone Pagoda Street. Mayangon Township
Yangon
11061